← Chapters

ပြန်ဖွင့်သည့်အသားကင်ဆိုင်

Vol. 22 Ch. 324

ပြန်ဖွင့်သည့်အသားကင်ဆိုင်

Vol. 22 Ch. 324

လုယန်နိုးလာသည်။ လီဟော်ရန်နှင့် ချင်ယန်ယန်လည်း နိုးလာသည်။ အဖေနှင့်သမီး ဘေးပတ်လည်ကိုလှည့်ပတ်ကြည့်၍ နားမလည်နိင်ဖြစ်နေသည်။

"အားလုံးနိုးလာပြီလား"

ပဉ္စမအကြီးအကဲ ခွေးခြေတစ်လုံးပေါ် တည်ငြိမ်စွာထိုင်နေသည်။

သတိမလစ်မီကအဖြစ်ကို ချင်ယန်ယန် ပြန်သတိရလာသည်။ ပဉ္စမအကြီးအကဲ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ သူတို့မြင်ကွင်းတစ်ခုလုံး အမှောင်ကျသွားသည်။ သတိပြန်ရလာချိန်တွင် ဤနေရာသို့ ရောက်နေသည်။

"ဒါက ဒဏ္ဍာရီထဲက စကြာဝဠာအင်္ကျီလက်ပညာဆိုတာပဲဖြစ်ရမယ်"

ချင်ယန်ယန် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ မှော်ဆန်သည့်ဤနတ်စွမ်းအားမျိုးကို ပထမဆုံးအကြိမ် လက်တွေ့ကြုံဖူးခြင်းဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ အကြီးအကဲပီသလှသည်။

ပဉ္စမအကြီးအကဲ မပွင့်တပွင့်ပြုံးနေသည်။ အသံတိတ်နေခြင်းဖြင့် စကားပြောခြင်းဖြစ်သည်။

လီဟော်ရန် အတွေးနက်နေသည်။ ထိုပညာမျိုး သူ့ဆရာတတ်မြောက်သည်ဟု ပထမဆုံးကြားဖူးခြင်းဖြစ်သည်။

တစ်ချိန်လုံး ဘေးမှအကဲခတ်နေသည့်မုန်ကျင်းကျိုး မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ လေးယောက်ထဲတွင် သတိမလစ်ခဲ့သူဟူ၍ သူတစ်ယောက်သာရှိသည်။

အကြီးအကဲက လုယန်တို့သုံးယောက်ကို သတိလစ်အောင်လုပ်သည်။ ထိုသုံးယောက် ပျံသန်းအတွေ့အကြုံမရှိသဖြင့် အမြင့်ကြောက်ကြမည်ကို စိုးရိမ်သည်ဟု မုန်ကျင်းကျိုးကိုရှင်းပြသည်။ သတိမေ့အောင်လုပ်၍ သယ်ဆင်းသွးခြင်းက ပိုလွယ်သည်ဟုပြောသည်။

ထို့နောက် အကြီးအကဲက အိတ်သုံးလုံးထုတ်၍ သူတို့သုံးယောက်ကို အိတ်ထဲထည့်သည်။ အကြိမ်များစွာ လုပ်ခဲ့ဖူးသကဲ့သို့ ကျင်လည်လှသည်။

"ဒါက မင်းတို့ပြောတဲ့ 'နောက်တစ်ခေါက်'အသားကင်ဆိုင်ပေါ့"

ထွက်မလာမီက အကြီးအကဲကျိုးရှင်း တိုင်ပုဖန်ထံမှ မစ်ရှင်အစီရင်ခံစာများကို လေ့လာခဲ့သည်။ ယန်ကျန်းကောင်တီတွင် ဖြစ်ခဲ့သမျှအကြောင်းများကို သိထားသည်။

ရင်းနှီးနေသည့်နေရာသို့ ပြန်ရောက်လာသဖြင့် လုယန်နှင့်မုန်ကျင်းကျိုးတို့ အတိတ်အကြောင်းများ ပြန်အောက်မေ့မိသည်။

အချိန်သည် အကုန်မြန်သည်။ လောကကြီး ပြောင်းလဲနေသည်။ လူများ တစ်နေရာတစ်နေရာ သွားလာနေကြသည်။ နှစ်များ ဖြတ်ကျော်သွားသည်။ ထာဝရဂိုဏ်းလည်း မရှိတော့။ ယခု မထင်မှတ်ဘဲ ဤနေရာသို့ သူတို့ပြန်ရောက်လာသည်။

ပဉ္စမအကြီးအကဲ စားပွဲကို ပွတ်ကြည့်သည်။ ဖုံမှုန့်များက ထူထဲလှသည်။

"သုံးလကြာပြီဆိုတော့ သန့်ရှင်းရေးလုပ်ဖို့လိုပြီပေါ့"

အငယ်လေးယောက် သန့်ရှင်းရေးလုပ်ယန်ပြင်ကြသည်။ အကြီးအကဲက လက်ကာပြသည်။

"အဲလောက် ဒုက္ခခံစရာမလိုပါဘူး"

သူ့နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားသည်။ မန္တာန်တစ်ခု တီးတိုးရွတ်သည်။ မှော်အမှတ်အသားတစ်ခု ဖန်တီးသည်။

အမှတ်အသား မြေပေါ်ကျသွားသည်။ လေဟာနယ် နည်းနည်းတုန်ခါသွားပြီးနောက် မမြင်နိုင်သည့်လှိုင်များ ပြန့်ကားထွက်လာသည်။

စားပွဲများ၊ ထိုင်ခုံများနှင့် ကြမ်းခင်းပေါ်မှ ဖုံမှုန့်များ မျက်နှာပြင်မှ အပြင်ဘက်သို့ လွင့်ထွက်လာသည်။

လုယန်တို့ခန္ဓာကိုယ်မှဖုန်မှုန့်များလည်း လွင့်ပါသွားသည်။

ထို့နောက် ဖုန်မှုန့်နှင့် အမှိုက်စများအားလုံး အခန်းထောင့်တို့တွင် သွားစုသည်။ အကြီးအကဲလက်ဝါးမှ စုပ်ယူအားတစ်ခုပေါ်လာသည်။ ဖုန်မှုန်များကို လေပွေလှိုင်းတစ်ခုထဲသို့ ဆွဲယူသည်။

နောက်ဆုံးတွင် ဖုန်မှုန့်များ အလုံးငယ်တစ်ခုဖြစ်လာသည်။ အကြီးအကဲ လက်သီးဆုပ်လိုက်သည်နှင့် အားလုံးပျောက်ကွယ်သွားသည်။

အသားဆိုင်တစ်ခုလုံး အသစ်ဆောက်ထားသကဲ့သို့ သန့်ရှင်းပြောင်လက်သွားသည်။

"ဒါက ဖုန်ရှင်းမှော်ပညာပဲ။ သန့်ရှင်းရေးလုပ်ဖို့သုံးတယ်။ ဒီလိုနေ့စဉ်သုံးမှော်ပညာလေးတွေကိုလည်း မင်းတို့အားတဲ့အချိန် လေ့ကျင့်ကြပေါ့။ ပြီးတော့ တစ်ယောက်ယောက်ကို သဘောမကျရင်လည်း ဒီပညာနဲ့ ဖုန်တွေကိုအလုံးဖြစ်အောင်လုပ်ပြီး ပစ်ပေါက်လို့ရတယ်"

ဤပညာကို သူသင်ခဲ့သည့် မူလရည်ရွယ်ချက်က ဤအကြောင်းကြောင့်ဖြစ်သည်။

"ဆိုင်ပြန်ဖွင့်ကြမယ်ဟေ့"

လုယန် ဟင်းခတ်ပစ္စည်းများ၊ အကင်တုတ်များနှင့် အော်တိုတုတ်ထိုးမှော်စက်ဝန်းကို သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ထုတ်လိုက်သည်။ အသားကင်စင်နှင့် တစ်ခြားပစ္စည်းများက ဆိုင်ထဲတွင် ရှိနေသည်။ သူတို့ ပြန်ချိန်က ယူမသွားခဲ့။

"ဒီတုတ်ထိုးမှော်စက်ဝန်းက စိတ်ဝင်စားစရာပဲ။ ဆန်းသစ်တယ်"

အကြီးအကဲက မှော်စက်ဝန်းကိုတစ်ချက်ကြည့်ပြီးနောက် လုပ်ဆောင်ချက်ကို တန်းသိသည်။

ထိုမှော်စက်ဝန်းသည် ထာဝရဂိုဏ်းထိပ်သီး စုစည်းခြင်းအဆင့်လေးယောက်၏ စုပေါင်းဉာဏ်ပညာအသီးအပွင့်ဖြစ်သည်။

"အလိုလိုအသားကင်ပေးတဲ့ မှော်စက်ဝန်းမျိုး အသုံးချပစ္စည်းမျိုးရောရှိလား"

လုယန်ခေါင်းခါသည်။ ထိုပစ္စည်းမျိုး ဒီဇိုင်းမထွင်ရသေး။

(**လန်ထင်သည် ရိုးရိုးအသားကင်မှော်စက်ဝန်းကို တီထွင်နိုင်ခဲ့သည်။ မီးသွေးဖြင့်ကင်နိုင်သည့်၊ အပူညှိနိုင်သည့် 'အသားကင်ဖို'တစ်ခုဖြစ်သည်။ သရဲကျွန်နှစ်ယောက် အလုပ်သက်သာခဲ့သည်။ အသားကင်အရေအတွက် တိုးခဲ့သည်။ သို့သော် အော်တိုတုတ်ထိုးမှော်စက်ဝန်းကို မအောင်မြင်ခဲ့။ ယခုပဉ္စမအကြီးအကဲပြောသည့် အော်တိုအသားကင်မှော်စက်ဝန်းဆိုသည်မှာ မီးရော အကင်ဖိုပါ 'အော်တို'လည်ပတ်နိုင်သည့် မှော်စက်ဝန်းမျိုးကို ဆိုလိုပါသည်)

"ဒါဆို ငါတစ်ခုဒီဇိုင်းထွင်ပေးမယ်။ ဒါပေမယ့် ငါကအသားတစ်ခါမှမကင်ဖူးတော့ အော်တိုအသားကင်ဖိုကို ဘယ်လိုတီထွင်ရမလဲဆိုတာနားလည်အောင် နှစ်ရက်သုံးရက်တော့ လေ့ကျင့်ဖို့လိုမယ်"

ပဉ္စမအကြီးအကဲ သဘောအကျဆုံးမှ တစ်ခါမှမဖန်တီးဖူးသည့် ပစ္စည်းများ တီထွင်ရသည့်အလုပ်ဖြစ်သည်။

လုယန် ပျော်သွားသည်။ သရဲကျွန်နှစ်ယောက်သုံးယောက် သွားဖမ်းရမလားဟု သူစဉ်းစားနေခဲ့သည်။ ယခု မလိုလောက်တော့။

ဟင်းခတ်ပစ္စည်းများကို အချိုးကျ သူရောစပ်သည်။ နီရဲတောက်ပသည့် အရိုးမျိုးနွယ်စတိုင် အသားကင်ဆော့ချဉ်ရည်ကို ပြင်ဆင်သည်။ ထို့နောက် အကြီးအကဲကို အသားစကင်နိုင်ပြီဖြစ်ကြောင်း ပြောသည်။

"ပစ္စည်းနည်းနည်းဝယ်ဖို့ ကျုပ်အပြင်သွားဦးမယ်"

"သွားပါ သွားပါ"

လုယန် တံခါးတွန်းဖွင့်လိုက်သည်နှင့် လမ်းပေါ်မှလူများ၏ စူးစမ်းသည့်အကြည့်ကို ရင်ဆိုင်ရသည်။

"ဆိုင်ရှင်လု"

"ဟာ...တကယ်ဆိုင်ရှင်လုလား"

"အသားကင်ဆိုင် ပြန်ဖွင့်မှာလား"

"ဆိုင်ရှင်လုက လုပ်ငန်းသစ်စဖို့ ထွက်သွားတာလို့ ပြောကြတယ်။ သူ့လုပ်ငန်းမအောင်မြင်ခဲ့လို့ အသားကင်ဆိုင်ဆက်ဖွင့်ဖို့ ပြန်လာတာလား"

"မိသားစုလုပ်ငန်း အမွေဆက်ခံဖို့ အိမ်ပြန်သွားတယ်လို့ ကြားတာပါ။ ဘာလို့ပြန်လာတာလဲ"

"အဲလိုအကြောင်းမျိုး ရှိတယ်ပေါ့"

"မင်းမကြားဘူးလား။ ဆိုင်ရှင်လုငယ်ငယ်တုန်းက မိဘတွေနဲ့ ကွဲသွားတယ်။ အသားကင်ပညာက ကလေးဘဝက သူမှတ်မိနေခဲ့တဲ့ပညာရပ်ပဲ။ နာမည်ကျော်လူတစ်ယောက် ဒီဆိုင်မှာလာပြီး အသားကင်စားတယ်။ အရသာမြည်းကြည့်ပြီး မျက်ရည်ကျလာတယ်။ သူ့မိသားစုပဲ ဒီလိုအရသာမျိုးလုပ်နိုင်တာလို့ ပြောတယ်။ ဒီအသားကင်ဘယ်လိုလုပ်တာလဲလို့မေးတယ်။ အဲဒီမှာ သားအဖနှစ်ယောက် အချင်းချင်းပြန်မှတ်မိသွားတယ်လေ။ ဒါကြောင့် အသားကင်ဆိုင်ပိတ်လိုက်တာတဲ့"

"ငါကတော့ အရမ်းချမ်းသာတဲ့ ဆိုင်ရှင်လုရဲ့ဇနီးလောင်းက လာခေါ်သွားတာလို့ ကြားတာပဲ"

လမ်းပေါ်မှလူများ အသဲအသန်ဆွေးနွေးနေကြသည်။ နောက်တစ်ခေါက်အသားကင်ဆိုင်သည် ယန်ကျန်းတွင် လူအစည်ဆုံးနေရာဖြစ်သည်။ အနီးအနားကောင်တီများထိပင် နာမည်ကျော်သည်။

သို့သော် နွေဦးပွဲတော်အလွန်တွင် ဆိုင်ပိတ်သွားသည်။ လူပေါင်းများစွာ အောက်မေ့တသလျက် ကျန်ခဲ့သည်။

လုယန်ထွက်သွားခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းအမျိုးမျိုး ခန့်မှန်းကြသည်။

ကောင်တီနယ်စားသေသည့်ကိစ္စကို အသားကင်ဆိုင်နှင့် ဆက်စပ်၍မတွေးမိကြ။ ဆိုင်တွင် အစိုးရဂုဏ်ပြုစာတန်းများ ရှိနေသောကြောင့်လဲပါသည်။

"ဆိုင်ရှင်လု၊ အသားကင်ဆိုင် ပြန်ဖွင့်မှာလားဗျ"

"ဟုတ်ပါ့၊ ညဘက်တွေ ခင်‌ဗျားရဲ့အသားကင်တွေမစားရတော့ တစ်ခုခုလိုနေသလိုပဲ"

တစ်ယောက်တစ်ပေါက် အလုအယက်မေးနေသဖြင့် လုယန် လက်မြှောက်ပြပြီး ကြေညာသည်။

"အားလုံးပဲ အသံတိတ်ပေးကြပါဦး။ ကျုပ်တို့က အသားကင်ဆိုင် ဆက်ဖွင့်ဖို့လာတာပါ။ ဒီတော့ စိတ်ချပါ။ မနက်ဖြန် ဆိုင်ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်"

ဈေးတန်းရှိ လူအုပ်ကြားမှ မနည်းရုန်းထွက်ခဲ့ရပြီးနောက် လုယန် နောက်တစ်ကြိမ် လူဝိုင်းခံရပြန်သည်။ ဆိုင်ပြန်ရောက်ချိန်တွင် အသက်ရှူရပ်မတတ် ခြေကုန်လက်ပန်းကျနေသည်။ ဈေးတစ်ခေါက်ထွက်ရသည်က တိုက်ပွဲတစ်ပွဲထွက်ရသည်ထက် ပိုပင်ပန်းသည်။

"ပြန်လာပြီဟေ့"

လုယန် အသားနှင့်ဟင်းသီးဟင်းရွက်များကို အော်တိုအသားတုတ်ထိုးမှော်စက်ဝန်းပေါ် ပစ်တင်လိုက်သည်။ မှော်စက်ဝန်းက အသားနှင့် ဟင်းသီးဟင်းရွက်များကို အတုံးငယ်များ ညီညာစွာဖြတ်တောက်ပေးသည်။ သစ်သားတုတ်များ လေထဲတွင်ပျံတက်လာသည်။ အသားတုံး ဟင်းသီးဟင်းရွက်တုံးများကို ချောမွေ့စွာတံစို့သီသွားသည်။

အကြီးအကဲက တံစို့သီထားသည့်အကင်များကို အသားကင်သည့်ဖိုဆီ ယူသွားပြီးမေးသည်။

"မင်းတို့မှာ အသားကင်ဖို့ သီးခြားမီးတောက်မျိုးရှိလား"

ပစ္စည်းသန့်စင်ပညာရှင်ဖြစ်သည့် ပဉ္စမအကြီးအကဲသည် မီးတောက်စစ်ခုနစ်မျို ထိန်းချုပ်နိုင်သည်။ သို့သော် ထိုမီးတောက်များက အသားကင်ဖို့အတွက် အားပြင်းလွန်းသည်။

"ကျုပ်မှာ ရသာသုံးမျိုးမီးတောက်စစ်ရှိပါတယ်"

လုယန်၏ မီးတောက်စစ်က အသားကင်ဖို့အဆင်ပြေသည်။

"ကျုပ်မှာလည်း ရှိပါတယ်"

မုန်ကျင်းကျိုးက လက်ဝါးပေါ်တွင် မီးတောက်တစ်ခု ထုတ်ပြသည်။

"သန့်စင်ယန်မီးတောက်လား"

အကြီးအကဲ ချက်ချင်းတန်းသိသည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်ကျင့်ကြံသူများသည် ‌ရွှေသန္ဓေတည်ဆောက်ပြီးသည်နှင့် ထိုမီးတောက်စစ်မျိုး အလိုလို ထိန်းချုပ်နိုင်လာည်။

"ဒါပေမယ့် မင်းမီးတောက်က လုယန်ရဲ့မီးတောက်စစ်လောက် အဆင်မပြေလောက်ဘူး"

"အဲလိုမဟုတ်ပါဘူး၊ ကျုပ်ရဲ့ယန်မီးတောက်က တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခုကနေ ထွက်တာပါ။ သာမန်သန့်စင်ယန်မီးတောက်တွေမှာမရှိတဲ့ အာနိသင်မျိုးရှိပါတယ်"

မုန်ကျင်းကျိုး ယုံကြည်ချက်အပြည့်ဖြင့် ပြုံးနေသည်။

"ဘာအာနိသင်လဲ"

အကြီးအကဲ စိတ်ဝင်တစားမေးသည်။

"ယောက်ျားအားကို တိုးတက်စေပါတယ်"

"သန့်စင်ယန်မီးတောက်နဲ့ကင်တဲ့ အစားအသောက်က ယောက်ျားအားတိုးစေတယ်ပေါ့"

**********************************

All Chapters