← Chapters

အခန်း (၁၃၂)

Vol. 9 Ch. 132

အခန်း (၁၃၂)

Vol. 9 Ch. 132

ထို့အပြင် တောင်ဖြိုလက်သီး၏ တိုးတက်မှုနှင့်အတူ လက်သီးသိုင်းပညာများအပေါ် ခြားနားသည့် နားလည်သဘောပေါက်မှုများ ရလာခဲ့၏။

ဤသည်မှာ ပထမဆုံးအကြိမ် သက်ခြွေဓါးနှင့် ကံကြမ္မာဖြတ်တောက်ခြင်း ဓါးတို့ကို အောင်မြင်စွာ ထုလုပ်ပြီးချိန်၌ ရရှိသည့် ဓါးဆန္ဒနှင့် ဆေဘာဆန္ဒတို့သဖွယ် ရှိသည်။

“ဘုန်း”

ဟန်ကျောက်ဟာ ရုတ်တရက် လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။ ထက်မြသည့် လေတိုးသံဟာ လေထဲတွင် ပေါ်လာ၏။

“ပြီးခဲ့တုန်းက တောင်ဖြိုလက်သီးကို ယင်ဖင်းလက်ဝါးနဲ့ လေဟုန်စီးခြေထောက်တွေထက် နိမ့်ကျတယ်လို့ ခံစားနေခဲ့ရတယ်။ အဲ့ဒါက အနည်းငယ် နှေးကွေးလွန်းတယ်။ ဒါပေမယ့် ဒီစိတ်ဆန္ဒ ပေါ်လာပြီးတဲ့နောက်မှာ လက်သီးသိုင်းရဲ့ လမ်းကြောင်းက မပြောင်းလဲပေမယ့် အများကြီး ပိုသန်မာလာခဲ့တယ်”

“အဆိပ်ပြီးခန္ဓာနဲ့ စိတ်ဝိညာဉ်ရွေ့လျားမှု”

ထို့နောက် ဟန်ကျောက်ဟာ ခြေထောက်သိုင်းပညာကို စမ်းကြည့်လိုက်ပြန်၏။ တိုးတက်မှုဟာ တောင်ဖြိုလက်သီးလောက် ကြီးမားခြင်း မရှိပေမယ့် ပိုမိုမြန်ဆန်ကာ လှပလာခဲ့သည်။ သူ၏ လှုပ်ရှားမှုများဟာ ပိုမိုကာပင် ခန့်မှန်းရခက်လာ၏။

“အဆင့်မြင့်လာတဲ့ သုံးပါးသော အနှစ်သာရအားကို ရင်းနှီးအောင်လုပ်ပြီးရင် ငါသွားဖို့ အဆင်သင့်ဖြစ်လောက်ပြီ။ ဒါပေမယ့် အရင်ဆုံး ပြဿနာလေးတစ်ခုကို ဖြေရှင်းဖို့ရှိသေးတယ်”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားပြီးနောက် ဗလာကျင်းလင်း ဖြစ်နေသည့် ခြံဝန်းအတွင်းသို့ လှမ်းအော်လိုက်သည်။

“နံပါတ်၉”

“ဟုတ်ကဲ့ပါသခင်”

ဝတ်စုံနီနှင့် နံပါတ်၉ဟာ ခြံဝန်းထဲတွင် ပေါ်လာခဲ့၏။

ကျားယွမ်မြို့..

မြို့တွင်းပိုင်း၏ မြောက်ဘက် အနီးတွင်.. အိမ်တစ်လုံးရှိသည်။ ထိုအိမ်ကို လွန်ခဲ့သည့် လအနည်းငယ်က ဝယ်ယူခဲ့ခြင်း ဖြစ်၏။

ပိုင်ရှင်၏ မျိုးရိုးမှာ လင်းဖြစ်ကြောင်းကိုသာ လူတိုင်း သိကြသည်။ သို့ပေမယ့် အခြား မည်သည်ကိုမှ မသိကြပေ။

“အား.. ထူးခြားအစေခံ.. မင်း..”

မူလက တိတ်ဆိတ်ပြီး တင့်တယ်သည့် အိမ်မှ ရုတ်တရက် အံ့ဩ ဒေါသထွက်သည့် အော်သံတစ်ခု ပေါ်လာခဲ့သည်။ သို့ရာတွင် ထိုအသံဟာ ထွက်လာပြီးသည်နှင့် ချက်ချင်း ရပ်တန့်သွားခဲ့၏။

ဟန်ကျောက်ဟာ အိပ်ခန်း၏ အလယ်တွင် ရပ်ကာ လင်းမိသားစု၏ ခြောက်ယောက်မြောက် သခင်လေးကို ကြည့်သည်။ ခန္ဓာကိုယ် အပေါ်ပိုင်းဟာ သူ၏ သုံးပါးသော အနှစ်သာရအားဖြင့် ပေါက်ကွဲထွက်သွားခဲ့ပြီး ဖြစ်၏။

ဘယ်ဘက်လက်ဖြင့် ရိုက်နှက်လိုက်ချိန်တွင် သန့်စင်သော အစစ်အမှန်ချီများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခြင်းကြောင့် ဖြစ်၏။

“ချီ၊ ချီ…”

လင်းမိသားစု၏ ခြောက်ယောက်မြောက် သခင်လေး၏ ခန္ဓာကိုယ်ဟာ ဆူပွက်နေသည့် ဆီများဖြင့် အလောင်းခံရသည့်အလား ရှိနေ၏။ အဖြူရောင် အငွေ့များထွက်ကာ တရှဲရှဲမြည်နေပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်ကောင်းလာခြင်းမှ ဆက်တိုက် ကာကွယ်ထားသည်။

“ဇွက်”

ဟန်ကျောက်ဟာ နဂါးနီလှံ အပိုင်းအစကို သူ၏ ဆန်မာရုအိတ်ငယ် အတွင်းမှ ထုတ်ကာ ခန္ဓာကိုယ် အောက်ပိုင်းအား ထိုးလိုက်၏။

“ဂလု၊ ဂလု..”

လှံမှ ရေသောက်သံများ ထွက်ပေါ်လာခဲ့သည်။

“သခင်.. နောက်ထပ် နဂါးနီလှံ အပိုင်းအစက သူ့ရဲ့ ဆန်မာရုအိတ်ထဲမှာ ရှိတယ်”

နံပါတ်၉က လေးစားစွာ ပြောသည်။

“အင်း”

ဟန်ကျောက်က ထူးမခြားနားစွာ ပြန်ကြားသည်။ အလောင်းဆီမှ ဆန်မာရုအိတ်ကို ယူကာ အစစ်အမှန်ချီနှင့် ဖွင့်ကြည့်၏။

ဤသည်မှာ သူ၏ ဒန်နျန်အတွင်းသို့ ကြည့်သည့်နှယ် ရှိသည်။ သူ၏ရှေ့တွင် စတုရန်းပုံ သိုလှောင်လေဟာနယ်တစ်ခု ပေါ်လာ၏။

သို့ရာတွင် နောက်ဆုံးအကြိမ်တုန်းက တွေ့ခဲ့သည့် အုပ်စိုးသူမိသားစု မျိုးဆက်နှင့် နှိုင်းယှဉ်ပါက ဒီသိုလှောင်လေဟာနယ်ဟာ ၃ကုဗမီတာသာ ကျယ်ဝန်းပါသည်။

“ဆွစ်”

ဟန်ကျောက်ဟာ အတွင်းရှိ နောက်ထပ် နဂါးနီလှံ အပိုင်းအစကို ထုတ်လိုက်သည်။ အပြင်ပန်းမှ ကြည့်လျှင် လှံနှစ်ချောင်းတို့ဟာ ချွတ်စွတ် တူညီလုနီးပါး ရှိ၏။

သို့ပေမယ့် ယခုမှ ရရှိလာသည့် တစ်ချောင်းဟာ ပိုမို တို

ပါသည်။ ၎င်းအပေါ်ရှိ အနက်နှင့်အနီရောင် ကျောက်မျက်ဟာလည်း ပိုမိုသေးငယ်၏။

ဒီအချိန်၌ သူဟာ လှံနှစ်ချောင်းလုံးဆီမှ စိတ်ဆန္ဒတစ်ခုကို ရေးတေးတေး ခံစားလိုက်ရသည်။ ပေါင်းစပ်ချင်နေသည့် ပုံပါ။

သို့ရာတွင် လှံနှစ်ချောင်းကို အတူတူ ထားပေးလိုက်ချိန်၌ နီရဲမှုနှင့်ပူလောင်မှုတို့ တစ်ပြိုင်နက် ထွက်လာသည်က လွဲ၍ အခြား မည်သည့် ပြောင်းလဲမှုမှ ရှိမနေပါ။

“ဖြစ်နိုင်တာက အပိုင်းအစ အားလုံးကို စုစည်းဖို့ လိုတာလား”

ဟန်ကျောက်က စဉ်းစားသည်။

သူဟာ လှံအပိုင်းအစ သစ်ကိုလည်း ယင်စွမ်းအင် ပုံမှန်ထောက်ပံ့ရန် တူညီသည့် နည်းလမ်းဖြင့် ခြိမ်းခြောက်လိုက်သည်။ ထို့နောက် ဆန်မာရုအိတ်ငယ် အတွင်းသို့ ပြန်ထည့်လိုက်၏။

ထို့နောက် ဆန်မာရုအိတ်အတွင်းမှ ဘဏ်စာရွက်များကို ထုတ်ကာ ရေကြည့်သည််။ ငွေ၃၀၀၀လျန်သာ ရှိ၏။ တကယ့်ကို ငမွဲပင်။

“ပြီးရင် သူ့ကို ရှင်းဖို့ပဲကျန်တယ်”

ဆန်မာရုအိတ်မှ ပါဝင်ပစ္စည်းများကို စစ်ဆေးပြီးနောက် ဟန်ကျောက်ဟာ နံပါတ်၉ကို ကြည့်သည်။

သူဟာ ယခုပဲ ဒီဗိုင်းဓါးစံအိမ်သို့ သွားတော့မှာပါ။ သို့ပေမယ့် နံပါတ်၉ကို ခေါ်ဆောင်သွားရန် စိတ်ကူးမရှိပါ။ နံပါတ်၉၏ တကယ့် တိုက်ခိုက်မှု ခွန်အားဟာ အကြမ်းဖျင်းအားဖြင့် သူ၏ ခွန်အားဟာ ခွန်အားသန့်စင်ခြင်း အဆင့်လောက် ရှိပါသည်။

တကယ်တော့ သူဟာ ခွန်အားသန့်စင်ခြင်း အဆင့်ထက် အားနည်း၏။ သို့ပေမယ့် သူ၏ခန္ဓာကိုယ်ရှိ ချည်နှောင်အားကြောင့် သာမန် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားအနေနှင့် သူ့ကို သတ်ဖြတ်ရန် အလွန်ခက်ခဲပါသည်။

ထို့အပြင် သူ့တွင် အလွန် စွမ်းအားကြီးသည့် ပုန်းအောင်းခြင်း စွမ်းရည်လည်း ရှိပါသည်။ ကျိုကျိုးသာ အတွင်းအားကို ဖမ်းဆုပ်ပြီးခြင်း မရှိပါက တစ်ဖက်လူကို ရှာတွေ့ရန် အလွန်ခက်ခဲမှာပါ။

သူ့တွင် နဂါးနီလှံ ဒီဗိုင်းလက်နက်နှင့် သက်ရှည် အစစ်အမှန်ချီတို့ အာမခံချက် ရှိပေမယ့် နံပါတ်၉၏ တည်ရှိမှုမှာ လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်နေသေးသည်။

အခြား လင်းမိသားစုမှ မျိုးဆက်များလည်း ရှိသေး၏။ ထိုသူများ သူ့ကို လာရှာသည်နှင့် နံပါတ်၉ဟာ ဘက်ပြောင်းသွားပြန်မှာ သေချာပါသည်။

အကွာအဝေးဟာ အလွန် ဝေးကွာနေပါက သူဟာ သက်ရှည် အစစ်အမှန်ချီကို အသုံးပြုပြီး တစ်ဖက်လူကို သတ်ဖြတ်လို့ ရမည်မဟုတ်ပေ။ နဂါးနီလှံ အပိုင်းအစအတွက်လည်း တူညီစွာပင် ဖြစ်၏။

“သခင်… ခရီးဝေးသွားတဲ့အခါ ကျွန်တော့ကို နဂါးနီလှံထဲကို စုပ်ယူထည့်ထားပြီး လိုအပ်မှ ထုတ်လိုက်လို့ ရပါတယ်”

နံပါတ်၉က ဒူးတစ်ဖက်ကို ထောက်ကာ အမြန်ပြောသည်။ သူသည် ဟန်ကျောက်၏ မျက်လုံးများထဲမှ လူသတ်ငွေ့ကို ခံစားနိုင်၏။

“အဲ့လိုလည်း အလုပ်ဖြစ်တာလား”

ဟန်ကျောက်က မှင်သက်သွားသည်။ ထို့နောက် အကြီးဆုံး နဂါးနီလှံ အပိုင်းအစကို ဆန်မာရုအိတ်ငယ် အတွင်းမှ ထုတ်ကာ အစစ်အမှန်ချီအား ထိုးသွင်းလိုက်သည်။

“နံပါတ်၉ကို စုပ်ယူလိုက်”

ဟန်ကျောက်ဟာ လှံအပိုင်းအစကို အမိန့်ပေးလိုက်သည်။

God Genzo:

All Chapters