← Chapters

အခန်း (၁၃၅)

Vol. 9 Ch. 135

အခန်း (၁၃၅)

Vol. 9 Ch. 135

နောက်ပိုင်းတွင် ရဲတင်းသည့် လူပေါင်းများစွာဟာ ဒီဗိုင်းဓါးစံအိမ် အတွင်းသို့ ဝင်ရောက်ကာ အတွင်းရှိ ဓါးများနှင့် ကြွယ်ဝမှုများကို ခိုးယူလိုသည်ဟု သတင်းပျံ့နှံ့လာခဲ့၏။

နောက်ဆုံးတွင် ဝင်ရောက်သွားသည့် လူအားလုံးတို့ဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားကြပြီး ပြန်ထွက်လာခြင်း မရှိကြတော့ပေ။

ထိုအချိန်မှ စတင်ပြီး ဒီဗိုင်းဓါးစံအိမ်ဟာ တားမြစ်နေရာတစ်ခု ဖြစ်လာခဲ့သည်။ မည်သူမှ ထိုနေရာသို့ မသွားရဲတော့သလို ပြောရဲခြင်းပင် မရှိကြတော့ပေ။

ဆယ်စုနှစ်များ ကြာလာပြီးနောက် ဒီဗိုင်းဓါးစံအိမ်၏ အကြောင်းကို သိရှိသူအများကြီး မရှိတော့ပေ။

ဟန်ကျောက်တို့ဟာ စံအိမ်၏ အဝေသို့ အပြေးနှင်လာခဲ့သည်။

“ဒီနေရာကို ဘယ်သူမှ ခြေမချတာ ဆယ်စုနှစ်ကြာပြီလို့ မပြောကြဘူးလား။ ဘာလို့ အဝင်ဝက ဒီလောက်တောင် သန့်ရှင်းနေရတာလဲ”

ဖန်ကျန်း၏ နှလုံးသားက အေးစက်သွားသည်။ တောာင်တက်လမ်း တစ်လျှောက်တွင် နေရာတိုင်း၌ မြက်ပင်များ ရှည်လျားစွာ ပေါက်ရောက်နေ၏။ သို့ပေမယ့် စံအိမ်ဂိတ်တံခါး၏ အပြင်ဘက်ဟာ သန့်ရှင်းလွန်းနေပါသည်။ မည်သည့် ရေညှိမှပင် မရှိပေ။

ကြည့်လိုက်သည်နှင့် နှစ်ပေါင်းများစွာ လူမရောက် မပေါက်သည့် နေရာတစ်ခုနှင့် လုံးဝ တူညီခြင်းမရှိပါ။ အဲ့ဒီအစား နေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်ထားသည့် နေရာနှင့် တူ၏။

“အဲ့ဒါက ထူးခြားမှုပဲ… ယင်စွမ်းအင်နဲ့ မကျေနပ်မှုတွေ ပိုများတဲ့ ထူးခြားမှုအချို့မှာ သာမန်လူတွေကို လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်တဲ့ ထူးခြားမှု သတ္တဝါတွေကိုတောင် ထုတ်လုပ်နိုင်ကြတယ်။ အခု ညအချိန်ကို မရောက်သေးဘူး။ ဒါပေမယ့် ထွက်ပေါ်နေတဲ့ ယင်စွမ်းယင်ကို ကျွန်မ ခံစားရတယ်”

ချန်ကျီက အဝင်ဝတွင် ရပ်ကာ အသက်ကို နက်ရှိုင်းစွာ ရှူသည်။ အလွန် နှစ်ခြိုက်သည့်အသွင် ရှိ၏။

“နေ့အချိန်ပဲ ရှိနေသေးတာ… ငါတို့တွေ ဝင်ပြီး အရင်ဆုံး လမ်းကြည့်ထားရအောင်။ ညကျရင် အဲ့လိုလုပ်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး”

ချန်ကျွင်းက ပြောရင်းနှင့် စံအိမ်အတွင်းသို့ ဝင်ရောက်သွားသည်။

ထိုပုံကို တွေ့ရပြီးနောက် ချန်ကျီနှင့် ချန်အန်းတို့လည်း လိုက်ပါကြ၏။ ဖန်ကျန်းနှင့် အဖိုးအိုတို့လည်း ခဏတာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ကိုယ့်စိတ်ကို ထိန်းညှိကာ လျှောက်ဝင်သွားသည်။

ဟန်ကျောက်ဟာ ခြေလှမ်းဝင်လိုက်သည်နှင့် လက်ကြားထဲရှိ ဝိညာဉ်အဆီအနှစ်လုံးဆီမှ အေးစက်မှုတစ်ခု ပေါ်လာကြောင်းကို ခံစားလိုက်ရသည်။ ယင်စွမ်းအင်များကို စတင် စုစည်းခြင်း ဖြစ်၏။ သူလည်းပဲ ဝိညာဉ်အဆီအနှစ်လုံး အတွင်းရှိ ယင်စွမ်းအင်များကို စတင်စုပ်ယူသည်။

မကြာခင် အချက်ပေးစာသားတစ်ခု ပေါ်လာခဲ့သည်။

“ယင်စွမ်းအင်တို့ စုစည်းနေသည်။ အစွန်းရောက်ယင်နှင့် မကောင်းမှု နယ်မြေဟာ များပြားလှသည့် မိစ္ဆာအလောင်းများ၊ သွေးအလောင်းများနှင့် အလောင်းရုပ်သေး အနည်းငယ်ကို ထုတ်လုပ်နိုင်သည်”

“ညအချိန်တွင် အန္တရာယ်ရှိသည်”

ဟန်ကျောက်ဟာ အချက်ပေးစာသားကို လစ်လျူရှုကာ စံအိမ်၏ အတွင်းပိုင်းသို့ လျှောက်ဝင်သွားလိုက်သည်။

လူတိုင်းဟာ အတွင်းထဲသို့ ရောက်သည်နှင့် ဤသည်မှာ အပြင်ဘက်မှ ကြည့်သည်ထက် များစွာ ပိုမိုကြီးမားကြောင်းကို နားလည်လိုက်ကြသည်။

သူတို့ဟာ ဟိုဟိုဒီဒီ လျှောက်သွားကြပြီး အဝင်ဝသို့ ပြန်ရောက်လာချိန်တွင် ဟန်ကျောက်ဟာ အကြမ်းဖျင်း ဆယ်မိနစ်လောက် ရှိကြောင်းကို တွက်ချက်မိသည်။ ဤသည်မှာ တော်တော်လေး မြန်ဆန်စွာဖြင့် ဖြစ်၏။

“ဟန်… ကျန်းယွမ်‌ရော”

ဖန်ကျန်း၏ အံ့ဩသည့် အသံက ရုတ်တရက် ပေါ်လာ၏။ ခုနက သူနှင့် ဘေးချင်းကပ်ရပ် လျှောက်နေခဲ့သည့် အဖိုးကြီးဟာ ယခုအချိန်၌ ပျောက်ကွယ်သွားကြောင်းကို သူနားလည်လိုက်သည်။

“ကောင်းကင်က ဘာလို့ မှောင်မဲနေတာလဲ”

လျန်ချန်းရွှယ်က ရုတ်တရက် စံအိမ်အထက်ရှိ ကောင်းကင်ကို ညွှန်ပြသည်။

အနက်ရောင်မြူများဟာ ကောင်းကင်မှ သက်ဆင်းလာပြီး ကြည်လင်နေသည့် ကောင်းကင်ကို အလွှာတစ်ခုသဖွယ် အုပ်ဆိုင်းသွားသည်။ အလင်းရောင်ဟာ လျှင်မြန်စွာ မှိန်ပြသွား၏။

“မကောင်းတော့ဘူး.. ဒါက နတ်ဆိုးစွမ်းအင်ပဲ။ မြန်မြန်ထွက်ခွာကြ”

လျန်ချန်းယုက အသံပြုကာ လူတိုင်းကို စံအိမ်အတွင်းမှ အမြန်ထွက်ခွာရန် ပြောသည်။

လှည့်လည်ပြေးထွက်ပြီးနောက် သူတို့ဟာ တံခါးဝမှ မီတာ၁၀၀လောက်သို့ ရောက်ရှိလာ၏။ အသက် နှစ်ကြိမ်ရှူစာလောက်တွင် လွတ်မြောက်နိုင်တော့မှာ ဖြစ်သည်။

“ဘုန်း”

လူတိုင်းဟာ အပြေးအလွှားဖြင့် တံခါးနှင့် ၁၀မီတာအကွာသို့ ရောက်လာကြချိန်၌ တံခါးနှစ်ချပ်တို့ဟာ စက်ခလုတ်တပ်ထားသည့်အလား ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ရုတ်တရက် ပိတ်သွားသည်။

ဝိညာဉ် အဆီအနှစ်လုံး၏ ယင်စွမ်းအင် စုပ်ယူသည့် အမြန်နှုန်းဟာ ကြီးစွာ တိုးမြင့်လာကြောင်းကို ဟန်ကျောက် နားလည်လိုက်သည်။

တစ်ချိန်တည်းတွင် သူဟာ ယင်ဖင်းလင်ဝါးကို တိတ်တဆိတ် လှည့်လည်ပြီး လေဟာနယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်တို့ကို စုပ်ယူ၏။

“ယင်ဖင်းအား အဆင့်- ၇၊ ၈….”

မကြာခင် စနစ်၏ မျက်နှာပြင်ပေါ်၌ ယင်ဖင်းလက်ဝါး၏ အဆင့်မြင့်တက်ခြင်း အချက်ပေးချက် ပေါ်လာ၏။

“ဘာလို့ ဒီမှာ နတ်ဆိုးစွမ်းအင်တွေ ရှိနေရတာလဲ။ နတ်ဆိုးတွေများ ရှိလို့လား”

ချန်ကျီ၏ မျက်နှာက ဖြူရော်သွားသည်။

“ရှပ်၊ ရှပ်…”

ထိုအချိန်၌ ထူထဲသည့် ခြေသံများ ထွက်ပေါ်လာ၏။ တောင့်တင်းကာ ပုံပျက်ပန်းပျက် ဖြစ်နေသည့် လူများဟာ မူလက ဗလာကျင်းလင်း ဖြစ်နေသည့် စံအိမ်အတွင်းမှ တစ်ယောက်ပြီးတစ်ယောက် လျှောက်ထွက်လာကြသည်။ ထိုအထဲတွင် အချို့လူများ၏ အသွင်မှာ သာမန်လူများနှင် ခြားနားခြင်း မရှိပေ။

“သွေးအလောင်း..”

“မိစ္ဆာအလောင်း…”

“အလောင်းရုပ်သေး…”

“လူတိုင်းပဲ… ကျွန်တော်တို့ စံအိမ်ကို ရောက်လာပြီ ဆိုကတည်းက ဘာလို့ ရက်အနည်းငယ်လောက် မနေတာလဲ။ မဟုတ်ရင် စံအိမ်သခင်က အရမ်းကို မပျော်မရွှင် ဖြစ်သွားလိမ့်မယ်”

လူအုပ်အတွင်းမှ မီးခိုးရောင် ဝတ်စုံနှင့် လူငယ်ငါးယောက်တို့ လျှောက်ထွက်လာပြီး အပြုံးတစ်ခုနှင့် ပြောသည်။

“သူတို့တွေမှာ အသက်ရှင်စဉ်တုန်းက အသိဉာဏ်တွေ လုံးဝ ပိုင်ဆိုင်ထားတုန်းလား… ငါးယောက်လုံးက အလောင်းရုပ်သေးတွေပေါ့.. သွားပြီ..”

ချန်အန်း၏ မျက်နှာက ရေကဲ့သို့ မဲမှောင်သွားသ်။ ဒီနေရာတွင် မိစ္ဆာအလောင်း များစွာတို့လည်း ရှိနေပါသည်။ ထို့ကြောင့် အလောင်းရုပ်သေးများကို သတ်ဖြတ်ရန်မှာ လွယ်ကူခြင်းမရှိပါ။

“ငါတို့တွေ မမှောင်ခင်မှာ စံအိမ်ထဲမှာ ပုန်းနေတဲ့ နတ်ဆိုးကို ရှာရမယ်။ နတ်ဆိုးကို သတ်နိုင်တာနဲ့ နတ်ဆိုးစွမ်းအားတွေ ပျက်ပြယ်သွားပြီး ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မယ်”

ချန်ကျွင်းက အမြန်အော်၏။

“ဟီးဟီးဟီး….”

ချန်ကျွင်း၏ စကားဆုံးသည်နှင့် စဉ်းလဲသည့် ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံရှင်က စနောက်စွာ ပြောသည်။

“ငါ့ကို ရှာနေတာလား.. ငါမပုန်းပါဘူး.. မင်းတို့မျက်စိအောက်မှာပဲ ရှိနေပါတယ်”

လူတိုင်းဟာ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ ၁မီတာ မြင့်မားသည့် လူသားသဏ္ဍာန် သတ္တဝါတစ်ကောင်ဟာ စံအိမ်၏ တံခါးကို မှီကာနေ၏။

သူ၏ မျက်နှာအသွင်အပြင်မှာ လူသားများနှင့် အများကြီး ခြားနားခြင်းမရှိပေ။ သို့ပေမယ့် သူ၏ အရေအပြားဟာ မဲနက်နေ၏။

ညာဘက်နဖူးတွင် ဦးချိုကောက်တစ်ခု ရှိနေပြီး နောက်ကျောတွင် လီဇက်အမြီးကဲ့သို့ ရှည်လျားသည့် အမြီးတစ်ခု ရှိနေသည်။ အမြီးဟာ လှုပ်ရှားနေပြီး တံခါးကို ဆက်တိုက် ထိမိနေ၏။ အသံတစ်ခု ထွက်ပေါ်နေစေသည််။

“လီဇက်ချပ်ဝတ်နတ်ဆိုး..”

ချန်ကျွင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်၏။

“ငါက ဘယ်နတ်ဆိုးကြီးများလဲလို့.. လက်စသတ်တော့ လီဇက်ချပ်ဝတ်နတ်ဆိုးငယ် တစ်ကောင်ကိုပဲ။ သွေးကြောတစ်ခု အဆင့်နိမ့် နတ်ဆိုးလေး တစ်ကောင်က ဆူဆူညံညံ လုပ်လှချည်လားဟ”

ချန်အန်းနှင့် ချန်ကျီတို့လည်း ထိုစကားကို ကြားရပြီးနောက် စိတ်သက်သာရာ ရသွားခဲ့သည်။ သူတို့နှစ်ယောက်ဟာလည်း သွေးကြောတစ်ခု အဆင့်၌ ရှိကြပါသည်။ ဒီဗိုင်းလက်နက် အပိုင်းအစကိုပင် သယ်ဆောင်ထား၏။

ချန်ကျွင်းဆိုလျှင် သွေးကြောနှစ်ခုအဆင့် ကျွမ်းကျင်သူဖြစ်ကာ သွေးကြောသုံးခုသို့ ချိုးဖျက်တော့မှာပါ။ သူတို့ထဲမှ မည်သည့်တစ်ယောက်မဆို ဒီဗိုင်းလက်နက်ကို အသုံးပြုပါက ဒီနတ်ဆိုးကို သတ်ဖြတ်နိုင်၏။

“ဆွစ်”

လူတိုင်း၏ ပုံစံက အေးဆေးသွားစဉ်တွင် ဟန်ကျောက်ဟာ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ သူ၏ခန္ဓာကိုယ်ဟာ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စုစည်းထားသည့် သုံးပါးသော အနှစ်သာရအားဟာ ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။

“စောက်ရူး.. မသွားန့”

ဟန်ကျောက်၏ ရုတ်တရက် တိုက်ခိုက်မှုကို တွေ့ရပြီးနောက် ချန်ကျွင်း၏ ပုံစံက ပြောင်းလဲသွားသည်။

သွေးကြောတစ်ခု နတ်ဆိုးတစ်ကောင် ဖြစ်လျှင်တောင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားလေးတစ်ယောက် တိုက်ခိုက်နိုင်သည့် အရာမဟုတ်ပေ။ သူဟာ တကယ့်ကို သေချင်နေသည်ပင်။ တိုက်ခိုက်မှု ခွန်အားကို ဘာမှမဟုတ်ပဲ ဖြုန်းတီးနေ၏။

All Chapters