← Chapters

အခန်း (၁၂၄)

Vol. 9 Ch. 124

အခန်း (၁၂၄)

Vol. 9 Ch. 124

“မောင်လေးဟန်.. လျှောက်မလုပ်နဲ့တော့.. မဟုတ်ရင်..” ရှလင်က နှုတ်ခမ်းဆူကာ သူ၏လက်များကို ဆွဲသည်။

“ဟန်.. မဟုတ်ရင် ဘာဖြစ်လဲ"

ဟန်ကျောက်က သူမ၏ မျက်နှာကို အပြုံးတစ်ခုဖြင့် ကြည့်သည်။ ဤသည်က သူ၏ တမင် စနောက်လိုသောကြောင့် မဟုတ်ပေ။ သူမဟာ အလွန် ဆွဲဆောင်နိုင်လှသောကြောင့်သာ ဖြစ်၏။ မနေနိုင်ပဲ အလိုလို လက်ကရွေ့သွားသည်။

ရှလင်က ရှက်ရွံ့စွာဖြင့် သူ၏လက်ကြားထဲတွင် ဝတ်နေရင်းက ညင်သာစွာ ပြောသည်။

“အစ်မ.. အစ်မလည်း မသွားချင်ဘူး..”

“ကောင်းပါပြီ။ ဒီအတောအတွင်းမှာ ကုန်သွယ်ရေးကိစ္စကို စုယွင်ကို လက်လွှဲထားလိုက်”

ဟန်ကျောက်က ရှလင်၏ မေးစေ့ကို ကိုင်ကာ မြှောက်သည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ အစ်မ အမြန်ဆုံး သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ကို တက်ရောက်ရမှာ မို့လို့ပဲ။ တစ်နှစ်အတွင်းမှာ သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်အောင်လုပ်”

“မောာင်လေးမှာ ပြဿနာတစ်ခုခု ကြုံလို့လား”

ရှလင်က ရုတ်တရက် ထထိုင်သည်။ ဖီးနစ်ပုံ ချည်ထိုးနှင့် အပြာရောင် ဝတ်ရုံလေးဟာ လှုပ်ခါသွားပြီး ပုခုံးစဟာ လျှောကျလာခဲ့၏။ သူမ၏ ခါးဆီသို့ ကျဆင်းသွားသည်။

အရှေ့ပိုင်းသာလျှင် မွေးရာပါ အားသာချက်ကြောင့် အပြီးတိုင် လျှောကျသွားခြင်း မရှိပေ။

ဟန်ကျောက်ဟာ ရှေ့ရှိ မြင်ကွင်းကို ခံစားလိုက်ရပြီး သူမ၏ အင်္ကျီပုခုံးကို အမြန်ပြန်တင်ပေးသည်။

“မြန်မြန်လှဲနေ… အအေးမိနေမယ်”

ရှလင်က သူ့ကို ကြောင်တောင်စွာ ကြည့်သည်။ ဟန်ကျောက်က သူမ၏နားသို့ ကပ်ကာ တိုးညှင်းစွာ ပြော၏။ “မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ မောင်. အတွင်းအားကို ဖမ်းဆုပ်နိုင်တော့မယ်”

ရှလင်က အိပ်ယာပေါ်မှ ထထိုင်ကာ အသံပြုသည်။ “ဘာ.. အတွင်းအားကို ဖမ်းဆုပ်မယ်”

“ဟေး.. လူကို မူးဝေအောင် မလုပ်နဲ့လေ”

ဟန်ကျောက်က ဒေါသတကြီး ပြောသည်။

“မူးဝေတယ်”

ရှလင်က မှင်သက်သွား၏။ သူမဟာ ငုံ့ကြည့်ပြီးနောက် စောင်အောက်သို့ အမြန်လျှိုဝင်သွားသည်။ ဦးခေါင်းလေးသာ ထုတ်ထား၏။

“မောင်လေးဟန်… ဒါက ဘယ်လိုဖြစ်တာလဲ။ အခုလောက်ဆို ဒုတိယမြောက် သွေးချီချိုးဖျက်မှု အဆင့်မှာပဲ ရှိသေးတာမလား။ ဘယ်လိုလုပ်ပြီး အတွင်းအာကို ရုတ်တရက် ဖမ်းဆုပ်မှာလဲ”

“တကယ်တော့ ပြီးခဲ့တဲ့အခေါက် ကုန်သွယ်ရေးအဖွဲ့မှာ ပြဿနာတက်တုန်းက အခြားလူကို အကူအညီတောင်းခဲ့တာက ကျွန်တော် တတိယအဆင့် သွေးချီချိုးဖျက်မှုအဆင့်ကို တက်ရောက်ပြီးလို့ ခွန်အားသန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့အတွက် ပြင်ဆင်နေရလို့ပဲ။ ဒီအကြောင်းကို မမပဲသိတယ်”

ဟန်ကျောက်က ရှင်းပြသည်။

သူတို့အတူတူ ကျင့်ကြံစဉ်တွင် ရှလင်ဟာ သွေးချီဆက်သွယ်မှုမှ တစ်ဆင့် သူ၏အဆင့်ကို ခန့်မှန်းချေ နားလည်ပါသည်။ ထိုအချိန်မှ သိသွားမည့်အစား ယခုကတည်းက ဝန်ခံလိုက်တာ ကောင်း၏။

ရှလင်မှာ သူလုံးဝ ယုံကြည်မှုထားနိုင်သည့် လူအနည်းငယ်တို့ထဲမှ တစ်ယောက် ဖြစ်သည်။ သူမကို ပြောခြင်းက အဆင်ပြေ၏။

သို့ပေမယ့် ဤသည်က သူ၏ တိတ်တဆိတ် ဖွံ့ဖြိုးမှုများကို သက်ရောက်မည် မဟုတ်ပေ။

“ဒါဆို.. မောင်လေးဟန်က အစ်မကိုလည်း တတိယမြောက် သွေးချီချိုးဖျက်မှုအဆင့်ကို ရောက်အောင် တစ်ခါတည်း ကူညီချင်လို့လား”

ရှလင်က မျက်တောင်ခတ်သည်။

“ဟုတ်တယ်။ ဆုကြေးပေါ့”

ဟန်ကျောက်က ပြုံးကာ ရှလင်၏ ပါးနှစ်ဖက်ကို ဆွဲသည်။ ထို့နောက် စောင်ကိုမကာ တွားသွားဝင်သွား၏။

“အမ်း… ဘာလို့ကိုက်တာလဲ”

ရှလင်ဟာ ဟန်ကျောက်၏ ခေါင်းကို ပြင်းထန်စွာ တွန်း၏။

နောက်တစ်နေ့တွင်..

နှစ်ယောက်သားဟာ အတူတူ အိပ်ယာထပြီးနောက် စားသောက်ဖွယ်တို့ ပြည့်နှက်နေသည့် မနက်စာစားပွဲကို ရှင်းသည်။ ထို့နောက် ရှလင်ဟာ ကုန်သွယ်ရေးအဖွဲ့သို့ သွားရောက်ပြီး ကိစ္စများကို ရှင်းပြ၏။

ဟန်ကျောက်ကတော့ သူ၏အခန်းသို့ ပြန်ကာ အိပ်ယာပေါ်၌ တင်ပျဉ်ခွေထိုင်သည်။

သိုင်းပညာများ- ဗာဂျရာအတတ်(ဒုတိယအဆင့် စတင်ခြင်းအဆင့် ၇%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ကြွက်သားကျုံ့ဆန့်ခြင်း အဆင့်၄၊ အရိုးခိုင်ခံ့မှု အဆင့်၃၊ ဗာဂျရာအစစ်အမှန်ချီ အဆင့်၁)

ဟန်ကျောက်ဟာ အသက်ကို နက်ရှိုင်းစွာ ရှူကာ ရုတ်တရက် ကိုက်ရန် တစ်ခုခု ရှာဖို့ရှိကြောင်းကို မှတ်မိလိုက်သည်။

“ဟန်.. ဒါက…”

ခေါင်းဦးအောက်ရှိ အပြာရောင်ကြိုးကို ကြည့်ကာ ဟန်ကျောက်ဟာ ၎င်းကို ဆွဲထုတ်လိုက်သည်။ ပန်းပွင့်ပံုနှင့် အပြာရောင် အတွင်းဝတ်တစ်ခုဖြစ်၏။

“ဒါက တုတ်ချောင်းထက်စာ အများကြီး ပိုကောင်းလောက်တယ်”

ဟန်ကျောက်ဟာ ၎င်းကို ခေါက်ပြီး ပါးစပ်ထဲတွင် ထည့်ကိုက်လိုက်၏။

“စနစ်.. ဗာဂျရာအတတ်ကို အသေးစားကျွမ်းကျင်မှု အဆင့်အထိ မြှင့်တင်မယ်”

သူက တိတ်ဆိတ်စွာ ရေရွတ်ပြီးနောက် လက်သီးများကို ဆုပ်လိုက်သည်။ ခန္ဓာကိုယ်ရှိ ကြွက်သားများဟာ အလိုလို တင်းကြပ်လာခဲ့၏။

“စွမ်းရည်မှတ်- ၁၈.. ၁၂.. ”

ချက်ချင်းပင် ဟန်ကျောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများအား ကြောက်စရာ အားတစ်ခုဖြင့် ဖြစ်ညှစ်ခံရသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် တစ်စစီ ဆွဲဖြဲသည့်နှယ် နာကျင်မှုတစ်ခုကို ခံစားရ၏။ ဒီတစ်ကြိမ်တွင် ငါးစက္ကန့်ကြာ ကြာခဲ့သည်။

“သိုင်းပညာများ- ဗာဂျရာအတတ်(ဒုတိယအဆင့် အသေးစားကျွမ်းကျင်မှု ၃%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ကြွက်ကား ကျုံ့ဆန့်ခြင်း အဆင့်၅၊ အရိုးခိုင်ခံ့မှု အဆင့်၄၊ ဗာဂျရာအစစ်အမှန်ချီ အဆင့်၂”

ဟန်ကျောက်ဟာ သူ၏ ဒန်တျန်အတွင်းသို့ ကြည့်လိုက်သည်။ အစက ဆံချည်မျှင်ပမာ သေးငယ်သည့် ဗာဂျရာချီကာ လက်သန်းအရွယ် ထူထဲလာခဲ့၏။

ခဏအကြာ၌ အံကိုကြိတ်ကာ သူဟာ ဆက်လက်ရေရွတ်သည်။

“ဗာဂျရာအတတ်ကို အကြီးစား ကျွမ်းကျင်မှုအဆင့်အထိ မြှင့်တင်မယ်”

“စွမ်းရည်မှတ်များ- ၁၂… ၉”

“အူးးး ဝူးးးး”

ဟန်ကျောက်၏ လည်ပင်းမှ အော်သံများ ထွက်လာခဲ့သည်။ သူဟာ ခန္ဓာကိုယ်တစ်ခုလုံးဟာ ထရက်ကားဖြင့် အကြိမ်ကြိမ် အကြိတ်ခံရာ ငါးဆုပ်ကဲ့သို့ ဖြစ်လာသည်ဟု ခံစားရသည်။ အလွန် နာကျင်လွန်းလှသဖြင့် ခံစားချက်အားလုံးပင် ထုံထိုင်းနေပြီ ဖြစ်၏။ ဒီတစ်ကြိမ်တွင် နာကျင်မှုဟာ နှစ်ဆတိုးလာပြီး ဆယ်စက္ကန့်ကြာ ကြာလွန်ခဲ့သည်။

“ထွီ”

သူဟာ ပါးစပ်ထဲရှိ အဝတ်ကို ထွေးထုတ်ပြီး ပြိုလဲစွာဖြင့် အိပ်ယာပေါ်သို့ လဲကျသွားသည်။

“သိုင်းပညာများ- ဗာဂျရာအတတ်(ဒုတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၆%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ကြွက်သား ကျုံ့ဆန့်ခြင်း အဆင့်၆၊ အရိုးခိုင်ခံ့မှု အဆင့်၅၊ ဗာဂျရာအစစ်အမှန်ချီ အဆင့်၂”

“နောက်တစ်ကြိမ်ဆိုရင် နတ်ဆိုးသားရဲအသား အချို့ကို ကြိုတင်ပြင်ဆင်ထားရမယ်။ မီးတောက်ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းဆေးလုံးကို ရနိုင်ရင် အကောင်းဆုံးပဲ..”

ဟန်ကျောက်ဟာ စိတ်သက်သာရာ ရသွား၏။ ခုနက သူသဟာ သေတော့မည်ဟု အမှန်တကယ် ခံစားခဲ့ရသည်။ ဗာဂျရာအတတ်ကို အမှတ်ပေါင်းထည့်ခြင်းက သူအား ကျင့်ကြံစဉ်အတွင်း ကြုံတွေ့ရသည့် လူမဆန်သည့် ဆက်တိုက် နာကျင်မှုမျိုးကို ခံစားစရာ မလိုတော့ပဲ ချီဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းကိုလည်း ကြုံတွေ့ရမည် မဟုတ်ပေ။

သို့ရာတွင် အဆင့်ချိုးဖျက်တိုင်းတွင် ခန္ဓာကိုယ် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုအား ရှောင်လွှဲလို့မရပေ။

စနစ်၏ ကျင့်စဉ်အားလုံးကို စတင်ခြင်းအဆင့်၊ အသေးစားကျွမ်းကျင်မှု၊ အကြီးစားကျွမ်းကျင်မှု၊ ပြီးပြည့်စုံမှု အဆင့်များနှင့် ခွဲပေးထား၍သာ မဟုတ်ပါက သူဟာ နေရာမှာတင် သေသွားလောက်ပါသည်။

ကျင့်ကြံမှု အဆုံးတွင် မေ့ဆေးမသုံးပဲ အကြီးစား ခွဲစိတ်မှုတစ်ခု လုပ်ဆောင်ခဲ့ရသည်နှင့် တူညီလောက်မှာပါ။ နာကျင်မှုကို မခံစားနိုင်သည့် ရောဂါနှင့် လူများမှလွဲ၍ ကျန်လူများ အားလုံးဟာ ရူးသွပ်သွားမှာပါ။

သူဟာ အတွင်းထဲသို့ ကြည့်လိုက်ပြန်၏။ ဗာဂျရာအစစ်အမှန်ချီကာ ကလေးငယ်တစ်ဦး၏ လက်မောင်းလောက် ရှိလာကြောင်းကို နားလည်လိုက်သည်။

“ဟန်.. ဒါက”

အစက ဗာဂျရာအစစ်အမှန်ချီ၏ ပမာဏဟာ အချိုးမမျှသော်လည်း ၎င်းဟာ ဒန်တျန်၏ ထောင့်ကို နေရာယူထားကာ သက်ရှည် အစစ်အမှန်ချီနှင့် ရှင်းလင်းစွာ ခွဲခြားနေ၏။ မည်သည့် ဆန့်ကျင်မှုမှ မရှိသလို ထိတွေ့မှုလည်း မရှိပေ။

ယခုတော့ ဒီဗာဂျရာအတတ်ဟာ သက်ရှည် အစစ်အမှန်ချီနှင့် ပေါင်းစပ်တော့မည့် လက္ခဏာတို့ ရေးတေးတေး ပြလာခဲ့သည်။

“သန့်စင်သောယန် ဗာဂျရာအစစ်အမှန်ချီလား”

သူဟာ ကျင့်စဉ်ရှိ အထူးသက်ရောက်မှု၏ ပြောင်းလဲမှုကို သတိထားမိလိုက်သည်။

“သက်ရှည်ကျမ်းနဲ့ ဗာဂျရာအအတတ်က သန့်စင်သောယန် အစစ်အမှန်ချီကို ကျင့်ကြံနိုင်တာလား”

“သက်ရှည်ကျမ်းကို စတုတ္ထအဆင့်ကို မြှင့်တင်ပြီး ဗာဂျရာအတတ်လည်း တတိယအဆင့်ကို ချိုးဖျက်ရင် ကောက်နုတ်မှုလမ်းကြောင်း- သန့်စင်သောယန် သက်ရှည်အစစ်အမှန်ချီ+ သန့်စင်သောယန် ဗာဂျရာအစသစ်အမှန်ချီ= မူလ အစွန်းရောက်ယန် အစစ်အမှန်ချီကို ရနိုင်မှာလး”

“ဒီအချက်ပေးအချက်အတွက် အပိုထပ်ဆောင်း ရွှေ၃၀လျန်ကို ပေးချေရန် လိုအပ်သည်”

God Genzo:

All Chapters