အခန်း (၁၂၆)
Vol. 9 Ch. 126
တိတ်ဆိတ်စွာဖြင့် ရှစ်လတာအချိန်ဟာ ကုန်ဆုံးသွားခဲ့သည်။
ဒီအချိန်အတွင်းတွင် ဟန်ကျောက်ဟာ အနီးအနားရှိ မြို့များစွာသို့ သွားရောက်ကာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့သည်။
ရလဒ်အနေနှင့် ကျောက်နက်မြို့၊ ကျောက်စိမ်းလေမြို့နှင့် ကျားယွမ်မြို့တို့ရှိ ဓါးပြအားလုံးနှင့် အလိုရှိ ရာဇဝတ်သား အားလုံးတို့ အသတ်ခံခဲ့ရ၏။
စုန့်ချွေ၏ အမည်ဟာ မြို့သုံးမြို့ကို လှုပ်ခါစေခဲ့သည်။ များပြားလှသည့် အဖွဲ့အစည်းကြီးများက စုန့်ချွေ၏ နောက်ခံကို စုံစမ်းခဲ့ကြပေမယ့် သူဟာ မူလက ကျောက်နက်မြို့ရှိ ကြေးစားလူဆိုးထိန်းတစ်ယောက် ဖြစ်ခဲ့သည်ဟုသာ သိရသည်။
ငါးနှစ်အတွင်းတွင် သူဟာ သွေးသန့်စင်ခြင်းအဆင့် ဖြစ်သည်ဟု သံသယရှိဖွယ် အခြေအနေမှ ခွန်အားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ ကျင့်ကြံမှုအမြန်နှုန်းဟာ နတ်ဘုရားဆန်လှသည်ဟု ဆိုနိုင်၏။
အချို့ လူများက သူ့ကို ကောင်းကင်ဆေဘာဟု အမည်ပေးကြသည်။ ကံဆိုးစွာပင် လူပေါင်းများစွာဟာ စုန့်ချွေကို ဆွဲခေါ်လိုကြပေမယ့် သူ၏နောက်ခန်းဟာ လျှို့ဝှက်လွန်းလှသည်။
သူဟာ လေကဲ့သို့ လာကာ လေကဲ့သို့ ထွက်ခွာသွား၏။ ဆွေးနွေးရန်ပင် အခွင့်အရေး မရှိပေ။
မြို့တွင်းပိုင်းရှိ ဟန်အိမ်၏ အနောက်ဘက်ခြံဝန်းမှ အခန်းတစ်ခုတွင်…
ဟန်ကျောက်ဟာ အတွင်းအားကို ဖမ်းဆုပ်ရန်အတွက် ပြင်ဆင်ပြီး ဖြစ်သည်။
“အချက်ပေးအပိုင်းအစ ၉၅ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား”
“ပေါင်းစပ်မှုတိုင်းဟာ အချက်ပေးအပိုင်းအစ ၄၅ခုနှင့် ရွှေ၆၀လျန်ကို ကုန်ကျမည်”
“လက်ရှိကျန်ငွေ- ရွှေ၂၂၀လျန်”
‘အတွင်းအားကို ဖမ်းဆုပ်ပြီးရင်တော့ ငါ့ရဲ့ခွန်အားက အဆင့်ကြီးတစ်ခု မြင့်တက်သွားမှာ.. အစမ်းရှင်သန်မှုအတွက် လိုအပ်တဲ့ ကုန်ကျမှုတွေလည်း ကြီးစွာ မြင့်တက်လာမှာ.. အကောင်းဆုံးက ဗာဂျရာအတတ်အတွက် နောက်ဆက်တွဲကျင့်စဉ်ကို ကြိုတင်ရလာတာပဲ’
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ယခုအချိန်၌ အကောင်းဆုံး ရွေးချယ်မှုမှာ အစမ်းရှင်သန်မှု အတွင်း၌ ဗာဂျရာအတတ်ကို ရယူခြင်း ဖြစ်သည်။
အတွင်းအားကို ဖမ်းဆုပ်ပြီးလျှင်တော့ အစမ်းရှင်သန်ခြင်း၏ ကုန်ကျမှုဟာ တိုးပွားလာပြီး စွမ်းရည်မှတ် ရရှိမှုလည်း သေချာပေါက် ပိုများလာမှာ ဖြစ်၏။ ထိုအချိန်၌ မှတ်ဉာဏ်ကို ရွေးချယ်ခြင်းက သိပ်ကောင်းမည်မဟုတ်ပါ။
သူဟာ ပိုမိုသန်မာလေလေ အစမ်းရှင်သန်ခြင်း၌ ပိုမိုကြာရှည်စွာ နေနိုင်ချေလည်း ရှိ၏။ ကျင့်စဉ်ရရှိနိုင်ချေဟာလည်း ပိုမိုမြင့်မားမှာပါ။ ဘာပဲဖြစ်ဖြစ် ကျင့်စဉ်ကို ရရှိနိုင်ပါက အရှုံးမရှိပေ။ အဓိကအချက်မှာ အကျိုးအမြတ်ကို အများဆုံး မည်ကဲ့သို့ ရယူရန်ဖြစ်သည်။
“အဲ့လိုဆိုရင် ငါ့ရဲ့ အတွေးကို အရင်ပြောင်းလိုက်မယ်။ ငါဒီတစ်ခေါက် အစမ်းရှင်သန်မှုမှာ ဒီဗိုင်းဓါးစံအိမ်ကို မသွားဘူးကွာ”
“ပေါင်းစပ်မယ်။ စတင်ဝင်ရောက်မယ်”
“အသက်၂၀တွင် သင်သည် ဖန်လင်း၏ တောင်းဆိုချက်ကို သဘောတူကာ…”
“အသက်၂၁နှစ်တွင် ရှလင်နှင့် ကျင့်ကြံခြင်းမှတစ်ဆင့် သင်ဟာ အတွင်းအားကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်”
“သင်ဟာ သဘောတူညီချက်အတိုင်း ဒီဗိုင်းဓါးစံအိမ်သို့ သွားရောက်ခဲ့ခြင်း မရှိပေ။ အဲ့ဒီအစား အနီးအနားရှိ သက်ရှည်ဂိုဏ်းမှ အဖွဲ့ဝင်များနှင့် အုပ်စိုးသူ မြင့်မြတ်မိသားစုများကို ရှာဖွေခဲ့သည်”
“နှစ်ဝက်ကြာပြီးနောက် သင်သည် လျှို့ဝှက်အစောင့် တစ်ယောက်နှင့် ကြုံတွေ့ခဲ့ပြီး သူတို့ဆီသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခံခဲ့ရသည်”
“သုံးလကြာပြီးနောက် သင်သည် တိုက်ပွဲတစ်ခု အတွင်းတွင် အုပ်စိုးသူ မိသားစု မျိုးဆက်တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ တိုက်ပွဲတစ်ဝက်တွင် နောက်ထပ် အုပ်စိုးသူ မိသားစု မျိုးဆက်တစ်ယောက် ပေါ်လာ၏။ သင်သည် ခွန်အားအားလုံးကို အသုံးပြုကာ သူတို့ကို သတ်ဖြတ်လိုက်သည်။ နောက်ထပ် နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစကို ရရှိခဲ့၏”
“ထို့နောက် သင်သည် ကျောက်နက်မြို့ဆီသို့ ပြန်ကာ ဝိညာဉ်အဆီအနှစ်လုံးနှင့် ဒီဗိုင်းလက်နက်အတွင်းရှိ ယင်စွမ်းအင်တို့ကို အသုံးပြုပြီး ယင်ဖင်းလက်ဝါးသိုင်းကို လေ့ကျင့်သည်”
“အသက်၂၂နှစ်တွင် သင်သည် အပြင်ထွက်စဉ် တစ်ကြိမ်၌ ထူးဆန်းသည့် တိုက်ခိုက်မှုတစ်ခုကို ကြုံတွေ့ခဲ့၏။ သင်သည် သန့်စင်သောယန် အစစ်အမှန်ချီကို အသုံးပြုပြီး တစ်ဖက်လူကို သတ်ဖြတ်ခဲ့သည်။ ထိုသူဟာ မသေဆုံးခင်တွင် သင့်ကို ငရဲကိုးခုစံအိမ်က အလွတ်ပေးမည်မဟုတ်ဟု ပြောခဲ့၏”
“သင်သည် လျှို့ဝှက်အစောင့်များထံမှ သတင်းအရ ပြဿနာအကြီးကြီး တက်ပြီဆိုသည်ကို သိလိုက်ရသည်”
“တစ်ချိန်တည်းတွင် လုယီဟာ လုယင်ရွှမ်း၏ စာကို လက်ခံရရှိပြီး စီရင်စုမြို့သို့ သွားရောက်ကာ အခြေအနေကို စူးစမ်းလိုနေ၏”
“ပြဿနာကို ရှောင်ရှားရန် သင်ဟာ နောက်ခံတစ်ခုကို ရှာဖွေရန် ပြင်ဆင်သည်။ ကောင်တီအုပ်ချုပ်သူ ဝူဒီ၏ အကြံပေးချက်အရ သင်သည် ယွမ်ကန်းကောင်တီ၏ သိုင်းပညာ အကယ်ဒမီဆီသို့ သွားရောက်ခဲ့၏”
“သင်က လုယီအား စီရင်စုမြို့တော်သို့ ရောက်ရှိပြီးပါက သူ့အစား လုယင်ရွှမ်းဆီသို့ သွားရောက်လည်ပတ်ပေးမည်ဟု ပြောခဲ့သည်။ လုယီက လှိုက်လဲစွာ သဘောတူခဲ့၏”
“သင်သည် သိုင်းပညာ အကယ်ဒမီသို့ ဝင်ရောက်ပြီး လုယင်ရွှမ်းနှင့် တွေ့ခဲ့သည်။ သူမဟာ သူမ၏ ဂျူနီယာမောင်လေးတစ်ယောက် ရောက်ရှိလာခြင်းအတွက် အလွန် ပျော်ရွှင်၏”
“သင်က လုယီ၏ စာအား သူမကို ပေးလိုက်ပြီးနောက် သူမ၏ သဘောထားဟာ ရုတ်တရက် အေးစက်လာခဲ့သည်”
“သင်ဟာ နားလည်နိုင်ခြင်း မရှိပေ။ သိုင်းအကယ်ဒမီ၌ နေကာ နှိမ့်ချစွာဖြင့် ကျင့်ကြံခဲ့၏”
“အသက်၂၃နှစ်တွင် သင်သည် ဗာဂျရာအတတ်၏ ဒုတိယအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့သည်”
“တစ်နှစ်တာ ဆက်ဆံမှုအပြီးတွင် သင်နှင့် လုယင်ရွှမ်းတို့၏ ဆက်ဆံရေးဟာ များစွာ တိုးတက်လာခဲ့၏”
“ထမင်းစားဝိုင်းတစ်ခုတွင် သူမ၏ မျက်နှာဟာ ရုတ်တရက် ဖြူရော်လာပြီး သွေးတစ်လုတ်ကို အန်ကာ နေရာမှာတင် သတိလစ်သွားခဲ့သည်”
“သင်သည် သူမကို သူမ၏ အခန်းဆီသို့ ပြန်ပို့ကာ သက်ရှည် အစစ်အမှန်ချီနှင့် ဒဏ်ရာများအား ကုသပေး၏။ သို့ပေမယ့် သူမ၏ အတွင်းပိုင်းအင်္ဂါများ ကြီးစွာ ထိခိုက်ထားကြောင်းကို သင်နားလည်လိုက်သည်”
“တစ်ညတာ ဂရုစိုက်မှုအပြီးတွင် သူမဟာ နောက်ဆုံးတွင် သတိလည်လာခဲ့၏။ သင်၏ မေးမြန်းမှုအောက်တွင် အမှန်ကို ပြောပြခဲ့သည်”
“လက်စသတ်တော့ သူမဟာ အရင်တုန်းက သူမ၏ မိခင်အား သတ်ဖြတ်ခဲ့သည့် အဖွဲ့ကို တွေ့ခဲ့ခြင်းဖြစ်၏။ ထိုအဖွဲ့ရှိ အသန်မာဆုံးမှာ ချီငါးဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်သည်။ သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိ၏”
“လုယင်ရွှမ်းဟာ နဂါးဟိန်းသံနှင့် ဖီးနစ်မြည်တမ်းခြင်း ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားပြီး အလွန်မြင့်မားသည့် စူပါအဆင့် ပါရမီနှစ်ခုအား ပိုင်ဆိုင်ထားသည်။ သို့ပေမယ့် နဂါးဟိန်းသံခန္ဓာမှာ ယောကျားများအတွက် အသင့်တော်ဆုံး ခန္ဓာကိုယ်ဖြစ်၏။ သူမအတွက် အတားအဆီး ဖြစ်လာခဲ့သည်”
“နဂါးဟိန်းသံ ခန္ဓာကြောင့် သူမခန္ဓာကိုယ်အတွင်းရှိ ယင်နှင့်ယန်ချီတို့ဟာ ညီမျှခြင်း မရှိတော့ပေ။ အဆင့်မြင့်မားလေလေ ချီဖောက်လွဲဖောက်ပြန်ခြင်းအား ကြုံတွေ့ရန် လွယ်ကူလေဖြစ်သည်။ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ရန် ဖြစ်နိုင်ချေဟာ အလွန်နိမ့်ပါးသည်”
“သူမဟာ စွန့်စားမှုပြုကာ သိုင်းပညာအကယ်ဒမီမှ တွေ့ရှိခဲ့သည့် တားမြစ်ကျင့်စဉ်- ကောင်းကင်ဖင်းနတ်ဆိုး အတတ်ကို ကျင့်ကြံခဲ့၏။ ခန္ဓာကိုယ်အတွင်းရှိ မညီမျှသည့် ယန်ချီကို ယာယီ ညီမျှစေခဲ့၏”
“နှစ်အနည်းငယ် အတွင်းတွင် သူမဟာ အရိုးသန့်စင်ခြင်း အဆင့်မှ ချီတစ်ဆင့် စစ်ဘုရင်အဆင့်သို့ အတားအဆီးမရှိပဲ ကျင့်ကြံနိုင်ခဲ့သည်။ ရန်သူ အများစုတို့ကို သတ်ဖြတ်နိုင်ခဲ့၏။ နောက်ဆုံးဖြစ်သည့် ချီငါးဆင့် စစ်ဘုရင်အား ရင်ဆိုင်ရန်သာ ယုံကြည်ချက်တို့ မရှိပဲ ဖြစ်နေခဲဲ့သည်”
“သူမဟာ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်တော့မည့် အချိန်၌ ယင်နှင့် ယန်ချီတို့ဟာ ညီမျှမှုတို့ ပျောက်ဆုံးလာပြန်ပုံကို နားလည်လိုက်သည်။ ထို့အပြင် သူမ၏ နတ်ဆိုးကျင့်စဉ်ကို အတင်းကျင့်ကြံခဲ့မှုကြောင့် ထူးခြားသည့် ရောဂါတစ်ခုကို ခံစားလာရသည်။ အသက်ရှည်စွာ နေနိုင်မည် မဟုတ်ပေ”
“လုယင်ရွှမ်းဟာ သူမ၏ နောက်ဆုံး သုံးနှစ်မှ ငါးနှစ်အတွင်း အချိန်ကို အသုံးပြုကာ အောင်မြစ်စွာ လက်စားချေလို၏။ သူမဟာ သင့်ကို ထိုကိစ္စများအား လျှို့ဝှက်ထားရန် တောင်းဆိုခဲ့သည်။ လက်စားချေမှု အောင်မြင်ပါက သင်၏ဇနီးလုပ်မည်ဟု ဆို၏”
“အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် သင်သည် သူမကို ကူညီရန် နည်းလမ်းရှိလားဟု မေးမြန်းခဲ့သည်”
“လုယင်ရွှမ်းက ကောင်းကင်ဖင်းနတ်ဆိုး အတတ်ထဲတွင် မှတ်သားထားသည့် စိတ်ဝိညာဉ်လုယူခြင်းဟု ခေါ်သည့် လျှို့ဝှက်ပညာ တစ်ခုအကြောင်းကို သင့်အား ပြောပြသည်။ ၎င်းဟာ ယင်နှင့် ယန်ချီတို့ကို စုပ်ယူနိုင်ပြီး အခြားလူများ၏ ပါရမီကိုပင် လုယူနိုင်သည်ဟု ဆိုလေသည်”
“သို့ရာတွင် ထိုကျင့်စဉ်ဟာ သဘာဝကို ဆန့်ကျင်နေ၏။ ပထမအဆင့်ကို ကျင့်ကြံပြီးပါက ကျင့်ကြံသူဟာ သက်တမ်း၏ သုံးပုံနှစ်ပုံကျော်ကို ဆုံးရှုံးရမှာ ဖြစ်သည်”
“ခဏတာ စဉ်းစားပြီးနောက် သင်ဟာ ထိုပညာအား ကျင့်ကြံလိုကြောင်း ပြောခဲ့သည်”
“သူမဟာ ထိုစူပါပါရမီကို လိုအပ်ခြင်း မရှိပေမယ့် သင်ကတော့ လိုအပ်ပါသည်”
“လုယင်ရွှမ်းဟာ သင်၏ သူမကို ကယ်တင်ရန်အတွက် သက်တမ်းအား စတေးလိုသည့် ဆုံးဖြတ်ချက်ကြောင့် အလွန် ခံစားသွားရသည်။ သို့ရာတွင် ကောင်းကင်ဖင်းနတ်ဆိုး အတတ်အား ကျင့်ကြံရန်မှာ ဆန်းကြယ်သည့် ပါရမီတို့ လိုအပ်နေသည်ဟု နောင်တရစွာ ပြောပြ၏”
“သင်ဟာ ကျီမိသားစုကို သွားရောက်ပြီး ဗာဂျရာအတတ်၏ နောက်ဆက်တွဲ ကျင့်စဉ်အား ရရှိရန် လုပ်ဆောင်လိုခဲ့သည်။ ပါရမီကို အဆင့်မြင့်အဆင့်သို့ မြှင့်တင်လို၏” “လုယင်ရွှမ်းကို နှုတ်ဆက်ပြီးနောက် သင်ဟာ လျန်နိုင်ငံ၏ ကောင်းကင်စီရင်စုသို့ သွားရောက်ကာ ကျီမိသားစုကို ရှာဖွေခဲ့သည်”
“သင်နှင့် ကျီပိုင်ဝေတို့ သိကျွမ်းကြောင်းကို ကြားသိရပြီး ဗာဂျရာအတတ်၏ ဒုတိယအဆင့် ပြီးပြည့်စုံခြင်းအထိ ကျင့်ကြံပြီး ဖြစ်ကြောင်းကို လားလည်ပြီးနောက် ကျီမိသားစုက သင့်ကို စိတ်ရင်းဖြင့် ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်”
“ကျီပိုင်ဝေ၏ အကူအညီဖြင့် သင်သည် ဗာဂျရာအတ်၏ တတိယအဆင့် နည်းလမ်းကို ရရှိခဲ့ပြီး များပြားလှသည့် ကျင့်ကြံခြင်း အရင်းအမြစ်များကိုလည်း ရရှိလာခဲ့သည်”
God Genzo: