အခန်း (၁၂၅)
Vol. 9 Ch. 125
“မူလ အစွန်းရောက်ယန် အစစ်အမှန်ချီ- အစွန်းရောက်ယန်မှာ မနှိုင်းယှဉ်သာအောင် ခိုင်မာကာ ဖျက်ဆီးနိုင်ခြင်း မရှိပေ။ မကောင်းမှု အားလုံးတို့ကို ဖယ်ရှားနိုင်သည်။ အဆင့်တူတွင် မည်သည့်အားမှ မူလ အစွန်းရောက်ယန် အစစ်အမှန်ချီကို အနိုင်ယူနိုင်ခြင်း မရှိပေ။ မကောင်းမှု အားလုံးကို ဖိနှိပ်ကာ သိုင်းသူတော်စင် အဆင့်သို့ ချိုးဖျက်ရန်လည်း အလွန် အကျိုးရှိသည်”
“ရွှေ၃၀လျန်ကို နုတ်ယူမည်”
“ဘုရားရေ… အရင်ဆုံး အဖြေကိုပေးဖို့တောင် တတ်ထားတာလား.”
ဟန်ကျောက်ဟာ ခဏတာ မှင်သက်နေပြီးနောက် ဟာသနှောကာ ပြောဆို၏။
“နုတ်ပါ၊ နုတ်ပါ”
“လက်ရှိကျန်ငွေ- ရွှေ၂၀၀လျန်”
“မူလ အစွန်းရောက်ယန် အစစ်အမှန်ချီ.. ဒါက ဒီဗိုင်းလက်နက်တွေရဲ့ ရန်သူပေါ့”
ဟန်ကျောက်ဟာ စဉ်းစားသည်။ သို့ရာတွင် သက်ရှည်ကျမ်းကို စတုတ္ထအဆင့်သို့ ကောက်နုတ်ရန်မှာ စွမ်းရည်မှတ် များစွာတို့ကို လိုအပ်သည်။ ထို့အပြင် ဗာဂျရာအတတ်၏ နောက်ဆက်တွဲ ကျင့်စဉ်ဟာ ကျီမိသားစု၏ လက်ထဲမှာပါ။
“အစမ်းရှင်သန်ခြင်းထဲမှာ ကျီပိုင်ဝေကို မေးကြည့်ရမယ်.. ရဖို့ ခက်ခဲမှာ မဟုတ်လောက်ပါဘူး.. ခက်ခဲတဲ့အပိုင်းက ဗာဂျရာအတတ်ကို အစမ်းရှင်သန်ခြင်းထဲမှာ တတိယအဆင့်အထိ လေ့ကျင့်လို့ရမလား ကြည့်ရမှာ”
အစမ်းရှင်သန်ခြင်း အဆုံးသတ်ပြီးနောက် ရလာသည့် နံပါတ်သုံးဟာ နောက်ပိုင်းတွင် ပိုမို၊ ပိုမိုကာ အသုံးဝင်လာခဲဲ့သည်။ ၎င်းဟာ လူပေါင်းများစွာ ဦးနှောက်ခြောက်အောင် ကြံစည်ပေမယ့် ရမလာနိုင်သည့် ကျင့်စဉ်များကို ရရှိစေနိုင်ပါသည်။
ဥပမာအားဖြင့် ခွန်အားသန့်စင်ခြင်း အဆင့်၏ အကြီးစား ကျွမ်းကျင်မှုအထိ ကျင့်ကြံနိုင်သည့် လေဟုန်စီးခြေထောက်၊ အစမ်းရှင်သန်ခြင်းတွင် မွမ်းမံမြှင့်တင်လိုက်သည့် ယင်ဖင်းလက်ဝါး၊ သုံးပါးသော အနှစ်သာရအားနှင့် သုံးမှတ် မူလပြန်ခြင်းအတတ်တို့ အားလုံးဟာ နံပါတ်သုံးရှိ ကျင့်ကြံခြင်း မှတ်ဉာဏ်များမှ ရရှိခဲ့ခြင်း ဖြစ်သ်။
မဟုတ်ပါက သူဟာ သက်ဆိုင်ရာ ကျင့်စဉ်၏ ပြီးပြည့်စုံသည့် မှတ်ဉာဏ်များကို ရရှိမည် မဟုတ်ပေ။
သို့ရာတွင် သူ၏ ပါရမီ မြင့်တက်လာပြီး ခွန်အားတို့ ပိုမိုသန်မာလာသည်နှင့်အမျှ အစမ်းရှင်သန်ခြင်းဟာ ပိုမို၊ ပိုမိုကာ ကောင်းမွန်လာမှာပါ။
“အရင်ဆုံး ဒီဗိုင်းဓါးစံအိမ်ကိစ္စကို ဖြတ်ကျော်ရမယ်။ ပြီးရင် အခြားဟာကို စဉ်းစားတော့မယ်”
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
ကျန်ရှိသည့် စွမ်းရည်မှတ် လေးမှတ်တို့ကို ကြည့်ကာ သူ၏အာရုံက တောင်ဖြိုလက်သီးသိုင်း၊ ယင်ဖင်းလက်ဝါးနှင့် လေဟုန်စီးခြေထောက်တို့ သုံးခုပေါ်သို့ ကျရောက်သွားသည်။
“သိုင်းပညာများ- တောင်ဖြိုလက်သီး(တတိယအဆင့် ပြီးပြည့်စုံခြင်း ၂%၊ အဆင့်မြှင့်တင်နိုင်။ အသုံးဝင်ပုံ- ခွန်အားပေါက်ကွဲခြင်း အဆင့်၅၊ တောင်ဖြိုအား အဆင့်၄)၊
ယင်ဖင်းလက်ဝါး(တတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၅၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- အဆိပ်ခံနိုင်ခြင်း အဆင့်၅၊ ယင်ဖင်းအား အဆင့်၃၊
လေဟုန်စီးခြေထောက်(တတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၅၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- မြန်ဆန်ခြင်း အဆင့်၅၊ လေဟုန်စီးအား အဆင့်၄)"
တစ်လကျော်အတွင်းတွင် သူ၏ တောင်ဖြိုလက်သီးဟာ အကြီးစားကျွမ်းကျင်မှုမှ ပြီးပြည့်စုံမှု အဆင့်အထိ အောင်မြင်စွာ ချိုးဖျက်သွားသည်။ အထူးသက်ရောက်မှုများနှင့် အတွင်းအားတို့ဟာ ဆက်လက် တိုးတက်လာခဲ့၏။
သို့ပေမယ့် ယင်ဖင်းလက်ဝါးနှင့် လေဟုန်စီးခြေထောက်ဟာ အများကြီး တိုးတက်ခြင်းမရှိပေ။ လက်ရှိ သုံးပါးသော အနှစ်သာရအားအား ညီမျှစွာ ထိန်းသိမ်းနိုင်ရန်အတွက် ယင်ဖင်းလက်ဝါး၏ တိုးတက်မှုဟာ တောင်ဖြိုလက်သီးကို ကျော်လို့မရပေ။
လေဟုန်စီးခြေထောက်၏ တိုးတက်မှုဟာတော့ အလွန် နှေးကွေးလှ၏။ ခဏတာ စဉ်းစားပြီးနောက် သူဟာ စွမ်းရည်မှတ်များ၏ အချိုးကို စဉ်းစားသည်။
“စနစ်.. တောင်ဖြိုလက်သီး၊ ယင်ဖင်းလက်ဝါးနဲ့ လေဟုန်စီးခြေထောက်တွေကို မြှင့်တင်လိုက်”
“ညွှန်ကြားမှုအတိုင်း ထည့်ပေါင်းနေသည်။ ၂… ၁”
“စွမ်းရည်မှတ်- … တောင်ခွဲဆေဘာအတတ်(တတိယအဆင့် ပြီးပြည့်စုံခြင်း ၂၃%၊ အဆင့်မြှင့်တင်နိုင်သည်”
“စွမ်းရည်မှတ်- …. ယင်ဖင်းလက်ဝါးသိုင်း(တတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၉၄%၊ အဆင့်မြှင့်တင်နိုင်”
“စွမ်းရည်မှတ်- … လေဟုန်စီးခြေထောက်(တတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၉၁%၊ အဆင့်မြှင့်တင်နိုင်”
တစ်ဖက်တွင်…
ရှလင်ဟာ ယုန်ဟီဒေသရှိ အစည်ကားဆုံး စီးပွားရေးလမ်းမပေါ်တွင် လျှောက်လှမ်းနေပြီး လှည့်လတ်နေသည့် စုယွင်ကို ရှာတွေ့၏။
စုယွင်က သူမ၏ နီရဲနေသည့် မျက်နှာကို ကြည့်ကာ စနောက်နေလေသည်။
“အိုး.. သခင်မလေး.. ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ… ဂျူနီယာဟန်နဲ့ နည်းနည်းလောက် ပိုကြာအောင် မအိပ်ဘူးလား”
“နေ့အချိန်ကြီးမှာ နင်ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ နင်က အရိုက်ခံချင်နေတာပဲ”
ရှလင်က ပြောဆိုကာ စုယွင်၏ ရင်ဘတ်ကို ထုသည်။
“နင်ပဲ သူငယ်ချင်းထက် ချစ်သူကို ဦးစားပေးသွားတာ မဟုတ်ဘူးလား”
စုယွင်က ဆက်လက်ပြောသည်။
“မနေ့ကတော့ ကျောက်စိမ်းခရီးမှာ ငါ့ကို အဖော်လုပ်ပေးမယ်လို့ ပြောခဲ့တာ ဘယ်သူလဲ။ ပြီးလည်းပြီးရော ဂျူနီယာဟန် ပြန်လာပြီ ကြားတာနဲ့ တစ်ခါတည်း ပျောက်သွားတာပဲ။ နင်တို့နှစ်ယောက် ဟိုဟာ…”
“ငါနင့်ကို အရေးကြီးကိစ္စ ပြောစရာရှိလို့လာတာ”
ရှလင်က ကြားဖြတ်ကာ ပြောသည်။
“ကောင်းပါပြီ။ ကောင်းပါပြီ.. မစတော့ပါဘူး”
စုယွင်က ပြုံးသည်။
စုမိသားစုနှင့် ရှမိသားစု၏ ကုန်သွယ်ရေးအဖွဲ့ကို ပူးပေါင်းဖွင့်လှစ်လိုက်ကတည်းက စီးပွားရေးဟာ များစွာ တိုးတက်လာခဲ့သည်။ သူမ၏ ပုခုံးပေါ်ရှိ ဖိအားတို့လည်း လျှော့နည်းသွား၏။
အထူးသဖြင့် ဟန်ကျောက်ဟာ ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှု အဆင့်ရှိ သိုင်းသခင်တစ်ယောက်ကို ဖိတ်ခေါ်ကာ အကူအညီတောင်းနိုင်ခြင်းကြောင့် ဖြစ်သည်။ လူတိုင်း၏ အတွေးအမြင်ကို တကယ့်ကို ကျော်လွန်သွား၏။
ရှလင်၏ နီရဲနေသည့် မျက်နှာကို ကြည့်ရတာ ဂျူနီယာဟန်ဟာ ရုပ်ရည်သာ ချောမောရုံမက အိပ်ယာတွင်လည်း ထူးချွန်သည့်လူ ဖြစ်မှာပါ။ စုယွင်ဟာ အနည်းငယ် မနာလိုစွာ ခံစားလိုက်ရသည်။
ရှလင်က သူမကို ဆိုင်၏ အတွင်းဘက်ခန်းမဆီသို့ ဆွဲခေါ်လာ၏။
“နင်ဘာပြောမလို့လဲ.. ဒီလောက်တောင် လျှို့ဝှက်နေတာ” စုယွင်က ကြောင်တောင်စွာ မေးသည်။
“ဒီအချိန်အတွင်းမှာ ကုန်သွယ်ရေးအဖွဲ့ကို စီမံဖို့ နင့်ကို အာဏာအပြည့်အဝ လွှဲပေးမလို့”
ရှလင်က ညင်သာစွာ ပြောသည်။
“ဘာလို့လဲ”
“ငါ သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ကို ချိုးဖျက်တော့မလို့.. အဲ့ဒါကြောင့် ကျင့်ကြံမှုမှာ အာရုံစိုက်ဖို့ လိုတယ်”
“ဘာ.. နင်က… ဝိုး”
စုယွင်၏ အသံပြုမှုကို ရှလင်က အမြန် ပါးစပ်ပိတ်၏။
“နင့်အသံကို တိုးဦး”
“အင်းပါ။ အင်းပါ”
စုယွင်က ခေါင်းညှိတ်သည်။
“ဘာဖြစ်တာလဲ.. နင်သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်တာ တစ်နှစ်တောင် မပြည့်သေးဘူးမလား… ဘယ်လိုလုပ်ပြီး…”
စုယွင်က အသံကို နှိမ့်ကာ ပြောသည်။ သို့ပေမယ့် သူမ၏ မျက်ဝန်းများထဲရှိ အံ့ဩမှုမှာ အားနည်းသွားခြင်း လုံးဝမရှိပေ။
သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများ၏ အကြီးမားဆုံး တစ်ဆို့မှုဟာ အဆင့်ချိုးဖျက်ရန် အလွန် ခက်ခဲခြင်း ဖြစ်ပေမယ့် လုံလောက်သည့် ကျင့်ကြံခြင်း အရင်းအမြစ်များသာ ရှိပါက အဆင့်သေးများအား ချိုးဖျက်ရန်မှာ ပိုမိုလွယ်ကူပါသည်။ သို့ရာတွင် ရှလင်လောက်တော့ မြန်ဆန်ခြင်း မရှိပါ။
ဖြစ်နိုင်တာက သူမဟာ အခြေခံကိုသာ ခိုင်မာစွာ စုဆောင်းရန် ကြာရှည်ခဲ့သည့် ပါရမီရှင်တစ်ယောက်လေလား။
“တကယ်တော့ အဲ့ဒါက မောင်လေးဟန်က ငါ့ကို ကျင့်ကြံခြင်းမှာ မကြာခဏ ညွှန်ကြားပေးလို့ပဲ”
ရှလင်၏ အသံက ပိုမို ညင်သာလာ၏။ မျက်နှာက နီရဲလာခဲ့သည်။
“ဂျူနီယာဟန်ရော သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ကို ချိုးဖျက်ပြီးပြီလို့တော့ ငါ့ကို မပြောနဲ့နော်”
စုယွင်က အသံပြုသည်။
ရှလင်ဟာ တိတ်ဆိတ်သွား၏။ စုယွင်၏ မျက်လုံးများဟာ မယုံကြည်နိုင်စွာ ပြူးကျယ်လာခဲ့သည်။
အရင်တုန်းက သူမ၏ မိသားစုနောက်ခံဟာ ရှလင်ထက် ပိုမိုကောင်းမွန်ခဲ့ပြီး အရင်းအမြစ်များကို ပိုရခဲ့သည်။ သူမ၏ ပါရမီပင်လျှင် ရှလင်ထက် ကောင်း၏။
နောက်ဆုံးတွင် သူမဟာ ဒီအတောအတွင်းမှ သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်တော့မည့် လက္ခဏာရပ်များကို ခံစားလာခါစ ရှိပါသေးသည်။ ရှလင်ဟာ သွေးချီချိုးဖျက်မှု ဒုတိယအဆင့်သို့ ရောက်ရှိတော့မည် ဖြစ်၏။
သူမ အထင်သေးခဲ့သည့် ဂျူနီယာဟန်မှာ ချိုးပင် ချိုးဖျက်ပြီးလေပြီ။ ထိုကျင့်ကြံခြင်း အမြန်နှုန်းနှင့် သူဟာ အသက်၂၅နှစ်တွင် အတွင်းအားကို ဖမ်းဆုပ်နိုင်လောက်ပါသည်။
ဂျူနီယာဟန်တွင် ထိုကဲ့သို့သော ကျင့်ကြံခြင်း အမြန်နှုန်း ရှိခြင်းအကြောင်းမှာ ရှလင်၏ အရင်းအမြစ်များ သေချာပေါက် ပါဝင်မှာပါ။ သို့ရာတွင် သူမ၏ မိသားစုတွင်လည်း ပိုက်ဆံ ရှားပါးခြင်း မရှိပေ။ သူမတို့ လိုအပ်နေသည်မှာ ပါရမီရှင် ဖြစ်၏။
“ဂုဏ်ယူပါတယ်ရှလင်… ကုန်သွယ်ရေး အဖွဲ့အတွက်ကို စိတ်မပူနဲ့။ ငါဂရုစိုက်ထားလိုက်မယ်”
စုယွင်က အသက်ကို နက်ရှိုင်းစွာရှူပြီး သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်သည်။
“ဒီအချိန်အတွင်း နင့်ကို ခက်ခဲစေပြီ”
ရှလင်က စုယွင်ကို ဖက်သည်။ ဟန်ကျောက်နှင့် နက်ရှိုင်းစွာ ကျင့်ကြံနိုင်တော့မည့်အတွက် တွေးမိကာ ပျော်ရွှင်မှုများက ရစ်သိုင်းလာ၏။
သူမဟာ သူမ၏ ခံစားချက်တို့ ပြောင်းလဲမှုကို သတိထားမိခြင်း လုံးဝမရှိပဲ ခန်းမအတွင်းမှ ပြေးထွက်သွားခဲ့၏။ စုယွင်က တံခါးဆီသို့ လျှောက်ထွက်လာပြီး သူမ၏ နောက်ကျောကို ခါးသက်စွာ ကြည့်သည်။
“ငါသာ..”
သူမဟာ သူငယ်ချင်းကောင်းဖြစ်သည့် ရှလင်အတွက် အမှန်တကယ်ကို စိတ်ရင်းဖြင့် ပျော်ရွှင်မိပါသည်။ သို့ပေမယ့် ဤသည်က သူမ၏ နောင်တရမှုနှင့် သက်ဆိုင်ခြင်း မရှိပေ။
အရင်တုန်းက သူမသာ အလွန် ဂုဏ်မာနမကြီးပဲ အနည်းငယ်မျှ အမြင်ရှိခဲ့ပါက…
တကယ်လို့.. ကံဆိုးစွာပင် မည်သည့် တကယ်လို့မှ မရှိပေ။ သူမဟာ မျက်ကန်းကဲ့သို့ ဟန်ကျောက်၏ ကြီးမြတ်မှုကို အသိအမှတ်ပြုနိုင်ခြင်း မရှိခဲ့ပေ။
God Genzo: