← Chapters

အခန်း (၁၂၇)

Vol. 9 Ch. 127

အခန်း (၁၂၇)

Vol. 9 Ch. 127

“အသက်၂၄နှစ်တွင် ကျီပိုင်ဝေဟာ အဆင့်၃ ဒီဗိုင်းလက်နက်- မကောင်းမှုခုနစ်မျိုး မျက်နှာဖုံး အပိုင်းအစ၏ အသိအမှတ်ပြုမှုကို ရရှိပြီး သိုင်းသူတော်စင်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည့် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့သည်။ ကျီမိသားစု ဘိုးဘေးများ၏ အခွင့်အရေးပေးမှုကို ရရှိ၏။ သူမကို လာမည့် မိသားစုခေါင်းဆောင်အဖြစ် သတ်မှတ်ကြသည်”

“ကျီမိသားစုတွင် ကျီပိုင်ဝေ၏ အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ သင်ဟာ ကျီမိသားစု၏ သိုင်းပညာ လျှို့ဝှက်ကျမ်းများကို လွတ်လပ်စွာ ဖတ်နိုင်လာခဲ့သည်”

“သင်သည် သိုင်းကျမ်းခန်းမတွင် ကောင်းကင်သူတော်စင်ဂိုဏ်း၏ ဒီဗိုင်းစွမ်းအား မဟာတာအိုကို ညွှန်ပြသည့် အဆုံးစွန်သော အတတ်- မဖျက်ဆီးနိုင်သည့် ဗာဂျရာဒီဗိုင်းအတတ်ကို တွေ့ရှိခဲ့သည်”

“သို့ရာတွင် သင်၏အဆင့်ဟာ နိမ့်ပါးလွန်းပြီး တားမြစ်ချက်ကို ဖြတ်ကျော်ကာ အတွင်းရှိ စာသားများကို ဖတ်နိုင်ခြင်း မရှိပေ”

“သို့ရာတွင် သင်သည် သိုင်းသူတော်စင်အဆင့်အထိ ကျင့်ကြံနိုင်သည့် အခြား ထိပ်တန်းကျင့်စဉ်တစ်ခုကို တွေ့ရှိခဲ့သည်။ ကောင်းမြင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းဟု ခေါ်၏”

“အသက်၂၅နှစ်တွင် သင်သည် ခွန်အားသန့်စင်ခြင်း အဆင့်၏ အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ခဲ့သည်။ သင်သည် သုံးပါးသော အနှစ်သာရအားနှင့် ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းတို့ကို အဓိကထားကာ လေ့ကျင့်ခဲ့သည်”

“ကျီပိုင်ဝေက ထောက်ပံ့သည့် များပြားလှသည့် နတ်ဆိုးသားရဲ အသားများနှင့် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးတို့နှင့် သင်သည် လူမဆန်သည့် နာကျင်မှုတို့ကို တောင့်ခံကာ ဗာဂျရာအတတ်ကို တတိယအဆင့်၏ အကြီးစား ကျွမ်းကျင်မှုအထိ ကျင့်ကြံခဲ့သည်။ သင်၏ အခြေခံကို အဆင့်မြင့်အဆင့်သို့ မြှင့်တင်နိုင်ရုံ ရှိလာခဲ့၏”

“ထိုကိစ္စဟာ ကျီမိသားစု၏ ဘိုးဘေးများဆီသို့ပင် သတင်းရောက်သွားသည်။ ကျီမိသားစုဟာ သင့်ကို ကျိပိုင်ဝေနှင့် လက်ထပ်ကာ ကျီမိသားစုသို့ ဝင်ရောက်ရန် သဘောတူခဲ့သည်။ သင်ဟာလည်း လက်ခံရန်သာ တတ်နိုင်ခဲ့၏”

“သုံးလကြာပြီးနောက် သင်သည် အကြောင်းပြချက် တစ်ခုအား ပေးကာ တိမ်စီရင်စုသို့ ပြန်ပြီး လုယင်ရွှမ်းနှင့် တွေ့သည်။ သူမကို သက်ရှည်ကျမ်းအား သင်ကြားပေးခဲ့၏။ သင်သည် သူမဆီမှ စိတ်ဝိညာဉ်လုယူခြင်း ပညာကို ရရှိခဲ့သည်”

“အသက်၂၆နှစ်တွင် သင်သည် စိတ်ဝိညာဉ်လုယူခြင်း ပညာ၏ ပထမအဆင့်ကို အောင်မြင်စွာသင်ယူနိုင်ခဲ့သည်”

“သင်နှင့် လုယင်ရွှမ်းတို့ စွမ်းအင် ဖလှယ်နေချိန်၌ ကျီပိုင်ဝေဟာ ရုတ်တရက် ပေါ်လာခဲ့သည်။ သူမဟာ ကြီးစွာ အမျက်ထွက်သွားပြီး ကျီမိသားစုဆီသို့ ပြန်ခဲ့၏”

“နှစ်ကုန်တွင် သင်သည် လုယင်ရွှမ်း၏ ခန္ဓာကိုယ်အတွင်းရှိ များပြားလှသည့် ယန်ချီတို့ကို စုပ်ယူခဲ့သည်။ သူမသည် ချီသုံးဆင့် စစ်ဘုရင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်သွား၏။ သင်သည် သူမနှင့် ပူးပေါင်းကာ အသေးစား ဒဏ်ရာတို့ ရရှိခဲ့ပြီး ချီငါးဆင့် စစ်ဘုရင်အဆင့် ရန်သူကို သတ်ဖြတ်နိုင်ခဲ့သည်”

“ထိုလတွင် ချူနိုင်ငံဟာ တိမ်စီရင်စုကို ကျူးကျော်ခဲ့သည်။ ယုနျန်ဟာ ပျောက်ကွယ်သွားခဲ့၏”

“သင်နှင့် လုယင်ရွှမ်းတို့ဟာ လုယီ၊ ရှလင်၊ ကျောက်ယွမ်ထုနှင့် အခြားလူများကို စစ်မီးမှ ရှောင်ကျဉ်နိုင်ရန် ကောင်းကင်စီရင်စုဆီသို့ ခေါ်ဆောင်ခဲ့သည်”

“အသက်၂၇နှစ်တွင် သင်သည် အမျိုးသမီးနှစ်ယောက်တို့ကို လက်ထပ်ကာ သုံးပါးသော အနှစ်သာရအားနှင့် သက်ရှည် အစစ်အမှန်ချီတို့ကို တစ်ချိန်တည်းတွင် ပေါင်းစပ်ရန် စတင်ကြိုးစားသည်”

“အသက်၃၀နှစ်တွင် သင်သည် ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းကို အသုံးပြုပြီး ချီတစ်ဆင့် စစ်ဘုရင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ခဲ့သည်”

“အသက်၃၄နှစ်တွင် ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ရောက်ရှိကာ တောင်ခွဲဆေဘာအတတ်၏ အဆင့်ခြောက်ကို တီထွင်ခဲ့သည်။ သင်သည် တောင်ခွဲအားနှင့် ကောင်းကင်မြစ်မိုး၏ တန်ပြန်အားကို ပေါင်းစပ်ကာ အစွန်းရောက်ဆေဘာနှင့် ဓါး ပေါင်းစပ်ခြင်းအတတ်- အဆုံးမဲ့တောင်နှင့်မြစ်ကို ဖန်တီးခဲ့သည်”

“ထိုနှစ်ကုန်တွင် ကျီပိုင်ဝေဟာ မကောင်းမှုခုနစ်မျိုး မျက်နှာဖုံး၏ အခြားအပိုင်းအစကို ဝါးမြိုရန် ကျရှုံးကာ သေဆုံးခဲ့သည်။ ထိုသတင်း ရောက်လာပြီးနောက် သင်ဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသည်ကို နက်ရှိုင်းစွာ ခံစားရပြီး သင်၏ စိတ်ပိုင်းဆိုင်ရာတွင် ပြဿနာ ရှိလာခဲ့သည်”

“အသက်၃၅နှစ်တွင် ငရဲကိုးခု စံအိမ်သခင်ဟာ သင့်ကို လာရှာခဲ့သည်”

“သင်နှင့် လုယင်ရွှမ်းတို့ ပူးပေါင်းကာ တစ်ဖက်လူကို ဒဏ်ရာအပြင်းအထန် ရစေခဲ့ပေမယ့် နောက်ဆုံးတွင် အနိုင်ယူနိုင်ခြင်း မရှိပဲ နှစ်ယောက်လုံး သေဆုံးခဲ့ရသည်..”

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်အား ရရှိသည်”

“၃။ ဘဝ၏ မည်သည့်အတွေ့အကြုံ အစိတ်အပိုင်းကိုမဆို ရရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၁၆၀လျန်”

“ဒါက…”

အစမ်းရှင်သန်ခြင်းမှ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်ဟာ အတွေးများဖြင့် ပြည့်နှက်သွားသည်။

“ထားလိုက်ပါတော့… အများကြီး စဉ်းစားနေလည်း အဓိပ္ပာယ်မရှိဘး.. ဒါတွေအားလုံးက မဖြစ်သေးတဲ့ အရာတွေပဲ.. အဓိကအချက်က ကျင့်စဉ်ကို ရရှိဖို့ပဲ”

သူက တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။

“နံပါတ်၃ကို ငါရွေးတယ်”

ရွေးချယ်မှု ပြီးဆုံးပြီးနောက် သူ၏ရှေ့တွင် ဇာတ်ကားတစ်ခုသဖွယ် ပုံရိပ်များ ပေါ်လာခဲ့သည်။ မကြာခင် မြင်ကွင်းဟာ သူ၏ သိုင်းပညာ ကျင့်ကြံသည့် နေရာသို့ ရောက်ရှိသွား၏။

သူ၏ အာရုံကို မြင့်မားစွာ စူးစိုက်လိုက်သည်။ ခဏအကြာ၌ ပထမအဆင့် စိတ်ဝိညာဉ်လုယူခြင်း အတတ်နှင့် ဗာဂျရာအတတ်၏ တတိယအဆင့် တို့ဟာ ပြီးပြည့်စုံစွာ ပေါ်လာကြသည်။

နောက်ဆုံးဖြစ်သည့် သူ့ကို ဖင်းစုစည်းခြင်း အဆင့်သို့ ချိုးဖျက်စေနိုင်သည့် သွေးချီလှည့်လည်ခြင်း ပုံကြမ်းနှင့် အတွင်းအား ပုံကြမ်း၊ ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းအတတ်တို့ဟာ အလွန်ရှုပ်ထွေးကာ နက်နဲလှသည်။

လက်ရှိတွင် သူကျင့်ကြံနေသည့် ကျင့်စဉ်အားလုံးတို့ထက် များစွာ သာလွန်၏။

များပြားလှသည့် ကျင့်ကြံခြင်း အသေးစိတ မှတ်ဉာဏ်များဟာ သူ၏စိတ်ထဲတွင် ကူးလူးနေခဲ့သည်။ မူးဝေစွာ ခံစားရ၏။

သိုင်းပညာများ- “

စိတ်ဝိညာဉ်လုယူခြင်းအတတ် (ပထမအဆင့် မစတင်သေး၊ ကျင့်ကြံရန်လိုအပ်ချက်အား မပြည့်မှီသေး- အဆင့်မြင့်အဆင့် ပါရမီ- အဆင့်မြှင့်တင်နိုင်ခြင်း မရှိ)”

“ဗာဂျရာအတတ်(တတိယအဆင့် မစတင်သေး၊ ကျင့်ကြံရန် လိုအပ်ချက်အား မပြည့်မှီသေး- ဗာဂျရာအတတ်၏ ဒုတိယအဆင့် ပြီးပြည့်စုံမှု- အဆင့်မြှင့်တင်နိုင်ခြင်း မရှိ)”

“ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်း (ပထမအဆင့် စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်”

“ပြီးပြည့်စုံသည့် တောင်ခွဲဆေဘာဓါးနှင့် ပြီးပြည့်စုံသည့် ကောင်းကင်မြစ်မိုး၏ တန်ပြန်အားတို့အား ပေါင်းစပ်နိုင်သည်။ သင်သည် အကောင်းဆုံး ကောက်နုတ်မှုလမ်းကြောင်း- တောင်ခွဲဆေဘာအား+ ကောင်းမြင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်း= အဆုံးမဲ့တောင်နှင့်မြစ်အား ကို ရရှိနိုင်သည်”

“ဒီအချက်ပေးချက်အတွက် အပို ရွှေ၃၀လျန်ကို ပေးချေရန် လိုအပ်သည်”

“အဆုံးမဲ့တောင်နှင့်မြစ်အား- ၎င်းသည် ကမ္ဘာမြေကြီး၊ မြစ်၊ ကန်နှင့် ပင်လယ်တို့၏ စွမ်းအားကို စုစည်းနိုင်သည်။ လုံလောက်သည့် အတွင်းအားသာ ရှိပါက ၎င်း၏စွမ်းအားဟာ အဆုံးမဲ့စွာ တိုးမြင့်လာနိုင်၏။ သီအိုရီအရ ပြီးပြည့်စုံသည့် သုံးမှတ်မူလပြန်ခြင်းအတတ်ကိုပင် ဖိနှိပ်နိုင်သည်”

“ဒီအချက်ပေးချက်အတွက် အပို ရွှေ၃၀လျန်ကို ပေးချေရန် လိုအပ်သည်”

“လက်ရှိကျန်ငွေ- ရွှေ၁၀၀လျန်”

“သုံးမှတ် မူလပြန်ခြင်းအတတ်ကို ဖိနှိပ်နိုင်တာလား”

ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။

အချိန်အတော်ကြာပြီးမှ သတိပြန်လည်လာပြီး အတွေးများကို ရပ်လိုက်၏။ လက်ရှိအချိန်၌ သူ၏ ပထမဆုံး ပန်းတိုင်မှာ အတွင်းအားကို အမြန်ဆုံး ဖမ်းဆုပ်ပြီး သုံးပါးသော အနှစ်သာရအားကို တိုးမြင့်စေကာ တိုက်ခိုက်မှုခွန်အားကို မြှင့်တင်ရန် ဖြစ်သည်။

သိုင်းပညာများး- တောင်ဖြိုလက်သီး(တတိယအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲခြင်း အဆင့်၆၊ တောင်ဖြိုအား အဆင့်၅)၊

ယင်ဖင်းလက်ဝါး(တတိယအဆင့် ပြီးပြည့်စုံခြင်း ၉၈%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- အဆိပ်ခံနိုင်ရည်ရှိခြင်း အဆင့်၆၊ ယင်ဖင်းအား အဆင့်၃)၊

လေဟုန်စီးခြေထောက်(တတိယအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- မြန်ဆန်ခြင်း အဆင့်၆၊ လေဟုန်စီးအား အဆင့်၄)။

ဟန်ကျောက်ဟာ သိုင်းပညာဇယားကို ကြည့်ကာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

“အရင်ဆုံး ဒီဗိုင်းဓါးစံအိမ်ကနေ ယင်စွမ်းအင်ကို အရင်ယူတာပေါ့”

“ရှလင်ရဲ့ သွေးချီ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီလား မသိဘူး”

သူဟာ ဆက်လက်စောင့်စားရန် စီစဉ်ထားခြင်း မရှိတော့ပါ။

“ငါမှတ်မိတာတော့ သူမရဲ့ မွေးနေ့က ငါးရက်ပဲလိုတော့တယ်။ အဆင့်ချိုးဖျက်ဖို့ နေ့ကောင်းပဲ”

ထိုညနေတွင်…

နေဟာ အနောက်ဘက်သို့ ဝင်ရောက်ကာ ညနေခင်း၏ အလင်းဟာ ကောင်းကင်တွင် ပြည့်နှက်နေ၏။ နီဆွေးသည့် တိမ်များဟာ လှပသည့် ကောင်းကင်ပြင်ပေါ်တွင် ရက်လုပ်ထားသည့် လှပသည့် ပန်းပြောက်များသဖွယ် ရှိသည်။ သူတို့၏ မင်္ဂလာညအတွက် ဝတ်စုံများနှယ် ရှိနေ၏။

“ရုပ်ရည်ကို မှီခိုပြီး ချမ်းချမ်းသာသာ နေနိုင်၏.. သို့ပေမယ့် ငါတို့ကတော့ ကိုယ့်အားပဲ ကိုယ်ကိုးဖို့ လုပ်နေရသည်..”

ဟန်ကျောက်ဟာ အပြာရောင် ပိုးထည်အား လဲလှယ်ပြီးနောက် မှန်ရှေ့တွင် ရပ်ကာ ဘယ်တစ်လှည့် ညာတစ်လှည့် ကြည့်နေသည်။

“မင်းမှာ အပိုယင်စွမ်းအင် လုံလုံလောက်လောက် မရှိတော့ရင်လည်း အသုံးမဝင်တဲ့ အချက်ပေးချက်တွေကိုပဲ ပြမနေနဲ့”

God Genzo:

All Chapters