← Chapters

အခန်း (၁၂၉)

Vol. 9 Ch. 129

အခန်း (၁၂၉)

Vol. 9 Ch. 129

“တစ်ကြိမ်တည်းနဲ့ အဆင့်မတက်နိုင်လည်း ဘာမှမဖြစ်ဘူး။ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ကြိုးစားပေါ့”

ဟန်ကျောက်က စ၏။

“ထပ်မလုပ်တော့ဘူး.. ရတယ်”

ရှလင်က သူ့ကို တင်းကြပ်စွာ ဖက်သည်။

“မမ.. သွေးချီအကြောင်းကို ပြောနေတာနော်”

ဟန်ကျောက် သူမကို လှောင်၏။

ရှလင်က ရှက်ရွံ့စွာဖြင့် သူ၏ လက်များအကြားတွင် ခေါင်းဖွက်သွားသည်။ သန်မာအားကောင်းသည့် နှလုံးခုန်သံကို နားထောင်ကာ သူမဟာ အလွန် ငြိမ်းချမ်းစွာ ခံစားရ၏။

ဟန်ကျောက်က သူ၏လက်ကို သူမ၏ ဝမ်းဗိုက်ပေါ်သို့ တင်လိုက်သည်။ ရှလင်၏ ခန္ဓာကိုယ်ဟာ တုန်ခါသွားပြီး အသံပြုမိ၏။ ဒန်တျန်အတွင်းသို့ သက်ရှည် အစစ်အမှန်ချီတို့ ဝင်ရောက်လာမှသာ တုံ့ပြန်လာပြီး လှုပ်ရှားမှု မပြုတော့ပေ။

ခဏအကြာ၌ ဟန်ကျောက်ဟာ သူမကို ရေကန်မှ သယ်ဆောင်လာခဲ့သည်။

“ပင်ပန်းရင် တအောင့်နားလိုက်ဦး.. ချုံကျုတို့ကို အဝတ်လာလဲခိုင်းလိုက်မယ်”

“အင်း”

ရှလင်က ခေါင်းညှိတ်သည်။ လိမ္မာသည့် ဇနီးလေးသဖွယ် ရှိနေ၏။

ဟန်ကျောက်ဟာ သူ၏အဝတ်များကို ဝတ်ဆင်ပြီး ရေချိုးခန်းမှ ထွက်ခဲ့သည်။ အပြင်ဘက်တွင် မိုးဟာ သည်းထန်စွာ ရွာသွန်းနေ၏။

“နေဝင်ပြီး မိုးရွာလာတယ်..”

ဟန်ကျောက်ဟာ လက်ကိုဆန့်ကာ တံစက်မြိုက်အောက်သို့ ပို့လိုက်သည်။

“စက်..”

ပဲစေ့အရွယ် မိုးရေစက်တို့ ကျဆင်းလာ၏။ ၎င်းတို့ဟာ သူ၏လက်ဝါးမှ သုံးလက်မ အကွာလောက်တွင် မမြင်နိုင်သည့် အားတစ်ခုဖြင့် ပြိုကွဲသွားခဲ့သည်။

ဟန်ကျောက်ဟာ မိုးရေအတွင်းတွင် လမ်းလျှောက်သွား၏။ သည်းထန်သည့် မိုးဟာ သွန်းဖြိုးနေပေမယ့် သူ၏ အဝတ်များကို မိုးရေတစ်စက်မှ ထိမှန်နိုင်ခြင်း မရှိပေ။ ခန္ဓာကိုယ်ပေါ်တွင် မမြင်နိုင်သည့် အလွှာတစ်ခု ပေါ်လာသည့်ပုံပါ။

“ပေါ့၊ ပေါ့၊ ပေါ့..”

မိုးရေစက်အားလုံးတို့ဟာ အဝတ်များကို ထိတော့မည်အပြုတွင် အတွင်းအား၏ တွန်းကန်မှုကို ခံလိုက်ရ၏။

“တောင်ဖြိုလက်သီးသိုင်း(စတုတ္ထအဆင့် စတင်ခြင်းအဆင့် ၃%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲခြင်း အဆင့်၈၊ တောင်ဖြိုအား အဆင့်၇)”

“ယင်ဖင်းလက်ဝါး(စတုတ္ထအဆင့် စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- အဆိပ်ခံနိုင်ခြင်း အဆင့်၉၊ ယင်ဖင်းအား အဆင့်၆)”

“လေဟုန်စီးခြေထောက်(စတုတ္ထအဆင့် စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- မြန်ဆန်ခြင်း အဆ့င်၈၊ လေဟုန်စီးအား အဆင့်၆)”

သိုင်းပညာကော်လံရှိ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။

“အတွင်းအားက ခန္ဓာကိုယ်မျက်နှာပြင်မှာ လုံးဝ ဖုံးထားနိုင်ပြီ။ ဒါက ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှု အဆင့်ရဲ့ လက္ခဏာရပ်ပဲ။ ငါကတော့ အဆင့်တက်ခါစ ရှိသေးတယ်။ အတွင်းအားသုံးခုရဲ့ ပေါင်းစပ်မှုက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်နေပြီ”

အတွင်းအား တစ်မျိုးတည်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်ပါက ခွန်အားသန့်စင်ခြင်း၏ အကြီးစားကျွမ်းကျင်မှုအဆင့် ဖြစ်သည်။

သူသာ အတွင်းအား ငါးခု(သို့) ခြောက်ခုလောက်ကို ထပ်ဆင့်ကာ အလွှာတစ်ခုစီနှင့် ခန္ဓာကိုယ်အား ဖုံးလွှမ်းထားပါက သူ၏ ခံနိုင်ရည်ဟာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို မတ်တပ်ရပ်ပေးကာ စိတ်ကြိုက် တိုက်ခိုက်ခိုင်းလျှင်တောင် ချိုးဖျက်နိုင်မည် မဟုတ်ပါ။

“ငါ့ခန္ဓာကိုယ်ထဲမှာ သွေးအမှတ်အသားတွေ အများကြီး ကျန်သေးတယ်။ တောင်ခွဲဆေဘာအတတ်လည်း အဆင့်ချိုးဖျက်တော့မယ်။ ရှလင်လည်း အဆင့်မတက်သေးဘူးဆို‌ေတာ့ အကြိမ်အနည်းငယ်လောက် ထပ်ပြီး လေ့ကျင့်ရမယ်”

ဟန်ကျောက်ဟာ ခုနက ခံစားချက်ကို ပြန်ပြောင်းစဉ်းစားမိ၏။ သူ၏မျက်လုံးများက လောင်ကျွမ်းလာခဲ့သည်။ ယောကျားသား မည်မျှဟာ ယခုကဲ့သို့ နှစ်မွှာကျင့်ကြံခြင်း၏ စမ်းသပ်မှုကို တောင့်ခံနိုင်မည်နည်း။

နောက်ထပ် တစ်ညတာ လှပသည့် အိပ်စက်မှုအပြီးတွင် ဟန်ကျောက်ဟာ မျက်လုံးများ ပွင့်လာပြီး လန်းဆန်းစွာ ခံစားရ၏။

ကလေးတစ်ယောက်ကဲ့သို့ အိပ်ပျော်နေသည့် ရှလင်ကို ကြည့်ကာ သူမ၏ ပေါင်ကို ညင်သာစွာ တွန်းဖယ်လိုက်သည်။ အိပ်ယာထကာ အဝတ်များကို ဝတ်ဆင်ပြီး ခြံဝန်းအတွင်းသို့ လျှောက်ထွက်ခဲ့၏။

လူနှစ်ယောက် အတူတူဖက်နိုင်အောင် ကြီးးမားသည့် ခြံထဲရှိ သစ်ပင်ကို ကြည့်ကာ ဟန်ကျောက်၏ မျက်လုံးများဟာ လင်းလက်သွားသည်။

ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ညာဘက်လက်ကို လက်သည်းတစ်ခုသဖွယ် ကွေးလိုက်သည်။ လက်ဝါးဖြင့် လေထဲတွင် ဖမ်းဆုပ်လိုက်၏။ ကလေးငယ်တစ်ယောက်၏ လက်မောင်းမျှ ထူထဲသည့် သစ်ကိုင်းတစ်ခုကို ဖမ်းဆွဲလိုက်သည်။

တောင်ဖြိုအား၊ ယင်ဖင်းအားနှင့် လေဟုန်စီးအားတို့ဟာ သူ၏လက်ဝါးထဲတွင် စုစည်းနေ၏။ သွေးသန့်စင်ခြင်းအဆင့်၌ အသုံးပြုခဲ့သည့် အတွင်းအား သုံးခုနှင့် နှိုင်းယှဉ်ပါက သုံးပါးသော အနှစ်သာရအားဟာ ရုတ်တရက် ပေါင်းစပ်သွားခဲ့သည်။

“ခရက်၊ ခရက်”

သစ်ကိုင်းဟာ လက်ဝါးထဲတွင် လည်ပတ်သွားပြီး သစ်ခွံများဟာ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပြန့်ကြဲသွားသည်။ လက်ဝါးထဲရှိ သစ်သားဟာ အခွံ့တို့ လုံးဝ ကျတ်သွားပြီးနောက် သူဟာ အတွင်းအားကို အသုံးပြုလိုက်သည်။

“ဆွစ်၊ ဆွစ်၊ ဆွစ်..”

သစ်သားအစများဟာ ထွက်ခွာသွားပြီး လေကို ထိုးခွဲသည့် ထက်မြသည့် အသံနှင့်အတူ နှစ်မီတာ အကွာရှိ သစ်ပင်များအား ထိမှန်ကြသည်။ သစ်ပင်အတွင်းသို့ ဝင်ရောက်ကုန်ကြ၏။

‘သာမန် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ဆိုရင် သူတို့ရဲ့အတွင်းအားကို ခန္ဓာကိုယ် အပြင်ဘက်ကို ရောက်တယ်ဆိုရုံလောက်ပဲ ထုတ်လွှတ်နိုင်ကြတယ်.. အကြီးမားဆံုး စွမ်းအားကို ထုတ််လွှတ်ချင်ရင် ခန္ဓာကိုယ်နဲ့ ထိတွေ့မှရတယ်။ ငါ့ရဲ့ လက်ရှိ သုံးပါးသောအနှစ်သာရ အားရဲ့ စွမ်းအားကတော့ ဒီအကွာအဝေးလောက် အတွင်းမှာ အားအများကြီး နည်းမသွားဘူး။ အလစ်အငိုက် တိုက်ခိုက်လို့ရတယ်’

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

အတွင်းအားတွင် ခြားနားသည့် လက္ခဏာရပ်များ ရှိကြပေမယ့် ဤသည်မှာ လက်တွေ့ရှိခြင်းနှင့် မမြင်နိုင်ခြင်းတို့ အကြားရှိ အရာတစ်ခု ဖြစ်သည်။ အစစ်အမှန်ကဲ့သို့ တွေ့မြင်နိုင်ခြင်း မရှိပေ။ ခန္ဓာကိုယ်မှ အတွင်းအား ထွက်ခွာနိုင်ခြင်းက အလစ်အငိုက် တိုက်ခိုက်ရန် ပိုမိုလွယ်ကူပါသည်။

အဆင့်ချိုးဖျက်ပြီးနောက် သူလှည့်လည်သည့် သုံးပါးသော အနှစ်သာရအားဟာ သွေးသန့်စင်ခြင်း အဆင့်တုန်းကဲ့သို့ ခက်ခဲခြင်း မရှိတော့ပါ။ သို့ပေမယ့် စိတ်ကြိုက် ပေါင်းစပ်နိုင်သည့် အဆင့်အထိတော့ မရောက်သေးပေ။

ဘာပဲဖြစ်ဖြစ် သူဟာ မနေ့ကမှ အတွင်းအားကို ဖမ်းဆုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အတွင်းအား သုံးခုတို့ဟာ များစွာ တိုးမြင့်လာခဲ့ပြီး သူ့အနေနှင့် အသားကျရန် အချိန်လိုပါသေးသည်။

စွမ်းရည်မှတ်တို့ ထည့်ပေါင်းလျှင်တော့ ထိုဖြစ်စဉ်ကို များစွာ လျှော့ချနိုင်ပါသည်။

“ကျင့်ကြံပြီး အဆင့်ချိုးဖျက်ဖို့ပဲ အဓိကအာရုံစိုက်နေတော့ အဆင့်တက်ပြီးနောက်ပိုင်း အစမ်းရှင်သန်မှုပြုဖို့ လိုအပ်ချက်တွေကို ကြည့်ဖို့တောင် မေ့နေတယ်”

ဟန်ကျောက်ဟာ သတိလည်လာပြီးနော်က ရေရွတ်၏။

“စနစ်”

“အချက်ပေး အပိုင်းအစ ၅၀ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်မည်လား”

“တစ်ကြိမ် ပေါင်းစပ်ရန်အတွက် အချက်ပေးအပိုင်းအစ ၇၀နှင့် ရွှေ၁၈၀လျန်တို့ကို ကုန်ကျမည်။ သင်သည် အခြေခံ ဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း) တစ်ကြိမ်ကို သေချာပေါက် ရရှိမည် ဖြစ်၏”

“အဖြူရောင်ပါရမီအား ရနိုင်ချေဟာ ၁၆% တိုးလာခဲ့သည်။ အစိမ်းရောင်ပါရမီအား ရနိုင်ချေဟာ ၁၂%တိုးလာခဲသည်။ အပြာရောင်ပါရမီအား ရနိုင်ချေဟာ ၉% တိုးလာခဲ့သည်။ ခရမ်းရောင် ပါရမီအား ရနိုင်ချေဟာ ၇% တိုးလာခဲ့သည်။ လိမ္မော်ရောင် ပါရမီအား ရနိုင်ချေဟာ ၆% တိုးလာခဲ့သည်။ အနီရောင် ပါရမီအား ရနိုင်ချေဟာ ၅% တိုးလာခဲ့သည်။ ရွှေရောင် ပါရမီအား ရနိုင်ချေဟာ ၀.၁% တိုးလာခဲ့သည်”

“လက်ရှိကျန်ငွေ- ရွှေ၁၀၀လျန်”

“ပါရမီ ရနိုင်‌ချေက အများကြီး တိုးတက်လာတယ်။ ရွှေလိုအပ်မှုကလည်း သုံးဆတိုးသွားတယ်။ ဒါပေမယ့် အချက်ပေးအပိုင်းအစ လိုအပ်မှုက တိုးလာတာ သိပ်မများဘူး”

God Genzo:

All Chapters