← Chapters

အခန်း (၁၃၀)

Vol. 9 Ch. 130

အခန်း (၁၃၀)

Vol. 9 Ch. 130

သီအိုရီအရ ဆိုပါက အစမ်းရှင်သန်ပြီးနောက် ရရှိလာသည့် စွမ်းရည်မှတ်များဟာ နှစ်ဆနီးပါး မြင့်မားလာခဲ့လျှင် ရွှေလိုအပ်မှုမှာလည်း နှစ်ဆနီးပါး များပြားလာပေမယ့် အချက်ပေးအပိုင်းအစ လိုအပ်မှုနှုန်း မြင့်မားလာမှုကတော့ ပိုမိုနည်းပါးပါသည်။

ဤသည်က အရှုံးမရှိပေ။ ပိုက်ဆံက ရှာဖို့လွယ်၏။ သို့ပေမယ့် ယင်စွမ်းအင်မှာ ရှားပါးသည်။

တာဝန်စတင်ရန်အတွက် လေးလတာ ကျန်ပါသေးသည်။ ဝိညာဉ်အဆီအနှစ်လုံးနှင့် ဒီဗိုင်းလက်နက်တို့က ထောက်ပံ့မှုဖြင့် ယင်စွမ်းအင်ဟာ တစ်ကြိမ်လောက် လုံလောက်လောက်ပါသည်။

ဒီအချိန်အတွင်းတွင် သူဟာ သုံးပါးသော အနှစ်သာရအားကို ရင်းနှီးမှုရှိစေရန် လေ့ကျင့်နိုင်၏။ တောင်ခွဲဆေဘာအတတ်ပါ အဆင့်တက်ပါက အကောင်းဆုံးဖြစ်သည်။

ဟန်ကျောက်ဟာ ရှအိမ်တော်မှ ထွက်ခွာပြီးနောက် တထုန်ဘဏ်သို့ သွားရောက်သည်။ ကျန်ရှိသည့် ငွေ၃၀၀၀လျန်အား ရွှေ၃၀၀လျန်နှင့် လဲလှယ်ပြီး စနစ်ထဲသို့ ထည့်၏။

သူ၏ လက်ရှိအချိန်၌ လဲလှယ်မှုနှုန်းမှာ ၁အချိုး ၁၀ ဖြစ်သည်။ အရင်တုန်းက ဒီလောကကို စတင်ရောက်ရှိချိန်ကို ပြန်ပြောင်းစဉ်းစားကြည့်ပါက သူဟာ လက်ထဲတွင် ပိုက်ဆံလေး ရှိလာသည်နှင့် အသားဟင်းကို စာချင်လာလေ့ ရှိခဲ့သည်။

ပိုက်ဆံထည့်ပြီးနောက် သူဟာ အိမ်သို့ လျှောက်ပြန်ခဲ့၏။ လမ်းတစ်ဝက်တွင် ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်မိသည်။

“ဘာလို့ ထူးဆန်းနေတယ်လို့ ခံစားရတာလဲ။ ငါပဲ သံသယများနေတာလား”

ဟန်ကျောက်က ရေရွတ်သည်။ ထို့နောက် သူဟာ လူပြတ်သည့် လမ်းကြားတစ်ခုဆီသိ့ လျှောက်ဝင်သွား၏။

သူဟာ နံရံကို မျက်နှာမူကာ လက်များကို ရင်ဘတ်ဆီသို့ ပို့လိုက်သည်။ သုံးပါးသော အနှစ်သာရအားဟာ ညာဘက်လက်ဝါးတွင် စုစည်းလာပြီး သက်ရှည်ကျမ်း အစစ်အမှန်ချီသည့် ဘယ်ဘက်လက်ဝါးတွင် ပေါ်လာခဲ့သည်။

“ဒီနံရံမှာ ငါ ဒီဗိုင်းလက်နက်တစ်ခု ဝှက်ထားမယ်လို့ ဘယ်သူထင်မှာလဲ..”

ဟန်ကျောက်က ပြုံးကာ နံရံဆီသို့ တိုးသွားသည်။

“ဆွစ်”

သူဟာ ရုတ်တရက် နောက်သို့လှည့်သည်။ သူ၏ အနောက်ဘက် နှစ်မီတာအကွာတွင် လုံးဝ ပျောက်ကွယ်သွားလု နီးပါးရှိသည့် ပုံရိပ်တစ်ခုကို တွေ့ရ၏။ ဖြည်းညှင်းစွာ ချည်းကပ်ရင်း ပြန်ပေါ်လာနေ၏။

ထိုပုံရိပ်ဟာ ဟန်ကျောက်ကို နောက်သို့ ရုတ်တရက် လှည့်လာမည်ဟု ထင်မထားသည့် ပုံပါ။ ခဏတာ မှင်သက်သွား၏။

“ဘုန်း”

လက်ဝါးနှစ်ဖက်ဟာ ရုတ်တရက် ဆန့်ထုတ်လာပြီး ပုံရိပ်၏ ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သည်။ ကြီးမားကာ ကြောက်စရာကောင်းသည့် အတွင်းအားနှင့် ပူလောင်သည့် လေထုဟာ အမျက်ထနေသည့် မီးတောက်တစ်ခု အရှိန်အဟုန်နှင့် ရင်ဘတ်အလယ်သို့ ပြေးဝင်လာသည့်နှယ် ရှိနေတော့သည်။

“ဝေါ့”

အနီရောင် ဝတ်စုံနှင့် လူလတ်ပိုင်း လူကြီးတစ်ယောက်ဟာ လေထဲတွင် ပေါ်လာခဲ့သည်။ နောက်ဆုံးအကြိမ်တုန်းက အုပ်စိုးသူ မိသားစု မျိုးဆက်နှင့် တိုက်ခိုက်ခဲ့သည့် အတိုင်းပင်။

ဟန်ကျောက်ဟာ သူ၏လက်ဝါးများကို အတွင်းအားဖြင့် ဖွဲ့စည်းထားသည့် အကာအကွယ်လွှာတစ်ခုအား ထိမှန်သွားခြင်း ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သို့ရာတွင် ဒီအချိန်၌ သူဟာ အတွင်းအားကို ဖမ်းဆုပ်ပြီး ဖြစ်၏။

သူ၏ သွေးချီ၊ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနှင့် အတွင်းအားတို့ ကြီးစွာ မြင့်တက်လာ၏။ သုံးပါးသော အနှစ်သာရ၏ စွမ်းအားဟာ အရင်ကခွန်အားနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်တော့ပေ။

သူဟာ သက်ရှည် အစစ်အမှန်ချီကိုပင် သုံးခဲ့ရာ ပိုတောင်ဆိုးသေး၏။

“ဘုန်း”

သုံးပါးသော အနှစ်သာရအားနှင့် သက်ရှည် အစစ်အမှန်ချီတို့၏ ထည်ဝါသည့် ခွန်အားဟာ ဝတ်စုံနီနှင့် လူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချည်နှောင်မှုအား အကာအကွယ်လွှာကို ချက်ချင်းပင် ပျက်စီးသွားစေသည်။

သူ၏ရင်ဘတ်တွင် ကြီးမားသည့် အပေါက်ကြီးတစ်ခု တစ်ခါတည်း ပေါ်လာ၏။

“ဘုန်း၊ ဘုန်း”

ဝတ်စုံနီနှင့် လူကြီးက သူ၏လက်ကို ဆေဘာတစ်ခုအလား အသုံးပြုကာ ဟန်ကျောက်၏ လက်ဖျံကို ပြင်းထန်စွာ ခုတ်ပိုင်းသည်။ သို့ပေမယ့် သူ၏လက်များဟာ သုံးပါးသော အနှစ်သာရအား၏ တန်ပြန်မှုဖြင့် ထုံကျင်သွားခဲ့၏။

တစ်ချိန်တည်းတွင် အလွန်ထူးဆန်းသည့် အတွင်းအားတစ်ခုလည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကြောင်းကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အတွင်းရှိ ချည်နှောင်မှုအားကို ဖျက်ဆီးနေ၏။

ရလဒ်အနေနှင့် ရင်ဘတ်ရှိ ပြန်လည်ကောင်းမွန်သည့် အမြန်နှုန်းဟာ အလွန် နှေးကွေးလာခဲ့သည်။ ထို့အပြင် နောက်ထပ် ပူလောင်သည့် လေလှိုင်းတစ်ခုဟာ ဒေါသကြီးသည့် မီးတောက်တစ်ခုအလား သူ၏ အတွင်းအင်္ဂါများကို လောင်ကျွမ်းလာလေသည်။

“အား.. ငါ”

ဝတ်စုံနီနှင့် လူက ဆိုးရွားစွာ အော်၏။ ဒီအတိုင်း ဆက်သွားပါက သူ့ခန္ဓာကိုယ် အတွင်းရှိ ချည်နှောင်အားဟာ လျှင်မြန်စွာ ခမ်းခြောက်သွားမှာပါ။

“ချမ်း.. ချမ်းသာပေးပါ”

ကြောက်စရာကောင်းသည့် သေခြင်း၏ အန္တရာယ်အောက်တွင် သူဟာ အသက်ချမ်းသာပေးရန် တောင်းပန်၏။

ဟန်ကျောက်ဟာ သူ၏လက်များကို ဝတ်စုံနီနှင့် လူ၏ ရင်ဘက်ထဲမှ ဆွဲထုတ်လိုက်သည်။ သို့ပေမယ့် သုံးပါးသော အနှစ်သာရအားဟာ တစ်ဖက်ခန္ဓာကိုယက်ို ဆက်လက်ဖျက်ဆီးနေဆဲ ရှိသည်။

တစ်ဖက်လူဟာ သူ့ထက်သန်မာပြီး သုံးပါးသော အနှစ်သာရအား၏ ညီမျှမျုကို ဖျက်ဆီးလိုက်မှသာလျှင် ထိုအတွင်းအားဟာ သူ၏ခန္ဓာကိုယ်အတွင်းတွင် အချိန်တိုအတွင်းသာ လှည့်လည်ပြီး ပြန်လည်ပျောက်ကွယ်သွားမှာ ဖြစ်သည်။

“မင်းကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ မင်းဘယ်သူလဲ ငါ့ကိုပြော။ ဘာလို့ ငါ့နောက်က လိုက်နေတာလဲ”

ဟန်ကျောက်ဟာ သက်ရှည်အစစ်အမှန်ချီကို လှည့်ပတ်ကာတ စ်ဖက်လူ၏ လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ လေထဲသို့ ဆွဲမြှောက်လိုက်သည်။

“ကျွန်… ကျွန်တော်က လင်းမိသားစုက ထူးခြားမှု အစေခံတစ်ယောက်ပါ။ သခင်လေးခြောက်ရဲ့ အမိန့်အောက်မှာ ရှိပြီး ရှမိသားစုကို စောင့်ကြည့်နေရပါတယ်။ အကြောင်းကတော့ အခွင့်အရေးရှာပြီး ပျောက်ဆုံးသွားတဲ့ နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစကို ရှာဖို့ပါ”

“ထူးခြားမှု အစေခံလား”

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။

“ခုနက မင်းရဲ့ ပုံရိပ်ယောင် ပြောင်းလဲတာက ဘာလျှို့ဝှက်အတတ်လဲ”

“အဲ့ဒါက လျှို့ဝှက်အတတ်တစ်ခု မဟုတ်ပါဘူး… ထူးခြားမှု သတ္တဝါတွေရဲ့ စွမ်းရည်တစ်ခုပါ”

“ငါသိပြီ”

ဟန်ကျောက်ဟာ စိတ်ပျက်သည့်အသွင် ဖြစ်သွား၏။ ဤသည်မှာ လျှို့ဝှက်အတတ်တစ်ခု မဟုတ်ပေ။ ဆိုလိုသည်ကား ကျင့်ကြံရန် ဖြစ်နိုင်ခြင်းမရှိပါ။

“ရှမိသားစုကို မင်းနဲ့အတူလာပြီး စုံစမ်းကြတဲ့ အခြားသူတွေကရော ဘယ်မှာလဲ”

“မရှိပါဘူး.. ကျွန်တော် တစ်ယောက်တည်း လာတာပါ။ လင်းမိသားစု ပျက်စီးသွားတဲ့နောက်မှာ ထူးခြားမှု အစေခံ အများစုကို သူတို့ရဲ့ ဆုတ်ခွာမှုအတွက် ခံစစ်လုပ်ခိုင်းခဲ့တယ်။ အားလုံး သေကုန်ကြပြီ”

“ဒီကသတင်းကို မင်းရဲ့ သခင်လေးခြောက်ကို ပို့ပြီးပြီလား”

“မပို့ရသေးပါဘူး။ တိကျတဲ့ ဘာသတင်းအချက်အလက်မှ မရသေးပဲ အလောတကြီး သတင်းပြန်ပို့ရင် သခင်လေးခြောက်က အပြစ်ပေးမှာပါ”

“မိသားစုကြီးတွေ အားလုံးမှာ အသေခံစစ်သည်တွေ ပျိုးထောင်ထားတယ် မဟုတ်ဘူးလား။ မင်းက ဘာလို့ ဒီလောက်တောင် သေမှာကြောက်ရတာလဲ။ မင်းမှာ မာန်မာနလေးနည်းနည်းပါးပါး မရှိဘူး။ မင်းရဲ့ သခင်ကို ဒီလိုပဲ ရောင်းစားလိုက်တယ်ပေါ့”

ဟန်ကျောက်က လက်သီးများကို ဆုပ်ကာ ၎င်းကို သတ်ဖြတ်ရန် ပြင်ဆင်သည်။

“ကျွန်.. ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ ကျွန်တော်တို့အားလုံးက ဒီဗိုင်းလက်နက်ရဲ့ လူသားတစ်ပိုင်း၊ မိစ္ဆာတစ်ပိုင်းဖြစ်အောင် အတင်းပြောင်းလဲခံခဲ့ရတာ။ လင်းမိသားစုရဲ့ အကြီးဆုံး နဂါးနီလှံ အပိုင်းအစက ခင်ဗျားလက်ထဲမှာ။ အဲ့ဒါကြောင့် ခင်ဗျားကိုလည်း ကျွန်တော့သခင်လို့ ယူဆလို့ရတယ်”

ဝတ်စုံနီနှင့် လူဟာ ဟန်ကျောက်၏ သတ်ဖြတ်လိုစိတ်ကို ခံစားရပြီး အမြန်ရှင်းပြသည်။

“အဲ့လိုလား”

ဟန်ကျောက်က ဘယ်ဘက်လက်ကို လွှတ်ကာ ဝတ်စုံနီနှင့်လူ၏ ဦးခေါင်းကို ရိုက်လိုက်သည်။

“အားး”

ဝတ်စုံနီဟာ အလန့်တကြား အော်၏။ သို့ပေမယ့် မသေသေးကြောင်းကို နားလည်လိုက်သည်။ ပူလောင်သည့် လေလှိုင်းဟာ တဖြည်းဖြည်း အေးမြလာပြီး သူ၏ဦးခေါင်းဆီသို့ ဝင်ရောက်ကာ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွား၏။

“ဟူး..”

ဝတ်စုံနီနှင့်လူဟာ စိတ်သက်သာရာ ရသွား၏။ ထိုအချိန်၌ လေလှိုင်းဟာ ရုတ်တရက် ပူလောင်လာပြန်ပြီး ပြင်းထန်သော နာကျင်မှုနှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ နောက်တစ်စက္ကန့်တွင် လေလှိုင်းဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ဟုတ်ပြီ.. ပြဿနာမရှိတော့ဘူး”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ ဒီသန့်စင်သောယန် သက်ရှည်အစစ်အမှန်ချီဟာ ဒီထူးခြားမှု သတ္တဝါများအတွက် ကောင်းကင်က ဖန်တီးထားသည့် ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။

သူဟာ ထိုအစစ်အမှန်ချီကို အသုံးပြုပြီး ဝတ်စုံနီနှင့် လူကို အတွေးတစ်ချက်နှင့် အချိန်မရွေး သတ်ဖြတ်နိုင်သည်။

“ကျေးဇူးတင်ပါတယ် သခင်”

ဝတ်စုံနီနှင့် လူက ဒူးထောက်ကာ နာခံစွာ ပြောသည်။

ကျိုကျိုးဟာ သူ၏လည်ပင်းတွင် ချိတ်ဆွဲထားသည့် ဆန်မာရုအိတ်ငယ် အတွင်းမှ နဂါးနီလှံကို ထုတ်လိုက်သည်။ လှံနှင့် ရှေ့ရှိ ဝတ်စုံနီတို့ အကြားတွင် ဆက်သွယ်မှုရှိကြောင်းအား ခံစားရ၏။

ထိုအာမခံချက် နှစ်ခုနှင့် သူဟာ တစ်ဖက်လူ၏ အသက်ကို ယာယီတွင် ချမ်းသာပေးထားပြီး သူ့ဆီမှ အုပ်စိုးသူ မိသားစုများ၏ သတင်းများကို ပိုမိုရနိုင်ပါသည်။

“ဉာဏ်ကောင်းတဲ့လူက အခြေအနေကို နားလည်တတ်ကြတယ်။ ငါက ပါးနပ်သူတွေကို သဘောကျတယ်”

ဟန်ကျောက်က သူ၏ ပုခုံးကို ပုတ်သည်။

“ဒါနဲ့.. မင်းရဲ့ နာမည်ကဘာလဲ”

“ကျွန်တော့မှာ နာမည်မရှိပါဘူး။ ကုဒ်အမည်ကတော့ သွေးဝတ်ရုံ နံပါတ်၉လို့ ခေါ်ပါတယ်”

ဝတ်စုံနီနှင့် လူက ပြန်ကြားသည်။

“ကောင်းပြီ။ မင်းကိုငါ နံပါတ်၉လို့ ခေါ်မယ်။ ဒီအချိန်အတွင်း ငါ့ဘေးမှာနေ။ လိုအပ်တဲ့ ကိစ္စလေးတွေမှာ ကူညီပေးပေါ့။ အဲ့လိုဆို ငါမင်းရဲ့အသက်ကို ချမ်းသာပေးမယ်”

ဟန်ကျောက်က ပြုံးသည်။

သူ့အနေနှင့် နံပါတ်၉ကို သူ့အား အမှန်တကယ် သစ္စာရှိရန် လိုအပ်ခြင်းမရှိပါ။ တစ်ဖက်လူဟာ သေခြင်းကို ကြောက်ရွံ့ကာ ခွန်အားဖြင့် အညံ့ခံပါက လုံလောက်၏။

God Genzo:

All Chapters