← Chapters

အခန်း (၇၆၈)

Vol. 56 Ch. 768

အခန်း (၇၆၈)

Vol. 56 Ch. 768

ဂြိုလ်သားမျိုးနွယ်စုဝင်က စုမင်ကို သတိထားမိခဲ့တယ်

စုမင်က ပုံမှန်အတိုင်းတည်ငြိမ်စွာကြည့်နေသော်လည်း သူက တတ်နိုင်သမျှ သတိကြီးကြီးထားနေလေသည်။ သူက

ထိုနေရာသို့ရောက်ပြီးမှ ရုတ်တရက် အရှုံးပေးလိုက်လျှင် သို့မဟုတ် ချက်ချင်းပြန်ဆုတ်ခွာသွားလျှင် နောင်တကြီးစွာရလိမ့်မည်။

အမှန်တော့ လျှို့ဝှက်ဆန်းကြယ်သောချိပ်ပိတ်နယ်မြေ၏နောက်ကွယ်မှ တစ်စုံတစ်ဦးက သူတို့ကိုကြည့်နေသလို ခံစားရသည်။ ထိုခံစားချက်ကိုသတိပြုမိသည့်အခါ သူက ကြက်သီးတဖြန်းဖြန်းထသွားသည်။

ထိုအချိန်တွင် ထျန်းလင်းနှင့် အခြားသူများက ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်ပြီး ရှေ့သို့ အရှိန်တင်လိုက်သည်။မူလက စစ်မှန်သောအစောင့်များ၏

အလင်းလွှာအစီအရင်ဖြင့်ကြည့်လျှင်

မြင်နိုင်သောအဆုံးမဲ့ချည်မျှင်ဖြူများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းကာ အပိုင်းပိုင်းကွဲအက်သွားခဲ့သည်။

ချည်မျှင်များ၏ငါးပုံတစ်ပုံနီးပါးက ဖုန်မှုန့်များအဖြစ်သို့ လျော့ကျသွားခဲ့ပြီး ကျန်အမျှင်များမှာ အလားတူယိုယွင်းသွားသည့်အရိပ်အယောင်ပြနေလေသည်။ ဤလက္ခဏာများမှာ စုမင်နှင့် အခြားသူများက ထိုနေရာသို့ ဝင်ပြီးချိန်တွင် မပေါ်သေးပေ။ သို့သော် မီးလျှံဂြိုလ်ရှိ ရက်စက်ကြမ်းကြုတ်သောသားရဲများဧ။်ချိပ်တံဆိပ်အားလုံးကွဲအက်သွားချိန်မှစ‌၍ ဖြစ်ပေါ်လာခဲ့သည်။

စုမင်နှင့်အခြားသူများ ထိုနေရာသို့

မဝင်ခဲ့လျှင်တောင်မှ ချည်မျှင်ဖြူများက တဖြည်းဖြည်း အားနည်းလာသည်။

ချိပ်တံဆိပ်၏အနက်ရှိုင်းဆုံးနေရာမှာ

စုမင်နှင့်သိပ်မဝေးသောနေရာဖြစ်၏။ အရိုးစု၏ဦးခေါင်းခွံကိုဖြတ်၍ ထိုးဖောက်ခဲ့သောအနက်ရောင်ဓါးသည်

ခရမ်းရင့်ရောင်ကျောက်ရည်ပူထဲ၌ ပြင်းပြင်းထန်ထန်တုန်လှုပ်လာသည်။

ထိုအချိန်တွင် ဓါးက ချက်ချင်းရုန်းကန်းထွက်လာတော့မည့်ပုံပေါ်၏။အရိုးစုအတွင်းမှ အလင်းတန်းများလင်းလက်လာပြီး သူ့အားထိုးဖောက်ထားသည့် အခြားဓားနှစ်ချောင်းက တဖြည်းဖြည်း လျော့ရဲလာသည်။

တစ်ချိန်တည်းမှာပင်၊ သူ့ခန္ဓာကိုယ်တွင် အသွေးအသားအချို့ ပြန်လည်ရရှိသည့် လက္ခဏာများ ပေါ်လာပြီး အသွေးအသားများက သူ့ဦးခေါင်းခွံကို ပြည့်သွားလေသည်။ထို့နောက် အရိုးစုက အသက်ပြန်ရှင်လာပုံပေါ်သည်။

‘ငါ အသူရာဖန်ဆင်းရှင်ရဲ့တည်ရှိမှုကို အာရုံခံနိုင်တယ်..”

တစ်ချိန်တည်းမှာပင် အသွေးအသားအချို့ ပြန်လည်ရရှိလာသောအရိုးစု၏ နေရာတွင် အဆုံးမဲ့ချည်မျှင်ဖြူများ ရုတ်တရက်ပေါ်လာသည်။ ဤချည်မျှင်များက အချင်းချင်းယှက်နွယ်နေပြီး ပိုက်ကွန်ပုံစံ ဖြစ်လာ၏။ ဤပိုက်ကွန်၏ ငါးပုံတစ်ပုံသည် ပျောက်ကွယ်သွားသော်လည်း ပိုက်ကွန်ပုံစံမပျက်အောင် အနည်းငယ် ထိန်းသိမ်းထားနိုင်ဆဲဖြစ်၏။ရှင်းနေသည်မှာ အဆုံးမဲ့ချည်မျှင်ဖြူများဖြင့် ဖွဲ့စည်းထားသောပိုက်ကွန်သည်

ဂြိုလ်သားမျိုးနွယ်၏အင်အားကြီးကျင့်ကြံသူကို နှိမ်နှင်းနေသည့်ချိပ် တံဆိပ်ဖြစ်၏။

အဖြူရောင်ပိုက်ကွန်သည် အရိုးစုတစ်ဝိုက်တွင် လျင်မြန်စွာနှင့် အသံမဲ့စွာ စုရုံးလာ၏။ ထို့နောက် ချည်မျှင်များက သူ့ခန္ဓာကိုယ်ကို ကန့်လန့်ဖြတ်သွားလေသည်။ အရိုးစုက ရုတ်တရက် တုန်လှုပ်လာပြီး အရိုးစု၏မျက်နှာပေါ်တွင် စတင်အသွေးအသားများက ပြန်လည်ကင်းကွာသွားသည်။

အဖြူရောင်ပိုက်ကွန်က ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့သည်။ချည်မျှင်များက အရိုးစုပေါ်တွင် ကိုးကြိမ်တိုင်တိုင်ကန့်လန့်ဖြတ် ဆက်ယှက်ပြီးနောက် အရိုးစုပေါ်တွင် အသွေးအသားနည်းနည်းမျှ မကျန်တော့ပေ။

သို့သော်လည်း အရိုးစုက ထိုလုပ်ရပ်ကို နေသားကျနေပြီဟု ထင်ရသည်။အရိုးခေါင်းခွံရှိဓါးက တုန်ခါနေပြီး အရိုးစု၏ဟောင်းလောင်းပေါက်များမှ အမှောင်အလင်းတန်းက တဖြည်းဖြည်း အားကောင်းလာသည်။

ဤအတောအတွင်း စုမင်နှင့်အခြားသူများက ချိပ်ပိတ်နယ်မြေ၏အပြင်ဘက်တွင် အရှိန်အဟုန်ဖြင့် ခရီးနှင်နေကြသည်။ သူတို့က မရေမတွက်နိုင်သောဥမင်ငယ်လေးများပါသည့် ပျားအုံချိပ်တံဆိပ်ပေါ်မှ ဖြတ်၍ ပြေးလွှားနေကြ၏။သို့သော် မကြာမီတွင် ထျန်းလင်းနှင့်အခြားလူများက တုံ့ခနဲရပ်တန့်သွားလေသည်။

သူတို့ရှေ့က အဖြူရောင်အလင်းတန်းတစ်ခုက သူတို့လမ်းကြောင်းကို ပိတ်ဆို့နေလေ၏။

စွန်းခုန်းက အလင်းလွှာကို အချိန်အတော်ကြာ စောင့်ကြည့်ပြီး စကားစပြောလိုက်သည်။

“ဒီတံဆိပ်က အရင်ကထက် အများကြီး ပိုအားကောင်းတယ်..အချိန်နည်းနည်းတော့ လိုလိမ့်မယ်”

ထိုစဉ် စုမင်က မနီးမဝေးတွင် ရပ်နေသည်။ ထိပ်ပြောင်ကြိုးကြာငှက်က သူ့ခြေရင်းနားတွင်ရှိနေပြီး စွန်းခုန်းကို အထင်အမြင်သေးစွာကြည့်ရင်း ပျင်းရိသမ်းဝေနေသည်။ သူသာ ထိုတာဝန်ကိုယူရလျှင် ချိပ်တံဆိပ်က ချက်ချင်းတံဆိပ်ကျိုးသွားလိမ့်မည်ဟု တွေးတောမိလေ၏။ သို့သော် စုမင်ကလည်း သူ့ကို မခိုင်းသောကြောင့် သူကဝမ်းသာအားရ လက်ရှောင်နေခဲ့သည်။

သို့သော် သူက ဘေးဘီကိုကြည့်လိုက်သော် သူ့မျက်နှာပေါ်တွင် မင်သက်နေသောအကြည့် ပေါ်လာပြန်သည်။

‘အေးကွာ ငါအရင်က ဒီကိုရောက်ဖူးသလိုမျိုး ဘာလို့ဒီလိုခံစားရတာလဲ... မဟုတ်ဘူး.. ဒါနဲ့တူတဲ့ တစ်နေရာရာကို ရောက်ဖူးတယ်...’

ထိပ်ပြောင်ကြိုးကြာငှက်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာကိုမှ မမှတ်မိနိုင်ပေ။

စုမင်၏နှလုံးသားနှင့်စိတ်ဝိညာဉ်

မြင့်မားစွာနိုးကြားနေပြီး ငြိမ်သက်စွာ မတ်တပ်ရပ်ခဲ့သည်။ ချိပ်တံဆိပ်ဧ။်နက်နဲရာနှင့်နီးကပ်လာလေလေ သူ့ခံစားချက်က ပိုပြင်းထန်လေလေပင်ဖြစ်၏။ စုမင်က ကနဦးကျင့်ကြံစွမ်းအားအားလုံးကို ခန္ဓာကိုယ်အနှံ့ လှည့်ပတ်ရင်း ပတ်ဝန်းကျင်ကို စိုက်ကြည့်နေသည်။

ထို့နောက် သူအင်ကျီလက်အကျထဲတွင် အဆိပ်ပြင်းနကျယ်ကောင်ကို သိမ်းထားခဲ့သည်။

မကြာခင်မှာပဲ စွန်းခုန်းမှာ သူ့နဖူးပေါ်ကကျလာသောချွေးများကို သုတ်လိုက်သည်။ သူက လက်နှင့်ချိပ်တံဆိပ်တစ်ခုဖန်တီးပြီး အလင်းလွှာကို ချိန်ရွယ်လိုက်သည်။ သူ့ညာလက်တွင် ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခု ပေါ်လာသည်။ ထိုသံလိုက်အိမ်မြှောင်ရှိအပ်တစ်ချောင်းက လျင်မြန်စွာ လည်ပတ်နေ၏။သို့သော်လည်း အသက်ဆယ်ရှိုက်စာပြီးတိုင်းတွင် သံလိုက်က ခေတ္တမျှ ရပ်တန့်သွားသည်။ ထိုအချိန်တိုင်းတွင် စွန်းခုန်းက သူ့ဘယ်လက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး ရေမျက်နှာပြင်လို အလင်းလွှာအကာအကွယ်ကို ချိန်ရွယ်လိုက်သည်။ အလင်းလွှာမှ လှိုင်းဂယက်များ ပေါ်လာပြီး ပျံ့နှံ့လာသည်။

စွန်းခုန်း၏လက်ချောင်းများက အလင်းလွှာအကာအကွယ်ကို ကိုးကြိမ်မြောက်ထိမိသောအခါ အလင်းလွှာမျက်နှာပြင်ပေါ်ရှိ လှိုင်းဂယက်အရေအတွက် တိုးလာသည်။

“ဒီနေရာကိုးခုကို အစွမ်းကုန် ရိုက်ချပစ်လိုက်...”

စွန်းခုန်းက ယဲ့ရှန်းထုံကို ပြောလိုက်စဉ် ထျန်းလင်း၏မျက်လုံးများက လင်းလက်လာသည်။

ထျန်းလင်း၏ညာလက်ကို မြှောက်လိုက်သော် သူ့လက်ဖဝါးပေါ်တွင် အကိုင်းအခက်ကိုးခု ပေါ်လာသည်။ ထိုအကိုင်းအခက်များက လျင်မြန်စွာ ကြီးထွားလာပြီး အလင်းလွှာပေါ်ရှိနေရာကိုးနေရာနှင့် ချက်ချင်းထိတိုက်မိသွားသည်။ လေထဲ၌ တဗုန်းဗုန်းပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အလင်းလွှာမျက်နှာပြင် ကွဲအက်သွားလေသည်။

ထျန်းလင်း၏မျက်နှာက ချက်ချင်းဖြူဖျော့သွားလေသည်။ သူက နောက်သို့

အနည်းငယ် နောက်ပြန်ဆုတ်သွားပြီး သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့နောက် အလင်းလွှာကွဲအက်သွားပြီးနောက် ပေါ်လာသည့် ဥမင်လှိုဏ်ခေါင်းဆီသို့ လျင်မြန်စွာလှမ်းကြည့်လိုက်သည်။

စွန်းခုန်း၊ ယဲ့ရှန်းထုံနှင့်ခါးကုန်းကြီးလုံလီတို့၏အမူအရာများလည်း ပြောင်းလဲသွားသည် ။ စုမင်လည်း မျက်ခုံးလှုပ်နေလေသည်။ အလင်းလွှာကွဲအက်ပြီးနောက် ထိုအတွင်းမှ တုနှိုင်းမဲ့လောကမှော်ယာဉ်ပျံအရှင်သခင်တည်ရှိမှု ပြန့်ကျဲလာ၏။

“လောကမှော်ယာဉ်ပျံအရှင်သခင်တည်ရှိမှု...အဲဒီစွမ်းအားပဲ...အရမ်းထူထဲလွန်းတယ်..ငါဒီမှာ နှစ်အတော်ကြာအောင် ကျင့်ကြံနိုင်မယ်ဆိုရင် လောကမှော်ယာဉ်ပျံအလယ်အလတ်အဆင့်ကို ရောက်နိုင်မယ်လို့ ယုံကြည်တယ်...”

လုံလီလည်း သိသိသာသာ တုန်လှုပ်သွားသည်။သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ အခြားလူများကလည်း ဥမင်လိုဏ်ခေါင်းထဲသို့ လျင်မြန်စွာ ရွေ့သွားကြသည်။

စုမင်က နောက်ဆုံးမှဝင်မည့်သူဖြစ်ပြီး လိုဏ်ခေါင်းထဲသို့ ဝင်သွားလိုက်သည်။ သူ့အသက်ရှုပင် အနည်းငယ် မြန်လာ၏။ သူပထမဆုံးမြင်လိုက်ရတာက ဥမင်လိုဏ်ခေါင်းနံရံများမှာ အပြာရောင်ကျောက်ပြားကြီးတစ်ခုနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းတို့ဆီကနေ ထွက်လာသောစွမ်အားက စုမင်အပြင်လောက၌ရသည့်စွမ်းအားထက် သာလွန်၏။

တကယ်တော့ ၎င်းတို့ကို နှိုင်းရက်စရာမရှိခဲ့ပေ။ အပြင်‌လောကရှိ အပြာရောင် ကျောက်တုံးများက မှိန်ဖျော့ဖျော့အလင်း ရောင်ရှိပြီး ယခငကျောက်တုံးကြီးက တောက်ပစွာလင်းလက်နေသောလရောင်ဖြစ်၏။

“ဒီနေရာရဲ့လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားက ချိပ်တံဆိပ်ရဲ့အဖျားအနားမှာရှိတဲ့ စွမ်းအားပဲ..ချိပ်တံဆိပ်ရဲ့အတွင်းထဲရောက်လေလေ..စွမ်းအားပိုထူထဲလေပဲ...ဒီတံဆိပ်တွေရဲ့အလင်းတန်းခြောက်ခုဟာ ကျုပ်တို့ပုံမှန်ဖွင့်လို့ရတဲ့ဟာတွေလိုမဟုတ်ဘူး..

ဒါပေမဲ့ အခုတော့ ဒီတံဆိပ်တွေက ကွဲအက်သွားပြီး အားနည်းတဲ့အနေအထားကို ရောက်နေပြီ..”

“အဲဒါကြောင့်... ကျုပ်တို့ဒီမှာနေပြီး ရှေ့ဆက်မတိုးရင် နောင်တရလိမ့်မယ်”

ထျန်းလင်းက ပြတ်ပြတ်သားသားပြောလိုက်သည်။သူ့အသံက ကျောက်နံရံများဆီသို့ တဟုန်ထိုးပဲ့တင်ထပ်လာသောအခါ

သူက လှိုဏ်ခေါင်းထဲသို့ ပထမဆုံး ပြေးဝင်သွားသူဖြစ်သည်။ သူက လူအုပ်စုကို နောက်ကျောပေးထားသောကြောင့် သူ့မျက်လုံးရှိထူးဆန်းသောအလင်းတန်းကို မည်သူမျှ မမြင်နိုင်ပေ။ သူ့အသံတွင် စိတ်လှုပ်ရှားခြင်းအပြင် မျှော်လင့်ခြင်းနှင့် ရူးသွပ်ခြင်း နှစ်ခုစလုံးရှိနေ၏။

လုံလီက ထိုနေရာရှိလောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားကို အသက်ပြင်းပြင်းရှူရှိက်လိုက်သည်။ သူ့မျက်နှာတွင် ပြတ်သားသောအမူအရာ ပေါ်လာပြီး လိုဏ်ခေါင်းထဲသို့ ပိုတိုးဝင်သွားသည်။

စွန်းခုန်းနှင့်ယဲ့ရှန်းထုံက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်ကြပြီး ကျန်နှစ်ယောက်နောက်သို့ လိုက်ကြသည်။

စုမင်က လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသည်။ ထိုအချိန်တွင် သူ၏ညာလက်က ကျောက်နံရံကို ဖိထားပြီး သူ့ဘယ်လက်က ညှိုးနွမ်းခြင်းနှင့်အားအင်ပြည့်ခြင်းသံသရာကို ထပ်ဖန်တလဲလဲ လုပ်နေလေသည်။သို့သော်လည်း ဤအချိန်တိုလေးအတွင်း သူ၏ကြံ့ခိုင်မှု စွမ်းအားက လပေါင်းများစွာအပြာရောင်ကျောက်တုံးများကို စုပ်ယူခြင်းနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

‘စွန့်စားသူတွေဆီ ကံကောင်းခြင်းရောက်လာတယ်... ထိုက်တန်တယ်..”

စုမင်၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး ရှေ့ကို အရှိန်တင်လိုက်သည်။ သို့သော်လည်း သူက သတိနည်းနည်းမှ မလွတ်ရဲပေ။ သူက အခြားသူများနောက်ရင်း ပို၍သတိရှိလာသည်။

ထိုအဖွဲ့သည် ဥမင်လိုဏ်ခေါင်းကိုဖြတ်၍အရှိန်တင်နေစဉ်တွင် စုမင်က ရုတ်တရက် တုန်လှုပ်သွားသလိုခံစားလိုက်ရသည်။ ပြင်းထန်သော အန္တရာယ်၏အာရုံခံစားမှုက သူ့နှလုံးသားထဲတွင် လျင်မြန်စွာ ပြည့်လာကာ စူးရှသောပေါက်ကွဲသံများက အနောက်မှ ထွက်ပေါ်လာသည်။

စုမင်က တုံ့ဆိုင်းမနေဘဲ ငှက်ကို ဆွဲယူကာ ‌အလင်းတန်းရှည်အဖြစ်ပြောင်းလဲကာ အရှိန်အပြည့်ဖြင့် ရှေ့ဆက်လိုက်သည်။ ထို့နောက် သူ့ကျယ် လောင်သောအသံနှင့် ရှေ့ကလူလေးယောက်ကို သတိလှမ်းပေးလိုက်သည်။။

“နောက်မှာ အန္တရာယ်တစ်ခုလာနေပြီ..ရောင်းရင်းတို့...”

သူ မရပ်မနားဘဲ ပို၍ အရှိန်မြန်သွားသည် ။ ထိုအချိန်တွင် အခြားလူများကလည်း ဖြစ်ပျက်နေသောအရာများကို သတိပြုမိကြပြီး သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

စူးစူးရှရှ ဝီစီသံများ ပိုကျယ်လောင်လာသည်နှင့်အမျှ... အနီရောင်အသားမျှင်များစွာ သူတို့နောက်တွင် ပေါ်လာသည်။

“ဘာလို့ ဒီလောက်များနေတာလဲ...”

ယဲ့ရှန်းထုံက သူ့အရေပြားတွင် ကြက်သီးဖုများထလာသည်ကို ခံစားလိုက်ရသည်။ သူက ဟိန်းဟောက်သံနှင့်အတူ ခြေတစ်လှမ်းတိုးကာ ရှေ့ကို ပြင်းပြင်းထန်ထန် ပြေးလေသည်။ အခြားသူများလည်း အလားတူ လုပ်ဆောင်ကြလေသည်။

သို့သော် ဤနေရာက ဥမင်တစ်ခုဖြစ်သောကြောင့် ဘေးဘက်ကို ထိုးဖောက်ပြေးရန် လမ်းမရှိတော့ပေ။ သူတို့အတွက် တစ်ခုတည်းသော လမ်းကြောင်းမှာ ရှေ့နှင့်နောက်ပြေးရန်ဖြစ်သည်။

ယခုအချိန် အသားမျှင်များက သူတို့ထဲက တစ်ယောက်ယောက်ကိုဖမ်းမိလျှင် သူတို့

ကျိန်းသေပေါက် သေပွဲဝင်ရလိမ့်မည်။

ထို့ကြောင့် သူတို့က ရှေ့သို့ ခြေကုန်သုတ်ကြလေသည်။

ဤသေရေးရှင်ရေးကာလတွင် လူငါးဦးက သူတို့၏အရှိန်များကို မထိန်းတော့ဘဲ အစွမ်းကုန်ထုတ်သုံးကြလေသည်။ ထိုစဉ် သူတို့၏ကျင့်ကြံဆင့်များကို ရှင်းလင်းစွာမြင်နိုင်သည်။ သူတို့အထဲမှာ အမြန်ဆုံးကထျန်းလင်း မဟုတ်ဘဲ လုံလီပင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို မမြင်ရဘဲ နောက်တွင် ကျန်ရစ်ခဲ့သောပုံရိပ်ယောင်များသာ မြင်ရလေသည်။ ထျန်းလင်းက သူ့အခြေတည်နတ်ဘုရားနှင့်ခန္ဓာကိုယ်ကို နေရာပြောင်းလဲလိုက်သောကြောင့် သူက ဒုတိယအမြန်ဆုံးဖြစ်သည်။

တတိယကတော့ ယဲ့ရှန်းထုံမဟုတ်ဘဲ စုမင်ပင်ဖြစ်သည်။

စုမင်က အမြဲတမ်းအရှိန်အပြည့်ဖြင့် ရှေ့ဆက်နေသည်။ သူက အားအပြည့်ဖြင့် ရှေ့သို့ လှမ်းလိုက်သောအခါ ယဲ့ရှန်းထုံနှင့်စွန်းခုန်းက သူ့အား ကျော်ဖြတ်ရန် ခက်ခဲနေလေသည်။ သို့သော် ဤ‌နေရာက

ဥမင်လိုဏ်ခေါင်းဖြစ်ပြီး အကွာအဝေးတို၏။ အကယ်၍ သူတို့သာ အပြင်လောကတွင် ရှိနေပါက စုမင်က တဖြည်းဖြည်း နှေးကွေးသွားလိမ့်မည်။ ထို့ပြင် စုမင်က သူတို့ကဲ့သို့အရှိန်ကိုဆက်လက်ထိန်းသိမ်းရန် ခက်ခဲလိမ့်မည်။

သူတို့က အချင်းချင်း အကွာအဝေးကို ခြားလိုက်ရုံသာမက အနီရောင်အသားမျှင်များနှင့်ပါ ကွာဝေးသွားသည်။ သူတို့နားထဲကို တိုးဝင်လာသောဝီစီသံများက ပို၍ အားနည်းလာသော်လည်းသူတို့စိတ်ထဲမှာ အန္တရာယ်အငွေ့အသက်က စွဲမြဲနေဆဲပင်ဖြစ်သည်။

ခဏအကြာတွင် လုံလီ၏ တိုးတိုးတိတ်တိတ် ညည်းတွားသံကို ရုတ်ခြည်း ထွက်လာသည်။ သူ့ခန္ဓာကိုယ်က ချက်ချင်း နောက်ပြန်ဆုတ်သွားပြီး ပါးစပ်မှ သွေးချောင်းဆိုးလိုက်ရသည်။ ထျန်းလင်း၏ခြေရာများက ရုတ်ခြည်းရပ်တန့်သွားကာ သူ့အမူအရာမှာ မယုံနိုင်လောက်အောင် ပျက်ယွင်းသွားခဲ့သည်။

သူတို့ရှေ့မှာ နောက်ထပ်အလင်းတန်းတစ်ခုပေါ်လာသည်။ ထိုအချိန်တွင် လုံလီက ပြင်းထန်သောစွမ်းအားကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သော်လည်း နောက်ပြန်ဆုတ်ခဲ့ရသည်။ အလင်းလွှာ၏တတိယမျက်နှာပြင်က ယခင်နှစ်ခုထက် ပိုမိုအားကောင်းကြောင်း ပြသနေလေ၏။

စွန်းခုန်းက ဖြူဖျော့သောမျက်နှာဖြင့် အလင်းလွှာမျက်နှာပြင်ကို ကြည့်ရင်း အလောတကြီးပြောလိုက်သည်။

“ကျုပ်တို့ အချိန်တစ်နာရီပဲ ရတော့တယ်”

ထျန်းလင်းက လေးနက်သောအမူအရာဖြင့် စုမင်ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။

“တစ်နာရီကြာမှ အလင်းလွာကို မချိုးဖျက်နိုင်ရင် ကျုပ်တို့အားလုံးသေလိမ့်မယ်...ကျုပ်တို့အားလုံး တစ်ချိန်တည်း တိုက်ခိုက်ကြမယ်..ဘာမှတွန့်ဆုတ်မနေနဲ့..ဒါ သေရေးရှင်ရေးနဲ့ဆိုင်တဲ့ကိစ္စ...”

All Chapters