← Chapters

ရတနာဘူးသီးခြောက် ကောက်ရခြင်း

Vol. 56 Ch. 772

ရတနာဘူးသီးခြောက် ကောက်ရခြင်း

Vol. 56 Ch. 772

စုမင်က အလျင်စလို ထွက်ခွာသွားကာ ရှေ့ကို ဆက်သွားနေခဲ့သည်။ သူက ချိပ် တံဆိပ်၏နက်နဲရာရှိ လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားကို စိတ်မဝင်စားခဲ့ပေ။ သူက ရုပ်ပိုင်းဆိုင်ရာစွမ်းအားရှိသောကျောက်တုံးများအတွက် ဤနေရာကို လာရန် အဓိကစွန့်စားခဲ့သည်။

ဥပမာအားဖြင့် သူ့ပတ်လည်ရှိ အပြာရောင်ကျောက်နံရံများပင်ဖြစ်ဧ။်။ ဤကျောက်တုံးများကသာ စုမင်၏ နှလုံးခုန်သံကို တုန်လှုပ်သွားစေသည့် စွမ်းအားတစ်ခုသာ ပိုင်ဆိုင်ထား၏။

ဤနေရာက စုမင်အတွက် တည်ငြိမ်အေးချမ်းမှု အရှိဆုံး နေရာပင်ဖြစ်သည်။ ထို့ကြောင့်သူက ကျောက်နံရံအပြင်ဘက်သို့ ထွက်သွားရန် စိတ်ကူးပင်မရှိခဲ့ပေ။ ယင်းအစား၊ သူက ငှက်ဆီသို့ နတ်ဘုရားအာရုံမှတစ်ဆင့် အကြံဥာဏ်တစ်ခု ပေးပို့လိုက်သည်။ သူ့မျက်လုံးများကိုမှိတ်ထား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အသွေးအသားများက ချက်ချင်းပင် ညှိုးနွမ်းပြီး အရိုးပေါ်အရေတင်အဖြစ်ပြောင်းလဲသွားသည်။

သို့သော် တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ ထွက်လာသော ကြီးမားသော စုပ်ယူမှုစွမ်းအားက သူ့ပတ်ဝန်းကျင် ကျောက်နံရံရှိ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားအားလုံးကို စုပ်ယူသွားခဲ့သည်။ထိုစွမ်းအားများက စုမင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် လျင်မြန်စွာနှင့် သက်သာလာခဲ့သည်။ တကယ်တော့ သူ့မှာ တော်တော်ကြံ့ခိုင်စွမ်းအားရှိလေသည်။

မကြာခင်မှာပဲ စုမင်၏ ခန္ဓာကိုယ်က ညှိုးနွမ်းသွားပြန်၏။ ထိုနည်းအတိုင်းပင် သူက ဆက်လက်ညှိုးနွမ်းလိုက်၊ ပြန်လည်ကောင်းမွန်လိုက်နှင့် သံသရာလည်နေခဲ့သည်။ ထို့ကြောင့် စုမင်၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားက ဆက်လက်တိုးလာခဲ့သည်။

အနှိုင်းမဲ့လိုအင်ဆန္ဒ၏နတ်စွမ်းရည်အပေါ် အခြေခံ၍ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုသည် ဘယ်သောအခါမှ ပြီးဆုံးမည်မဟုတ်ဟု ဆိုနိုင်၏။

စုပ်ယူနိုင်သောစွမ်းအားလုံလုံလောက်လောက် ရှိနေသရွေ့ ထိုစွမ်းရည်ကို အဆုံးမသတ်ဘဲ ဆက်လက် လေ့ကျင့်နိုင်မည်ဖြစ်၏။

စုမင်က သူ၏ ခန္ဓာကိုယ် တဖြည်းဖြည်း သန်မာလာသည်ကို ခံစားမိလာသည်။ အကယ်၍ သူ့စွမ်းအားများ အကုန်ထုတ်သုံးမည်ဆိုလျှင် လူသားအဆင့်ကျင့်ကြံသူများကို တွန်းလှန်နိုင်သည်။

သို့သော် ဤအဆင့်မှာ စုမင်၏မျက်လုံးထဲတွင် အလွန်အားနည်းနေခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ကောင်းကင်ဘုံကျင့်ကြံခြင်း သို့မဟုတ် မြင့်မားသော အဆင့်သို့ ရောက်ရန်ဖြစ်သည်။ တကယ်တော့ သူ့၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားတစ်ခုတည်းဖြင့် အသူရာနတ်ဘုရားအဆင့်အတန်းကို ရောက်နိုင်လျှင် ပိုကောင်းလိမ့်မည်။

စုမင်က ကျောက်နံရံမှ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများကို ဝါးမြိုနေချိန်တွင် စွန်းခုန်းက ပျားအုံနှင့်တူသော တံဆိပ်ခတ်ထားသည့်အပေါက်များထဲမှ တစ်ခုတွင် ရှိနေသည်။ သူ့ခန္ဓာကိုယ်က တွန့်လိမ်ပုံပျက်နေပြီး ဖောက်ထွင်းမြင်ရသောအခြေအနေတွင် ရှိနေ၏။သူသွားလေရာရာ၌ စွမ်းအားလှိုင်းလုံးများက လေထဲတွင် ပျံ့သွားသည် ။ သူက ဥမင်လိုဏ်ခေါင်းထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ရွေ့သွားသဖြင့် သူ၏အမူအရာမှာ လေးနက်လွန်းလှသည်။

ဤအခြေအနေတွင် သူက အန္တရာယ်များစွာ မကြုံခဲ့ရသော်လည်း ပျားအုံနှင့်တူသော ချိပ်တံဆိပ်ကြောင့် ဝင်္ကပါထဲတွင် ရှိနေသကဲ့သို့ ခံစားရဆဲဖြစ်သည်။

စွန်းခုန်းက ဤနေရာကို ဖြတ်သန်းနေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း မှန်ကန်သောလမ်းကြောင်းကို မတွေ့ရှိသေးပေ။

တစ်ချိန်တည်းမှာပင် ခါးကုန်းကြီးလုံလီက ပျားအုံပုံစံရှိသောချိပ်တံဆိပ်ဆီသို့ အရှိန်တင်လိုက်လေ၏။ သူ့ခန္ဓာကိုယ်က အဆုံးမဲ့အနက်ရောင်ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။ သူ့က ရှေ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။မြူခိုးနက်များက သူ့ဘေးနားပတ်လည်တွင် ဖုံးလွှမ်းထားသော်လည်း ရှေ့ကို ဆက်လက်အရှိန်တင်လိုက်သည်။

သူ့အမြန်နှုန်းက စွန်းခုန်းထက် အများကြီး ပိုမြန်ပြီး သူ့ကြည့်ရတာတော့ ဒုန်းစိုင်းပြေးနေပုံမပေါ်ပေ။ ယင်းအစား သူ့မှာ ပန်းတိုင်တစ်ခုရှိပုံရသော်လည်း ချိပ်တံဆိပ်၏နက်နဲရာကို မပြေးခဲ့ပေ။ သူက တခြားဘက်ကို ပြေးနေလေ၏။

ခဏအကြာတွင် အနက်ရောင် မြူခိုးများ ရုတ်ခြည်း ရပ်တန့်သွားဧ။်။ လုံလီ၏ တောက်ပသော မျက်လုံးများကို မြူခိုးများအတွင်း၌ ဖျတ်ခနဲ မြင်နိုင်သည်။

‘ဒီနားမှာ ရှိရမယ်..လွန်ခဲ့တဲ့နှစ်တွေက ငါရတဲ့ရှေးဟောင်းစာလိပ်ထဲက မှတ်တမ်းတွေမှန်တယ်ဆိုရင် တာအိုချိပ်တံဆိပ်ခြောက်ခုရဲ့ဒုတိယနေရာက ဒီနေရာပဲ”

“တာအိုချိပ်တံဆိပ်ခြောက်ခုရဲ့အဓိကဗဟိုနေရာကတော့ ချိပ်ပိတ်ခံရသူ လဲလျောင်းတဲ့နေရာပဲ..ဒါ့ကြောင့် ပတ်လည်မှာ မညီမျှတဲ့စွမ်းအားတွေရှိနေတာပဲ..တာအိုချိပ်တံဆိပ်ခြောက်ခုရဲ့အလယ်အူတိုင်တစ်ခုစီမှာ အနည်းဆုံးလောကတစ်ခုရဲ့စွမ်းအားအားလုံးကို စုစည်းထားတဲ့လောကအမြု‌ တေကျောက်တုံးတွေရှိတယ်...”

“တကယ်လို့ ငါ လောကအမြု‌ တေကျောက်တုံးကို ရခဲ့ရင် ငါ့ရဲ့ကျင့်ကြံဆင့်ကို တိုးတက်အောင် လုပ်နိုင်မှာပဲ..”

လုံလီက မြူခိုးထဲတွင် ရှိနေစဉ် သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ သူ့အသက်ရှူသံများတောင် မြန်ဆန်လာသည်။ အမှန်တော့ ဘဝတစ်သက်မှာ ထိုသို့တစ်ကြိမ်သာ ကြုံခဲ့ရလျှင် ကောင်းကင်၏ကောင်းချီးဟု ယူဆနိုင်သည်။ လူအများစုအတွက် ဤကဲ့သို့ ကျင့်ကြံဂြိုလ်တွင် ဆန်းကြယ်သောပြောင်းလဲခြင်းနှင့်ချိပ်တံဆိပ်ဆီကို‌ရောက်ရှိခြင်းမှာ အိပ်မက်တစ်ခုမျှသာဖြစ်၏။

လုံလီက နေရာတိုင်းကို ရှာဖွေနေချိန်တွင်ထျန်းလင်း၏ ခန္ဓာကိုယ်က ဥမင်လိုဏ်ခေါင်းထဲတွင် လွင့်မျောနေ၏။ သူ့နတ်ဘုရားအာရုံကို လုံးဝဖြန့်ကျက်ထားသော်လည်း ချိပ်တံဆိပ်တစ်ခုလုံးကို ဖုံးအုပ်ထားနိုင်ခြင်းမရှိပေ။ သူ့စိတ်က ကမောက်ကမ ဖြစ်နေပြီး ထိုပျားအုံချိပ်တံဆိပ်ရှိသူ့နတ်ဘုရားအာရုံ ပျောက်ဆုံးသွားခဲ့တယ်။ သူက မျက်မှောင်ကြုတ်လိုက်ဧ။်။ ဤပျားအုံချိပ်တံဆိပ်က ရိုးရိုးရှင်းရှင်းကြီးဖြစ်ပြီး တူညီသောအကွာအဝေးရှိသောဥမင်‌ ပေါင်းတစ်ရာမှ တစ်ထောင်အထိ ပေါ်လာမည်ဖြစ်သည်။ မှားယွင်းသောလမ်းကြောင်းတစ်ခုထဲသို့ ဝင်ရောက်ခြင်းက ကြက်သွေးရောင်မီးလျှံဂြိုလ်ရှိ အမှန်တကယ် တံဆိပ်ခတ်ထားသည့်နေရာသို့ ရောက်ရှိရန် အလွန်ခက်ခဲစေမည်။

ထို့ကြောင့် ထျန်းလင်းက သူ့မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် မြေပြင်က ထိလိုက်သည် ။ သူမျက်လုံးမှိတ်ထားလိုက်သည်နှင့်သစ်ပင်အခေါက်က သူ့ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်းပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ခန္ဓာကိုယ်က ဧရာမသစ်ပင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုသစ်ပင်ကြီးက ယိမ်းနွဲ့လာပြီး အကိုင်းအခက်ပေါင်း ရာနှင့်ချီ ပေါက်ဖွားလာသည်။ ထို့နောက် ၎င်းတို့သည် မယုံနိုင်လောက်အောင် ထူးထူးဆန်းဆန်းပုံစံဖြင့် ပျားအုံရှိ ဥမင်များအားလုံးထဲကို တွားသွားတိုးဝင်ခဲ့ကြသည်။

ထျန်းလင်းက မှန်ကန်သောဦးတည်ရာကို ရှာဖွေရန် ဤနည်းလမ်းကို အသုံးပြုခဲ့သည်။သူ့စိတ်ထဲတွင် ဤနည်းလမ်းမှာ အလွန်ဝန်ပိုပြီး ရှာဖွေရန် အချိန်များစွာကုန်မည်။ သို့သော် သူသွားမည့်လမ်းကြောင်းမှာ အလွန်တိကျသွားလိမ့်မည်။

ဤလူများက သူတို့၏မြင့်မြတ်သော စွမ်းရည်များကို အကောင်အထည်ဖော်နေစဉ်တွင် စုမင်က ကျောက်နံရံတွင် ကျန်နေခဲ့သည်။သူက နံရံမှ စွမ်းအားကို စုပ်ယူရန်အသက်ရှူကျင့်ကြံခြင်းကို စတင်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ အချိန်သုံးလကြာသွားလေသည်။ စုမင်က သူ့မူလနေရာ၌ မရှိတော့ဘဲ ကျောက်နံရံ၏ ပိုနက်သော အစိတ်အပိုင်းများသို့ ဖြည်းညှင်းစွာ ရွေ့သွားခဲ့သည်။

ကြိုးကြာငှက်က ကျောက်နံရံပုံစံကို အသွင်မယူတော့ရန် ဆုံးဖြတ်ခဲ့သည်။ စုမင်၏ခန္ဓာကိုယ်က ကျောက်နံရံအတွင်းပိုင်းအတွင်း နက်ရှိုင်းစွာနစ်ဝင်နေပြီဖြစ်သောကြောင့် ဖုံးကွယ်ရန် မလိုအပ်တော့ပေ။

သုံးလကြာပြီးနောက် စုမင်၏ခန္ဓာကိုယ်ပတ်လည်ရှိ ကျောက်နံရံအများစုမှာ အပြာရောင်မဟုတ်တော့ပေ။ သူ့ပတ်ဝန်းကျင်ရှိ နံရံအတွင်းပါရှိသော ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို လုံးလုံးလျားလျား စုပ်ယူထားပြီးဖြစ်သည်။ ထိုသို့ဖြစ်သွားတိုင်း စုမင်၏ ခန္ဓာကိုယ်မှာ ကျောက်နံရံထဲကို နက်ရှိုင်းစွာရွေ့လျားပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများပိုရှိသောနေရာဆီကို ဦးတည်သွားခဲ့သည်။

ဤသုံးလအတွင်း လုံလောက်သော စွမ်းအားပမာဏကို ရရှိခြင်းကြောင့် သူ့စွမ်းအားက ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်။ ထိုအချိန်တွင် စုမင်က လူသားကျင့်ကြံခြင်းနယ်ပယ်အထွတ်အထိပ်သို့ ရောက်ရန် နှာတဖျားသာလိုတော့သည်။

စုမင်မှာ ဤနေရာရှိ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားလုံလောက်သရွေ့ အနှိုင်းမဲ့လိုအင်ဆန္ဒ၏နတ်စွမ်းရည်ကို အသုံးပြုနိုင်မည်။ ဤသို့အားဖြင့် သူ၏ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိအောင်ပင် စွမ်းဆောင်နိုင်မည်ဟု တစ်ထစ်ချယုံကြည်နေ၏။

သို့သော် သူ၏ခန္ဓာကိုယ်က အခြေအနေတစ်ခုအထိ အားကောင်းလာလျှင်လည်း သည်ထက်ပိုမိုသန်မာအောင် ပြုလုပ်ရန် အလွန်ခက်ခဲမည်ဟု သဘောပေါက်လာ၏။ သူ့ကိုယ်သူ သန်မာလာရန်အတွက် ပင်လယ်ထဲကရေလိုများပြားသောရုပ်ပိုင်းဆိုင်ရာစွမ်းအားများကို ဝါးမျိူရန် လိုပါလိမ့်မည်။

သို့ပေမဲ့ စုမင်က အလျင်မလိုပေ။

သူ့ပန်းတိုင်ကို ရှာဖွေရန် အားမထုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာစွမ်းအားအရှိဆုံးနေရာအချို့ဆီသို့ ဖြည်းညှင်းစွာ ဦးတည်သွားခဲ့သည်။ ထိုနေရာများအနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် စုမင်က တရားထိုင်ကာ ထိုနေရာရှိစွမ်းအားကို စုပ်ယူကာ ခန္ဓာကိုယ် ညှိုးနွမ်းနွမ်းနယ်မှု သံသရာတစ်လျှောက် ဆက်လက် သန်မာလာခဲ့သည်။

တကယ်တော့ စုမင်ကိုယ်တိုင်က သူရှေ့ဆက်လျှောက်သည့်လမ်းနဲ့အတူ ပျားအုံချိပ်တံဆိပ်အကန့်နံရံများကိုဖြတ်ပြီး မျဉ်းဖြောင့်အတိုင်း ရွေ့နေတာကို သတိမထားမိလိုက်ပေ။ ထို့ပြင် သူက နေရာလွတ်တစ်ခုနှင့် ပေသုံးထောင်အောက်သာကွာဝေးတော့သည်။ ထိုနေရာက ပေတစ်ထောင်ခန့် ကျယ်ဝန်းသည်။ မြေပြင်ပေါ်တွင် အလံကြီးကိုးခု စိုက်ထူထားပြီး မြေပြင်ပေါ်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု ထွန်းလင်းနေသည့်မှော်အစီအရင်တစ်ခုရှိသည်။ မှော်အစီအရင်၏အလယ်မှာ လွင့်မျောနေသောလက်သီးအရွယ် ကျောက်တုံးတစ်တုံးလည်း ရှိ၏။

ထိုကျောက်တုံးက သလင်းကျောက်ကဲ့သို့ ဖောက်ထွင်းမြင်နိုင်သည်။ ၎င်းနှင့်ပတ်သက်ပြီး ထူးဆန်းပုံမပေါ်သော်လည်း တစ်စုံတစ်ယောက်က ၎င်းကို အချိန်အကြာကြီး ကြည့်နေပါက ၎င်းတို့၏ စိတ်နှင့် ဝိညာဉ်များက ချက်ချင်းပင် အတွင်းထဲသို့ စုပ်ယူခံရလိုက်ပြီး မရင်းနှီးသောလောကတစ်ခုထဲကို ဝင်ရောက်ရသလို ခံစားရမည်ဖြစ်သည်။ သူတို့က သူတို့ဘဝရှိတခြားသူများနှင့် လောကမှာ ဖြစ်ပေါ်လာနိုင်သော အရာအားလုံးကိုတောင် မြင်နိုင်လိမ့်မည်။

ဤအရာမှာ တစ်‌လောကလုံး၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့် လောကအမြုတေကျောက်တုံးဖြစ်သည်။

လောကကျောက်တုံးမှ ပေသုံးထောင်ခန့်ကွာဝေးသောအခြားဦးတည်ချက်တွင် လုံလီရှိနေ၏။ သူ့မျက်လုံးများက အနက်ရောင်အလင်းတန်းများဖြင့် လင်းလက်နေ၏။ သူ့ပတ်ဝန်းကျင်မှာ ပျားအုံနှင့်တူသော အပေါက်ပေါင်း ရာနဲ့ချီ၊ တစ်ထောင်နီးပါးလောက် ရှိသည်။ သူတို့ထဲကတစ်ယောက်က ချိပ်တံဆိပ်ခေါင်း၏ ဒုတိယအူတိုင်ဖြစ်သော လောကကျောက်တုံးနားသို့ ရောက်လာသည်။ သို့‌သော် သူက ထိုနေရာသို့ မည်သို့သွားရမည်ကို မသိပေ။

သူက ဤနေရာမှာနှစ်ဝက်လောက် အဖန်ဖန် အထပ်ထပ် ကြိုးစားခဲ့သည်။ အကြိမ်တစ်ရာလောက်နီးပါးပြီးသွားလျှင်တောင် မအောင်မြင်သေးပေ။ အမှန်တော့ သူ စောစောစီးစီး လမ်းမှားပြီး ချက်ချင်းပြန်မဆုတ်နိုင်လျှင် မည်သို့ အဆုံးသတ်သွားမည်ကို မသိပေ။

“မဟုတ်သေးဘူး..ရှေးဟောင်းစာလိပ်အရ တာအိုချိပ်တံဆိပ်ခြောက်ခုရဲ့အလယ်ဗဟိုက ဒီနားမှာ ရှိသင့်တယ် ဒါပေမဲ့ ဘာလို့ ရှာမတွေ့ရတာလဲ..”

‘ဒီပျားအုံချိပ်တံဆိပ်ကြောင့် တော်တော်စိတ်အနှောင့်အယှက်ဖြစ်ရတယ်... ငါက မှန်ကန်တဲ့လမ်းကို လျှောက်သွားမယ်ဆိုရင်တောင်မှ စက်ဝိုင်းပုံစံနဲ့ သံသရာလည်နေတုန်းပဲ..အဲဒါက လူတွေကို ဝက်ပါထဲမှာ ပိတ်မိနေသလိုပြီး ပြန်ထွက်ရခက်တဲ့ ခံစားချက်ကို ပေးစွမ်းတယ်..”

လုံလီက သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းများဖြင့် ဆက်လက်တွက်ချက်သည်။ ရံဖန်ရံခါတွင် သူက အမည်မသိသားရဲအရေခွံဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းစာလိပ်တစ်စောင်ကို ထုတ်ကြည့်လေသည်။ သူက ဥမင်လိုဏ်ခေါင်းတစ်ခုကို သတိကြီးကြီးထားပြီး မရွေးချယ်ခင် အချိန်အတော်ကြာအောင် ဂရုတစိုက်စစ်ဆေးနေသည်။ သို့သော် သူက ဥမင်တစ်ခုထဲသို့ဝင်ပြီး မကြာခင်တွင် သူ့မျက်နှာတွင် စိတ်ပျက်နေသောအမူအရာဖြင့် ထွက်လာ၏။

ကံကောင်းထောက်မစွာပဲ သူကိုယ်တိုင် ဥမင်လိုဏ်ခေါင်းကို ဖြတ်လျှောက်ရန် ဘယ်တုန်းကမှ မကြိုးစားခဲ့ပေ။ သူ့ရှေ့တွင် ဘူးသီးခြောက်လေးချလိုက်စဉ် အတွင်းမှ မီးခိုးမည်းများ ထွက်လာသည်။ ထို့နောက် ဥမင်လိုဏ်ခေါင်းအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သောအနက်ရောင်ပုံရိပ်ဆယ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

‘နောက်ထပ်လအနည်းငယ်ကြာရင်.. လိုဏ်ခေါင်းတွေအားလုံးကို ငါစစ်ဆေးနိုင်မယ်...အဲဒီအချိန်ကျရင် မှန်ကန်တဲ့လမ်းကြောင်းကို ဖြစ်နိုင်ခြေအမြင့်မားဆုံးနဲ့ ဖော်ထုတ်နိုင်မှာပဲ..”

လုံလီ၏ မျက်လုံးများတွင် ပြင်းပြသော ဆန္ဒ ပေါ်လာ၏။ သူက စုံစမ်းစစ်ဆေးရန် အပေါက်အချို့ကိုလည်း မကြာခဏ ဝင်ရောက်လေ့ရှိသည်။

စုမင်၏စုပ်ယူမှုနှင့် အပြာရောင်ကျောက်တုံးများကို ဝါးမျိုမှုမှာလည်း တဖြည်းဖြည်း တိုးတက်လာ၏။ သူ့ဘေးနားရှိ ကျောက်နံရံများ၏ အရောင်က

မှိုင်းမှိန်လာပြီး ၎င်းတို့အတွင်းမှ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများ ပျောက်ကွယ်သွားအောင်မရပ်မနား လုပ်ဆောင်ခဲ့သည်။

ထိပ်ပြောင်ကြိုးကြာငှက်က စုမင်၏ နံဘေးတွင်ရှိပြီး သူ့ပုံစံအမှန်ကို ပြန်‌ပြောင်းခဲ့သည်။ သူ့မျက်နှာမှာ ပျင်းရိပြီး ခံစားချက်မဲ့သော အကြည့်တစ်ခု ရှိနေသည်။ ရံဖန်ရံခါတွင် ၎င်းက လှည့်ပတ်ကြည့်ရှုပြီး မရပ်မနား အော်ဟစ်နေတတ်သည်။

“ငါ ဒီနေရာကို အရင်က လာဖူးတာလား.. မဟုတ်ရင် ဒီနေရာကို ဘာလို့ ဒီလောက် ရင်းနှီးရတာလဲ.. ထက်မြက်ပြီး သူရဲကောင်းဆန်တဲ့ငါက နတ္ထိအနှစ်သာရနယ်မြေထဲက ဆင်းလာခဲ့တာ ဖြစ်နိုင်မလား”

ထိပ်ပြောင်ကြိုးကြာငှက်က ပျင်းရိသမ်းဝေရင်း စုမင်ကို ကြည့်လိုက်သည်။ ၎င်းက ငြီးငွေ့လာကာ နေရာအားစစ်ဆေးလိုသောကြောင့် ကျောက်နံရံထဲသို့ နစ်ဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ကြိုးကြာငှက်မှာ လုံလီရှိသောနေရာနှင့် မဝေးလှပေ။

၎င်းက လောင်းလီဧ။်နောက်ကွယ်ရှိ ကျောက်နံရံမှ ခေါင်းထွက်လာ၏။ လုံလီကိုမြင်မြင်ချင်း ၎င်းက ကျောက်နံရံအဖြစ် ပြောင်းသွားကာ အရိပ်တောင် မတွေ့ရတော့ပေ။ လုံလီကိုယ်တိုင်က ဥမင်လိုဏ်ခေါင်းထဲသို့ ပြေးဝင်သွားပြီး ဗူးတစ်လုံးကို မြေကြီးပေါ်တွင် ထားရစ်ခဲ့သည်။

ဘူးသီးမှ ထွက်လာသော အနက်ရောင် မီးခိုးငွေ့များက ပျားအုံချိပ်တံဆိပ်ရှိဥမင်ထဲသို့ ပြေးဝင်သွားသော အနက်ရောင် အရိပ်များအဖြစ်သို့ ပြောင်းသွားသည်။

ထိုအချိန်တွင်လည်း ငှက်က ကျောက်နံရံမှ လျင်မြန်စွာ တွားထွက်လာခဲ့သည်။ ၎င်းက ချောင်းခြောက်ဆိုးပြီး သူ့ကိုယ်သူ တုံ့ဆိုင်းနေသော မျက်လုံးများဖြင့် လှည့်ပတ်ကြည့်နေသည်။

“ဟမ်..ဘာလို့ ဒီမှာ ဘူးသီးခြောက်ကြီး ရှိနေတာလဲ.. တစ်စုံတစ်ယောက်က ဒါကို မေ့သွားတာ ဖြစ်ရမယ်...”

ထိပ်ပြောင်ကြိုးကြာငှက်က မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားပြီး ရတနာဘူးအပေါ် မဆိုင်းမတွ ခုန်အုပ်လိုက်သည်။ ၎င်းက ဘူးသီးကို ခြေသည်းများဖြင့် ကုတ်လိုက်သည်။ ထို့နောက် ၎င်း၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး ဘေးနားရှိ ကျောက်နံရံထဲသို့ လျင်မြန်စွာ တွားသွားခဲ့သည်။

All Chapters