← Chapters

ဤမသေမျိုး၏စွန်းစားခန်း အောင်မြင်လျှင် ကိုးငရဲဂိုဏ်းထမြောက်လိမ့်မည်

Vol. 22 Ch. 329

ဤမသေမျိုး၏စွန်းစားခန်း အောင်မြင်လျှင် ကိုးငရဲဂိုဏ်းထမြောက်လိမ့်မည်

Vol. 22 Ch. 329

"ကောင်းကင်ရုံး‌တော်ဂိုဏ်းရဲ့ အမွေအနှစ်က တကယ်အံ့ဩစရာပဲ"

တစ်ဘက်အဖွဲ့အစည်း အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ကျောက်ရိုး အကဲစမ်းသည့်သဘောထားမျိုး မထားတော့ဘဲ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေးရန်ပြင်ဆင်သည်။

ကောင်းကင်ရုံးတော်ဂိုဏ်း၏အကူအညီဖြင့်် ကိုးငရဲဂိုဏ်း၏စွမ်းအား အမြင့်တစ်ခုထိ တက်လှမ်းနိုင်မည်ဟု သူယုံကြည်သည်။

"အရိုးသားဆုံးဝန်ခံရရင် ကျုပ်ဒီအကြောင်းတွေ အသေးစိတ်ပြောနေပေမယ့် တကယ်တော့ ကျုပ်ဆရာပြောပြခဲ့တဲ့ ဇာတ်လမ်းတွေပါ။ အဲဒါတွေဖြစ်တဲ့အချိန်မှာ ကျုပ်ကမွေးတောင်မမွေးသေးပါဘူး"

လုယန် နှိမ့်ချသည့်လေသံဖြင့်ပြောသည်။ သို့သော် မျက်နှာမှ ဝင့်ကြွားသည့်အရိပ်က အထင်းသားပေါ်လွင်နေသည်။

လီဟော်ရန်နှင့် ချင်ယန်ယန်က ရက်စက်သည့်လူသတ်သမားများကဲ့သို့ အေးစက်စက်အသံတိတ်နေကြသည်။

ထွက်မလာမီက အဖေနှင့်သမီး သရုပ်ဆောင်ပညာတစ်ချို့ အထပ်ထပ်လေ့ကျင့်ခဲ့သော်လည်း ဤအခြေအနေမျိုးတွင် ဘာမှမပြောဘဲ အဆင့်မြင့်စွမ်းအားရှင်များလို ဟန်ဆောင်နေခြင်းကသာ အကောင်းဆုံးဖြစ်သည်။

လုယန်သည် သူ့မျိုးဆက်၏ ထိပ်တန်းပါရမီရှင် တကယ်ပီသသည်ဟု ပဉ္စမအကြီးအကဲ တွေးမိသည်။ သူတို့တာအိုလမ်းစဉ်ဂိုဏ်းမောင်နှကိုးယောက် လုယန်အရွယ်တုန်းက ထိုမျှဟာကွက်ကင်းသည့် ဇာတ်လမ်းများ မဖန်တီးနိုင်ခဲ့။

မုန်ကျင်းကျိုးစိတ်ထဲတွင် သံသယများရှိနေသည်။ ရှေးဟောင်းဒဏ္ဍာရီများအကြောင်း သူသိပ်မသိ။ လုယန်၏ဇာတ်လမ်းများ အမှန်ဟုတ်မဟုတ် သူမပြောနိုင်။ သို့သော် အားလုံးအမှန်မဟုတ်သော်လည်း အမှန်တရားအများစုကို ပြောနေသည်ဟု ခံစားမိသည်။

ဟော်ဟွာရှန်းကတော့ စာမတတ်သူတစ်ယောက်လို ခံစားနေရသည်။ လုယန်နှင့်ကျိုးရှန်တို့ပြောသည့် အကြောင်းအရာများကို သူနားမလည်။

သို့သော် ကိစ္စမရှိ။ သူ့တာဝန်က အားဖြည့်ဖို့သာဖြစ်သည်။ ခပ်တည်တည်နေလျှင် အဆင်ပြေသည်။

"မိတ်ဆွေလုက ဂိုဏ်းချုပ်လို့ခေါ်နေပေမယ့် တကယ်တော့ကျုပ်က ကိုးငရဲဂိုဏ်းမှာ ဒုဂိုဏ်းချုပ်ရာထူးပါ။ ဒီခရီးစဉ်မှာ ကျုပ်တို့ဂိုဏ်းနှစ်ခုကြား ပူးပေါင်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဂိုဏ်းချုပ်ကိုယ်စား ကျုပ်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီကိုမလာခင် မိတ်ဆွေတို့ဂိုဏ်းကိုမေးဖို့ ကျုပ်တို့ဂိုဏ်းချုပ်က မေးခွန်းနှစ်ခုပါးလိုက်ပါတယ်။

မိတ်ဆွေလု အတတ်နိုင်ဆုံး ဖြေပေးစေလိုပါတယ်"

ကျောက်ရိုးက ဂိုဏ်းချုပ်လေသံကို အတုခိုး၍ပြောသည်။

"ကိုးငရဲနယ်မြေဟာ ဖုန်မှုန့်အလူးလူးဖြစ်နေပါတယ်။ တော်ဝင်လမ်းက အဖြစ်မှန်တွေကို လျစ်လျူရှုထားတဲ့။ ငရဲကိုးထပ်ဖြစ်တည်မှုကို အသိအမှတ်မပြုဘူး။ ဒါကိုသက်သေပြဖို့ ကျုပ်တို့ကလူတွေသတ်ပြီး ငရဲကိုပို့ပေးတယ်။ ဒါပေမယ့် တော်ဝင်လမ်းက ကျုပ်တို့ကို နတ်ဆိုးတွေလို့ တံဆိပ်ကပ်တယ်။ တကယ်ဒေါသထွက်စရာပါပဲ။

ရှေးဟောင်းခေတ်မှာ ကိုးငရဲဂိုဏ်းဟာ ကောင်းကင်ရုံးတော်လိုပဲ နာမည်ကျော်တယ်။ အတူတူဖွံ့ဖြိုးတိုးတက်ခဲ့တယ်။

ဒါပေမယ့်အခု ကိုးငရဲဂိုဏ်းဟာ အရှက်ရစရာအနေအထားကို လျှောကျခဲ့ပါပြီ။ ဒါဟာ ရင်နာစရာပါ။

ကိုးငရဲဂိုဏ်းရဲ့ အခြေခံအင်အားဟာ ရှေးဟောင်းခေတ်ကိုးငရဲဂိုဏ်းထက် အများကြီးနိမ့်ကျနေပြီ။

ကိုးငရဲဂိုဏ်း ပြန်နလန်ထူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ထာဝရဂိုဏ်းပျက်စီးသွားတော့ မဟာနတ်ဆိုးဂိုဏ်းအရေအတွက် သုံးဂိုဏ်းဖြစ်လာတယ်။ ကျုပ်တို့အခြေအနေက ပိုလို့တောင်ခက်ခဲလာပါတယ်။

ဒါပေမယ့် ငရဲကိုးထပ်ဖြစ်တည်မှုနှင့် လူဝင်စားသံသရာဟာ အစစ်အမှန်လို့ ကျုပ်တို့ယုံကြည်တယ်။

ရှေးဟောင်းခေတ်တုန်းက ဂုဏ်သရေမျိုး ကျုပ်တို့ပြန်ရချင်တယ်။ ကိုးငရဲဂိုဏ်း နောက်တစ်ချိန် ပြန်တောက်ပချင်ပါတယ်။

ဒါအတွက် ခင်ဗျားတို့ဂိုဏ်းက ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခုခုရှိလား"

လုယန် ခဏစဉ်းစားပြီး ပြန်ပြောသည်။

"အလယ်ပိုင်းတိုက်နယ်ဟာ အဓိကစစ်တလင်းပါ။ လက်ရှိမှာ မဟာရှားနဲ့ မသေမျိုးငါးဂိုဏ်းက လွှမ်းမိုးအုပ်ချုပ်နေတယ်။

ကျုပ်တို့ကောင်းကင်ရုံးတော်အဖွဲ့ဝင်တွေ အပြည့်အဝနိုးထမလာသေးဘူး။ ကာကယ်သူကိုးယောက်ထဲက ငါးယောက်ပဲနိုးထသေးတယ်။

ခင်ဗျားတို့ဂိုဏ်းနဲ့ ပူးပေါင်းရင်တောင် ရှားနိုင်ငံနဲ့မသေမျိုးငါးဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကို ခုခံနိုင်ဖို့ခဲယဉ်တယ်။

ဒါကြောင့် ချက်ချင်းတိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

မဟာရှားဖြစ်တည်လာတဲ့နောက်ကြောင်းကို ဂိုဏ်းချုပ်ကျောက်ရိုး လေ့လာဖူးသလားမသိဘူး။

ကျုပ်နိုးထာပြီးနောက်မှာ လွန်ခဲ့တဲ့နှစ်သုံးသိန်းကျော်အတွင်းက သမိုင်းကြောင်းကို စိတ်ဝင်စားလို့ လေ့လာကြည့်ခဲ့တယ်။

မဟာယုခေတ်အဆုံးမှာ လောကကြီး ပရမ်းပတာဖြစ်တယ်။ သူရဲကောင်းအမြောက်အမြား ပေါ်လာတယ်။ ပြည်နဘ်နဲ့ကောင်တီတွေ ချိတ်ဆက်တယ်။

အဲဒီ့အချိန်မှာ ရှားဘိုးဘေးနဲ့ မုန်မိသားစုဘိုးဘေးက မထင်ရှားသေးဘူး။ သူတို့ဘာလို့ အောင်မြင်ခဲ့သလဲ။ အင်ပါယာပလ္လင်အတွက် သိမ်းပိုက်နိုင်တဲ့ အင်အားစုတွေဖြစ်လာသလဲ။

အကြောင်းရင်းက အချိန်အခါသင့်မှုနဲ့ လူသားညီညွတ်မှုကြောင့်ပါ။

မဟာယုခေတ် အုပ်ချုပ်မှုပြိုကွဲတဲ့အခါ ပရမ်းပတာတွေဖြစ်လာတယ်။ ဒါဟာ အချိန်အခါသင့်လာတာပဲ။

လူသားညီညွတ်မှုက ဘာလဲ။ တစ်ယောက်ချင်းစီရဲ့စွမ်းအားနဲ့ လူတွေရဲ့ဆန္ဒ ညီညွတ်တာပါ။

တစ်ဘက်ကကြည့်ရင် အခုလက်ရှိမှာ ရှားနိုင်ငံဟာ စွမ်းအားအမြင့်ဆုံးအချိန်ကို ရောက်နေတဲ့။ အားနည်းတဲ့လက္ခဏာ လုံးဝမရှိဘူး။ ပြီးတော့ ကောင်းကောင်းအုပ်ချုပ်နိုင်တယ်။ လူထုထောက်ခံမှုကိုရတယ်။

မသေမျိုးငါးဂိုဏ်းကလည်း ကာကွယ်သူအဖြစ်နဲ့ နယ်မြေကိုစောင့်ကြည့်နေတယ်။ မဟာရှားနိုင်ငံဘက်မှာ မသေမျိုးတွေ ရှိနေမလားလို့တောင် ကျုပ်သံသယဝင်မိတယ်။

အချိန်အခါလည်းမသင့် လူသားညီညွတ်မှုလည်းမရှိဘဲ ဇွတ်အတင်းရှေ့တိုးတာဟာ မှားယွင်းတဲ့ရွေးချယ်မှုပါ"

ကျောက်ရိုး ဒေါသထွက်သွားသည်။

"ဒါဆို ကျုပ်တို့ကိုးငရဲဂိုဏ်း ဘယ်လိုမှ နလန်မထူနိုင်တော့ဘူးဆိုတဲ့သ‌ဘောလား"

လုယန် တည်ငြိမ်စွာတုံ့ပြန်သည်။

"အဲလိုလည်းမဟုတ်ပါဘူး။ အင်အားစုတွေ တိုးတက်တာဆုတ်ယုတ်တာဟာ သမိုင်းစည်းမျဉ်းတစ်ခုပါ။ မဟာရှားဟာ အမြင့်ဆုံးအခြေအနေရှိနေတယ်ထင်ရပေမယ့် တကယ်တော့ ပြိုလဲခါနီးဖြစ်နေပါပြီ။

မဟာကပ် ရောက်လာတော့မယ်။ မသေမျိုးအသစ်တွေ ပေါ်လာမယ်။ တောင်ပိုင်းနတ်ဆိုးနယ်မြေနဲ့ အရှေ့ပင်လယ်က မဟာရှားကို မျက်စိ‌ဒေါက်ထောက်ကြည့်နေကြတယ်။

မဟာချန်ခေတ် မဟာယုခတ်က အိပ်ပျော်နေခဲ့တဲ့စွမ်းအားရှင်တွေ တဖြေးဖြေးနိုးထလာပြီ။ မသေမျိုးအခွင့်အရေးတွေ မြင့်တက်လာပြီ။ မဟာယုခေတ်အဆုံးသတ်ခဲ့သလိုအခြေအနေမျိုး ကျုပ်တို့ထပ်မြင်ရနိုင်တယ်။

အဲဒီ့အချိန်ကျရင် မဟာရှားရဲ့ အချိန်အခါသင့်မှု ပျက်စီးသွားပြီ။

ဒါကြောင့် ပရမ်းပတာဖြစ်မယ့်အချိန် ရောက်မလာခင် ကျုပ်တို့ခပ်လျိုလျိုနေရမယ်။ ငရဲကိုးထပ်(ဖုန်ဒူ)ဖြစ်တည်မှုကို အကန်းလိုကြွေးကြောတာမျိုး ရှောင်ရမယ်။

အဲလိုလုပ်ရင် မလိုအပ်တဲ့ဒုက္ခတွေ ဖိတ်ခေါ်ရာရောက်မယ်။ ထာဝရဂိုဏ်းကျဆုံးသွားတာဟာ နမူနာကောင်းပဲ။

လူသားညီညွတ်မှုဆိုတာကို ပြောရရင် လက်ရှိကိုးငရဲဂိုဏ်းအင်အားနဲ့ ဝှက်ဖဲတွေထုတ်သုံးရင်တောင် မဟာကပ်အပြိုင်အဆိုင်ကာလမှာ အသာစီးရဖို့ ခက်ခဲလိမ့်မယ်။

ကိုးငရဲဂိုဏ်းမှာ အင်အားကြီးအဖွဲ့ဝင် နည်းလွန်းတယ်။ လတ်တလောဦးစားပေးသင့်တာက ကျင့်ကြံမှုကို အာရုံစိုက်ဖို့နဲ့ စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့် အဖွဲ့ဝင်အရေအတွက် တိုးမြှင့်ဖို့ပဲ။

ဒီလိုလုပ်ရင်းနဲ့ ကိုးငရဲဂိုဏ်းက နတ်ဆိုးနယ်မြေနဲ့ အရှေ့ပင်လယ်ကို ပြင်ပမဟာမိတ်အဖြစ်ဖွဲ့ထားသင့်တယ်။ အတွင်းပိုင်းမဟာမိတ်ကတော့ နှလုံးမဲ့ဂိုဏ်းနဲ့ နေမင်းဂိုဏ်းပေါ့။

မဟာကပ်ရောက်လာတဲ့အချိန် ကျုပ်တို့ဂိုဏ်းနှစ်ခု ပူးပေါင်းလှုပ်ရှားရင်၊ မသေမျိုးစွန့်စားခန်း အောင်မြင်မယ်။ ကိုးငရဲဂိုဏ်း အမြင့်ကိုရောက်လာလိမ့်မယ်"

လုယန်စကားများကြောင့် ကျောက်ရိုး ရင်ထဲထိသွားသည်။ တောက်ပသည့်အနာဂတ်ကို မြင်ရပြီဟု ခံစားရသည်။

အရင်က သူတို့ဂိုဏ်း၏လုပ်ရပ်များသည် စိတ်လောလွန်းသည်။ ဖုန်ဒူကိုတည်ဆောက်ပြီး ငရဲကိုးထပ်ဖြစ်တည်မှုကို သက်သေပြဖို့ စိတ်အားထက်သန်ခဲ့သည်။

ယခု လုယန်စကားကြားမှ သူတို့လုပ်ရပ်များ လုံးဝမှားခဲ့ကြောင်း နားလည်လာသည်။

ယခုစိတ်ရှည်မှ နောင်တစ်ချိန်ဖွံ့ဖြိုးတိုးတက်မည်။

ထိုမျှရိုးရှင်းသည့်သဘောတရားကို နားမလည်ဘဲ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည်ကို သူ့ဘာသာရှက်မိသည်။

အမြင်ကွဲပြားမှုဟူသည်မှာ ဤအဖြစ်မျိုးကို ဆိုလိုသည်။

ကောင်းကင်ရုံးတော်ဂိုဏ်းက ရှေးဟောင်းခေတ်ကို အုပ်စိုးခဲ့သည်။ အတိတ်နှင့်လက်ရှိကို မလွတ်တမ်း အကုန်သုံးသပ်နိုင်သည်။

သူတို့ပြိုင်ဘက်က ရှေးခေတ်မသေမျိုးလေးယောက်ဖြစ်သည်။ ကိုးငရဲဂိုဏ်းက သူတို့နှင့်အဆင့်မတူ။

စိတ်လှုပ်ရှားနေသော်လည်း ဂိုဏ်းချုပ်အမှာစကားကို သူမမေ့ပါ။

"ဂိုဏ်းချုပ်က နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်ပါသေးတယ်"

"မေးပါ"

"ခင်ဗျားတို့ဂိုဏ်းမှာ ကိုးငရဲဂိုဏ်းရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံဉာဏ်တစ်ခုခုပေးစရာရှိလားလို့ မေးလိုက်ပါတယ်"

ထိုမေးခွန်းကို ဂိုဏ်းချုပ်က ဘာကြောင့်မေးမှန်း ကျောက်ရိုးနားမလည်။ ကိုးငရဲဂိုဏ်း၏စီးပွားရေး ကောင်းကောင်းလည်ပတ်နေသည်ဟု သူယူဆသည်။

ဂိုဏ်းချုပ်ချင်အုပ်ချုပ်စဉ်က လစာပင်အချိန်မှန် မပေးနိုင်ခဲ့။

ဂိုဏ်းချုပ်သစ်ပြောင်းပြီးနောက် လစာအချိန်မှန်ရရုံမက ဖုန်ဒူတည်ဆောက်ဖို့ပါ ရန်ပုံငွေထောက်ပံ့နိုင်ခဲ့သည်။

လုယန်က သဘောပေါက်ဟန်ဖြင့် ပြုံးသည်။

"ခင်ဗျားတို့ဂိုဏ်းချုပ်က အတော်အမြင်ကျယ်တဲ့ပုံပဲ"

"ဘာကိုဆိုလိုတာလဲ"

"ခုနက ကျုပ်ပြောခဲ့သလိုပဲပေါ့။ ခင်ဗျားတို့ဂိုဏ်းအတွက် လက်ရှိမှာ အဓိကအရေးကြီးဆုံးက ကျင့်ကြံမှုကို အာရုံစိုက်ဖို့ပဲ။ ကျင့်ကြံဖို့အတွက် ဘာတွေလိုလဲ။ ဝိညာဉ်ကျောက်တွေ အများကြီးလိုတာပေါ့။

ဒါကြောင့် ကျင့်ကြံမှုမလုပ်ခင် ဝိညာဉ်ကျောက်တွေ ရအောင်ရှာဖို့လိုတယ်လေ"

ကျောက်ရိုး သဘောပေါက်သွားပြီး နည်းနည်းရှက်သလိုခံစားလိုက်ရသည်။ လုယန်က သူ့ထက်ပင် ဂိုဏ်းချုပ်ကို နားလည်နေသည်။

"ဒါဆိုကျုပ်တို့ ဝိညာဉ်ကျောက်တွေ ဘယ်လိုရှာရမလဲ"

လုယန်က မျက်နှာကျက်ကို လက်ညှိုးထိုးပြ၍ ပြုံးနေသည်။

"ဂိုဏ်းချုပ်ကျောက်ရိုး၊ ဒီအသားကင်လုပ်ငန်းကို ခင်ဗျားဘယ်လိုမြင်လဲ"

ဆိုင်အပြင်ဘက်တွင် တန်းစီနေသည့်လူတန်းကို ကျောက်ရိုး ပြန်သတိရလာသည်။

"အတော်လေးကောင်းတာပေါ့"

"မဟာရှားနိုင်ငံအနှံ့မှာ ဒီလိုအသားကင်ဆိုင်တွေ ခင်ဗျားတို့ဖွင့်လို့ရတယ်လို့ ကျုပ်ပြောရင်ရော...."

"ဘယ်လို..."

**********************************************

All Chapters