အခန်း (၁၂၁)
Vol. 9 Ch. 121
“ဒီညမှာ… လင်းရှဲနဲ့ သွေးစိတ်ဝိညာဉ်ခန်းမရဲ့ ဝတ်ပြုဆရာဝေတို့ အတူတူ လှုပ်ရှားကြတာ.. ကြည့်ရတာ သူတို့တွေ ကျောက်နက်မြို့က ကုန်သည်တစ်ဖွဲ့ကို ရှင်းမလို့နဲ့တူတယ်။ ဝတ်ပြုဆရာဝေရဲ့ သွေးပူဇော်ထားတဲ့ ဒီဗိုင်းလက်နက်နဲ့တောင် အနိုင်မရခဲ့တာ.. တစ်ဖက်လူက သွေးကြောနှစ်ခု အဆင့်မှာ ဖြစ်မယ်”
“သိုင်းသမားဆိုရင်လည်း အနိမ့်ဆုံး ခွန်အားသန့်စင်ခြင်းအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်မှာ ရှိလောက်တယ်။ အဲ့ဒီအပြင် မီးတောက်(သို့) ယန်စွမ်းအင် အတွင်းအားမှာ တော်တဲ့လူဖြစ်မယ်။ အစစ်အမှန်ချီကိုတောင် ပိုင်ဆိုင်ထားလောက်တယ်”
ဝတ်စုံနီနှင့်လူက ကိုယ်ပိုင် စမ်းစစ်မှုကို ပြောသည်။
“ဒီနေရာမှာ စီရင်စုမြို့တော်က ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ပေါ်လာတာတော့ မဟုတ်လောက်ဘူး။ တိုက်ပွဲပြင်က အခြေအနေကို ကြည့်ရတာ သူ့ရဲ့ အစစ်အမှန်ချီက အဲ့လောက်မသန်မာဘူး။ သိုင်းပညာရဲ့ အမွေအနှစ်တွေက ပြတ်တောက်သွားခဲ့တယ်.. ဒါကြောင့် တူညီတဲ့ အစစ်အမှန်ချီနဲ့ ကျင့်စဉ်ကို ရှာဖို့က မလွယ်ကူဘူး။ ကျွန်တော် အစိုးရိမ်ဆုံးက ငရဲကိုးခုစံအိမ်ကလူတွေ မှီလာမှာကိုပဲ”
ဝတ်စုံဖြူနှင့် သခင်လေး၏ မျက်နှာဟာ ရေကဲ့သို့ မဲမှောင်သွား၏။ သူ၏ပုံစံက အလွန် အရုပ်ဆိုးသွားသည်။
“ကျွန်တော်တို့တွေ ချူကနေ ဝေကို ပြေးလာခဲ့ပြီပြီ.. ငရဲကိုးခုစံအိမ်က ဆက်ပြီးတော့ လိုက်နေမှာ ဘယ်လိုဖြစ်နိုင်မှာလဲ”
“အဲ့ဒါက ပြောဖို့ခက်တယ်။ အဲ့လူတွေရဲ့ ဒီဗိုင်းလက်နက်အပေါ် စွဲလမ်းမှုက မင်းထင်ထားတာထက် အများကြီးကျော်လွန်တယ်”
“အခွင့်အရေးရှာပြီး အဲ့ဒီ ကုန်သည်အဖွဲ့ဆီကို အခြေအနေကို သွားစုံစမ်းလှည့်… ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ပေါ်မသွားစေနဲ့… ငါ့ရဲ့ဒီဗိုင်းလက်နက် ထိခိုက်ပြီးတဲ့နောက်မှာ ငါ့ရဲ့သွေးမျိုးဆက်က ဆုတ်ယုတ်နေတုန်းပဲ။ အန္တရာယ်ကြုံလို့ မဖြစ်ဘူး။ တိုက်ခိုက်ခဲ့တဲ့လူက ငရဲကိုးခုစံအိမ်နဲ့ ပက်သက်နေရင်တော့ အကုန်သွားပြီ”
ဝတ်စုံဖြူနှင့် လူငယ်က ညွှန်ကြားသည်။
“ဟုတ်ကဲ့ပါ.. ကျွန်တော်အခုပဲ သွားလိုက်ပါမယ်”
ဝတ်စုံနီနှင့် လူကြီးဟာ တောထဲမှ လျှင်မြန်စွာ ထွက်ခွာသွား၏။ ဝတ်စုံဖြူနှင့် လူငယ်ဟာ တစ်ယောက်တည်း ကျန်ခဲ့၏။ သူက လက်ထဲရှိ နဂါးနီလှံကို ရုတ်တရက်မြှောက်ကာ အားဖြင့် မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်သည်။
“ဘုန်း”
နဂါးနီလှံဟာ နီရဲစွာ တောက်ပလာ၏။ မြေပြင်ပေါ်တွင် ကြီးမားသည့် ချိုင့်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
“အမှိုက်ကောင်.. ဦးနှောက်ကမရှိဘူး.. မင်းဘာလို့ ဒီလောက် တုံးအရတာလဲ။ မိသားစုခေါင်းဆောင်လည်း စောက်တုံးပဲ။ အကြီးမားဆုံး ဒီဗိုင်းလက်နက် အပိုင်းအစကို ဒီအမှိုက်ကိုမှ ပေးရတယ်လို့.. အားး..”
လူငယ်၏ မျက်လုံးများက နီရဲနေပြီး မြေပြင်ကို အရူးအမူး ရိုက်နှက်သည်။ အချိန်အတော်ကြာပြီးမှ မျက်လုံးထဲရှိ နီရဲမှုတို့ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူဟာ မူလက ညင်သာသည့် အသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။
ပုံပျက်နေသည့် အင်္ကျီကော်လံကို ပြင်ဆင်ကာ မြင်ကွင်းမှ ထွက်ခဲ့၏။
လဝက်ကြာပြီးနောက် ကျောက်နက်မြို့၏ မြောက်ဘက် မြို့ဂိတ်တွင်…
လင်ယွင်ကုန်သွယ်အဖွဲ့ဟာ အောင်မြင်စွာ ပြန်လာခဲ့ကြ၏။ ကြီးစိုးကာ ထည်ဝါသည့် ဂိုဏ်းချုပ်ရှုံက ရန်သူများကို သတ်ဖြတ်ပြီးကတည်းက လူအုပ်ဟာ မည်သည့်အတားအဆီးကိုမှ မကြုံရတော့ပဲ ကျားယွမ်မြို့ဆီသို့ ခရီးနှင်နိုင်ခဲ့ကြသည်။
ရောင်းဝယ်မှုကို အောင်မြင်စွာ ပြီးမြောက်ပြီး များပြားလှသည့် ငွေကြေးများ ရခဲ့၏။ အပြန်လမ်းတွင် သူတို့ဟာ မည်သည့် ဓါးပြကိုမှ မကြုံခဲ့ရပေ။
ရှင်းလင်းစွာပင် ဂိုဏ်းချုပ်ရှုံ၏ ကျေးဇူးတရားတို့ ဖြစ်သည်။ မြောက်ဘက်ဂိတ်သို့ ရောက်ရှိပြီးနောက် ရှလင်ဟာ မြင်းပေါ်မှ ဆင်းသည်။ ဖုန််းရှောင်နှင့် အခြား အကြီးအကဲနှစ်ယောက်တို့လည်း မြင်းများပေါ်မှ အမြန်ဆင်းခဲ့၏။
“ဂိုဏ်းချုပ်ရှုံ.. ဒီခရီးအတွက် ကျေးဇူးတင်ပါတယ်”
ရှလင်က လေးစာားစွာ ဦးညွှတ်သည်။ ဟန်ကျောက်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ထူးမခြားနားစွာ ပြောသည်။
“အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါက ကတိကို ဖြည့်ပေးရုံပဲ။ နှုတ်ဆက်ပါတယ်”
ထိုစကားနှင့်အတူ သူဟာ လေဟုန်စီးခြေထောက်ကို အသုံးပြုပြီး ထွက်ခွာသွား၏။
ဟန်ကျောက်တွင် အဘယ်ကြောင့် ယခုမျှကောင်းလှသည့် ကံတရား ရှိရသနည်း။ ယခုကဲ့သို့ စွမ်းအားကြီးမားသည့် သိုင်းသမားတစ်ယောက်၏ ရွေးချယ်ခြင်းကို ခံခဲ့ရသနည်း။ သူတို့တွေကျ အဘယ်ကြောင့် ထိုကံမျိုး မရှိရသနည်း…
လူတိုင်းဟာ ရှုံပ၏ နောက်ကျောကို ကြည့်ကာ အချိန်အတော်ကြာအောင် တည်ငြိမ်နိုင်ခြင်း မရှိပဲ ဖြစ်နေကြသည်။
“အချက်ပေးအပိုင်းအစ ၂၀ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့် တစ်ကြိမ်ကို ပေါင်းစပ်လိုပါသလား”
“ပေါင်းစပ်မှုတိုင်းဟာ အချက်ပေးအပိုင်း ၄၅ခုနှင့် ရွှေ၆၀ကို ကုန်ကျမည်..”
“လက်ရှိကျန်ငွေ- ရွှေ၂၀လျန်”
စနစ်မျက်နှာပြင်ပေါ်ရှိ အခက်ပေးမှုကို ကြည့်ကာ ဟန်ကျောက်၏ နှလုံးသားဟာ အခုန်မြန်သွားသည်။
“နဂါးနီလှံ အပိုင်းအစရဲ့ ယင်စွမ်းအင်ထောက်ပံ့မှုနဲ့ နှစ်လမှာ တစ်ကြိမ်လောက် အစမ်းရှင်သန်လို့ ရလောက်တယ်”
ဒီဗိုင်းလက်နက်ဟာ သူ့ကို ယင်စွမ်းအင်အား ပုံမှန် ထောက်ပံ့ပေးမည်ဟု ကတိပေးခဲ့၏။ သူကတော့ ရာဇဝတ်သား အချို့ကို ရှာကာ လက်နက်ကို ကျွေးရပေမည်။ ယခုအချိန်၌ ဒီဗိုင်းလက်နက်ကို အလကား အလုပ်လုပ်ခိုင်းရန် မဖြစ်နိုင်ပေ။
“ငါ့မှာ ဒီဗိုင်းလက်နက်ကို ဖိနှိပ်နိုင်တဲ့ စွမ်းအားရှိလာခဲ့ရင် မင်းဘယ်လိုခုခံမလဲ ဆိုတာကို ကြည့်ပါဦးမယ်”
အစောပိုင်း အရင်းအမြစ် စုဆောင်းမှုဟာ အမှန်တကယ်ကို ခက်ခဲခဲ့သည်။ သို့ပေမယ့် ယခုအချန်၌ ဟန်ကျောက်ဟာ ကျောက်နက်မြို့တွင် နာမည်တစ်ခု ရှိနေပြီး ဖြစ်ကာ ဝင်ငွေလမ်းကြောင်းများစွာ ရှိနေပြီး ဖြစ်၏။
ယင်စွမ်းအင်ကတော့ ရှာဖွေရန်အတွက် စွမ်းအားကြီးမားသည့် ခွန်အားကို လိုအပ်သည်။ သူ၏ ခွန်အားကို မြှင့်တင်လိုပါက တိုက်ရိုက်အကျဆုံး နည်းလမ်းမှာ စွမ်းရည်မှတ်များအား ထည့်ပေါင်းရန် ဖြစ်သည်။
သို့ရာတွင် စွမ်းရည်မှတ်များကို ရရှိရန် အစမ်းရှင်သန်မှု ပြုရန် လိုအပ်၏။ ထို့ကြောင့် သူဟာ ကိုယ့်ကိုယ်ကိုယ်သာ မှီခိုနိုင်ပေတော့မည်။
ကံကောင်းစွာပင် သူ၏ပါရမီဟာ အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီး ဖြစ်ကာ ချမ်းသာသည့် မိန်းမလှလေး ရှလင်၏ ထောက်ပံ့မှုဖြင့် ကျင့်ကြံမှု အမြန်နှုန်းဟာ နှေးကွေးမည် မဟုတ်ပေ။
‘ကျောက်နက်မြို့က စွမ်းအားကြီးတဲ့ ရာဇဝတ်သားအားလုံးကို ငါသတ်ပြီးပြီ.. ကြည့်ရတာ ကျောက်စိမ်းလေမြို့ကိုပဲ သွားရမယ်ထင်တယ်’
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူဟာ ရှလင်ကို စာပို့ကာ ပြောခဲ့ပြီးဖြစ်၏။ သွားစရာရှိသေး၍ ဒီအချိန်အတွင်း ပြန်လာနိုင်မည် မဟုတ်ပေ။
“ဒါက တရားမျှတမှုအတွက် တိုက်ပွဲဝင်တာလို့ ယူဆလို့ရတာပဲ…”
ဟန်ကျောက်ဟာ ကျောက်စိမ်းလေမြို့သို့ ထွက်ခဲ့လေသည်။
ကိုးသွယ်မြို့..
မြို့လယ်ရှိ ကျန်းယွဲ့စားသောက်ဆိုင်၏ ပဥ္စမထပ် အခန်းဘီတွင်…
မိန်းကလေး သုံးယောက်တို့ဟာ စားပွဲဝိုင်းတစ်ခုတွင် ထိုင်နေကြ၏။ တစ်ယောက်ဟာ ပြတင်းပေါက်ကို ငိုင်တိုင်စွာ ကြည့်နေပါသည်။
သူမ၏ အနက်ရောင် ဆံပင်များဟာ သဘာဝအတိုင်း ကျဆင်းနေပြီး မက်မွန်သဖွယ် မျက်ဝန်းများနှင့် ပန်းနုရောင် ပါးလေးများ ရှိသည်။ သူမ၏ ပုံစံဟာ အရွယ်ရောက်ပြီးသူ တစ်ယောက် မဖြစ်သေးသကဲ့သို့ ရှိကာ ပြီးပြည့်စုံစွာ မကြီးပြင်းသေးပေမယ့် တင့်တယ်ကာ လှပသည့် ရုပ်ရည်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
အရေးအကြီးဆုံးမှာ မိန်းကလေးသုံးယောက်တို့ဟာ ရုပ်ရည် အလွန်ဆင်ကြခြင်း ဖြစ်၏။
လျန်ချန်းပင်ဟာ မေးစေ့ကို လက်ဖြင့်ထောက်ကာ ငိုက်မြည်းနေပါသည်။ လျန်ချန်းရွှယ်ကတော့ အဆက်မပြတ် စကားပြောနေ၏။ လျန်ချန်းယုဟာ အသုံးဝင်သည့် အချက်အလက်ကို ကြားရမှ တုံ့ပြန်မှု ပြုသည်။ မဟုတ်သည့် စကားများကိုတော့ လစ်လျူရှုထား၏။
“အစ်မ.. ကျွန်မတို့ ဘယ်တော့ ခရီးဆက်ကြမလဲ.. ပထမအချီ သွေးမျိုးဆက် ကျဆင်းမှုတောင် ပြီးသွားပြီ။ အံ့ဖွယ်သုံးပါးမြားရဲ့ ယင်စွမ်းအင်ကို ပြန်လည်မဖြည့်တင်းပဲ ဒုတိယအချီ သွေးမျိုးဆက် ကျဆင်းမှုအထိ ကြာသွားရင် ရှင်သန်ဖို့ ခက်ခဲမှာကိုတောင် ကြောက်ရတယ်။ လက်နက်သခင်ဖြစ်ဖို့ဆိုရင် ပိုဆိုးသေး”
လျန်ချန်းရွှယ်က အထွန့်တက်စွာ ပြောသည်။
“ဘာကို အလျှင်လိုနေတာလဲ… ငါလူခေါ်နေတယ်လေ။ ငါတို့တွေ ယုံကြည်လို့ရပြီး အရည်အချင်းရှိတဲ့ တစ်ယောက်ယောက်ကို ရှာဖို့လိုတယ်။ တိမ်စီရင်စုကို ထွက်ပြေးလာကြတဲ့ အုပ်စိုးသူ မိသားစု မျိုးဆက်တွေ အများကြီးရှိတယ်။ ဒါပေမယ့် တိမ်စီရင်စုက အကြီးကြီးပဲ။ ဒီလို နေရာလေးတစ်ခုမှာ အုပ်စိုးသူမိသားစု မျိုးဆက်တွေကို တွေ့ဖို့ဆိုတာ ဘယ်လောက်ခက်လဲနင်ဆို နင်မသိဘူးလို့တော့ မပြောနဲ့နော်”
လျန်ချန်းယုက မာန်မဲစွာ ပြောသည်။
လျန်ချန်းရွှယ်က နှုတ်ခမ်းဆူ၏။
“အုပ်စိုးသူ မိသားစု မျိုးဆက်တွေကို ရှာနိုင်ရင်တောင် သူတို့ကို ယုံလို့မှမရတာ။ သိုင်းသမားအချို့ကို ရှာပြီး ခေါ်သွားတာမှ ဟုတ်ဦးမယ်”
“ညီမအထင်တော့ သခင်လေးစုန့်က အရမ်းကောင်းတယ်။ ကတိတစ်လုံးကြောင့် ရွာထဲကို တစ်ယောက်တည်းဝင်ပြီး ကျွန်မတို့အသက်ကို ကယ်ခဲ့တယ်။ ပြီးတော့ ဘာမှလည်း ပြန်မပေးဆပ်နိုင်းဘူး။ သူက စွမ်းအားကြီးပြီး ယောကျားပီသတယ်”
“ပြီးတော့ သူ့ရဲ့ ရုပ်ရည်ကလည်း ညီမလေး သဘောကျတဲ့ ပုံစံပဲ။ ပြီးတော့..”
“ဟန့်..”
လျန်ချန်းယုက နှာခေါင်းရှုံ့ကာ ပြောသည်။
“ဒုတိယညီမ.. နင်သူ့ကို ကြိုက်နေတာလား”
“အာ”
လျန်ချန်းရွှယ်က ခွန်းတုံ့ပြန်ကာ ပြောသည်။
“အစ်မ.. အဲ့လိုမပြောနဲ့လေ.. အဲ့ဒီတုန်းက နင်လည်း သူ့ကို ကြည့်ခဲ့တာပဲမလား။ ပြီးတော့ ညီမကြည့်တာထက်တောင် ပိုပြီး ကြာသေးတယ်။ ဘာလို့ ညီမတစ်ယောက်တည်းကို ပြောနေတာလဲ”
လျန်ချန်းယုဟာ ဆက်လက် သည်းမခံနိုင်တော့ပေ။ ဒေါသတကြီး ပြော၏။
“နင်မဟုတ်တာ လျှောက်မပြောနဲ့… ငါဘာမှ မကြည့်ဘူး.. ငါက သူ့ရဲ့ ပုံစံကို စူးစမ်းပြီး သူပြောတာ အမှန်လား ဘာလားဆိုတာကို အကဲခတ်နေတာ”
“ဒါဆိုရင် ဘာလို့ မျက်နှာက နီလာတာလဲ”
လျန်ချန်းရွှယ်က ရုတ်တရက် ပြန်အော်၏။
“အဲ့ဒါများ မဟုတ်ဘူးလေး ဘာလေးနဲ့…”
“ငါနင့်ကို လုပ်တော့မယ်”
လျန်ချန်းယုဟာ ဒုတိယညီမ၏ နှုတ်ခမ်းများကို ဆွဲညှစ်သည်။ အစ်မကြီးတစ်ယောက်၏ ဟန်ပန်ဖြင့် ပြော၏။
“နင်ဆက်ပြီး မဟုတ်တာတွေပြောနေရင် ငါနင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်”
ချယ်ရီ နှုတ်ခမ်းနှစ်လွှာကာ ကြက်ဥတစ်လုံးလုံးအား ဝင်ဆံ့နိုင်လောက်သည်အထိ အဆွဲခံထားရ၏။ လျန်ချန်းရွှယ်ဟာ အလွန် နာကျင်နေပြီး သွားရေများကျကာ အမြန် တောင်းပန်သည်။
“အစ်မကြီး.. ငါ.. ငါမှားပါတယ်”
“စုန့်ချွေက ယုံလို့ရတယ်”
ကလေးငယ်တစ်ယောက်၏ အသံကဲ့သို့ မိန်းကလေးသံတစ်ခု ပေါ်လာခဲ့သည်။
ငိုင်တိုင်နေသည့် လျန်ချန်းပင်က ရုတ်တရက် ပြောခြင်းဖြစ်၏။ ယုနှင့်ရွှယ်တို့ ညီအစ်မနှစ်ယောက်၏ အာရုံများက ချက်ချင်းပင် သူမဆီသို့ ရောက်သွားသည်။
“တတိယညီမ.. စုန့်ချွေကို ယုံလို့ရတယ်လို့ နင်ထင်လား” လျန်ချန်းယု၏ ပုံစံက လေးနက်သွားသည်။
သူမတို့၏ တတိယညီမဟာ ငယ်စဉ်ကတည်းက အထူးစွမ်းရည်တစ်ခု ရှိ၏။ သူမဟာ တစ်ဖက်လူ၏ စကားများအရ သူဟာ သူမအပေါ် မကောင်းသည့် ရည်ရွယ်ချက်တို့ ရှိမရှိ အကြိမ်းဖျင်း ခံစားနိုင်ပါသည်။
ခွန်အားခြားနားချက် အရမ်းမကြီးသည့် အခြေအနေမျိုးတွင် ထိုမွေးရာပါ စွမ်းရည်ဟာ ၉၀%နီးပါး တိကျ၏။ စုန့်ချွေကို ယုံကြည်လို့ရသည်ဟု သူမဆိုပါက အမှန်တကယ် ဖြစ်နိုင်လောက်ပါသည်။
“အင်း”
လျန်ချန်းပင်က ခေါင်းညှိတ်သည်။
“သူဘယ်လောက် သန်မာလဲ ဆိုတာကို မသိတာက ဆိုးတာပဲ။ သူက သန့်စင်တဲ့ သိုင်းသမားတစ်ယောက်ပဲ ဆိုရင် ငါတို့ကို ကူညီဖို့က ခွန်အားသန့်စင်ခြင်း အဆင့်ကို ရောက်မှ ရမှာ။ သာမန်သိုင်းသမားတွေက မိစ္ဆာအလောင်းတွေကို ရင်မဆိုင်နိုင်ဘူး။ အဲ့ဒီအပြင် မမတို့ တွေ့ခဲ့တဲဲ့ ထူးခြားမှုထဲမှာ အလောင်းရုပ်သေးတွေလည်း ပေါ်လာနိုင်ချေ မြင့်မားတယ်။ အတွင်းအားကို မဖမ်းဆုပ်နိုင်ထားရင် ကိုယ့်သေတွင်းကို ကိုယ်တူးတာပဲ”
လျန်ချန်းယုက တွေးဆကာ ပြောသည်။
God Genzo: