အခန်း (၁၂၃)
Vol. 9 Ch. 123
“ဒီစုန့်ချွေက သင်ရှုံးများ ရုပ်ဖျက်ထားတာလား.. ဒါမှမဟုတ် သင်ရှုံးရဲ့ အစောင့်များလား”
ပြီးခဲ့တုန်းက စုန့်ချွေ၏ ကိစ္စဟာ အုတ်အော်သောာင်းနင်း ဖြစ်စေခဲ့သည်။ ဝေမိသားစု၏ သိုင်းသခင်ပင်လျှင် လှုပ်ရှားမှု ပြုခဲ့၏။ သို့ပေမယ့် သူဟာ အခြေအနေ ဆိုးရွားစွာဖြင့် ပြန်လာခဲ့ရသည်။
“အဲ့ဒါက ငါဂရုစိုက်စရာ ဘာရှိလဲ။ သင်ရှုံးက အုပ်စိုးသူမိသားစုက ငါတို့သေချာနေတာပဲ။ ကျန်တာက ငါနဲ့မဆိုင်ဘူး”
ဖန်လင်းက ခေါင်းကိုယမ်းကာ ရယ်၏။
အဆုံးမဲ့ ရတနာစံအိမ်သို့ ပြန်ဝင်ပြီးနောက် သူဟာ ဖောက်သည်အား သတင်းကို အကြောင်းကြားသည်။
ဒီခရီးစဉ်တွင် ဖန်မိသားစုမှ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်လည်း လိုက်ပါမှာ ဖြစ်၏။ ထိုလူဟာ သူ၏ဝမ်းကွဲ ဖန်ကျန်းဖြစ်သည်။ သူလည်းပဲ ယင်အတွင်းအားကို လေ့ကျင့်၏။ ထူးခြားမှုမှ ယင်အတွင်းအားကို စုပ်ယူနိုင်ပါက ခွန်အားသန့်စင်ခြင်း အဆင့်၏ အကြီးစား ကျွမ်းကျင်မှုသို့ ဝင်ရောက်နိုင်လောက်သည်။
ဖန်ကျန်းဟာ သူ့ထက် အသက်ငါးနှစ် ငယ်ပါသည်။ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ရန် အခွင့်အရေး ရှိသေး၏။ ဤသည်မှာ ဖန်မိသားစု၏ မြင့်တက်ရန်အတွက် အဓိကသော့ချက် ဖြစ်သည်။
“စနစ်.. ငွေထည့်မယ်”
“လက်ရှိကျန်ငွေ- ရွှေ၃၂၀လျန်”
ဟန်ကျောက်ဟာ ကျောက်စိမ်းလေမြို့မှ ထွက်လျှင်ထွက်ချင်း စနစ်အတွင်းသို့ ရွှေ၃၀၀လျန်အား ထည့်လိုက်သည်။
ဒီလ၏ အလုပ်များမှ သူဟာ ငွေလျန်ပေါင်း ရာနှင့်ချီကာ ရရှိခဲ့သည်။ ဓါးပြစခန်း သုံးခုတို့မှာ ငွေ၈၀၀၀လျန် ရခဲ့၏။ ထိုအပြင် အုပ်စိုးသူ မိသားစု မျိုးဆက်ဆီမှ ငွေ၅၂၀၀ကိုလည်း ရရှိခဲ့သည်။ ယခုအချိန်၌ သူ့တွင် ငွေ၁၄၀၀၀လျန် ရှိ၏။
“အချက်ပေးအပိုင်းအစ ၅၅ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား”
“တစ်ကြိမ် ပေါင်းစပ်ရန် အချက်ပေးအပိုင်းအစ ၄၅ခုနှင့် ရွှေ၆၀လျန်ကို ကုန်ကျမည်”
ကျန်ရှိသည့် အချက်ပေးအပိုင်းအစများကို ကြည့်ကာ ဟန်ကျောက်ဟာ ၎င်းတို့ကို အရင် သုံးလိုက်ရန် ဆုံးဖြတ်လိုက်သည်။ တစ်နှစ် ကျန်သေးရာ ဗာဂျရာအတတ်ကို အမှတ်အချို့ ပေါင်းထည့်ပြီး သူ၏ ပါရမီကို မြှင့်တင်ရပေမည်။ ထိုအခါ ကျင့်စဉ်များစွာ၏ ကျင့်ကြံမှုအမြန်နှုန်းမှာ တိုးတက်လာမှာ ဖြစ်၏။
သူဟာ ရရှိလာခါစ ရှိသေးးသည့် နဂါးနီအစစ်အမှန်အတတ်ကိုလည်း မလေ့ကျင့်ရသေးပေ။ ပိုမိုများပြားသည့် ကျင့်စဉ်များကို အတွင်းအား ဖမ်းဆုပ်နိုင်လေလေ အဆင့်တက်ပါက ရရှိလာမည့် အတွင်းအားဟာ ပိုမိုသန်မာလေ ဖြစ်သည်။
သို့ရာတွင် ကျင့်ကြလေလေ တိုးတက်နှုန်းဟာ ပိုနှေးကွေးလေ ဖြစ်၏။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ စုစုပေါင်း သွေးချီဟာ အရေအပြား သန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ ၄-၅မှ ၇-၅ဆအထိ ရှိပါသည်။ ထိုထက်ပိုပါက အပို၀.၁လောက်ပင် ကြီးမားသည့် ချိုးဖျက်နိုင်မှု ဖြစ်သည်။
ထိုအကြောင်းကို လုယီဆီမှ သူကြားသိခဲ့ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသား သိုင်းသမားများတွင် မျိုးနွယ်၏ အကန့်အသတ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။
သူဟာ ၁၀ဆသို့ နီးကပ်နေပြီး ဖြစ်၏။ စုစုပေါင်း သွေးချီပမာဏဟာ သာမန် သိုင်းသမားတစ်ယောက်၏ အကန့်အသတ်ကို ကျော်လွန်နေပြီး ဖြစ်သည်။ ထို့ကြောင့်လည်း သူဟာ အဆင့်ပိုမြင့်သည့် ရန်သူများကို တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် အရင်ဆုံး လေ့ကျင့်ရမယ်.. ဒီဗိုင်းဓါးစံအိမ်က ထူးခြားမှုကိုသာ အောင်အောင်မြင်မြင် အနိုင်ယူနိုင်ရင် ယင်စွမ်းအင်တွေ အများကြီး ရလာမှာ”
ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ နှလုံးသားထဲတွင် ရေရွတ်လိုက်သည်။
“ပေါင်းစပ်မယ်.. အစမ်းရှင်သန်မှု စတင်မယ်”
“အသက်၂၀တွင် သင်၏ တောင်ခွဲဆေဘာအတတ်သည် ပြီးပြည့်စုံမှုသို့ ရောက်ရှိကာ သင်သည် သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ ရောက်ရှိသွားသည်။ သင်သည် ဖန်လင်း၏ တောင်းဆိုချက်ကို လက်ခံကာ စုန့်ချွေအဖြစ်ဖြင့် ဒီဗိုင်းဓါးစံအိမ်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်”
“နှစ်ကုန်ပိုင်းတွင် ရှလင်ဟာ ဒုတိယအဆင့် သွေးချီချိုးဖျက်မှုသို့ ရောက်ရှိ၏။ သင်သည် သွေးချီချိုးဖျက်မှု တတိယအဆင့်ကို ပြီးပြည့်စုံစေပြီးနောက် တောင်ဖြိုလက်သီးနှင့် ယင်လက်ဝါးတို့ကို တတိယအဆင့်အထိ လေ့ကျင့်သည်”
“သင်သည် ဝိညာဉ်အဆီအနှစ်လုံးနှင့် ဒီဗိုင်းလက်နက်အတွင်းရှိ ယဉ်စွမ်းအင်တို့ကို အသုံးပြုကာ ယင်ဖင်းအားကို အားဖြည့်သည်”
“အသက်၂၁နှစ်တွင် သင်၏ လေဟုန်စီးခြေထောက်ကို တတိယအဆင့်၏ ပြီးပြည့်စုံမှုသို့ ကျင့်ကြံနိုင်ခဲ့သည်။ ရှလင်နှင့် ကျင့်ကြံမှုမှ သင်ဟာ အတွင်းအားကို အောင်အောင်မြင်မြင် ဖမ်းဆုပ်နိုင်ခဲ့၏"
“ထို့နောက် ရှလင်၏ ထော်ပ့ံမှုအရင်းအမြစ်များနှင့် တောင်ဖြိုလက်သီး၊ ယင်မိစ္ဆာလက်ဝါးနှင့် လေဟုန်စီးခြေထောက်သို့ စတုတ္ထအဆင့်သို့ ကျင့််ကြံခဲ့သည်။ သင်သည် သုံးပါးသော အနှစ်သာရအား၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိပြီး အနှစ်သာရ သုံးခုတို့ဟာ အဆက်မပြတ် လှည့်လတ်နေပါသည်”
“ပြီးနောက် ကျောက်စိမ်းလေမြို့ဆီသို့ သွားရောက်ကာ စုန့်ချွေအဖြစ်နှင့် ဖန်လင်းကို တွေ့သည်"
“ဆယ်နှစ်ကြာပြီးနောက် လျန်ညီအစ်မ သုံးဦးတို့ ပေါ်လာကြသည်။ မကြာခင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်နှစ်ယောက်နှင့် သွေးကြေသုံးခု ချည်နှောင်ခြင်းအဆင့်ရှိ အုပ်စိုးသူမိသားစု မျိုးဆက် သုံးဦးတို့ ပေါ်လာကြသည်”
“သင်သည် ညအချိန်တွင် ဒီဗိုင်းဓါးစံအိမ်သို့ လာရောက်ကာ သူတို့နှင့် စူးစမ်းကြရင်း မိစ္ဆာအလောင်းများနှင့် ကြုံတွေ့ခဲ့သည်။ ထို့နောက် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားနှင့် နှိုင်းယှဉ်နိုင်သည့် အလောင်းရုပ်သေးများကို ကြုံတွေ့သည်။ နောက်ဆုံးတွငင် နတ်ဆိုးဟာ ပေါ်လာခဲ့၏”
“ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ယောက်နှင့် သွေးကြောသုံးခု ချည်နှောင်ခြင်းအဆင့်ရှိသည့် အုပ်စိုးသူ မသားစု မျိုးဆက်များဟာ အသတ်ခံခဲ့ရသည်”
“သင်သည် သုံးပါးသောအနှစ်သာရအား၏ အသေးစားကျွမ်းကျင်မှုကို မှီခိုကာ နတ်ဆိုးကို ရင်ဆိုင်ခဲ့သည်။ လျန်ညီအစ်မ သုံးဦးတို့လည်း သူမတို့၏ ဒီဗိုင်းလက်နက်များကို အသက်သွင်းကာ သင့်ကို ကူညီသည်”
“ကြီးမားသည့် တိုက်ပွဲအပြီးတွင် သင်၏ အတွင်းအားတို့ကို ဆက်တိုက် လှည့်လည်ရမှုကြောင့် သက်လုံဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်”
“သွေးပူဇော်ခြင်း ဒီဗိုင်းလက်နက်အတွက် လျန်ချန်းယုနှင့် လျန်ချန်းရွှယ်တို့ ညီအစ်မနှစ်ယောက်ဟာ စတေးခဲ့ကြသည်။ မြားနှစ်စင်းဟာ သူမတို့၏ ခန္ဓာကိုယ်များက ထွက်ပေါ်လာပြီး သင်နှင့် လျန်ချန်းပင်တို့ကို ထူးခြားမှုများ အကြားမှ ထုတ်ပေးသည်”
“သင်တို့ဟာ လွတ်မြောက်သွားပြီး မကြာခင် နတ်ဆိုး၏ ဖမ်းဆီးခြင်းကို ခံရသည်။ လျန်ချန်းပင်ဟာ ဒီဗိုင်းလက်နက်၏ တန်ပြန်ထိခိုက်ခြင်းကို ခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ သတိလစ်သွားသည်”
“သင်သည် နတ်ဆိုအား ညလယ်မှ နေထွက်သည်အထိ တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးဓါးချက်တွင် နတ်ဆိုးကို ဒဏ်ရာအပြင်းအထန် ရစေပြီးနောက် သင်၏ အစစ်အမှန်ချီလည်း ကုန်ခမ်းကာ သေဆုံးခဲ့သည်”
“ကြည့်ရတာ ဒီနတ်ဆိုးက ချီတစ်ဆင့် စစ်ဘုရင်တစ်ယောက်ရဲ့ ခွန်အားမှာ ရှိလောက်တယ်”
အစမ်းရှင်သန်မှုမှ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်က စဉ်းစားသည်။
ဤသည်မှာ လုယင်ရွှမ်းကြောင့် လန့်ဖြန့်သွားခဲ့သည့် နတ်ဆိုး ဖြစ်ရပေမည်။ ထိုအချိန်က လုယင်ရွှမ်းဟာ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီး အလွန် စွမ်းအားကြီးမားပုံ ပေါ်သည့် ကောင်းကင်ဖင်းနတ်ဆိုးအတတ်ကိုပင် ကျင့်ကြံထားသည်။
သူမ၏ ချီသုံးဆင့် စစ်ဘုရင်အဆင့် တစ်ယောက်ကို ခုခံနိုင်သည့် ခွန်အားရှိပုံကို ကြည့်ခြင်းအားဖြင့် ဒီနတ်ဆိုးဟာ ချီတစ်အဆင့် စစ်ဘုရင်အဆင့်၌သာ ရှိမည့်ပုံပါ။
“သုံးပါးသော အနှစ်သာရအားက တကယ်ပဲ စွမ်းအားကြီးတယ်”
ဟန်ကျောက်၏ မျက်လုံးများဟာ လင်းလက်သွားသည်။
ပြီးခဲ့သည့် အစမ်းရှင်သန်မှုများက သုံးပါးသော အနှစ်သာရအား၏ စွမ်းအားကို သက်သေပြခဲ့ပြီး ဖြစ်သည်။ တကယ့်ပြင်ပတွင်လည်း သူဟာ ၎င်းကို မှီခိုပြီး ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို အနိုင်ယူခဲ့၏။
သို့ပေမယ့် အတွင်းအားကို ဖမ်းဆုပ်ပြီးသည့် သုံးပါးသော အနှစ်သာရအားဟာ သူထင်ထားသည်ထက်ကို ကျော်လွန်ပါသည်။
အစမ်းရှင်သန်မှု အပြီးတွင် သူဟာ ခွန်အားသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ခဲ့တာ တစ်နှစ်ပင် မရှိသေးပေ သုံးပါးသော အနှစ်သာရအားဟာ အသေးစား ကျွမ်းကျင်မှုအဆင့်၌သာ ရှိ၏။
ကျီပိုင်ဝေက တစ်ကြိမ်ပြောဖူးသည်။ နတ်ဆိုးများတွင် သူတို့၏ မွေးရာပါ မျိုးနွယ်အားသာချက်ကြောင့် အလွန် သန်မာသည့် ရုပ်ဆိုင်းဆိုင်ရာ ခံနိုင်ရည် ရှိ၏။ သူတို့ဟာ အဆင့်တူသည့် သိုင်းသမားများထက် များစွာ ပိုမိုသန်မာပါသည်။
ဒီဗိုင်းလက်နက် မိသားစု မျိုးဆက်များနှင့် စိတ်ဝိညာဉ်သားရဲ အုပ်စိုးသူ မိသားစုသာလျှင် အဆင့်တူသည့် နတ်ဆိုးများကို တိုက်ခိုက်နိုင်၏။
အဆင့်ကြီးတစ်အဆင့်အား ဖြတ်ကျော်ကာ တိုက်ခိုက်ခြင်းမှာ သာမန်လူများ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။ ထို့အပြင် သူဟာ နတ်ဆိုးနှင့် အချိန်တော်ကြာအောင် တိုက်ခိုက်နိုင်ခဲ့၏။
“ငါ့ရဲ့ သက်လုံနဲ့ ဆိုရင်တောင် အာရုံအထိ ခံနိုင်တာက သက်ရှည် အစစ်အမှန်ချီကြောင့်သာ ဖြစ်လိမ့်မယ်။ မဟုတ်ရင် သုံးပါးသော အနှစ်သာရအားက အဆုံးမသတ်နိုင်အောင် ပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆက်ပြီး တိုက်ခိုက်နိုင်ရင်တောင် ခန္ဓာကိုယ်က ပြိုလဲသွားမှာ”
“သုံးပါးသော အနှစ်သာရအား ပြီးပြည့်စုံသွားပြီး ပြီးပြည့်စုံတဲ့ သက်ရှည်ကျမ်း အစစ်အမှန်ချီနဲ့ ပေါင်းစပ်ပြီး သုံးမှတ်မူလပြန်ခြင်းအတတ်အဖြစ် မြင့်တက်သွားမှပဲ ရမယ်။ မဟုတ်ရင် ခံနိုင်ရည်က မလုံလောက်ဘူး”
“ဒါပေမယ့် သုံးပါးသော အနှစ်သာရအားကိုသာ ပြီးပြည့်စုံအောင် လုပ်ပြီးရင် ငါ့မှာ အနိမ့်ဆုံး ခွန်အားသန့်စင်ခြင်းရဲ့ ပြီးပြည့်စုံခြင်းအဆင့် ခွန်အား ရှိလာမှာ။ သက်ရှည် အစစ်အမှန်ချီနဲ့ ပေါင်းစပ်ပြီးရင် စစ်ဘုရင်အဆင့်ကို တစ်ခါတည်း ချိုးဖျက်နိုင်လောက်တယ်”
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
“ကျင့်စဉ်တိုင်းကို တစ်ပြိုင်နက် အတွင်းအား ဖမ်းဆုပ်နိုင်အောင် လုပ်ဖို့ဆိုတာ ယုတ္တိမရှိဘူး။ အမှတ်တွေ ထည့်ပေါင်းရင်တောင် မလုံလောက်ဘူး။ အတွင်းအားကို ဖမ်းဆုပ်ပြီးရင် သုံးပါးသော အနှစ်သာရအားက အသေးစားကျွမ်းကျင်မှုအဆင့်ကို အရင်ဆုံး မြှင့်တင်ရမယ်”
အစမ်းရှင်သန်မှု အတွင်းတွင် ဟန်ကျောက်ဆီ၌ စနစ်၏ ကောင်းကျိုးများ မရှိပါ။ ထို့ကြောင့် သူ၏ ကျင့်ကြံမှု အမြန်နှုန်းဟာ တကယ့်ပြင်ပထက် များစွာ နှေးကွေး၏။
ထို့အပြင် သူဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး စွမ်းရည်မှတ်များကိုလည်း ထည့်ပေါင်းနိုင်ပါသည်။
“၁။ ပါရမီကို ရယူပါ(မရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်ကို ရယူပါ”
“၃။ ဘဝအတွေ့အကြုံ၏ မည်သည့်အစိတ်အပိုင်းကိုမဆို ရယူပါ”
“လက်ရှိကျန်ငွေ- ရွှေ၂၆၀လျန်”
“နှစ်”
ဟန်ကျောက်ဟာ တုံ့ဆိုင်းခြင်းမရှိပဲ ရွေးချယ်မှုကို ပြုလိုက်သည်။
“စွမ်းရည်မှတ် +၁၈”
“သိုင်းပညာများ- ဗာဂျရာအတတ်(ဒုတိယအဆင့် စတင်ခြင်းအဆင့် ၇%၊ အဆင့်မြှင့်တင်နိုင်)
သိုင်းပညာကော်လံရှိ ဗာဂျရာအတတ်ကို ကြည့်ကာ ဟန်ကျောက်ဟာ အသက်ကို နက်ရှိုင်းစွာ ရှူ၏။ နောက်ဆုံးအကြိမ် အဆင့်မြှင့်တုန်းက နာကျင်မှုအား ပြန်လည်တွေးတောမိသည်။ သုံးစက္ကန့်လုံးဟာ ငရဲကျသကဲ့သို့ ရှိ၏။
စွမ်းရည်မှတ်များကို အခြား မည်သည့်ကျင့်စဉ်ကိုမဆို ထည့်ပေါင်းနိုင်ပေမယ့် သူ၏ ခန္ဓာကိုယ်သာလျှင် သူ၏အခြေခံအုတ်မြစ် ဖြစ်သည်။
သူ၏အခြေခံကို ပြောင်းလဲနိုင်သည့် ထိုကျင့်စဉ်ဟာ သူ၏ခန္ဓာကိုယ်အား ကြီးမားသည့် ပြောင်းလဲမှုတစ်ခု သေချာပေါက် ဖြစ်စေမှာပါ။ နာကျင်မှုက သေချာပေါက် ကြုံရမှာဖြစ်သည်။ သို့ပေမယ့် ဤသည်မှာ သူကိုယ်တိုင် ကျင့်ကြံခြင်းထက် အဆတစ်ရာကျော် သက်သာသေး၏။
နာမှာတော့ နာဦးမှာ ဖြစ်သည်။
ဟန်ကျောက်ဟာ အိမ်သို့ပြန်ရန် စိတ်အားထက်သန်စွာ ရှိနေ၏။ ကျောက်စိမ်းလေမြို့မှ ကျောက်နက်မြို့သို့ တစ်ခါတည်း ပြေးကာ ပြန်ပါက ကီလိုမီတာ၈၀၀ခရီး ရှိပါသည်။
ညအချိန်.. မြို့တွင်းပိုင်းရှိ ယုန်ဟီဒေသ၌..
ဟန်အိမ်၏ အနောက်ဘက်ခြံဝန်းရှိ အခန်းတစ်ခုတွင်… ရှလင်၏ မျက်နှာက နီရဲနေပြီး သူမ၏ ဆံနွယ်များက ရှုပ်ပွကာ ဟန်ကျောက်၏ လက်မောင်းကြားထဲတွင် လဲလျောင်းရင်းက သူမဟာ ဒီခရီးစဉ်တွင် ဖြစ်ပျက်ခဲ့သည်များအား ပြောပြနေခြင်းကို နားထောင်နေပါသည်။
God Genzo: