← Chapters

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း (၁၃၁)

Vol. 9 Ch. 131

“ဟုတ်ကဲ့ပါသခင်”

နံပါတ်၉က လေးစားစွာ ပြောသည်။ သူဟာ ဒီသခင်အသစ်၏ သဘောထားကို အကြမ်းဖျင်း ခန့်မှန်းမိပြီး ဖြစ်သည်။

သို့ပေမယ့် ဘာအရေးနည်း။ ဘာပဲဖြစ်ဖြစ် သူ၏အသက်ဟာ တစ်ဖက်လူ၏ လက်ထဲရှိ ဒီဗိုင်းလက်နက်တွင် ရှိနေပါသည်။ ပိုမိုသန်မာသည့်လူကို နာခံမည် ဖြစ်၏။

လင်းရှဲနှင့် သခင်လေးခြောက်တို့ဟာ အားနည်းကြရာ သေဖို့ ထိုက်တန်ကြပါသည်။ ဤသည်မှာ သူ၏ သစ္စာဖောက်ခြင်း၊ မဖောက်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိပေ။

“သွားရအောင်”

ဟန်ကျောက်က လက်ကိုဝှေ့ယမ်းကာ ပြောသည်။ နံပါတ်၉က လေးစားစွာ ဦးညွှတ်ကာ သူ၏ခန္ဓာကိုယ်ဟာ အစိုင်အခဲမှ ပုံရိပ်ယောင်ဆန်လာပြီး လုံးဝ ပျောက်ကွယ်သွား၏။

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

‘ဒီထူးခြားမှု သတ္တဝါရဲ့ စွမ်းရည်က တကယ်ထူးဆန်းတယ်.. ကံဆိုးစွာပဲ ငါသုံးလို့ မရဘူး.. မဟုတ်ရင် သုံးပါးသော အနှစ်သာရအားနဲ့ အနီးကပ်လုပ်ကြံရန် ဘယ်သူခံနိုင်မှာလဲ’

နှစ်လကြာပြီးနောက်..

ဟန်ကျောက်ဟာ အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။

“ချွတ်၊ ချွတ်၊ ချွတ်..”

သူ၏ ခန္ဓာကိုယ်မှ မသဲကွဲသည့် အသံများ ထွက်ပေါ်နေသည်။

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ် (စတုတ္ထအဆင့် စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲခြင်း အဆင့်၈၊ တောင်ခွဲအား အဆင့်၆၊ သက်တမ်း ၂၀နှစ်)”

“တောင်ခွဲဆေဘာအတတ်ရဲ့ အတွင်းအားကျင့်ကြံမှုက ငါထင်ထားတာထက် ပိုပြီး မြန်တာပဲ”

သိုင်းပညာဇယားရှိ တိုးတက်မှုကို ကြည့်ကာ ဟန်ကျောက် တွေးသည်။

ပြီးခဲ့သည့် လများအတွင်းတွင် သူဟာ အချိန်အားလုံးတွင် အခြေခံအားဖြင့် ကျင့်ကြံနေခဲ့၏။ သူ၏ ကြိုးစားအားထုတ်မှုကြောင့် နောက်ဆုံးတွင် တတိယအဆင့် သွေးချီချိုးဖျက်မှုသို့ တက်လှမ်းနိုင်ခဲ့သည်။

၂၃နှစ်အရွယ် တတိယ သွေးချီချိုးဖျက်မှုအဆင့်ရှိ လူတစ်ယောက်ကို စီရင်စုမြို့တော်တွင်ပင် ပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်ပါသည်။

ကံဆိုးစွာပင် ပထမဆုံးအကြိမ်မှ လွဲ၍ ကျန်ရှိသည့် အတူတူလေ့ကျင့်မှုများဟာ အများကြီး ဆုတ်ယုတ်သွားခဲ့သည်။

“ကလန်”

ဟန်ကျောက်ဟာ ခြံဝန်းအတွင်းသို လျှောက်သွားကာ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ထုတ်လိုက်သည်။ တောင်ခွဲဆေဘာအတတ်၏ စွမ်းအားကို စမ်းသပ်ကြည့်ရန် ပြင်ဆင်၏။

သူက ဆေဘာကို ခြံထဲရှိ သစ်ပင်တစ်ခုသို့ လွှဲယမ်းတော့မည် အပြုတွင် ရုတ်တရက် ရပ်တန့်သွားသည်။

ယုနျန်ဟာ ငှက်အသွင်ပြောင်းလဲကာ ဒီသစ်ပင်ထိပ်တွင် ရပ်နေရခြင်းကို အလွန်နှစ်သက်ကြောင်းအား တွေးမိလိုက်၏။ ဒီသစ်ပင်ကိုသာ ဖြတ်တောက်လိုက်ပါက သူမအနေနှင့် မည်သည်ကိုမှ ပြောမှာ မဟုတ်လျှင်တောင် သေချာပေါက် မပျော်မရွှင် ခံစားရမှာ ဖြစ်သည်။

“ထားလိုက်ပါတော့… မစမ်းကြည့်တော့ဘူး”

သူက ဆေဘာကို ပြန်ထည့်သည်။

ဟူး.. ဟူး…

လေညှင်းက ဖြတ်သန်းတိုက်ခတ်သွားသည်။ သစ်ရွက်များဟာ တစ်ခုနှင့်တစ်ခု ပွတ်တိုက်ကာ အသံသဲ့သဲ့တစ်ခု ထွက်ပေါ်လာ၏။ လေနှင့်အတူ ကြွေကျလာခဲ့သည်။

ဟန်ကျောက်ဟာ သူ၏အခန်းသို့ ပြန်ခဲ့၏။

“စနစ်”

“အချက်ပေးအပိုင်းအစ ၈၅ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်မည်လား။ တစ်ကြိမ်…”

“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”

“အသက်၂၁နှစ်တွင် သင်သည် ရှလင်နှင့် ကျင့်ကြံမှုမှတစ်ဆင့် အတွင်းအားကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်”

“………”

“နတ်ဆိုးဟာ ပေါ်လာခဲ့သည်။ သူ၏ ခွန်အား ၉၀%ကို ဖုံးကွယ်ပြီး အရေးကြီးသည့် အခြေအနေတွင် ထုတ်ဖော်ကာ သင့်ကို လှောင်ပြောင်မည်ဖြစ်သည်။ သူဟာ စတင်လိုက်သည်နှင့် သင်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားမည်ဟု ထင်မထားခဲ့ပေ။ လက်ဦးမှုအား ဆုံးရှုံးသွား၏”

“ဒေါသတကြီးဖြင့် နတ်ဆိုးဟာ ထူးခြားမှုကို ထိန်းချုပ်ပြီး သင့်ကို ဒီဗိုင်းဓါးစံအမ် အတွင်းရှိ နောက်ထပ် လေဟာနယ်တစ်ခုအတွင်းသို့ ပို့လိုက်သည်။ သူဟာ ခွန်အားကုန်အား ဖော်ထုတ်ပြီး သင်နှင့် တိုက်ခိုက်၏”

“သင်သည် ဆေဘာနှင့် ဓါးကို တစ်ပြိုင်နက် အသုံးပြုကာ သုံးပါးသော အနှစ်သာရအားကို အားအပြည့်သုံးပြီး တိုက်ခိုက်သည်။ အတွင်းအားနှင့် အစစ်အမှန်ချီ ၉၀%လောက်ကို အသုံးပြုပြီးနောက် အသေးစားဒဏ်ရာ အနည်းငယ်မျှနှင့် နတ်ဆိုးကို သတ်ပစ်နိုင်ခဲ့၏”

“ထို့နောက် အပြန်လမ်းတွင် သင့်ကို အုပ်စိုးသူ မိသားစုမှ မျိုးဆက်တစ်ယောက်က တိုက်ခိုက်ခဲ့သည်။ သင်ဟာ လျန်မိသားစုမှ ညီအစ်မသုံးယောက်တို့၏ အကူအညီဖြင့် တစ်ဖက်လူကို သတ်ဖြတ်ခဲ့ပေမယ့် သင်လည်းပဲ ဒဏ်ရာရသွားခဲ့သည်။ ထို့အပြင် နတ်ဆိုးစွမ်းအား၏ ဝင်ရောက်မှုလည်း ခံရကာ နှစ်ဝက်ကြာအောင် ပြန်လည်ကုသပြီးမှ တဖြည်းဖြည်း ကောင်းမွန်လာခဲ့၏”

“…………….”

“အသက်၂၆နှစ်တွင် သင်သည် ဗာဂျရာအတတ်၏ စတုတ္ထအဆင့်ကို ချိုးဖျက်ရာ၌ ချီဖောက်လွဲဖောက်ပြန် ဖြစ်ကာ သေဆုံးခဲ့သည်”

“ဟန်..”

အစမ်းရှင်သန်ခြင်းမှ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်ဟာ မှင်သက်သွားသည်။

အဆင့်မြင့် နတ်ဆိုးသားရဲ အသားများနှင့် များပြားလှသည့် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးများ ရှိပေမယ့် သူဟာ အဆင့်ချိုးဖျက်ရန် ကျရှုံးခဲ့ဆဲ ဖြစ်သည်။ ဆိုးသည်ပင်။

ဒီအစမ်းရှင်သန်မှုတွင် ကျီပိုင်ဝေဟာ ကံကောင်းစွာဖြင့် သေဆုံးခြင်း မရှိခဲ့ပေ။ သူဟာ အစမ်းရှင်သန်ခြင်း အတွင်းတွင် လက်စားချေတတ်သည့် အလေ့အကျင့် မရှိပါ။

လက်စားချေလိုပါက တကယ့်ပြင်ပတွင် လုပ်မည်ဖြစ်၏။ သူမကို ၁၃ကြိမ် ပြန်ထိုးမည်ဟု ကတိပေးထားရာ တစ်ချက်မှ လွဲလို့မဖြစ်ပေ။

ဒီအစမ်းရှင်သန်မှု အတွင်းရှိ သူ၏ ပန်းတိုင်မှာ စွမ်းရည်မှတ်များကို ရရှိကာ သူ၏ သုံးပါးသော အနှစ်သာရအားကို မြှင့်တင်ရန် ဖြစ်သည်။ အခြားအရာများဟာ အချိုပေါ်မှ သကာများသာ ဖြစ်၏။

ဘာပဲဖြစ်ဖြစ် သူဟာ တကယ့်ပြင်ပတွင် ဗာဂျရာအတတ်၏ ဒုတိယအဆင့်ကိုပင် ပြီးပြည့်စုံခြင်း မရှိသေးပါ။ စတုတ္ထအဆင့် ကျင့်စဉ် ရှိလျှင်တောင် ကျင့်ကြံရန် အခွင့်အရေး မရှိပါ။

ထို့အပြင် အနာဂတ်၏ ကျင့်ကြံခြင်းတွင် သူ့ဆီ၌ စွမ်းရည်မှတ်များ ပေါင်းထည့်ရန် ရှိလျှင်တောင် နတ်ဆိုးသားရဲ အသားနှင့် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးအချို့ကို ပြင်ဆင်ထားမှာ ဖြစ်သည်။

အစမ်းရှင်သန်ခြင်း အတွင်းတွင် သူဟာ ရွေးချယ်စရာမရှိပဲ ဗာဂျရာအတတ်ကို ကျင့်ကြံခဲ့ရ၏။ တကယ့်ပြင်ပတွင်တော့ ရွေးချယ်စရာ ရှိပါသည်။

ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မည်မဟုတ်ပါ။ ထိုကဲ့သို့သော နာကျင်မှုမျိုးဟာ အလွန် ကြောက်ဖို့ကောင်းလှ၏။

“အစမ်းရှင်သန်ခြင်း ပြီးဆုံးသည်။ သင်သည်‌ အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိသည်”

“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၂၂၀လျန်”

“နံပါတ်၂” “စွမ်းရည်မှတ် +၃၂”

ရရှိလာသည့် စွမ်းရည်မှတ်၏ အရေအတွက်ကို ကြည့်ကာ ဟန်ကျောက်ဟာ စဉ်းစားသည်။

"စွမ်းရည်က ရရှိတဲ့ အချိုးအတိုင်းဆို.. ယင်စွမ်းအင်ကုန်ကျမှုနဲ့ ယှဉ်ရင် အမြတ်နည်းနည်း ရတယ်လို့ ဆိုနိုင်တယ်.. ဒါပေမယ့် သုံးရတာလည်း ကုန်ကျမှုက ကြောက်ဖို့အရမ်းကောင်းလာတယ်.. ရှလင်ကိုပဲ မှီခိုနေလို့ မဖြစ်ဘူး.. ငါ ပိုက်ဆံပိုရှာဖို့ နည်းလမ်းရှာရမယ်..”

“သိုင်းပညာများ- တောင်ဖြိုလက်သီးသိုင်း(စတုတ္ထအဆင့် စတင်ခြင်းအဆင့် ၃%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲခြင်း အဆင့်၈၊ တောင်ဖြိုအား အဆင့်၇)၊

ယင်ဖင်းလက်ဝါး(စတုတ္ထအဆင့် စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- အဆိပ်ခံနိုင်ရည်ရှိခြင်း အဆင့်၉၊ ယင်ဖင်းအား အဆင့်၆)၊

လေဟုန်စီးခြေထောက်(စတုတ္ထအဆင့် စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- မြန်ဆန်ခြင်း အဆင့်၈၊ လေဟုန်စီးအား အဆင့်၆)”

“စနစ်… တောင်ဖြိုလက်သီး၊ ယင်ဖင်းလက်ဝါးနဲ့ လေဟုန်စီး ခြေထောက်တွေကို ၁၁၊ ၁၁နဲ့ ၁၀ အချိုးအတိုင်း မြှင့်တင်မယ်”

“စွမ်းရည်မှတ်များ- ၃၂…. ၂၁”

တောင်ဖြိုလက်သီး(စတုတ္ထအဆင့် အသေးစားကျွမ်းကျင်မှု ၇%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု(ခွန်အားပေါက်ကွဲခြင်း အဆင့်၉၊ တောင်ဖြိုအား အဆင့်၈၊ စိတ်ဆန္ဒ အဆင့်၁)၊

“စွမ်းရည်မှတ်များ- ၂၁… ၁၀”

ယင်ဖင်းလက်ဝါး(စတုတ္ထအဆင့် အသေးစားကျွမ်းကျင်မှု ၃%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- အဆိပ်ပီးခြင်း အဆင့်၁၊ ယင်ဖင်းအား အဆင့်၇)၊

“စွမ်းရည်မှတ်- ၁၀… ၀”

လေဟုန်စီးခြေထောက်(စတုတ္ထအဆင့် အသေးစားကျွမ်းကျင်မှု ၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- မြန်ဆန်ခြင်း အဆင့်၉၊ လေဟုန်စီးအား အဆင့်၇၊ စိတ်ဝိညာဉ်ရွေ့လျားမှု အဆင့်၁)၊

ဟန်ကျောက်ဟာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားတို့ ကြီးစွာ တိုးတက်လာခြင်းကို ခံစားလိုက်ရသည်။

God Genzo:

All Chapters