← Chapters

အခန်း (၁၂၂)

Vol. 9 Ch. 122

အခန်း (၁၂၂)

Vol. 9 Ch. 122

အရင်တုန်းက သူမတို့ဟာ မဖမ်းခံရ၍ စိတ်ဒဏ်ရာ ရနေခဲ့သည်။ ထို့ကြောင့် စုန့်ချွေအား သူမတို့၏ အသက်များကို ကယ်တင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ခြင်း မပြုပဲ အမြန်ထွက်လာခဲ့ကြ၏။ ပြန်လည်တွေးကြည့်ပြီးမှ အနည်းငယ် တောင်းပန်စွာ ခံစားရသည်။

သူမတို့အနေနှင့် အကူအညီတောင်းပါက စုန့်ချွေအား လုံလောက်သည့် အကျိုးအမြတ်များကို သေချာပေါက် ပေးမည် ဖြစ်ပေမယ့် ၎င်းတို့ကို ယူရန်မှာ အသက်ရှင်ဖို့ လိုပါသည်။ မဟုတ်ပါက သူ့ကို ခေါ်ခြင်းက ထိခိုက်အောင် လုပ်သည်နှင့် တူမှာပါ။

“ညီမအထင်တော့ သခင်လေးစုန့်ရဲ့ ဆေဘာဓါးချက်တွေရဲ့ အမြန်နှုန်းနဲ့ တိကျမှုက ခွန်အားသန့်စင်ခြင်းအဆင့် ခွန်အားလောက် ရှိတယ်။ အဲ့ဒီအပြင် အဲ့တုန်းကထက်စာ အခုက နှစ်ဝက်ကျော်လည်း ကြာသွားပြီလေ။ အဲ့တုန်းက သူ့ရဲ့အဆင့်က သွေးချီချိုးဖျက်မှု တတိယအဆင့်မှာ ဆိုရင်တောင် အခုလောက်ဆို အဆင့်တက်နေလောက်ပြီ။ ဘာပဲဖြစ်ဖြစ် သခင်လေးစုန့်ကို အရင်ဆုံး ဆက်သွဘ်ကြတာပေါ့။ မဟုတ်ရင် ဒီမှာ ဘာပြောပြော အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး”

လျန်ချန်းရွှယ်က လေးနက်စွာ ပြောသည်။

သူမဟာ ရုပ်ရည်ပိုင်းကို အနည်းငယ် ဂရိုစိုက်ပေမယ့် ဦးနှောက်မဲ့သူ မဟုတ်ပေ။ တစ်ခုခုလုပ်ရာတွင် မည်မျှ အန္တရာယ်ရှိကြောင်းကို သိ၏။

“ကောင်းပြီလေ”

လျန်ချန်းယုက သဘောတူ၏။

“ဟုတ်ပြီ။ ဒါဆိုရင် အဲ့လိုပဲ လုပ်ကြမယ်နော်”

လျန်ချန်းရွှယ်က လက်ဝါးနှစ်ဖက်ကို ဆုပ်ကာ ပြောသည်။

“ငါတော့ သခင်လေးစုန့် ငါတို့ကို သေချာပေါက် လာရှာမယ်လို့ ခံစားရရတယ်”

“နင်က ဘာလို့ ဒီလောက်တောင် သေချာရတာလဲ”

“ငါတို့မှာ ပြင်ဆင်ဖို့ အချိန်တစ်နှစ်တောင် ရှိသေးတယ် မဟုတ်ဘူးလား။ သူငါတို့ကို လာမရှာဘူးလို့ ငါမယုံဘူး။ ဒီကလူတွေ ငါတို့ကို ကြည့်တဲ့ပုံကို မတွေ့ဘူးလား.. သူတို့မျက်လုံးတွေ ထွက်ကျတော့လုမတတ်ပဲ.. သခင်လေးစုန့်ကလည်း ယောကျားပဲလေ… မိန်းမလှလေးတွေကို သဘောမကျဘူးလို့ မယုံပါဘူး”

“ကောင်းပါပြီ။ ဒီကိစ္စပြီးရင် ဆုကြေးအဖြစ် နင့်ကို သူ့ကိုပေးလိုက်မယ်”

“အစ်မကြီးကဟာ…”

လျန်ချန်းရွှယ်က ပြန်လည်ချေပစွာ ပြောသည်။

“နင်ဘာလို့ သူ့ကို အံ့ဖွယ်သုံးပါးမြားနဲ့ စိတ်ဝိညာဉ်သုံးပါးမြားကျမ်းကို မပေးလိုက်တာလဲ”

“မွှန်ချင်ရင် နင့်ဘာသာမွှန်… ငါ့နဲ့ ညီမလေးကို လာဆွဲမထည့်နဲ့..”

လျန်ချန်းယု၏ မျက်နှာဟာ မနှစ်မြို့မှုတို့ဖြင့် ပြည့်နှက်နေ၏။

“ဟုတ်တယ် ဟုတ်တယ်”

ချန်းပင်ပင်လျှင် ထပ်ပေါင်းပြောသည်။

ကျောက်စိမ်းလေမြို့…

ပြီးခဲ့သည့်လတွင် အနီးအနားရှိ နေရာများတွင် ထူးဆန်းသည့် ကိစ္စတစ်ခု ဖြစ်ပွားခဲ့၏။ ဤသည်မှာ စုန့်ချွေဟု အမည်ရသည့် ကြေးစား လူဆိုးထိန်းတစ်ယောက် ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။

အလိုရှိ ရာဇဝတ်သားတစ်ယောက် ဝရမ်းရှိသည်နှင့် သူဟာ ချက်ချင်းလက်ခံ၏။ ထို့အပြင် သူ၏ တာဝန်ပြီးမြောက်နှုန်းဟာ ၁၀၀% ရှိသည်။

တစ်ဖက်လူဟာ ကျောက်စိမ်းလေမြို့၏ ပတ်ဝန်းကျင်ရှိ တောင်များတွင် စခန်းချကြသည့် ဓါးပြအသိုက် သုံးခုကိုပင် ဖျက်ဆီးခဲ့သေး၏။

ဤသည်က အခြား ကြေးစားအမဲလိုက်သူများကို အရေအပြား သန့်စင်ခြင်းအဆင့်ရှိ ဝရာဇဝတ်သားများ(သို့) အမှုထမ်းများနောက်သို့ လိုက်ကာ သူခိုးများအား ဖမ်းခြင်းတို့ကိုသာ လုပ်ရစေသည်။ သူတို့ဟာ နိုင်ငံ့ရုံးတော်တွင် တစ်ခါတည်း အမှုထမ်း သွားမလုပ်ရတော့သည်သာ ရှိ၏။

ထိုအဖြစ်အပျက်ဟာ လူအချို့၏ အကျိုးအမြတ်ကို ထိပါးခဲ့ပေမယ့် စုန့်ချွေ၏ ခွန်အားဟာ အံ့ဖွယ်ကောင်းလှသည်။ မြို့ထဲရှိ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားပင်လျှင် သူ၏ ဆေဘာဓါးချက်အောက်တွင် ကြောက်ရွံ့တုန်လှုပ်ရ၏။

ထို့ကြောင့် မည်သူကမှ ဝင်ရှုပ်ရဲခြင်း မရှိကြတော့ပေ။ လူတိုင်းဟာ သူ့ကို အခြားလုပ်စရာ မရှိဘူးလားဟုသာ တွေးကြ၏။

စုန့်ခြွေဟာ ရာဇဝတ်သားများကို ဖမ်းချင်ယောင်ဆောင်ကာ အနီးအနားရှိ တောင်တစ်ခု၌ ရတနာများကို ရှာဖွေနေသည်ဟူသည့် ပြောစကားများလည်း ထွက်ပေါ်လာခဲ့သည်။

ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းလေမြို့၏ အနီးအနားရှိ လုံခြုံရေးအဆင့်ဟာ လုံးဝ တိုးမြင့်လာခဲ့သည်။ သာမန်လူများအတွက် အလိုရှိ ရာဇဝတ်သားများနှင့် ရက်စက်ကြမ်းကြုတ်သည့် ဓါးပြများကို သတ်ဖြတ်ခြင်းမှာ အကောင်းဆုံးကိစ္စ ဖြစ်သည်။

စုန့်ချွေ၏ အပြုအမူဟာ အလွန် ကျေနပ်ဖွယ်ကောင်းပြီး အောက်ခြေလူတန်းစားများ၏ လေးစားခြင်းကို ခံရ၏။ သူ့အတွက် အိမ်တွင် အထိမ်းအမှတ် တိုင်များကို လုပ်ကာ ကိုးကွယ်ကြသူများပင် ရှိသည်။

သို့ရာတွင် မည်သူမှ မသိသည်ကား စုန့်ချွေဟာ အချိန်တိုတစ်ခုအတွင်း ထပ်မံပေါ်လာဦးမည် မဟုတ် ဆိုတာကိုပင်။

တစ်ချိန်တည်းတွင် သင်ရှုံးဟု ခေါ်သည့် အရပ်ရှည်ရှည် လူတစ်ယောက်ဟာ မြို့တွင်းပိုင်း၏ စည်ကားသည့် လမ်းပေါ်တွင် ပေါ်လာခဲ့၏။ ထိုလူကတော့ ဟန်ကျောက်ဖြစ်သည်။

လွန်ခဲ့သည့် တစ်လကျော်တွင် သူဟာ အပြင်အကူအညီများကို သွားရှာမည်ဟူသည့် အကြောင်းပြချက်ဖြင့် ကျောက်စိမ်းလေမြို့သို့ သွားခဲ့သည်။ တစ်ချိန်တည်းတွင် မုန့်ကျွယ်၏ စတီးလှံကို ယူကာ အဆုံးမဲ့ရတနာစံအိမ်၌ လေလံတင်ရန် ပေးခဲ့သည်။

သူ့ကိုယ်သူ ရှုံပအဖြစ် ရုပ်ဖျက်ကာ ကုန်တန်းနှင့် သွားခဲ့သည်မှာ လဝက်လောက် ကြာခဲ့သည်။ ကျောက်စိမ်းလေမြို့သို့ ပြန်ပြီးချိန်၌ သူဟာ ဒီဗိုင်းလက်နက်နှင့် ကံကြမ္မာဖြတ်တောက်ခြင်းဓါးတို့ကို သွေးတိုက်ရန်အတွက် မကောင်းမှုများကို တွန်းလှန်နေခဲ့သည်။

တကယ့် အဖြစ်အပျက်က ပြသနေသည်မှာ ကျောက်စိမ်းလေမြို့မှ အမှုထမ်းများတွင် ပတ်ဝန်းကျင်ရှိ ရာဇဝတ်သားများ အားလုံးကို တစ်ခါတည်း ဖမ်းဆီးနိုင်သည်ဟု ဖြစ်သည်။ သူတို့ဟာ မလုပ်ချင်ခြင်းသာ ရှိ၏။

ဒေသခံ အဖွဲ့အစည်းများနှင့် ပြဿနာမဖြစ်စေရန် ဟန်ကျောက်ဟာ သူ့ကို လာရှာခဲ့သည့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများကို သတ်ဖြတ်ခြင်း မပြုခဲ့ပေ။

သို့ပေမယ့် တစ်ဖက်လူဟာလည်း အလွန် ပါးနပ်ပါသည်။ နောက်ပိုင်းတွင် သူဘာလုပ်လုပ် မည်သူမှ လာတားခြင်း မရှိတော့ပေ။

ဟန်ကျောက်ဟာ အဆုံးမဲ့ရတနာစံအိမ် အတွင်းသို့ လျှောက်ဝင်လိုက်သည်နှင့် အထူးဧည့်သည်များကို ဧည့်ခံရန် အသုံးပြုသည့် သီးသန့်ခန်းအတွင်းသို့ လျှင်မြန်စွာ ဖိတ်ခေါ်ခြင်းကို ခံရသည်။

“ညီလေးသင်.. မင်းကို စောင့်နေတာကြာပြီ”

ဖန်လင်းက သီးသန့်ခန်းအတွင်းသို့ အပြုံးတစ်ခုနှင့်အတူ လျှောက်ဝင်လာ၏။

“အစ်ကိုဖန်… ဒီခရီးကို ဒီလောက်ကြာလိမ့်မယ်လို့ ကျွန်တော်လည်း ထင်မထားခဲ့လို့ဗျာ”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးသည်။

“ညီလေးသင်.. ဒီလေလံပွဲမှာ ရခဲ့တဲ့ ငွေ၃၀၀၀လျန်ရှိတဲ့ ဘဏ်စာရွက်တွေအားလုံးကို မင်းရဲ့လိုအပ်ချက်အတိုင်း လဲထားတယ်”

ဖန်လင်းက လက်ဝါးနှစ်ဖက်ကို အသာတီးသည်။ အစေခံတစ်ယောက်ဟာ ရွှေတုံးများ လင်ဗန်းတစ်ခုကို ကိုင်ကာ လျှောက်ဝင်လာ၏။

“အစ်ကိုဖန်.. စည်းမျဉ်းအရ လေလံပွဲအတွက် ကော်မရှင်ခ ဖြတ်တယ်မလား.. အဲ့ဒီအပြင်် ငွေနဲ့ ရွှေအကြား လဲလှယ်နှုန်းလည်း ရှိဦးမယ်..”

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။

“ဟူး.. ညီလေးသင် မင်းက အရမ်းကို အားနာနေတာပဲ။ ငါတို့က မိတ်ဆွေတွေပဲကွာ.. ဒီလောက် ပိုက်ဆံလေးက ငါ့အတွက် ဘာမှမဟုတ်ပါဘူး”

ဖန်လင်းက လက်ကိုဝှေ့ယမ်းသည်။

“အစ်ကိုဖန်.. အကူအညီတစ်ခုခု လိုတာရှိရင် ကျွန်တော့ကို ပြောပါ”

ဟန်ကျောက်က ပြုံးသည်။

“ညီလေးသင်က တကယ့်ကို တည့်တိုးဆန်တာပဲ..”

ဖန်လင်းက လက်မထောင်ကာ လေးနက်စွာ ပြောသည်။ “အုပ်စိုးသူ မိသားစုက အဖွဲ့ဝင်တစ်ယောက် အနေနဲ့ ထူးခြားမှုအကြောင်းကို ညီလေးသင် သိလောက်တယ်မလား”

“သိပါတယ်”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ သူဟာ ဖန်လင်း၏ စကားကို ခန့်မှန်းမိလိုက်၏။ သို့ပေမယ့် ဤသည်မှာ အစမ်းရှင်သန်တုန်းကထက် များစွာ စောစီးနေပါသည်။

“တကယ်တော့ အုပ်စိုးသူ မိသားစုရဲ့ မျိုးဆက်သုံးယောက်က သူတို့နဲ့ ထူးခြားမှုထဲကို အတူဝင်နိုင်မယ့် လူကောင်းအချို့ကို ရှာပေးဖို့ အစ်ကိုတို့ကို တာဝန်လာအပ်ထားတယ်။ ကြည့်ရတာ တစ်ခုခုကို ရှာမလို့နဲ့တူတယ်။ မင်းများ..”

ဖန်လင်းက ရှင်းပြသည်။

“ကျွန်တော် သေချာပေါက် ကူညီမှာပေါ့ဗျာ.. ဒါပေမယ့် ကျွန်တော်က အတွင်းအားကို ဖမ်းဆုပ်နိုင်ဖို့ နည်းနည်းလိုသေးတယ်။ လက်ရှိခွန်အားနဲ့ဆို ထူးခြားမှုထဲကို ဝင်တာက အန္တရာယ်ဖြစ်နိုင်တယ်”

“ဒါပေါ့.. ဒါပေါ့.. ညီလေးသင်ကို အစ်ကိုက နစ်နာအောင် မလုပ်ပါဘူး။ နောက်ပြီး အလုပ်အပ်သူကလည်း ပြင်ဆင်ဖို့ တစ်နှစ်နီးပါး အချိန်ယူဦးမှာ။ သူတို့တွေ အခုသွားဖို့ အလျှင်မလိုပါဘူး”

“ဒီလိုဆိုရင်ရော… ကျွန်တော့မှာ စုန့်ချွေလို့ခေါ်တဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ အစ်ကိုဖန်လည်း ဒီအတောအတွင်း သူ့အကြောင်းကို ကြားမိမှာပါ”

“စုန့်ချွေလား..ကြားတာပေါ့”

ဖန်လင်းက အံ့ဩသွားပြီး ခေါင်းညှိတ်သည်။

“ကျွန်တော်သူ့ကို ဒီကိစ္စမှာ ထည့်ပေးလို့ရတယ်။ စုန့်ချွေက အတွင်းအားကို ဖမ်းဆုပ်နိုင်ပြီးခါစပဲ ရှိသေးပေမယ့် ဆေဘာအတတ်မှာ ထူးချွန်ပြီး အေးစက်တဲ့ ယင်အတွင်းအားကိုလည်း လေ့ကျင့်တယ်။ သူသာ ထူးခြားမှုထဲကိုဝင်ရောက်ရင် ခွန်အားကို ကြီးကြီးမားမား အားနည်းစေမှာ မဟုတ်ဘူး။ သူက သင့်တော်တဲ့ ရွေးချယ်မှုလို့ ပြောလို့ရတယ်”

ဟန်ကျောက်က ရှင်းပြသည်။

အစက ပြင်ဆင်ချိန် တစ်နှစ်ဟာ သူ့အတွက် အစမ်းရှင်သန်မှု နှစ်ကြိမ်ပြုလုပ်ရန် လုံလောက််ခြင်း မရှိပါ။ သို့ရာတွင် ဒီတစ်ကြိမ်တွင် ဒီဗိုင်းလက်နက်ဟာ ခွန်အားအချို့တို့ ပြန်လည်ကောင်းမွန်လာခဲ့၏။

ထို့ကြောင့် သဘောတူညီချက်အတိုင်း ယင်စွမ်းအင်အချို့ကို သူ့အနေနှင့် စုပ်ယူနိုင်မှာ ဖြစ်သည်။

ဝိညာဉ်အဆီအနှစ်လုံးက ထောက်ပံ့သည့် ယင်စွမ်းအင်နှင့် ပေါင်းလိုက်ပါက နှစ်ကြိမ်လောက် အစမ်းရှင်သန်ရန် သေချာပေါက် လုံလောက်မှာပါ။

သူသာ ကျားယွမ်မြို့ကို သွားရောက်ပြီး တရားမျှတမှုအတွက် တိုက်ပွဲထပ်ဝင်ပါက ဖြစ်နိုင်တာက သုံးကြိမ်အထိ အစမ်းရှင်သန်ရန် လုံလောက်သည့် ယင်စွမ်းအင်တို့ကို ရလာမှာလည်း ဖြစ်နိုင်၏။

ထိုသုံးကြိမ်တွင်လည်း ဒီဗိုင်းဓါးစံအိမ်ရှိ ထူးခြားမှုကို သူ့အနေနှင့် ရင်ဆိုင်နိုင်ခြင်း ရှိလာပြီဟု မပြပါက စကားကို ပြန်လည်ရုတ်သိမ်းဖို့သာ ရှိသည်။ ဘာပဲဖြစ်ဖြစ် စုန့်ချွေနှင့် သင်ရှုံးတို့၏ ကတိဖျက်မှုဟာ သူဟန်ကျောက်နှင့် မဆိုင်ပေ။

“အေးစက်တဲ့ ယင်အတွင်းအား.. ညီလေးသင်က တကယ့်ကို ကူညီလိုက်ပြီဗျာ”

ဖန်လင်း၏ ပုံက ဝမ်းသာသွား၏။ သူက ဒီအတိုင်း ပြောလိုက်ရုံသာ ရှိသည်။ သင်ရှုံးက ကျွမ်းကျင်သူတစ်ယောက်ကို မိတ်ဆက်ပေးလာမည်ဟု ထင်မထားခဲ့ပေ။

သိုင်းသမားများအတွက် အေးစက်သည့် ယင်အတွင်းအားမှာ အရှားပါးဆုံး အတွင်းအားများထဲမှ တစ်ခုဖြြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံရန် ခက်ခဲပြီး ခန္ဓာကိုယ်ကို ထိခိုက်စေသောကြောင့် ဖြစ်၏။

“အစ်ကိုဖန်.. သူ့ကိုရှာဖို့ ကျွန်တော်ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ဆုကြေးက သူ့ကို စိတ်ဝင်စားစေမလား ဆိုတာကတော့.. ကျွန်တော်အာမမခံနိုင်ဘူးနော်” ဟန်ကျောက်က ထပ်ပေါင်းပြောသည်။

“ဒါပေါ့.. ဒါပေါ့”

ဖန်လင်းက ဖြေ၏။

“အဲ့လိုဆိုရင် ကျွန်တော် အရင်သွားနှင့်ပါမယ်”

ဟန်ကျောက်က မတ်တပ်ရပ်ကာ ရွှေကို အိတ်ထဲသို့ ထည့်သည်။

“ညီလေးသင်… ငါမင်းကို လိုက်ပို့မယ်”

ဖန်လင်းက သူ့ကို တံခါးဝအထိ ပို့ပေး၏။ သင်ရှုံး၏ ထွက်ခွာသွားမှုကို ကြည့်ကာ သူဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

God Genzo:

All Chapters