ခြိမ်းခြောက်ခြင်း
Vol. 56 Ch. 770
“ဒါဘာကြီးလဲ...အားးး”
ယဲ့ရှန်းထုံ စကားပြောနေစဉ် သူ့ညာဘက်လက်ကောက်ဝတ်ရှိ အနက်ရောင်အစက်အပြောက်လေးက သူ့ညာလက်မောင်းတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ခဏလေးအတွင်းမှာပင် သူ့ ညာလက်မောင်းက သွေးချင်းချင်းနီရဲသွားလေသည်။
နကျယ်ကောင်၏အဆိပ်က ယဲ့ရှန်းထုံ၏
ခန္ဓာကိုယ်ကို ဖျက်ဆီးရုံသာမက သူ့ကျင့်ကြံစွမ်းအားကိုပါ ထိခိုက်စေခဲ့သည်။ ယဲ့ရှန်းထုံက လက်ပြတ်သွားပြီး သူ့ကျင့်ကြံဆင့်မှာ ဆက်တိုက် ကျဆင်းသွားခဲ့သည်။
ဤရုတ်တရက် အပြောင်းအလဲမှာ မြန်ဆန်လွန်းလှ၏။ ထျန်းလင်းနှင့် အခြားသူများက ယဲ့ရှန်းထုံ၏နာကျင်စွာအော်သံကို ကြားလိုက်သောအခါ အရာအားလုံးဖြစ်ပျက်ပြီးသွားလေသည်။
ယဲ့ရှန်းထုံ၏ အော်သံများက ဥမင်လိုဏ်ခေါင်းထဲတွင် ဆက်လက် ပဲ့တင်ထပ်နေသည်။
သူ့အသံက နာကျင်မှုကြောင့် ရူးသွပ်သွားသော စိတ်ဝိညာဥ်တစ်ခုကို ထုတ်ဖော်ပြသနေ၏။ ယဲ့ရှန်းထုံ၏ ကျယ်လောင်သော အော်သံများသည် လေထဲတွင် ထွက်ပေါ်လာသည်နှင့်အမျှ သူ့မျက်နှာပေါ်တွင် သွေးကြောများထောင်းထနေသည် ။ သွေးကြောမျှင်များက သူ့အဖြူရောင်မျက်လုံးအိမ်၌ ချက်ချင်း ပြည့်လာ၏။ ထိုအချိန်တွင် သူခံစားနေရသောနာကျင်မှုက သူ့အားနှင့် ခံနိုင်ရည်ရှိသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်မှုမဲ့သွားစေသည်။ ခံစားရသော ဝေဒနာက အလွန်ကြီးမားသဖြင့် သူ ခံနိုင်ရည်ရှိသောအတိုင်းအတာထက်ကျော်လွန်သွားလေသည်။
ထျန်းလင်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူက ယဲ့ရှန်းထုံ အနီးသို့ လျင်မြန်စွာ ရောက်ရှိလာပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုစဉ် မွှန်ထူနေသောသွေးနံ့များက လေထဲသို့ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။ထျန်းလင်း၏မျက်ခုံးများ လှုပ်နေလေသည်။
ယဲ့ရှန်ထုံ၏ခန္ဓာကိုယ်က အရည်ပျော်လုမတတ်ဖြစ်နေစဉ် ထျန်းလင်းက သွေးအိုင်နားသို့သွားရန် မဝံ့မရဲဖြစ်နေလေ၏။မဟုတ်လျှင် သူပါ ဒုက္ခလှလှတွေ့သွားလိမ့်မည်။
သူ တုံ့ဆိုင်းနေသည့်အတွက် ယဲ့ရှန်းထုံက ညာလက်ကို ဆုံးရှုံးရုံမျှမက သူ့အသွေးအသားတစ်ဝက်က ရေကဲ့သို့ စီးကျလာပြီး အရေပြားအောက်ရှိအရိုးများကလဲ အရည်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအရာအားလုံးက အချိန်အတော်ကြာအောင် ဖြစ်ပျက်သွားပုံရသည်။ သို့သော် ယဲ့ရှန်းထုံက စုမင်ကို တိုက်ခိုက်ပြီးနောက် အသက်ရှိုက်စာအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်။ သို့သော် နာကျင်သောအော်သံများကြားတွင် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်ပြီး အဆိပ်ရှိသော နကျယ်ကောင်၏အဆိပ်ကို ရင်ဆိုင်ကာ သူ့ကျင့်ကြံဆင့်အစစ်အမှန်ကို ဖော်ထုတ်လိုက်သည်။ သူ့ဘယ်ဘက်လက်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်ပြီး လေထုကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့လက်ထဲတွင် ဆေးပုလင်းရှစ်လုံး ပေါ်လာသည်။ သူက မတူညီသော အဆိပ်ဖြေဆေး ရှစ်လုံးကို တစ်ကြိမ်တည်း မျိုချလိုက်သည်။
သို့သော်လည်း ထိုအဆိပ်ဖြေဆေးကို မျိုချမိသော်လည်း အဆိပ်ပျံ့နှံ့မှုကို မရပ်တန့်နိုင်သေးပေ။ သူ့ခြေထောက်များ တုန်ရီနေပြီး အရည်ပျော်ကျမှု လျော့နည်းသွားသည်။ သူက သွေးအိုင်များထဲတွင် ရှိနေကာ မယုံနိုင်လောက်အောင် သနားစရာကောင်းပြီး စိတ်ဆင်းရဲနေပုံရသည်။
သို့သော် သူက အသူရာနတ်ဘုရားတစ်ပါးဖြစ်နေဆဲပင်... သူ့ခန္ဓာကိုယ် အများစုအရည်ပျော်သွားပြီး ကျင့်ကြံဆင့် လျော့နည်းသွားချိန်မှာတောင် ဘယ်ဘက်လက်တစ်ခြမ်းကို ခက်ခက်ခဲခဲ ဆန့်ထုတ်လိုက်ပြီး သူ့နဖူးကို ပြင်းပြင်းထန်ထန် ထိရိုက်လိုက်သည်။ သူ့နဖူးရှိအရေပြားကို ဆွဲခွာလိုက်သလိုပုံစံဖြစ်နေပြီး ဦးခေါင်းခွံတောင် မြင်လုမတတ်ဖြစ်နေသည်။
ယဲ့ရှန်းထုံ က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ စွမ်းအားများအားလုံး ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်လုံးလုံး အရည်ပျော်ခါနီးတွင် သူ့ အခြေတည်နတ်ဘုရားအား ထွက်သွားရန် တွန်းအားပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ယဲ့ရှန်းထုံ၏အခြေတည်နတ်ဘုရားက သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ ခန္ဓာကိုယ်တစ်ခုလုံးလဲကျသွားလေသည်။ မျက်လုံးတစ်မှိတ်အတွင်းမှာပင် သူ့ခန္ဓာကိုယ်က သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် သူ့အခြေတည်နတ်ဘုရားက လေထဲတွင် လွင့်မျော တောက်ပနေ၏။ သူက စုမင်ကို မလိုမုန်းတီးမှု၊ မယုံကြည်မှုတို့နှင့်အတူ စူးစူးဝါးဝါးကြည့်နေလေသည်။
“နှမြောစရာပဲ..စောစောကတည်းက မင်းရဲ့ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး အခြေတည်နတ်ဘုရားကိုထွက်ခိုင်းလိုက်ရင် စွမ်းအားတွေ ပိုရလာမှာ...”
စုမင်၏မျက်လုံးများမှ လှောင်ပြောင်သောအကြည့်များ ပျောက်ကွယ်သွားသည်။ သူက တည်ငြိမ်စွာ စကားပြောရင်း သူ၏ပုံမှန်တည်ငြိမ်သောအမူအရာ ပြန်ပြောင်းသွားသည်။
သူစကားပြောနေစဉ် သူ့ပခုံးပေါ်တွင် လုံးဝအန္တရာယ်မရှိသည့်ပုံပေါက်သည့် နကျယ်ကောင်တစ်ကောင်ရှိ၏။ နကျယ်ကောင်၏အတောင်များက ပေါ့ပါးစွာ တုန်ခါနေပြီး စူးစူးဝါးဝါး အော်သံများ ထွက်လာသည်။ ၎င်းက သူ့၏အဆိပ်ပြင်းသောအစွယ်ကိုထုတ်လိုက်ပြီး ထျန်းလင်းနှင့် အခြားသူများ၏ အမူအရာများ ပျက်ယွင်းသွားစေသည်။
ထျန်းလင်းက စုမင်ကို ကြည့်လိုက်သည်။ သူက အဖွဲ့ထဲတွင် စုမင် ကို အလေးပေးဆုံးသူဖြစ်သည်။ သူက စုမင်ကို သူနှင့်တန်းတူဆက်ဆံခဲ့သည်။ သို့သော် သူ့တွင် နတ်ဘုရားအာရုံနှင့် နေရာပြောင်းသည့်စွမ်းရည်ကိုအသုံးပြုပြီးနောက် သူက ယာယီ စွမ်းအား တိုးလာသည်။ ထို့ကြောင့် သူက စုမင်ကို သိပ်အရေးမပေးတော့ပေ။
စုမင်က ခြိမ်းခြောက်မှုတစ်မျိုးမျိုး လုပ်လာခဲ့လျှင်လည်း ၎င်းမှာ သူပိုင်ဆိုင်ထားသော ထူးဆန်းသောဥပဒေစွမ်းအား၊ ရှစ်ရောင်ခြယ်သလင်းကျောက်နှင့် ဖီးနစ်သားရဲတို့ကြောင့်ဖြစ်သည်ဟု ထျန်းလင်းယုံကြည်ခဲ့သည်။
သို့သော် ယခုအချိန်တွင် စုမင်၏ ပတ်၀န်းကျင်ရှိ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်များကို လျှော့တွက်မိကြောင်း နောင်တရခဲ့သည်။ စုမင်က သူ၏ထူးခြားသောစွမ်းရည်များကို အသုံးမပြုဘဲ ဖီးနစ်သားရဲက သူ့နောက်ကို လိုက်မလာဘဲ၊ ရှစ်ရောင်ရှိသော သလင်းကျောက်ကိုပင် အသုံးမပြုဘဲ အိမ်မွေးသားရဲလေးတစ်ကောင်ထုတ်လိုက်ရုံဖြင့် ယဲ့ရှန်းထုံကိုကြောက်စရာကောင်းလောက်အောင် အဆိပ်ခတ်နိုင်ခဲ့သည်။
ထိုအရာက ယဲ့ရှန်းထုံ၏ပေါ့လျော့မှုနှင့်ဆိုင်ပြီး စုမင်၏လုပ်ရပ်မှာ တကယ့်တိုက်ပွဲထက် ခြုံခိုတိုက်ခိုက်ခြင်းဟု ယူဆနိုင်သည်။ သို့သော် မြေနှိမ့်ရာလှံစိုက်ဟုယူဆနိုင်သောနတ္ထိအနှစ်သာရနယ်မြေမှာ စုမင်၏လုပ်ရပ်နှင့်ပတ်သတ်ပြီး မည်သူမှ ဝင်မပြောနိုင်ပေ။ ထို့ပြင် ယဲ့ရှန်းထုံက စုမင်ကိုမတိုက်ခိုက်ခင် သူတို့အားလုံးက ယဲ့ရှန်းထုံကို တိတ်တဆိတ်သဘောတူထောက်ခံခဲ့သည်။
“ဒီလူရဲ့ကျင့်ကြံဆင့်က ဘာမှထူးထူးခြားခြား မရှိနိုင်ပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းရည်တွေနဲ့ ဖုံးကွယ်ထားတယ်..သူ့မှာ ချိပ်တံဆိပ်ချိုးဖျက်တဲ့စွမ်းရည်သာမက ဖီးနစ်သားရဲနဲ့ အဆိပ်ပြင်းနကျယ်ကောင်လဲ ရှိတယ်..အမှန်တော့ သူ စိတ်ဆန္ဒရှိရင် မီးလျှံဂြိုလ်က ရက်စက်ကြမ်းကြုတ်တဲ့ သားရဲအများစုကို ထိန်းချုပ်နိုင်လိမ့်မယ်..သူက စိတ်ဝိညာဉ်ဖမ်းသူများလားး”
ထျန်းလင်း၏အမူအရာသည် မယုံနိုင်လောက်အောင် ဆိုးရွားသွားခဲ့သည်။ ထိုအတွေးပေါ်လာသောအခါ သူ့လက်ဖဝါးဖြင့် လက်သီးကို ပတ်ကာပသူမျိုးဖြစ်သည်။ ၎င်းတို့၏ကျင့်ကြံဆင့်များက
မယုံနိုင်လောက်အောင် မြင့်မားပြီး ဘေးနားတွင် ရက်စက်ကြမ်းကြုတ်သောသားရဲများကို ပိုင်ဆိုင်ထားသည်။ ထိုရက်စက်ကြမ်းကြုတ်သော သားရဲများက ကျင့်ကြံသူများနောက်သို့ တလိုတလား လိုက်လာပြီးနောက် ထိန်းချုပ်ထားခံရပုံ ပေါ်သည်။ သားရဲများကလဲ သူတို့အတွက် အချိန်မရွေးသေရန် အသင့်ဖြစ်နေသည်။
လုံလီက စုမင်၏ပခုံးပေါ်ရှိ အဆိပ်ပြင်းနကျယ်ကောင်အား လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
ထိုအချိန်တွင် သူ၏နှလုံးသားက အလွန်တုန်လှုပ်သွားသည့် အနေအထားတွင် ရှိနေသည်။ အမှန်တော့ စုမင်က ယဲ့ရှန်းထုံကိုဆိုးဆိုးရွားရွား ထိခိုက်စေချင်သည့်အတွက် ကြီးမားသောအဖိုးအခကိုပေးဆပ်ခိုင်းချင်ခဲ့သည်။ သို့သော် စုမင်ကို ထိုသို့လုပ်ခိုင်းရန် မလွယ်ကူပေ။ စုမင်၏ကျင့်ကြံဆင့်၊ ယခုဖြစ်ပျက်ခဲ့သောရလဒ်ကိုသာ အာရုံစိုက်နေလျှင် သူ့နှလုံးသားက ပင်ပန်းနွမ်းနယ်မှုများနှင့်ပြည့်နှက်နေလိမ့်မည်။
လက်ရှိစုမင်က အသူရာနတ်ဘုရား၏ စွမ်းအားကို မပိုင်ဆိုင်ထားသော်လည်း
လူတိုင်း၏အမြင်တွင် သူက သတိထားရန် လုံလောက်သော အစွမ်းထက်ကျင့်ကြံသူတစ်ဦးဖြစ်လာသည်မှာ သေချာ၏။
စုမင်က ဤမိစ္ဆာအိုကြီးများ၏အမှန်တကယ် အသိအမှတ်ပြုခံရပြီးအချို့သော အခြေအနေများတွင် တန်းတူရည်တူဆွေးနွေးနိုင်သည့် လူဖြစ်လာခဲ့သည်
“ဘယ်လောင်တောင် လောင်မီးကျစေတဲ့အဆိပ်လဲ..ဘယ်လောက်ထိ တုန်လှုပ်စရာကောင်းလဲ..ရောင်းရင်းစုက ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ အများကြီးကို သိတယ်လို့ ထင်ထားပေမဲ့ ဒီလို အဆိပ်ပြင်းတဲ့ နကျယ်ကောင်မျိုး တစ်ခါမှ မကြားဖူးဘူး..ရှေးခေတ်တုန်းက ရှိခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲဆယ်ကောင်ထဲက ဒုတိယအဆင့်ရှိတဲ့အနက်ရောင်ပုစဉ်းနဲ့ ပထမအဆင့်ရှိအဆိပ်ပင်လယ်ငွေပိုးနဲ့တောင် ယှဉ်လို့ရတယ်..”
“ ရောင်းရင်းစု..မင်းရဲ့ စွန့်စားခန်းမှာ တိုက်ခိုက်မှုတွေ အများကြီး ရှိသေးတယ်.. အခုတောင် မင်း ငါတို့ကို မ ပြောပြတာ အများကြီး ရှိနိုင်သေးတယ်”
စွန်းခုန်းက မျက်မှောင်ကြုတ်ထားသဖြင့်သူ့အတွေးများကို အခြားသူများ မျက်လုံးများဖြင့် မြင်ရန် ခက်ခဲစေသည်။ သူ့စကားကိုလဲ သတိထားပြောနေခဲ့သည်။
“ကျုပ်က သူတို့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားသူတစ်ယောက်ပဲ မဟုတ်လား”
စုမင်က သူ့ ညာလက်ကို မလှုပ်မီ လူအုပ်စုကို တောက်လျှောက်ကြည့်လိုက်သည်။ ထို့နောက်သူ့ပခုံးပေါ်ရှိ အဆိပ်ပြင်းနကျယ်ကောင်ကြီး ချက်ချင်းပျောက်ကွယ်သွားသည် ။
စွန်းခုန်းက အခြားတစ်ခုခုကို ပြောချင်နေသကဲ့သို့ ပါးစပ်ကို ဖွင့်ထားသော်လည်း ဥမင်အတွင်း အနီရောင်အသားမျှင်များ၏ စူးစူးဝါးဝါးအသံများ ရုတ်ချည်း ပြင်းထန်လာသည်။ ထိုအသံများက လေထဲကို ဖြတ်သန်းလာပြီး လူအုပ်စုနှင့် ပေရာနှင့်ချီ၍ အကွာအဝေးတွင် ပေါ်လာသည်။ သူတို့က မယုံနိုင်လောက်အောင် လျင်မြန်ပြီး ဆုတ်ခွာသွားနိုင်သည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ပစ်လိုက်ကြသည်။
စွန်းခုန်း၏အမူအရာက ရုတ်တရက် ပြောင်းသွားသည်။ သူ့ဘေးနားရှိ
လုံလီနှင့်ထျန်းလင်းလဲ မျက်မှောင်ကြုတ်မိသွားသည်။ ယဲ့ရှန်ထုံ၏မျက်လုံးများက ရူးသွပ်ခြင်းများနှင့် ပြည့်နှက်နေသော်လည်း ယခုအချိန်တွင် သူလဲ တုန်ရီနေ၏။ သူ့လက်ရှိအခြေအနေဖြင့် ဤနေရာမှ လွတ်မြောက်ရန် ခက်ခဲကြောင်းသိလေသည်။ သို့သော် သူနှင့်အတူဤလူများပါ သေခဲ့လျှင် အနည်းဆုံးတော့နောင်တကင်းသွားမည်။
ထိုအခိုက်အတန့်တွင် စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက ချိပ်တံဆိပ်ကို ချိုးဖျက်ရန် ငှက်၏ စွမ်းအားကို အသုံးပြုရန် မရွေးချယ်ခဲ့ပေ။ သူ့အနေနှင့် ထိုလျှို့ဝှက်ချက်မှာ သူတပါးအား လုံးဝထုတ်ဖော်မပြနိုင်သော အရာဖြစ်သည်၊ သို့မဟုတ်ပါက သူ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းလိုက်လျှင်ပင် အနာဂတ်တွင် အခြားပြဿနာများစွာကို သူ့ဘဝတွင် ထပ်တိုးသွားလိမ့်မည်။
ထို့အပြင် သူ့ရှေ့က ဤလူများက ဤတံဆိပ်ကို ချိုးဖျက်ရန် အမှန်တကယ် နည်းလမ်းမရှိဟု ခဏပင် မယုံခဲ့ပေ။
စုမင်၏လက်ချက်ဖြင့်သေဆုံးသွားသော ကောင်းကင်ဘုံကျင့်ကြံဂြိုလ်မှ ကျင့်ကြံသူတောင်မှ သူ့အသက်ကို ကာကွယ်ရန် ဝှက်ဖဲများစွာကို ပြင်ဆင်ထားသည်။ ထို့ကြောင့် ဤအသူရာနတ်ဘုရားများတွင် များပြားလှသောအကြံစည်များရှိလိမ့်မည်။
အနီရောင်အသားမျှင်များက ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သော်လည်း တကယ် ကြီးမားသောခြိမ်းခြောက်မှုက အဖွဲ့၀င်များထံမှ လာ၏။ ထို့ကြောင့် စုမင်က ၎င်းတို့အား ခြိမ်းခြောက်ရန် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို အသုံးပြုခဲ့ခြင်းဖြစ်၏။ နောက်ဆုံးတွင် သူ၏ကျင့်ကြံဆင့်က လူအုပ်စုတွင် အနိမ့်ဆုံးဖြစ်သည်။
ဤအကျပ်အတည်းတွင် စုမင်က လျင်မြန်သော ခြေလှမ်းအနည်းငယ်ဖြင့် နောက်ပြန်ဆုတ်ကာ ကျောက်နံရံကို လက်ဖြင့် ဖိလိုက်သည်။ထိုအချိန်တွင် များပြားလှသော ရုပ်ပိုင်းဆိုင်ရာစွမ်းအားများစွာကို ထုတ်လွှတ်သောအပြာရောင်ကျောက်နံရံကြီးက အရှိန်အဟုန်ဖြင့် အရည်ပျော်လာသည်။ သူက နံရံထဲသို့ နစ်မြုပ်သွားရင်း အနီရောင်အသားမျှင်များ လိုက်ဖမ်းရာကနေ ပုန်းရှောင်းခိင်ကြောင်း ထင်ရှားသည်။
စွန်းခုန်းက မျက်လုံးများကို မှိတ်ထားပြီး ချက်ချင်းပင် လက်နှင့် တံဆိပ်ခုနစ်ခုကို ဖန်တီးလိုက်သည်။ ပုံရိပ်ခုနစ်ခုက ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်ပေါ် ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ထပ်နေသည်။ လုံလီ၏မျက်လုံးများတွင် တောက်ပမှုတစ်ခုပေါ်လာသော်လည်း သူ့ခေါင်းထဲတွင် မည်သို့သော အတွေးများများရှိ နေသည်ကို မည်သူမျှ မသိနိုင်ပေ။ တချွီချွီ ဝီစီသံများက အလွန်လျင်မြန်စွာ တိုးဝင်လာပြီး အသံအရင်းအမြစ်က နားရွက်နားတွင် ရှိနေသကဲ့သို့ မြည်နေလေသည်။ ပေရာနှင့်ချီအကွာအဝေးရှိ အနီရောင်အသားမျှင်များက
တခဏအတွင်း နီးကပ်သွားကာ လူများ၏ခန္ဓာကိုယ်တစ်ခုလုံး နစ်မြုပ်သွားခဲ့သည်။
နေရာတစ်ခုလုံးကို အနီရောင်အသားမျှင်များက ပင်လယ်ကဲ့သို့ ပြည့်လုလုနီးပါးတွင် တည်နေရာငါးခုချိပ်တံဆိပ်က စုမင်နား၌ ထွန်းလင်းတောက်ပလာခဲ့သည်။
စွန်းခုန်းက ခုနစ်လှမ်း နောက်ပြန်ဆုတ်သွားကာ ပုံရိပ်ယောင်များက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေဆဲဖြစ်သည်။ သူက အလင်းလွှာ၏မျက်နှာပြင်ကို ထိလိုက်ပြီး သူ့ခန္ဓာကိုယ်က ဖန်သားပြင်တစ်လျှောက် ရွေ့လျားသွားသည်။ သူ့နှုတ်ခမ်းထောင့်မှာ အနည်းငယ်မှိန်ဖျော့သောအပြုံးတစ်ခုပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ နောက်ပြန်ဆုတ်သွားကာ ပျောက်ကွယ်သွား၏။
ထိုအချိန်တွင် အနီရောင်အသားမျှင်များကြားမှ ခပ်အုပ်အုပ်ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ အသံပိုင်ရှင်မှာ လုံလီပင်ဖြစ်သည်။ သူ့အသွင်အပြင်က ပြောင်းလဲသွားပြီး အရိပ်များစွာဖြင့် ဖွဲ့စည်းထားသည့်အနက်ရောင်မြူအလွှာတစ်ခုနှင့် တူလေ၏။ သူက ချိပ်တံဆိပ်ဆီကို အရှိန်တင်ကာ အမည်မသိနည်းကို အသုံးပြု၍အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအခိုက်အတန့်၌ ဥမင်လှိုဏ်ခေါင်းအတွင်း ကျယ်လောင်သောပေါက်ကွဲသံများဖြင့် ပြင်းထန်စွာ ပဲ့တင်ထပ်နေသည်။ ဤသည်မှာ အနီရောင်အသားမျှင်များက အလင်းလွှာမျက်နှာပြင်ကို တိုးဝှေ့ထိခတ်နေသောအသံဖြစ်သည်။
စုမင်က ကျောက်နံရံအတွင်း၌ ရှိနေစဉ်တွင် ကျယ်လောင်သောအသံများ သူ့နားထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။ သူ၏တည်နေရာငါးခုချိပ်တံဆိပ်က ဆက်လက် ကွဲအက်သွားသည်။သူက ခက်ခက်ခဲခဲ ရုန်းကန်နေရသော်လည်း အနီရောင်ချည်မျှင်များကို တွန်းလှန်ရန် အဆိပ်ပြင်း နကျယ်ကောင်ကို ထုတ်သုံးခဲ့သည်။
အေးစက်သောလှောင်ရယ်သံတစ်ခု စုမင်၏နှုတ်ခမ်းတွင် ပေါ်လာသည်။ သူက စွန်းခုန်နှင့်လုံလီတို့၏တုံ့ပြန်မှုကို မြင်ခဲ့ပြီး သူ၏သုံးသပ်ချက်က မှန်ကန်ကြောင်း သိခဲ့သည်။ သူတို့အားလုံးမှာ ချိပ်တံဆိပ်ကို ချိုးဖြတ်ရန် ကိုယ်ပိုင်နည်းလမ်းများ ရှိကြသည်။ သူတို့က ကိုယ်ပိုင်နည်းလမ်းများကို ထုတ်မသုံးဘဲ ချိပ်တံဆိပ်၏ နက်ရှိုင်းသောအစိတ်အပိုင်းများအထိ တစ်စတစ်စချင်းသွားရန် ရွေးချယ်ခဲ့သည်။ အဖွဲ့ဝင်သေဆုံးမှု ပိုများလာလေလေ၊ လောကမှော်ယာဉ်ပျံစွမ်းအားကို မျှဝေခံစားနိုင်သူ နည်းပါးလေးပင်ဖြစ်၏။
“ဒါလဲ ကောင်းတာပဲ.. အောက်ခြေကို ရောက်ဖို့ ကျုပ်တို့ရဲ့စွမ်းရည်တွေကို အားကိုးကြတာပေါ့...”
စုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာသည်။