← Chapters

အခန်း (၁၃၄)

Vol. 9 Ch. 134

အခန်း (၁၃၄)

Vol. 9 Ch. 134

“ဘုန်း”

ဟန်ကျောက်က လက်ဝါးရိုက်ချက်ဖြင့် တန်ပြန် တိုက်ခိုက်၏။ လက်သီးချက်ကြောင့် ခြေလှမ်းတစ်ဝက် ဆုတ်သွားရသည်။

“မဆိုးပါဘူး..”

အုပ်စိုးသူ မိသားစုက မိန်းကလေးက ခေါင်းကိုညှိတ်ကာ အခြား နှစ်ယောက်ကို ခေါင်းညှိတ်ပြသည်။

မျက်နှာဖုံးအောက်ရှိ ဟန်ကျောက်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွားသည်။ အုပ်စိုးသူမိသားစုမှ ဒီအမျိုးသမီးကို ကြည့်ရသည်မှာ သွေးကြောတစ်ခု အဆင့်လောက်သာ ရှိပါသည်။ သို့ပေမယ့် သူမ၏ အစစ်အမှန်ခွန်အားဟာ သူထင်ထားသည်ထက် ကျော်လွန်၏။

ခုနက သူ၏ အတွင်းအား ဆယ်ပုံတစ်ပုံလောက်ကို အသုံးပြုခဲ့သည်။ သို့ပေမယ့် ခြေလှမ်းတစ်ဝက် ဆုတ်ခွာသွားရဆဲ ရှိ၏။ ဤသည်က တကယ်ကို မဆိုးပေ။

“နင်ဘာလုပ်တာလဲ”

အုပ်စိုးသူမိသားစုမှ အမျိုးသမီး၏ သဘောထားကို တွေ့ရပြီးနောက် လျန်ချန်းရွှယ်က ဒေါသထွက်သွားသည်။

အုပ်စိုးသူ မိသားစုမှ မိန်းကလေးက နှာခေါင်းရှုံ့၏။

“သူ့ခွန်အားကို စမ်းမကြည့်ရင် ထူးခြားမှုထဲကို ဝင်တဲ့အခါ ငါတို့အတွက် ဝန်ဖြစ်နေမလား ဘယ်လိုသိမှာလဲ။ ဒီအဖွဲ့ထဲကို ဝင်ဖို့ လူတိုင်း အဆင့်မှီနေတာ မဟုတ်ဘူး။ သူက လက်ခံနိုင်ရုံပဲ ရှိတယ်”

“နင်”

လျန်ချန်းရွှယ်က ပြန်ပြောတော့မည့် အချိန်၌ ဟန်ကျောက်က လက်ကိုဝှေ့ယမ်းကာ ပြောသည်။

“မစ်ရွှယ်.. ထားလိုက်ပါ”

“ကဲ.. အားလုံးပဲ.. ဒါက အဖွဲ့ရဲ့ အကျိုးအတွက် လုပ်တာပဲပေါ့.. စည်းလုံးမှ အားလုံး အနိုင်၊ အနိုင်နဲ့ သွားမှာ။ ပူးပေါင်းမှုနဲ့ပဲ ပိုက်ဆံရှာနိုင်မယ်”

ဖန်လင်းက အားလုံးကို အမြန် ဖြန်ဖြေစွာ ပြောသည်။

သူက စကားပြောင်းလိုက်၏။

“ညီလေးစုန့်.. ကျွန်တော် မိတ်ဆက်ပေးပါမယ်.. လျန်မိသားစုရဲ့ ညီအစ်မ သုံးယောက်ကိုတော့ မင်းသိပြီးပြီထင်တယ်။ ဒါကတော့ ငါ့အစ်ကိုဝမ်းကွဲ.. ဖန်ကျန်း.. သူတို့သုံးယောက်ကတော့…”

“ပူးပေါင်းတယ် ဆိုကတည်းက မင်းရဲ့ အစစ်အမှန် ရုပ်ရည်ကို ပြသင့်တယ်မလား။ ဘာလို့ ဖုံးကွယ်ထားတာလဲ”

ခုနက ပြောခဲ့သည့် အုပ်စိုးသူ မိသားစုမှ လူငယ်က ပြောသည်။ သူကတော့ ချန်ကျွင်းဖြစ်၏။

“နင်”

လျန်ချန်းရွှယ်က လက်ကိုမြှောက်သည်။ ဒီလူများဟာ ရှင်းလင်းစွာပင် စုန့်ချွေကို ပစ်မှတ်ထားခြင်းဖြင့် သူမတို့ကို မထီမဲ့မြင် ပြုနေခြင်း ဖြစ်သည်။ အခြား မည်သူကိုမှ မရှာနိုင်ဘူးဟု ထင်နေလား မသိပေ။

“မစ်ရွှယ်.. ထားလိုက်ပါ”

ဟန်ကျောက်က သူမကို တားလိုက်ပြန်၏။ စကားများခြင်းမှာ သူအားသန်သည့် အရာမဟုတ်ပေ။ သူဟာ ရန်စွာတတ်သူ မဟုတ်ပေ။ စကားအနည်းငယ်သာ ပြောလေ့ရှိ၏။

“ကျွန်တော့မှာ ဖုံးကွယ်စရာ ဘာမှမရှိပါဘူး”

ဟန်ကျောက်ဟာ ပြောလိုက်ရင်းက သူ၏မျက်နှာပေါ်ရှိ မြေခွေးမျက်နှာဖုံးကို ချွတ်လိုက်သည်။

ခုနက အထင်သေးသည့် အသွင်နှင့် အုပ်စိုးသူ မိသားစုမှ မိန်းကလေး ချန်ကျီ၏ မျက်လုံးများက လင်းလက်သွားသည်။ စုန့်ချွေ၏ ထက်မြသည့် မျက်ခုံးများနှင့် အေးစက်သည့် အကြည့်များကို တွေ့ရ၏။

‘ဘယ်လောက် အေးစက်ပြီး ချောမောတဲ့လူလဲ’

“လူတိုင်းပဲ.. အခု.. အလုပ်ကိစ္စကို ဆွေးနွေးကြတာပေါ့” စုန့်ချွေ၏ အလွန် သည်းခံစိတ်ကြီးပုံကို တွေ့ရပြီးနောက် ဖန်လင်းက စကားလမ်းကြောင်း အမြန်ပြောင်းလိုက်သည်။

“ကောင်းပြီ”

လျန်ချန်းယုက ပြောသည်။

လူတိုင်းတွင် ကိုယ်ပိုင် ပန်းတိုင်နှင့် အတွေးများ ရှိကြပေမယ့် သူမတို့လုပ်နိုင်တာ ဘာမှမရှိပေ။ ဒီအဖွဲ့ကို အတူတူ စုစည်းရန်မှာ မလွယ်ကူခဲ့ပါ။

ကျယ်ကျယ်လောင်လောင် ဖြစ်ပါက ငရဲကိုးခု စံအိမ်၏ အာရုံကို ဆွဲဆောင်မိနိုင်သည်။ ထိုအချိန်၌ သူမတို့၏ အသက်များ အန္တရာယ်ရှိပါပြီ။

“ဒါက ရိုးရှင်းပါတယ်။ သဘောတူညီချက် အတိုင်းပဲ… ငါတို့ခြောက်ယောက်က အဓိက တိုက်ခိုက်သူတွေအဖြစ် တိုက်ခိုက်ကြမယ်။ မင်းတို့ သိုင်းသမား သုံးယောက်က ကူညီပေး။ မိစ္ဆာအလောင်းနဲ့ သွေးအလောင်းတွေ အဝိုင်းမခံရအောင်သာ အကောင်းဆုံးကြိုးစား။ ရှင်းကြတယ်မလား”

ချန်မိသားစု၏ မျိုးဆက် ချန်အန်းက ပြောသည်။

“မိစ္ဆာအလောင်းတွေရဲ့ ခွန်အားက သိုင်းသမားတစ်ယောက်ရဲ့ သွေးချီချိုးဖျက်မှု ပထမအဆင့်နဲ့ ညီမျှတယ်။ သွေးအလောင်းတွေက ပိုပြီးတော့တောင် အားနည်းတယ်။ ရှင်တို့မှာ ယန်၊ မီး(သို့) ယင် အတွင်းအားမျိုး ရှိရင် အဲ့ဒါတွေကို ရှင်းဖို့ ပိုပြီးလွယ်ကူတယ်။ မုတ်ရင်တော့ ထိပ်တိုက်ရင်ဆိုင်ပြီး ခေါင်းတွေကို ဖြတ်လို့ပဲ ရမယ်” ချန်ကျီက ရှင်းပြသည်။

ထို့နောက် ရုတ်တရက် ပြော၏။

“ကျွန်မ မှတ်မိတာမှန်ရင် ဖန်အစ်ကိုနဲ့ သခင်လေးစုန့်တို့ နှစ်ယောက်လုံးမှာ ယင်အတွင်းအား ရှိတယ်မလး”

ခုနက သူမဟာ ဟန်ကျောက်ကို အထင်သေးခဲ့သည်။ သို့ပေမယ့် ယခုတော့ ပြောရင်းက မျက်စပစ်လိုက်၏။

ဟန်ကျောက်က လက်များကို နောက်သို့ပစ်ကာ လက်သီးများကို ဆုပ်သည်။

‘ဒမ်း… ဘာတုန်း’

သူဟာ သည်းမခံနိုင်တော့ပေ။ အထဲသို့ ဝင်ပြီးပါက သတ်ပစ်လိုက်ရင် ကောင်းမည်လား။

ထိုပုံကို တွေ့ရပြီးနောက် လျန်ချန်းရွှယ်က ရှေ့သို့ ခြေနှစ်လှမ်းတက်ကာ ဟန်ကျောက်၏ ရှေ့တွင် ရပ်သည်။

“နောက်ထပ် အာရုံစိုက်ရမယ့်အရာတွေ ရှိသေးတယ်။ အဲ့ဒါက ထူးခြားမှုတွေအကြားမှာ အလောင်းရုပ်သေးတွေလည်း ပေါ်လာနိုင်တာပဲ။ သူတို့က ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက်ရဲ့ ခွန်အားနဲ့ နှိုင်းယှဉ်နိုင်တဲ့ မကောင်းဆိုးရွားတွေပဲ။ အားနည်းချက်က နှလုံးသားပဲ ရှိတယ်။ ခေါင်းဖြတ်လည်း အသုံးမဝင်ဘူး”

“အလောင်းရုပ်သေးလား”

ဖန်ကျန်း၏ ဘေးရှိ အဖိုးကြီး၏ ပုံစံက အနည်းငယ် ပြောင်းလဲသွားသည်။

သူဟာ ဒီတစ်ကြိမ်တွင် စွန့်စားမှုပြုကာ ဆေးလုံးကို မှီခိုပြီး အဆင့်ချိုးဖျက်ခဲ့၏။ သို့ပေမယ့် ခရီးစဉ်၏ အန္တရာယ်ကို အလွန်မြင့်မားနေမည်ဟု ထင်မထားခဲ့ပေ။ သို့ရာတွင် လက်လျှော့ရန် စဉ်းစားခြင်းမရှိပါ။

“ပြောရရင်.. အလောင်းရုပ်သေးတွေနဲ့ ကြုံတဲ့အခါ ကျွန်မတို့ လူကွဲလို့မရဘူး။ မဟုတ်ရင် တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရလိမ့်မယ်”

ချန်ကျီက ထပ်ပေါင်းပြောသည်။

“အစ်ကိုစုန့်.. ရှင်.. ကျွန်မနောက်ကလိုက်ပြီး ကူညီပေးလေ”

လျန်ချန်းရွှယ်က အပြုံးတစ်ခုဖြင့် ပြောသည်။

“ကောင်းပါပြီ”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ သူမဟာ သူ့ကို သာမန်သိုင်းသမားတစ်ယောက်အဖြစ် သတ်မှတ်ကာ တမင် ဂရုစိုက်ပေးခြင်းအား သူသိပါသည်။ လျန်ညီအစ်မ သုံးယောက်တို့ဟာ တကယ့်ကို ထူးခြား၏။

“ဒါဆိုရင် အဲ့လိုပဲနော်.. လမ်းမှာ ဘယ်သူက ဘာတွေတာဝန်ယူရမယ် ဆိုတာကို အသေးစိတ် ရှင်းပြမယ်။ အခုတော့ ထွက်ခွာရအောင်.. ၂၀၀မိုင်ကျော်လောက် သွားရမှာ”

ချန်ကျွင်းက မတ်တပ်ရပ်သည်။

“အိုး.. ဒါနဲ့… ငါမေ့တော့မလို့.. ညီလေးစုန့်ရဲ့ ဝန်ဆောင်ခကိစ္စကို မပြောရသေးဘူးမလား”

ဖန်လင်းက သတိပေးသည်။

ထိုစကားကို ကြားရပြီးနောက် လျန်ချန်းရွှယ်က ဟန်ကျောက်ကို ကြည့်သည်။

“သခင်လေးစုန့်.. ဘာလိုချင်လဲ မသိဘူး.. ဆေးလုံ၊ ကျင့်စဉ်.. ဒါမှမဟုတ် လက်နက်တွေဘာတွေ”

“ကျွန်တော် ပိုက်ဆံပဲ လိုချင်တယ်”

ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။ တကယ်တော့ သူဟာ ဒီဗိုင်းလက်နက်တစ်ခုအား လိုချင်ပါသည်။ သို့ပေမယ့် ရှင်းလင်းစွာပင် ဤသည်က မဖြစ်နိုင်ပေ။

“ပိုက်ဆံလား”

ထိုစကားကို ကြားရပြီးနောက် ရှိနေကြသည့် လူအားလုံးဟာ မှင်သက်သွားကသည်။

သိုင်းသမားတစ်ယောက်ဟာ ခွန်အားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသည့်တိုင် ပိုက်ဆံကို လိုအပ်ဆဲ ရှိသည်။ သို့ရာတွင် အချို့ အဖိုးတန်သည့် ဆေးလုံးများ၊ စွမ်းအားကြီး ကျင့်စဉ်များနှင့် အဆင့်မြင့် အရည်အသွေးရှိသည့် လက်နက်များဟာ ပိုက်ဆံနှင့် ဝယ်လို့မရပေ။

“ရှင်သေချာရဲ့လား”

လျန်ချန်းယုက အတည်ပြုစွာ မေးသည်။

“အင်း”

ဟန်ကျောက်က ခေါင်းညှိတ်၏။

“ကျွန်မ ရှင့်ကို ၂၀၀၀၀လျန်ပေးမယ်။ ဘယ်လိုလဲ”

လျန်ချန်းယုက မေးသည်။

“ကောင်းပြီ။ အဆင်ပြေတယ်”

ဟန်ကျောက်က ပြုံးသည်။ သူ၏ အလွန် ခိုင်မာပုံကို တွေ့ရပြီးနောက် လျန်ချန်းရွှယ်ဟာ မည်သည်ကိုမှ မပြောနိုင်တော့ပေ။

“သဘောတူညီချက် ရပြီးပြီဆိုတော့ သွားကြရအောင်”

လူတိုင်းဟာ မတ်တပ်ရပ်ကြ၏။

ကျောက်စိမ်းလေမြို့၏

အရှေ့ဘက် မိုင်၂၀၀တွင်..

နက်ရှိုင်းသည့် တောင်များ၏ အတွင်း၌ ဓါးထုလုပ်ခြင်းနှင့် ဓါးသိုင်းသင်ကြားရာ၌ ကျော်ကြားသည့် စံအိမ်တစ်ခု ရှိ၏။ ဤသည်မှာတော့ ဒီဗိုင်းဓါးစံအိမ် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာလောက်က ဒီဗိုင်းဓါးစံအိမ်၏ ကီလိုမီတာ၅၀၀ အချင်းဝက်အတွင်းရှိ နေရာတစ်ဝက်ဟာ ထိပ်တန်း အင်အားကြီးနေရာတစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှဲမိသားစုဟာ မျိုးဆက်တိုင်းတွင် စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ကို မွေးထုတ်နိုင်သောကြောင့် ဖြစ်၏။

စီရင်စု မြို့တော်၌ပင်လျှင် စစ်ဘုရင်အဆင့် သိုင်းသမားဟာ ကျွမ်းကျင်သူတစ်ယောက်အဖြစ် ရှိနေဆဲ ဖြစ်သည်။ သူတို့ဟာ အဖွဲ့အစည်းကြီး များစွာ၏ ဧည့်သည်များ ဖြစ်နိုင်ကြသည်။ ယခုကဲ့သို့ မြို့ခွဲလေးများတွင်ဆို ပိုဆိုး၏။

သို့ရာတွင် အမည်မသိ ညတစ်ညတွင် ဒီဗိုင်းဓါးစံအိမ်ရှိ လူတိုင်းဟာ ညတွင်းချင်း ရုတ်တရက် ပျောက်ကွယ်သွားကြသည်။

စံအိမ်တစ်ခုလုံးတွင် မည်သည့် တိုက်ပွဲ အရိပ်အယောင်မှလည်း မတွေ့ရပါ။ လူအားလုံး အခြားလောကတစ်ခုသို့ ပြောင်းရွှေ့သွားသည့်နှယ် ရှိ၏။ သဲလွန်စအားလုံးဟာ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။

God Genzo:

All Chapters