← Chapters

အခန်း (၁၂၈)

Vol. 9 Ch. 128

အခန်း (၁၂၈)

Vol. 9 Ch. 128

စနစ်၏ မျက်နှာပြင်ကို ကြည့်ကာ ဟန်ကျောက် မနေနိုင်ပဲ ပြောဆိုသည်။ သူက သူ့ကိုယ်သူအား မှန်ထဲတွင် မကြည့်ဖြစ်တာ ခဏတာ ရှိပါသေးသည််။ အဝတ်များဟာ ပိုမိုကြပ်လာပြီး သေးသွားသည့်ပုံပါ။ သူဟာ အရပ်ရှည်လာသည့်နှယ် ရှိ၏။

“ငါ့အရပ်က ၁.၈မီတာလောက် ရှိနေလောက်ပြီ”

သူက ထိုအကြောင်းကို ဂရုစိုက်မနေပါ။

အရိုးကျုံ့ခြင်းအတတ်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပြီးနောက် သူဟာ အများဆုံး သူ၏အရပ်ကို ၂မီတာအထိ မြင့်တက်စေကာ ၁.၄မီတာအထိ ကျုံ့စေနိုင်သည်။

မည်သည်ကိုမှ ဂရုမစိုက်တော့ပဲ ခွန်အားကို အကုန်သုံးပြီး တိုက်ခိုက်မှသာလျှင် အရိုးကျုံ့ခြင်းဟာ အာနိသင်တို့ ပျောက်ဆုံးသွားတတ်သည်။

သို့ရာတွင် စိတ်ဝိညာဉ်ပုန်းအောင်းခြင်း အတတ်၏ အငွေ့အသက် ပုန်းအောင်းသည့် သက်ရောက်မှုဟာ ရှိနေပါသေးသည်။ သူ၏ အရိုးကျုံ့အတတ် ကျဆုံးလျှင်တောင် မျက်နှာဖုံးနှင့် ပြောင်းလဲနေသည့် အငွေ့အသက်ကြောင့် သူ့ကို မည်သူမှ မှတ်မိနိုင်မည် မဟုတ်ပေ။

“ပြီးပြည့်စုံတယ်”

ဟန်ကျောက်ဟာ ရှည်လျားသည့် ဆံပင်ကို ဖြီးကာ သရဖူကို ဝတ်သည်။

သိုင်းသမား အများစုတို့ဟာ အဆင်ပြေရန်အတွက် ဆံပင်များကို အတိုညှပ်ထားလေ့ ရှသည်။ အစပိုင်းတွင် သူလည်းပဲ တူညီစွာ ဖြစ်၏။

သို့ပေမယ့် သူ၏ ခွန်အားတို့ မြင့်တက်လာသည်နှင့်အမျှ သူဟာ ဆံပင်ညှပ်ရန် စိတ်မရှိတော့ပေ။ သူ၏ ဆံပင်ဟာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ပိုမို၊ ပိုမိုကာ ရှည်လာခဲ့၏။

ဟန်ကျောက်ဟာ အခန်းထဲမှ လျှောက်ထွက်ကာ ခြံဝန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ခြံဝန်းအလယ်တွင် ကြီးမားသည့် သစ်ပင်တစ်ခုကို စိုက်ပျိုးထား၏။

သစ်ပင်ထိပ်တွင် လက်ဖဝါးအရွယ် ငှက်တစ်ကောင်ဟာ တင့်တယ်သည့် အတောင်ပံများနှင့် ရပ်ကာ ကောင်းကင်ကို မော့ကြည့်နေ၏။

ဟန်ကျောက်က မော့ကြည့်ကာ သစ်ပင်ထိပ်ရှိ ငှက်လေးကို အော်ခေါ်လိုက်သည်။

“ယုနျန်.. ငါအပြင်သွားဦးမယ်.. ညကျ ပြန်မလာတော့ဘူး”

သစ်ပင်ထိပ်ရှိ ယုနျန်ဟာ တုံ့ပြန်ခြင်း မရှိပေ။ သူမဟာ ကောင်းကင်သို့သာ ဆက်လက်ကြည့်နေ၏။ နေဝင်ချိန်ကိုလား.. အခြားတစ်ခုခုကိုလား မသိနိုင်ပေ။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ခြံထဲမှ ထွက်ခွာသွား၏။

“နောက်ဆုံးတော့ ငါ့ရဲ့ ခွန်အားအနည်းငယ် ပြန်ကောင်းလာခဲ့ပြီ”

ရေခဲတေးသီငှက်အဖြစ် ပြောင်းလဲနေသည့် ယုနျန်က ပထမဆုံးအကြိမ် ဒီပုံစံဖြင့် လူစကားကို ပြောသည်။ ဒီအချိန်၌ သူမ၏ အသံဟာ အနည်းငယ်အေးစက်ကာ ခံစားချက်တို့ ကင်းမဲ့နေ၏။

“အဲ့ဒါကောင်းတယ်”

ညင်သာကာ အားနည်းသည့် အသံတစ်ခု ပေါ်လာ၏။

“အခုအချိန်မှာ ထွက်သွားတာက စိတ်ကူးကောင်းပဲ”

“နင်မထွက်သွားနိုင်ဘူးလား”

“မဟုတ်ဘူး.. အဲ့လိုမဟုတ်ပါဘူး”

“နင် အဲ့ကောင်လေးကို ကြိုက်နေတာ.. ဟုတ်တယ်မလား”

“မဟုတ်ပါဘူး”

“ဒါဆိုရင် ငါသူ့ကို သတ်မယ်”

“မဟုတ်ဘူး.. အစ်ကိုဟန်က ကျွန်မကို ကယ်ခဲ့တာ.. ပြီးတော့…”

“ငါက နင့်ကို စတာပါ။ ဘယ်လိုလုပ်ပြီး ငါယုရွှမ်ကျီက ကျေးဇူးတရားကို ကျေးဆွတ်တဲ့ ပုံစံမျိုးနဲ့ ပြန်ပေးမှာလဲ။ ဒီကောင်လေး နင့်ကို ပေးခဲ့တဲ့ အစစ်အမှန် ချီကျင့်ကြံခြင်း နည်းလမ်းကြောင့်သာ မဟုတ်ရင် နှစ်တွေဘယ်လောက်ကြာကြာ ငါဆက်အိပ်ပျော်နေမလဲ ဆိုတာကို မသိနိုင်ဘူး”

“ကျွန်မ တောင်းပန်ပါတယ်”

“နင်က ငါပဲလေ။ ဘာလို့ တောင်းပန်နေတာလဲ”

“ကျွန်မ တောင်းပန်ပါတယ်”

“နင်တကယ်ပဲ…”

“ကျွန်မ သူ့ကို မိသားစုဝင်တစ်ယောက်လိုပဲ သဘောထားတာပါ။ အစ်ကိုဟန်က လူကောင်းတစ်ယောက်ပါ”

“ကောင်းပါပြီ။ သူ့ဘေးမှာပဲ နှစ်အနည်းငယ်လောက် ထပ်နေဦးပေါ့။ ဒါပေမယ့် ခြောက်နှစ်အတွင်းမှာ ထွက်ခွာရမယ်။ မဟုတ်ရင် ငါ့ရဲ့ခွန်အား တဖြည်းဖြည်း ပြန်ကောင်းလာရင် ဟိုခွေးမ ယုရှန်နဲ့ ကျားဖြူ အုပ်စိုးသူ မိသားစုက သေချာပေါက် လာရှာမှာ။ ငှက်တစ်ရာ တိုက်ပွဲပုဆိန်ပေါ်လာရင် ပျက်စီးမှုကို ဖြစ်စေလိမ့်မယ်။ ငါမထွက်သွားရင် ဒီကောင်လေးလည်း ကံဆိုးပြီ”

“ဟုတ်ကဲ့။ ကျွန်မ သိပါပြီ”

ရှအိမ်တော်တွင်…

ဟန်ကျောက်ဟာ အနောက်ဘက်ခြံဝန်းဆီသို့ တည့်မတ်စွာ တန်းဝင်သွား၏။ အခန်းထဲသို့ လျှောက်ဝင်သွားပြီးနောက် အတွင်းထဲတွင် မည်သူမှ ရှိမနေကြောင်းကို တွေ့လိုက်ရသည်။

ထို့ကြောင့် ပြန်လည်လျှောက်ထွက်လာ၏။ စင်္ကြံလမ်းတွင် လှပသည့် အစေခံမလေး တစ်ယောက်က သူ့ကို ဒူးညွှတ်ကာ နှုတ်ဆက်သည်။

“သခင်လေးဟန်”

“ချွမ်ထောင်.. နင့်ရဲ့ သခင်မလေး ဘယ်မှာလဲ”

ဟန်ကျောက်က ပြုံးသည်။

“သူမ ရေချိုးနေပါတယ်။ ကျေးဇူးပြုပြီး အခန်းထဲမှာ ခဏလောက် စောင့်ပေးပါရှင့်”

ချွမ်ထောင်က လေးစားစွာ ပြောရင်းမှ အနာဂတ်၏ သခင်လေးမျက်နှာအား တိတ်တဆိတ် ကြည်သည်။

‘သခင်မလေးက တော်တော်ရွေးတတ်တာပဲ’

နောင်တွင် သူမလည်းပဲ အခွင့်အရေး ရှိမည်လားဟု တွေးတောမိ၏။

ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။

“ကောင်းတယ်။ ငါလည်း ရေချိုးချင်နေတာ”

“အာ”

ချွမ်ထောင်တစ်ယောက် ခဏတာ မှင်သက်သွား၏။ သူမ၏ ပန်းရောင်နှုတ်ခမ်း နှစ်လွှာဟာ အနည်းငယ် ပွင့်ဟသွားပြီး ဟန်ကျောက်၏ နောက်သို့လှည့်ကာ ထွက်ခွာသွားမှုကို ကြည့်နေသည်။ ခဏတာအတွင်း နေရာမှာတင် မှင်သက်စွာ ငိုင်တိုင်နေမိ၏။

ဟန်ကျောက်ဟာ ရှလင် ရေချိုးနေသည့် အနောက်ဘက် အခန်းဆီသို့ အမြန်သွားသည်။ တံခါးဝတွင် အစေခံမလေးနှစ်ယောက်တို့ ရပ်နေကြ၏။ သူတို့ကတော့ ရှဟယ်နှင့် သုန်ကျင်းတို့ ဖြစ်ကြသည်။

“သ…”

“ရှူး”

အစေခံနှစ်ယောက်တို့က ဦးညွှတ်တော့မည့် အချိန်၌ ဟန်ကျောက်က တိတ်တိတ်နေရန် အမြန်လက်ပြသည်။

“ခရက်”

သူဟာ တံခါးကို ဖွင့်ပြီး ဝင်ရောက်သွား၏။ ရှေ့တွင် ရေငွေ့များ မြင့်တက်နေပြီး မြင်ကွင်းဟာ ပုံရိပ်ယောင်ဆန်လှသည်။

သူဟာ ဒီနေရာတွင် ရေချိုးခဲ့ဖူး၏။ လူချမ်းသာများ၏ ဘဝဟာ အလွန် စံစားလို့ကောင်းသည်ဟုသာ ဆိုရပေလိမ့်မည်။ လူဆင်းရဲများဟာတော့ သစ်သားစည်ကို သုံးကာ(သို့) မြစ်ဘေးသို့ သွားရောက်ကာ ချိုးကြရသည်။

ရှလင်၏ ရေချိုးခန်း တစ်ခုတည်းဟာ သူ၏ မူလက နေအိမ်လောက် ကြီးပါသည်။ ကျောက်တုံးများဖြင့် အထူးတည်ဆောက်ထားသည့် စတုရန်းမီတာ ၂၀ကျော် ကျယ်သည့် ရေကန်ကြီးတစ်ခု ဖြစ်၏။

ရေချိုးနေသည့် ရှလင်က တံခါးဝရှိ ပုံရိပ်ကိုကြည့်ကာ မေးသည်။

“ချုံကျုလား.. နင်ပြန်လာတာ မြန်လှချည်လား.. ဘာကိစ္စဖြစ်လို့လဲ”

မြူထဲရှိ ပုံရိပ်ဟာ အရပ်မြင့်ကာ အမျိုးသမီးမဟုတ်ကြောင်းကို သူမတွေ့လိုက်ရသည်။ ရှလင်ဟာ ထိတ်လန့်သွား၏။

“ဘယ်သူလဲ”

ဟန်ကျောက်ဟာ ရေကန်ဘေးဆီသို့ လျှောက်သွားပြီး ရှေ့ရှိမြင်ကွင်းကို ချီးကျူးမိသည်။ သူမဟာ ကန်အတွင်းမှ ထွက်လာနေခဲ့၏။ သူမ၏ စိုစွတ်နေသည့် အနက်ရောင် ဆံပင်များဟာ ရင်ဘတ်ပေါ်၌ ကပ်ညိနေ၏။ သို့ပေမယ့် အလွန်ပြည့်ဝသည့် အချိုးအဆစ်များကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

ချောမွေ့ကာ နူးညံ့သည့် အသားအရေဟာ မိန်းမငယ်လေး တစ်ယောက်၏ အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေပါသည်။

“မောင်လေးဟန်.. ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ” ရှလင်ဟာ အမြန်ပြန်ထိုင်၏။ မျက်နှာတစ်ဝက်ကိုသာ ရေပေါ်တွင် ဖော်ထားသည်။

“ဒီနေ့က မမရဲ့ မွေးနေ့လေ.. အဲ့ဒါကြောင့် လာပြီး ဂုဏ်ပြုပေးတာပေါ့”

ဟန်ကျောက်က ပြောရင်းနှင့် သူ၏ အင်္ကျီကြယ်သီးများကို ဖြုတ်သည်။

“နင်.. ဘာလို့ အဝတ်တွေ ချွတ်နေတာလဲ”

“နောက်ဆုံးအကြိမ်တုန်းက မမပဲ ကျွန်တော့မွေးနေ့အတွက် ဂုဏ်မပြုပေးခဲ့ဘူးလား”

ဟန်ကျောက်က အပြုံးတစ်ခုဖြင့် ပြောသည်။

ရေစက်များဟာ ရှလင်၏ မျက်နှာဝိုင်းလေးမှ စီးကျနေ၏။ ရှက်ရွံ့နေ၍လား၊ ပူနေ၍လား မသိပေ။ လှပသည့် မျက်နှာလေးဟာ မက်မွန်ပန်းလေး ပွင့်လန်းနေသည့်နှယ် ရှိနေတော့သည်။

“ဒီ.. ဒီနေရာမှာလား”

ရှလင်၏ မျက်လုံးများဟာ ရီဝေလာခဲ့သည်။ ဟန်ကျောက်က ဖြေကြားခြင်းမပြုပါ။ ဒီအချိန်၌ သူလုပ်ရန်လိုသည်မှာ စတင် ဦးဆောင်ရန်သာ ဖြစ်၏။

ရေပူတွင် ရေချိုးခြင်းက လူတစ်ယောက်၏ သွေးချီကို အလွန်သွက်လက်စေပါသည်။

တစ်နာရီကြာပြီးနောက်…

“ရှဟယ်၊ သုန်ကျင်း.. ဘာဖြစ်လို့လဲ.. သခင်မလေးရော ဘယ်မှာလဲ”

အစားအစာနှင့် ဝိုင်တို့ကို သွားရောက်ပြင်ဆင်သည့် ချုံကျုဟာ အခန်းထဲတွင် ရှလင်ကို တွေ့ရခြင်း မရှိပေ။

ထို့ကြောင့် ရေချိုးကန်ဆီသို့ လိုက်လာခြင်း ဖြစ်၏။ နီရဲသော မျက်နှာများနှင့် ဦးခေါင်းများကို ငုံ့ကာ ရပ်သေနည့် ရှဟယ်နှင့် သုန်ကျင်းတို့ကို တွေ့လိုက်ရသည်။

ထိုအချိန်၌ ညည်းသံတစ်ခု ထွက်ပေါ်လာ၏။ ရေကန်အတွင်းတွင် ဘဲငန်းတို့ ကစားနေသည့် အသံမျိုးများလည်း ထွက်ပေါ်လာခဲ့သည်။ ထိုနောက်တွင် ရေပွက်သံများ လိုက်ပါလာ၏။

“ချုံကျု.. ချုံကျု.. နင်တို့အားလုံး.. ထွက်သွားကြ”

ရှလင်၏ ဖိနှိပ်ထားသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

“သခင်မလေး.. ဘာဖြစ်တာလဲ”

ချုံကျုဟာ နားမလည်သည့်ပုံနှင့် ရှိနေ၏။

ရှဟယ်နှင့် သုန်ကျင်းတို့က သူမ၏ လက်များကို နှစ်ဖက်မှ လာရောက်ဆွဲကာ တိုးညှင်းစွာ ပြောသည်။ ချုံကျု၏ မျက်လုံးများဟာ တဖြည်းဖြည်း ပြူးကျယ်လာပြီး သူမ၏ မျက်နှာက ကြောင်တောင်သွား၏။ ထို့နောက် နီရဲလာလေသည်။ ဒီအချိန်၌ သူမဟာ ရုတ်တရက် အရွယ်ရောက်လာခဲ့သည်။

မိန်းကလေး သုံးယောက်တို့ဟာ အနောက်ဘက်ခြံဝန်းမှ ဆုတ်ခွာပြီး မည်သူကိုမှ ချည်းကပ်ခွင့် မပြုတော့ပေ။ နောက်ထပ် တစ်နာရီဟာ ကုန်ဆုံးသွားခဲ့သည်။

ဟန်ကျောက်ဟာ ရေကန်အစွန်းတွင် ထိုင်ကာ မျက်လုံးများကို မှိတ်ထား၏။ ရှလင်က သူ၏ပေါင်ပေါ်တွင် ထိုင်နေ၏။ သူမဟာ အရိုးများ မရှိတော့သည့်အလား ပျော့ခွေနေပါသည်။

သူမ၏ လက်များကို သူ၏လည်ပင်းတွင် ခိုတွဲကာ ခိုင်မာသည့် ရင်ဘတ်ကြွက်သားများထဲ၌ ခေါင်းတင်ထား၏။ မည်သူမှ စကားပြောခြင်း မရှိပေ။

ဟန်ကျောက်ဟာ အဆင့်ချိုးဖျက်ပြီးနောက် သူ၏ အတွင်းအားနှင့် သွေးအမှတ်အသား ပြောင်းလဲမှုတို့ကို ခံစားရသည်။ ရှလင်မှာတော့ အလွန် မောဟိုက်နေ၏။

အချိန်အတော်ကြာပြီးမှ ဟန်ကျောက်၏ မျက်လုံးများ ပွင့်လာပြီး ညလင်၏ ချောမွေ့သည့် နောက်ကျောကို ညင်သာစွာ သပ်သည်။ ပြုံးကာ ပြော၏။

“ကျွန်တော် အောင်အောင်မြင်မြင် အဆင့်ချိုးဖျက်သွားပြီဂ မမလည်း သက်ရှည်ကျမ်းကျင့်ကြံမှု အများကြီး တိုးတက်လာခဲ့တယ်။ ဒါပေမယ့် တတိယအဆင့် သွေးချီချိုးဖျက်မှုကို မတက်ရောက်နိုင်ခဲ့ဘူး။ နှမြောစရာပဲ”

“အကြိမ်အနည်းငယ်ပြီးတော့ သေတော့မယ်တောင် ထင်သွားတာ။ ဘယ်လိုလုပ်ပြီး အဆင့်ချိုးဖျက်ဖို့ စိတ်ရှိမှာလဲ။ ဒါမေပယ့် သွေးချီကတော့ အများကြီး တိုးပွားလာခဲ့တယ်”

ရှလင်၏ မျက်လုံးများဟာ ရီဝေနေပြီး ညင်သာစွာနှင့် ခွန်အားမဲ့စွာ ပြောသည်။

God Genzo:

All Chapters