← Chapters

အခန်း (၁၃၃)

Vol. 9 Ch. 133

အခန်း (၁၃၃)

Vol. 9 Ch. 133

“ဘဇ်”

လက်ထဲရှိ လှံဟာ အနည်းငယ် တုန်ခါသွားပြီး လျှင်မြန်စွာဖြင့် နီရဲကာ ပူလောင်လာခဲ့သည်။ ထို့နောက် မမြင်နိုင်သည့် စုပ်ယူအားတစ်ခုဟာ လေထဲမှ ပေါ်လာပြီး နံပါတ်၉၏ ခန္ဓာကိုယ်ကို စုပ်ယူသွား၏။

“ဒါက ပြဿနာအများကြီးကို ရှောင်ရှားနိုင်တယ်”

ဖြစ်နိုင်ပါက သူဟ နံပါတ်၉ကို အသက်ရှင်ရက် ထားခြင်းက ပိုမိုကောင်းသည်ဟု ခံစားရဆဲ ရှိသည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူဟာ ကင်းထောက်လုပ်ရာ၌ ထူးချွန်ပြီး အရေးကြီးသည့် အချိန်အခါတွင် အသေခံအဖြစ် သုံးလို့ရပါသည်။

“အချိန်ကျပြီ.. ထွက်ခွာတော့မယ်”

ဟန်ကျောက်ဟာ မထွက်ခွာခင်တွင် အိမ်ထဲရှိ အဖိုးတန်သည့် အရာအားလုံးကို ဆန်မာရုအိတ်ငယ် အတွင်းသို့ ထည့်သည်။ ထို့နောက် ကျားယွမ်မြို့မှ ထွက်ခွာခဲ့၏။

ထိုညတွင် သူဟာ ကျောက်နက်မြို့သို့ ပြန်ခဲ့သေးသည်။ ရှလင်နှင့် တစ်ညတာ အချိန်ကုန်ဆုံးပြီးနောက် နောက်တစ်နေ့နံနက်တွင် ထကာ ထွက်ခွာသွား၏။

ကျောက်စိမ်းလေမြို့ရှိ အဆုံးမဲ့ရတနာစံအိမ်တွင်…

အဝင်ဝတွင် ငယ်ရွယ်သည့် အလုပ်သမားလေး နှစ်ယောက်တို့ဟာ ခါးကိုမတ်ကာ ရပ်နေကြသည်။

ထိုအချိန်၌ အရပ်ရှည်ကာ ဖြောင့်မတ်သည့် ဝတ်စုံဖြူနှင့် လူတစ်ဦး လျှောက်ဝင်လာ၏။ သူဟာ မြေခွေးမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ခါးတွင် ဆေဘာနှင့်ဓါး တစ်ချောင်းစီကို ချိတ်ဆွဲထားသည်။

“ဆာ… ဘာလိုလို့လဲဗျ”

အလုပ်သမား တစ်ယောက်က ရှေ့သို့တက်ကာ မေးသည်။

“ငါ့နာမည်က စုန့်ချွေ.. ကြီးကြပ်သူ ဖန်နဲ့ ချိန်းထားတာ ရှိတယ်”

ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။ ဖန်လင်းနှင့် ချိန်းချက်ထားမှု ရှိကြောင်းကို ကြားရပြီးနောက် အလုပ်သမားငယ်၏ ပုံစံက ချက်ချင်းပင် ပိုမိုလေးစားလာခဲ့သည်။

သူက အမြန်ပြော၏။

“ဂုဏ်သရေရှိ ဧည့်သည်ခင်ဗျာ.. ကျေးဇူးပြုပြီး သီးသန့်ခန်းကို ကြွပါ။ အဲ့မှာ ခဏလောက် စောင့်ပါ။ ကျွန်တော် ကြီးကြပ်သူဖန်ကို အခုပဲ သွားခေါ်လိုက်မယ်”

“ကောင်းပြီ”

ဟန်ကျောက်က ခေါင်းညှိတ်ကာ သူ၏နောက်မှ လိုက်ပြီး စတုတ္ထထပ်ရှိ အခန်းဆီသို့ ရောက်သွား၏။ ခဏအကြာ၌ ဖန်လင်း ရောက်ရှိလာခဲ့သည်။

“ဒါက ညီလေးသင်ပြောတဲ့ ညီလေးစုန့်ချွေ ဖြစ်ရမယ်။ နောက်ဆုံးတော့ ရောက်လာပြီပေါ့.. ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ အလုပ်အပ်သူက ခင်ဗျားကို မြန်မြန်လာခိုင်းနေတာ။ ကျွန်တော်က နောက်ကျမှာကိုတောင် စိုးရိမ်နေတာ”

ဖန်လင်းက ပြုံးကာ ရင်းနှီးစွာ ပြောသည်။

“ကျွန်တော့ကို ညီလေးသင်က သေသေချာချာ ပြောထားပါတယ်”

ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။

ဖန်လင်းဟာ တစ်ဖက်လူ၏ အေးစက်သည့် သဘောထားအား ဂရုစိုက်ခြင်း မရှိပါ။ အရေးအကြီးဆုံးမှာ စွမ်းရည်ဖြစ်၏။

ပြီးခဲ့သည့် လအနည်းငယ် အတွင်းတွင် ကောင်းကင်ဆေဘာဟူသည့် စုန့်ချွေ၏ အမည်ဟာ အနီးအနားရှိ မြို့များတွင် လူတိုင်း သိလာခဲ့သည်ဟု ဆိုရပေမည်။

ဒီလူဟာ အလွန် မကောင်းဆိုးရွား ဆန်၏။ သူ၏ ခွန်အားဟာ သိုင်းသခင်များ အကြားတွင် ထိပ်တန်းအဆင့်သို့ မရောက်လျှင်တောင် သေချာပေါက် အထင်သေးလို့ မရပေ။

ဒီဗိုင်းဓါးစံအိမ်သို့ ဒီခရီးစဉ်ဟာ အန္တရာယ်တို့ဖြင့် ပြည့်နှက်နေ၏။ နောက်ထပ် အားထားရသူတစ်ဦး ရှိလာခြင်းဟာ လုံခြုံရေး အလွှာတစ်ခု ထပ်ပေါင်းလာခြင်း ဖြစ်သည်။

ဖန်လင်းမှာမူ ကိုယ်တိုင် လိုက်ပါခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ အကုန်လုံး မစွန့်စားလိုသောကြောင့် ဖြစ်၏။

ဖန်ကျန်းသာ အောင်မြင်ပါက အရာအားလုံး အဆင်ပြေပါပြီ။ အကယ်၍ သူကျရှုံးကာ ဖန်မိသားစုအား ကြီးကြီးမားမား ထိခိုက်စေပါကလည်း ခွန်အားသန့်စင်ခြင်း အဆင့်၏ အကြီးအစားကျွမ်းကျင်မှုရှိ သိုင်းသခင်တစ်ယောက် ဖြစ်သည့် ဖန်လင်းသာ ကျန်ရစ်ပါက ဖန်မိသားစုဟာ ကျောက်စိမ်းလေမြို့၏ နံပါတ်တစ် မိသားစုအဖြစ် ဆက်လက် ရပ်တည်နိုင်ဦးမှာ ဖြစ်သည်။

နောက်မျိုးဆက်သစ်၏ ပါရမီရှင်များကို ပျိုးထောင်ရန်မှာတော့ ဆယ်စုနှစ်များစွာ စောင့်ရန် လိုပါသေးသည်။ ဒီနေရာတွင် သူပါ ကျရှုံးပါက ဖန်မိသားစုတွင် အနာဂတ် ရှိတော့မည်မဟုတ်ပါ။

“ညီလေးစုန့်.. ကျွန်တော်တော့ အများကြီး မပြောပြထားတော့ဘူး။ အလုပ်အပ်သူ ရောက်လာရင် သူတို့က ဝန်ဆောင်ခကိစ္စကို ကိုယ်တိုင် ပြောကြပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကျောက်စိမ်းလေမြို့မှာ နှစ်ရက်လောက် စောင့်ပေးပါဦး။ ကျွန်တော် သူတို့ကို လာဖို့ အကြောင်းကြားလိုက်ပါမယ်”

ဖန်လင်းက ရှင်းပြသည်။

“ကျေးဇူးပါ။ အဲ့ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်” ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ပြောပြီးနောက် သီးသန့်ခန်းအတွင်းမှ လျှောက်ထွက်သွားသည်။

“သူ့ရဲ့ အငွေ့အသက်က သင်ရှုံးနဲ့ လုံးဝခြားနားတယ်” ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ကာ ဖန်လင်းက စဉ်းစားသည်။

နှစ်ရက်ကြာပြီးနောက်..

တည်းခိုဆောင်တွင် စောင့်နေသည့် ဟန်ကျောက်ဟာ ဖန်မိသားစုမှ အကြောင်းကြားချက်ကို လက်ခံရရှိသည်။ အဆုံးမဲ့ ရတနာစံအိမ်၏ စတုတ္ထထပ်ရှိ သီးသန့်ခန်းဆီသို့ သူရောက်ရှိသောအခါ အတွင်းထဲတွင် လူများစွာတို့ စုစည်းနေပြီး ဖြစ်၏။

“ညီလေးစုန့်.. ငါတို့တွေ မင်းကို စောင့်နေတာ”

တံခါးအနီးရှိ ဖန်လင်းက မတ်တပ်ရပ်ကာ အပြုံးတစ်ခုနှင့် နှုတ်ဆက်သည်။

ဟန်ကျောက်က ခေါင်းညှိတ်ကာ စားပွဲတွင် ထိုင်နေကြသည့် လူရှစ်ယောက်တို့ကို အကဲခတ်ကြည့်သည်။

လျန်မိသားစု၏ ညီအစ်မသုံးဦးဖြစ်သည့် ယု၊ ရွှယ်၊ ပင်တို့လည်း ထိုအထဲတွင် ရှိနေပါသည်။ သုံးယောက်သားဟာ မျက်နှာများကို အကြည်ဖြူရောင် ပိတ်ပါးလေးဖြင့် ဖုံးကွယ်ထားကြ၏။

လျန်ချန်းယုဟာ အစိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ လျန်ချန်းရွှယ်ဟာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လျန်ချန်းပင်ဟာတော့ နက်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

ဘယ်ဘက်ရှိ သိုင်းသမား နှစ်ယောက်တို့ဟာတော့ နှစ်ယောက်လုံး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။

တစ်ယောက်ဟာ အသက်ငါးဆယ်၊ ခြောက်ဆယ်လောက်ရှိသည့် အဖိုးအိုတစ်ဦး ဖြစ်၏။ သူ့တွင် လေးထောင့်ဆန်သည့် မျက်နှာနှင့် ညို့မှိုင်းသည့် အသွင်အပြင် ရှိသည်။

နောက်တစ်ယောက်ဟာတော့ အသက် ၃၀စွန်းစွန်းလောက်သာ ရှိပြီး ဖန်လင်းနှင့် ၃၀၊ ၄၀%လောက် ရုပ်ချင်းဆင်ပါသည်။ သူကတော့ ဖန်ကျန်း ဖြစ်ပေလိမ့်မည်။

ညာဘက်တွင်တော့ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့ ရှိသည်။ သူတို့အားလုံးဟာ အသက်၂၀ကျော်သာ ရှိကြပုံပါ။

ဝတ်စားဆင်ယင်ပုံအရ ချမ်းသာသည့် မိသားစုမှ မျိုးဆက်များနှင့် တူပြီး သိုင်းသမားများပုံ လုံးဝမရှိပေ။ သူတို့ဆီမှ ယင်စွမ်းအင်ကို ဟန်ကျောက် ခံစားမိသည်။ ကြည့်ရတာ အုပ်စိုးသူ မိသားစုမှ မျိုးဆက်များ ဖြစ်ပုံပါ။

သူက ထိုလူများကို ကြည့်နေစဉ် ထိုလူများကလည်း သူ့ကို ကြည့်နေ၏။

လျန်ညီအစ်မ သုံးယောက်တို့က သူမတို့ ရင်းနှီးသည့် ဝတ်စုံဖြူနှင့် ပုံရိပ်ကို ကြည့်ကာ အနည်းငယ် ပဟေဋိ ဖြစ်နေကြသည်။ ဝတ်စုံနက်နှင့် အဖိုးကြီးဟာ ခံစားချက်မဲ့စွာ ရှိနေ၏။ သို့ပေမယ့် ဖန်ကျန်းက ပြုံးသည်။

အုပ်စိုးသူ မိသားစုမှ မျိုးဆက်သုံးယောက်တို့မှာတော့ သိုင်းသမားတစ်ယောက် ဖြစ်သည့် သူ့ကို ဂရုထားခြင်း လုံးဝမရှိပေ။

“လူတိုင်းကို မိတ်ဆက်ပေးပါရစေ.. ဒါကတော့ ကောင်းကင်ဆေဘာ စုန့်ချွေ.. ညီလေးစုန့်ပါ”

ဖန်လင်းက လူတိုင်းကို မိတ်ဆက်ပေးသည်။

“သူရဲကောင်းစုန့်”

“အစ်ကိုစုန့်လား”

လျန်ချန်းယုနှင့် လျန်ချန်းရွှယ်တို့က ပြိုင်တူ ပြောကြသည်။ စုန့်ချွေဟာ သူမတို့ဆီသို့ လာလည်မှု မပြုခဲ့ပေမယ့် ယခုကဲ့သို့ ကြုံတွေ့ရဆဲ ရှိမည်ဟု ထင်မထားခဲ့ပေ။

လျန်ချန်းယုဟာ ဤသည်မှာ အလွန် တိုက်ဆိုင်လွန်းလှသည်ဟု သံသယဝင်မိ၏။ လျန်ချန်းရွှယ်မှာတော့ ကံကြမ္မာကို ဆန်းကြယ်လွန်းလှသည်ဟု ခံစားရသည်။

“မတွေ့တာကြာပြီ”

ဟန်ကျောက်က ခေါင်းညှိတ်သည်။

“ဘာကို ကောင်းကင်ဆေဘာ စုန့်ချွေလဲ.. ငါတို့ကို ဒီလောက်ကြာအောင် စောင့်ရစေတာ.. တော်တော်မောက်မာတဲ့လူပဲ”

အုပ်စိုးသူ မိသားစုမှ မျိုးဆက်တစ်ယောက်က ရုတ်တရက် အေးစက်စွာ ပြောသည်။

သူတို့ဟာ လျန်ညီအစ်မ သုံးဦး၏ သူတို့အပေါ်တွင် အလွန် အေးစက်ပြီး သေမျိုး သိုင်းသမားတစ်ယောက် အပေါ်တွင်တော့ အလွန် စိတ်အားထက်သန်နေမှုကို နားမလည်ပဲ ရှိနေကြသည်။ ကြည့်ရတာ သူမတို့ဟာ သူတို့ကို အမှန်တကယ်ကို အလေးအနက် မထားသည့်ပုံပါ။

သူတို့အားလုံးဟာ အုပ်စိုးသူ မိသားစုများမှ မျိုးဆက်များ ဖြစ်ကြသည်။ သူတို့၏ သွေးမျိုးဆက်များ ကျဆင်းနေဆဲ ရှိ၍သာ မဟုတ်ပါက လျန်ညီအစ်မ သုံးယောက်တို့ကို သင်ခန်းစာကောင်းကောင်း သင်ပေးလိုက်မှာပါ။

“နင့်မှာ ဘာအဆင့်ရှိလဲ ကြည့်ဦးမယ်.."

နောက်ထပ် အုပ်စိုးသူ မိသားစုမျိုးဆက် အမျိုးသမီးတစ်ယောက်က ရုတ်တရက် မတ်တပ်ရပ်ကာ ဟန်ကျောက်ကို လက်သီးဖြင့် ထိုးသည်။

God Genzo:

All Chapters