← Chapters

ရတနာဘူးသီးခြောက်

Vol. 56 Ch. 773

ရတနာဘူးသီးခြောက်

Vol. 56 Ch. 773

ထိပ်ပြောင်ကြိုးကြာငှက်က ဘူးသီးကိုယူ၍ ၎င်း၏နံဘေးရှိ ကျောက်နံရံသို့ ပျောက်ကွယ်သွားခဲ့သည်။ထို့နောက် အသက်နှစ်ရှိုက်သုံးရှိုက်စာပြီးနောက် ခါးကုန်းကြီးလုံလီက ပျားအုံချိပ်တံဆိပ်ရှိ ရာနှင့်ချီသောဥမင်များထဲမှ တစ်ခုမှ ပျံထွက်လာခဲ့သည်။ သူ ပျံထွက်သွားလာပြီး ဘူးသီးခြောက်ထောင်ထားသည့်နေရာကို အလိုလို ငေးကြည့်နေမိသည်။

လုံလီက ခဏတာ အံ့အားသင့်သွားသည်။

“သေစမ်း..ခုနက ငါ လမ်းဆုံကိုမရောက်ခဲ့ပါဘူး..ငါ့ဘူးသီးခြောက်ရော.. ပျားအုံချိပ်တံဆိပ်ဥမင်ထဲက ဘာမှမရှိတဲ့‌နေရာကို ထပ်ရောက်သွားတာလား..ဒါမှမဟုတ် ဥမင်က သူ့ဘာသူ ရွေ့လျားနေတာလား”

ထိုအချိန်တွင် လုံလီ ပထမဆုံးစဉ်းစားမိသည်မှာ သူလမ်းကြောင်းမှားနေပြီဖြစ်သည်။ သူ ဘူးသီးခြောက်ရှိရာနေရာကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ ဥမင်ထဲကို ပြန်ဝင်ခါနီးတွင် ရုတ်တရက် ရပ်တန့်သွားသည်။

သူ့အမူအရာက ချက်ချင်းပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။ ထိုအချိန်တွင် ပျားအုံရှိ အခြားဥမင်လှိုဏ်ခေါင်းများမှ အရိပ်များစွာ ထွက်ပေါ်လာပြီး ဘူးသီးခြောက်ရှိနေသည့် နေရာတစ်ဝိုက်တွင် တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ဖြစ်နေသည်။

လုံလီက ထိုအရာကို မြင်သောအခါတွင် တစ်ခုခုကို စဉ်းစားမိသွား၏။ သူသွားစဉ်တွင် တစ်စုံတစ်ယောက်က ဤနေရာသို့ ခိုးဝင်လာပြီး အောက်၌ချထားသောဘူးသီးခြောက်ကို ခိုးယူသွားခြင်းဖြစ်သည်။

သို့သော် လုံလီ၏အမူအရာမှာ ပျက်ယွင်းနေသော်လည်း သူ့အတွင်း၌ ထိတ်လန့်မှုအရိပ်အမြွက်မျှမရှိပေ။ ယင်းအစား သူ့မျက်လုံးထဲမှာ ဒေါသမီးများတောက်လောင်လာပြီး သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့လာသည်။ သူက အေးစက်စွာ နှာမှုတ်ထုတ်လိုက်ပြီး သူ့ညာလက်ကို မြှောက်လိုက်သည်။ ထို့‌နောက် သူ့မျက်ခုံးအလယ်တည့်တည့်တွင် အလျားလိုက်မျဉ်းကို ဆွဲလိုက်သည်။

“ငါ့ဘူးသီးခြောက်ကို ထိရဲတဲ့သူကို တွေ့ချင်လိုက်တာကွာ.

ရတနာဘူးသီးခြောက်က လုံလီ၏ထက်ထဲတွင်ရှိသော အရေးကြီးဆုံး ထူးဆန်းသော ရတနာဖြစ်သည်။ထိုဗူးက မူလအစမှာ လျှို့ဝှက်ဆန်းကြယ်စွာ ဖုံးလွှမ်းနေပြီး လုံလီက ရတနာဘူး၏အသုံးဝင်မှုအားလုံးကို သတိမပြုမိပေ။ ထိုဘူးတွင်ယခင်က ရရှိခဲ့သော ဘုရင်အဆင့် ချိပ်တံဆိပ်၊ ကျော့ကွင်းချိပ်တံဆိပ်သုံးခုနှင့် တာအိုချိပ်တံဆိပ်ခြောက်ခုတို့ကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းစာလိပ် ပါဝင်သည်။

လုံလီက ဤကိစ္စကို လျှို့ဝှက်စွာ နှစ်ပေါင်းများစွာ စုံစမ်းခဲ့သော်လည်း ဘူးသီး ခြောက်၏ ဇစ်မြစ်ကို ဖြစ်ပေါ်စေသည့် မည်သည့်သဲလွန်စကိုမျှ မတွေ့ခဲ့ရပေ။ သို့သော် နှစ်ပေါင်းများစွာ ဆန်းစစ်ပြီးနောက် သူက ဘူးသီးခြောက်ကို အနည်းငယ်နားလည်လာပြီး ဘူးသီးခြောက်ကိုပိုင်ဆိုင်ရသောကြောင့် ပီတိဖြာခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင်

ဘူးသီးခြောက်၏စွမ်းအားက ဆယ်ပုံနှစ်ပုံကိုသာ ထုတ်လွှတ်နိုင်သည်ကို တွေ့ရှိသောကြောင့် သူလည်း ကြောက်လန့်သွားခဲ့သည်။ ထို့ကြောင့် သူ့မိတ်ဆွေ လောကမှော်ယာဉ်ပျံအရှင်သခင် အစောပိုင်းနယ်ပယ်ရှိများနှင့် ရင်ဆိုင်ရ‌သောအခါ သူ့ကို တုနှိုင်းမရသူဖြစ်စေခဲ့သည်။ တကယ်တော့ သူက လောကမှော်ယာဉ်ပျံအရှင်သခင် အလယ်တန်းအဆင့်တွင် ရှိနေသူများကိုပင် တွန်းလှန်နိုင်ခဲ့သည်။ သူက သူတို့ကိုအနိုင်ယူ၍မရနိုင်သော်လည်း မည်သူမှ သူ့ကို လိုက်မဖမ်းနိုင်ပေ။

လုံလီက ရတနာဘူးသီးခြောက်၏စွမ်းအားအပြည့်ကို ထုတ်သုံးရန် ခက်ခဲသော်လည်း ၎င်းက သူ့အနားတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ၎င်းကို ပြုပြင်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ သူက ထိုဘူးသီးခြောက်ကို ပျောက်သွားလျှင်လည်း မည်သည့်နေရာတွင် ရှိနေသည်ကို ချက်ချင်းသိနိုင်သည်။

ထိုအချိန်တွင် သူ၏ ညာလက်ညိုးကို သူ့မျက်ခုံးအလယ်တည့်တည့်ကို ပုတ်လိုက်သောအခါ သူ့မျက်လုံးထဲတွင်အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ သူက သူ့ပတ်ဝန်းကျင်ကို လျင်မြန်စွာ လှမ်းကြည့်လိုက်သော်လည်း ဧရိယာတစ်ခုလုံးကို တစ်ချက်ကြည့်လိုက်တော့ သူ့အမူအရာက ပိုနက်မှောင်လာပြီး မျက်လုံးထဲတွင် သိသာထင်ရှားသော ထိတ်လန့်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။ မဆိုင်းမတွဘဲ ပါးစပ်ကိုဖွင့်ကာ ညာဘက်လက်ညိုးပေါ်ရှိ အရေပြားကို ချိုးရန် ရွေးချယ်ခဲ့သည်။ ထို့နောက် သူ့မျက်ခုံးအလယ်ကို အလျားလိုက် သွေးမျဉ်းဆွဲလိုက်သည်။

လောင်းလီသည် ထိုမျဉ်းကိုဆွဲလိုက်သည်နှင့် တပြိုင်နက် အဖိုးတန်ဘူးသီး ခြောက်နှင့်ချိတ်ဆက်မှုရလာသည်။ သို့သော် သူ့မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။ ထိတ်လန့်မှုနှင့် မယုံကြည်မှုတို့က သူ့မျက်လုံးများရှိတည်ငြိမ်သက်မှုကို အစားထိုးသွားခဲ့သည်။

သူက ဘူးသီးခြောက်၏တည်နေရာကို သူလုံးဝ နားမလည်နိုင်ခဲ့ပေ။

ဘူးသီးခြောက်နှင့်သူ၏ဆက်စပ်မှုကို တစ်ယောက်ယောက်က ဝေးကွာ စေသလို ခံစားရသည်။ သူက ထိုဗူးနှင့်အဆက်အသွယ်ပြတ်သွားခြင်းဟုဆိုလျှင် ပိုမှန်လေသည်။

လုံလီ၏မျက်နှာဖျော့ဖျော့တွင် ဒေါသမီးများ တောက်ပလာရခြင်းမှာ ဘူးသီးမှ လွတ်မြောက်သွားသော ပုံရိပ်ဆယ်ခုက ပြန်လည်ရောက်ရှိလာသည်။သို့သော်လည်း ၎င်းတို့အားလုံးက ကျယ်လောင်သော ဟိန်းဟောက်သံများကို အဆက်မပြတ် လွှင့်ထုတ်နေကြရင်း ‌ထိုနေရာနားတွင် ရစ်ဝဲနေသည်။ သူတို့၏ ဟိန်းဟောက်သံက လုံလီနားထဲတွင် စိတ်တိုစရာဖြစ်နေလေသည်။ သူတို့၏ ခန္ဓာကိုယ်မှ အနက်ရောင် မီးခိုးငွေ့များ ထွက်လာပြီး ပုံရိပ်များက တဖြည်းဖြည်း မှုန်ဝါးလာသည်။

လုံလီက ဤဆုံးရှုံးမှုကြောင့် သူ့နှလုံးသားထဲမှ သွေးစိမ်းရှင်ရှင်ထွက်လာသလိုခံစားခဲ့ရသည်။ မူလက ထိုပုံရိပ်ဆယ်ခုမှာ ရတနာဘူးသီးခြောက်၏တစ်စိတ်တစ်ပိုင်းမဟုတ်သော်လည်း နည်းလမ်းတစ်ခုကို ဖော်ထုတ်ပြီးနောက် လုံလီ

ရရှိခဲ့သောအရာဖြစ်သည်။ နှစ်များတစ်လျှောက်တွင် သူက အသူရာနတ်ဘုရား ဆယ်ယောက်ကို သတ်ပြီး အ ခြေတည်နတ်ဘုရားကိုထုတ်ယူရန် နည်းလမ်းအမျိုးမျိုး အသုံးပြုခဲ့သည်။ ထို့နောက် သူက ပုံရိပ်များကို ထိန်းချုပ်ရန် ဘူးသီး ခြောက်၏ အစွမ်းကို အသုံးပြုခဲ့သည်။ ထိုပုံရိပ်များကလည်း ဘူးသီး ခြောက်ထဲတွင်ပင် ၎င်းတို့ဘာသာ ကျင့်ကြံနိုင်ခဲ့သည်။

ပုံရိပ်ဆယ်ခုက ရတနာဘူးသီးခြောက်ထဲသို့ ပြန်ဝင်လို့မရဘဲ ပြန့်ကျဲပျက်စီးသွားသည်ကို မြင်သောအခါ လုံလီက သူ့လက်ကို လွှဲယမ်းလိုက်သည်။ ထိုစဉ် ပုံရိပ်ဆယ်ခုက သူ့အင်ကျီလက်အကျထဲသို့ တိုးဝင်လာသည်။ လုံလီက ထိုပုံရိပ်များကို အလဟဿအပျက်စီးမခံဘဲ သူ့ခန္ဓာကိုယ်စွမ်းအားတိုးတက်ရန် ဝါးမျိုခဲ့သည်။

“ဒီလိုချိပ်ပိတ်နယ်မြေထဲကို ဝင်လာတဲ့သူအနည်းငယ်ပဲရှ်ိတယ်..ငါ့ရတနာဘူးသီးခြောက်ကို ခိုးသွားတဲ့လူက ဒင်းတို့ထဲက တစ်ယောက်ဆိုတာ သေချာတယ်..

စွန်းခုန်းက ငါ့ဘူးသီးခြောက်ကို လိုချင်တပ်မက်တဲ့စိတ်အရှိဆုံးပဲ..ထျန်းလင်းမှာက ထူးဆန်းတဲ့သစ်ပင်ကြီးရှိလို့ ဘူးသီးခြောက်နဲ့ပေါင်းစပ်မရဘူး .. သူ့မှာလဲ အဲ့လိုစိတ်‌‌တော့ရှိတယ်..”

“တစ်ဖက်က ယဲ့ရှန်းထုံ၊ စုမင်တို့ကတော့ ရတနာဘူးသီးခြောက်ကို လိုချင်နိုင်ခြေအနည်းဆုံးပဲ..ဒီလူတွေရဲ့ကျင့်စဉ်က ဆန်းကြယ်ပေမဲ့ ငါ့ဘူးသီးခြောက်ကိုယူမဲ့သူက စွန်းခုန်းနဲ့ ထျန်းလင်းတစ်ယောက်ယောက်ပဲ..”

သတ်ဖြတ်လိုစိတ်က လုံလီ၏မျက်လုံးများတွင် ပေါ်လာသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် မသေချာမရေရာမှုများ ရှိနေသည်။ နောက်ဆုံးတွင် သူက လောကအမြုတေကျောက်တုံးနှင့်အနီးဆုံးနေရာတစ်ခုတွင် ရှိနေသောကြောင့် သူ့ဘူးသီးခြောက်ကို ရှာဖွေရန် ရွေးချယ်ပါက အချိန်တိုအတွင်း ပြန်လာရန် ခက်ခဲနိုင်သည်။ ထို့အပြင် လောကအမြုတေကျောက်တုံးရရှိနိုင်မည့် အခွင့်အရေးလည်း ဆုံးရှုံးသွားနိုင်သည်။

သို့သော် သူက ရတနာဘူးသီးခြောက်ကို

ချက်ချင်းမရှာဖွေပါက အချိန်ကြာလာသည်နှင့်အမျှ ပုံရိပ်ဆယ်ခုက အားနည်းရင်း သေဆုံးသွားမည်ဖြစ်၏။သူက ရှေ့သို့ အရှိန်တင်ကာ သူသွားခဲ့ဖူးသောဥမင်းအတွင်း လှည့်ပတ်ကြည့်ရှုခဲ့သည်။ ထို့ပြင် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ အခြားလူများ၏လမ်းကြောင်းကို လိုက်ရှာခဲ့သည်။

လုံလီက ဒေါသနှင့် သတ်ဖြတ်လိုစိတ် ဖြင့် အခြားသူများ၏ လမ်းကြောင်းများကို ရှာဖွေနေချိန်တွင် ကြိုးကြာငှက်ဧ။်ယုတ်မာသောအကြည့်ဖြင့် ကျောက်နံရံများထဲသို့ လျင်မြန်စွာ ရွေ့လျားနေသည်။ ၎င်း၏ညာခြေသည်းတွင် လုံလီ၏ရတနာဘူးသီးခြောက်ရှိလေသည်။ ၎င်း၏ခန္ဓာကိုယ်မှ ထွက်လာသော အနက် ရောင်မြူခိုးများက ရတနာဘူးသီးခြောက်ကို ဝန်းရံနေလေသည်။ ဤထူးခြားသောခံစားချက်က ကြိုးကြငှက် ခါတိုင်းလို ချိပ်တံဆိပ်များကို ချိုးဖျက်စဉ်ကနှင့် တူလေ၏။

ဘူးသီးခြောက်ပိုင်ရှင်က စွမ်းရည်အချို့ကိုအသုံးပြု၍ လာရောက်ရှာဖွေမည်ကို ငှက်က စိုးရိမ်သည်။ သူက ဘူးသီးခြောက်ကို ရှာတွေ့နိုင်မည့်သဲလွန်စများကို လက်စလက်နဖျောက်ထားခဲ့သည်။ ထို့ကြောင့် လုံလီက ဘူးသီးကို ရှာတွေ့ရန် လုံးဝမဖြစ်နိုင်ပေ။

‘အိုးးးငါတကယ်ကံကောင်းတယ်.. လမ်းလျှောက်ထွက်ရုံနဲ့ ရတနာတစ်ခုရနိုင်ခဲ့တယ်.. ဒါပေမဲ့ ဒါက ဘာလဲ.. ဘာလို့ နည်းနည်း ရင်းနှီးနေပုံလဲ..”

ထိပ်ပြောင်ကြိုးကြာငှက်က ကျောက်နံရံကိုဖြတ်၍ လျင်မြန်စွာရွေ့လျားစဥ် ဘူးသီး ခြောက်ကို ဂရုတစိုက်ကြည့်နေ၏။

“ငါ့မှတ်ဉာဏ်တွေကို ပြန်ခေါ်လို့မရဘူး..မှတ်ဉာဏ်အချို့ ပျောက်ဆုံးနေတာပဲဖြစ်ရမယ်..ဒါပေမဲ့ ငါ ဒီဘူးသီးခြောက်နဲ့ရင်းနှီးနေသလိုပဲ..ဘူးသီးခြောက်က အခြားသူတွေကို သတ်နိုင်စွမ်းမရှိဘူးမလား...”

၎င်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဘူးသီးခြောက်ကို အနီးသို့ ယူဆောင်လာသည်။ ၎င်းရလာသောပစ္စည်းက ရတနာဖြစ်သည်ကိုသိလိုက်စဉ် ၎င်း၏မျက်လုံးများ ပြူးကျယ်သွားလေသည်။ သို့သော် ၎င်းက အချိန်အတော်ကြာအောင် ရတနာဘူးကို စိုက်ကြည့်နေပြီး ၎င်း၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသောအကြည့် ရှိလေသည်။ ၎င်းက စုမင်ရှိရာနေရာကို ပြန်လာပြီး စုမင်ဘေးတွင် ထိုင်ကာ ဘူးသီးခြောက်ကို စစ်ဆေးနေလေသည်။

“ဘာလို့ လုံလီရဲ့ဘူးသီးခြောက်က မင်းလက်ထဲမှာ ရှိနေတာလဲ”

စုမင်၏အနည်းငယ် အံ့အားသင့်သော အသံက ကြိုးကြာငှက်၏ နားထဲသို့ မကျရောက်မီ ‌၎င်းက တွေ့ကြုံခဲ့ရသည်များကို စားမြုံပြန်နေလေသည်။

“မသိဘူး...လမ်းလျှောက်ထွက်ရင်း မြေပြင်ပေါ်က ဘူးသီးခြောက်ကိုမြင်လို့ ဒီကိုယူလာတာ...”

ငှက်က အလိုလို မင်သက်နေသောအမူအရာဖြင့် ပြန်ဖြေလေသည်။

စုမင်က ကြိုးကြာငှက်၏ စရိုက်ကို သိသောကြောင့် ၎င်းနှင့် ပတ်သက်၍ နောက်ထပ် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။ ယင်းအစား သူက သူ့ညာလက်ကို မြှောက်ပြီး ဘူးသီးခြောက်၏ဦးတည်ရာကို ဖမ်းဆွဲလိုက်သည်။ဘူးသီးခြောက်က ကြိုးကြာငှက်၏ ခြေသည်းများကနေ ချက်ချင်း ပြေးထွက်လာပြီး သူ့ဆီသို့ ရောက်ရှိလာသည်။

ကြိုးကြာငှက်သည် ဘူးသီး ပျံထွက်လာသည်ကို မြင်သောအခါ ၎င်း၏ရင်တွင်းရှိ နာကျင်ကိုက်ခဲမှုကြောင့် ချက်ချင်း တုန်လှုပ်သွားသည်။ ၎င်းက စုမင်နှင့်စကားအချေအတင်ဖြစ်မည့်ဆဲဆဲတွင် စုမင်က သူ့ရင်ခွင်မှ သလင်းကျောက်အမြောက်အမြားကို ထုတ်ကာ လက်ဆောင်ပေးသည်ကို တွေ့လိုက်ရသည်။

ကြိုးကြာငှက်၏ မျက်နှာက ချက်ချင်း လင်းလက်လာပြီး သလင်းကျောက်ပေါ် အမြန်ခုန်လိုက်သည်။ ရံဖန်ရံခါပင် သလင်းကျောက်များကို ထုတ်ပြီး အစစ်အမှန်ဟုတ်မဟုတ်သိရန် ပါးစပ်ဖြင့် ကိုက်ကြည့်လေ၏။ ထိုအချိန်တွင် ၎င်းက ရတနာဘူးသီးခြောက်နှင့်ပတ်သတ်၍ မေ့မေ့လျော့လျော့ဖြစ်သွားသည်။

စုမင်က လုံလီ၏ရတနာဘူးသီးခြောက်ကို ကိုင်ထားလေသည်။ ကြိုးကြာငှက်၏ကိုယ်မှ ကျန်ရစ်ခဲ့သော အနက်ရောင်လှိုင်းလုံးများသည် ထိုနေရာတွင် ရှိနေသေးသည်။

စုမင်က ထိုဘူးသီးခြောက်ကို မြင်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ လုံလီက ၎င်းကို ပိုင်ဆိုင်ထားစဉ် နှစ်ကြိမ်တိုင်တိုင် ထုတ်ပြခဲ့ဖူးသည်။ လုံလီ၏ရတနာဘူးမှထွက်လာသောအနက်ရောင်ပုံရိပ်များက

စုမင်သတိထားမှုကို တိုးစေခဲ့သည်။

စုမင်က ဘူးသီးခြောက်ကို ဂရုတစိုက်ကြည့်ပြီးနောက် သာမန်ပုံပန်းသဏ္ဍာန်ရှိသောဘူးသီးခြောက်ကို အထင်မသေးရဲပေ။ သူ့မျက်နှာပေါ်တွင် အနည်းငယ်လေးနက်သော အမူအရာဖြင့် သူ့နတ်ဘုရားအားရုံကို ထုတ်လွှတ်လိုက်သည်။ ထိုစဉ် ဘူးသီးခြောက်ထဲမှ စကားလုံးဖြင့်မဖော်ပြနိုင်လောက်အောင် ပြင်းထန်းလွန်းသောခုခံစွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။ ရတနာဘူးက သူ့ဖြန့်ကျက်လိုက်သောနတ်ဘုရားအာရုံကို

ချက်ချင်း ကြိတ်ချေပစ်လိုက်၏။

သို့သော် စုမင်၏နတ်ဘုရားအာရုံကြေမွသွားချိန်တွင် သူ့မျက်လုံးများက ပြင်းထန်စွာ တောက်ပလာခဲ့သည်။ ထိုအချိန်တွင် သူ၏ အသက်ရှုသံများ မြန်လာပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူက ရတနာဘူးကို ဆန်းစစ်ကြည့်ပြီး ခဏအကြာတွင် သူ၏နတ်ဘုရားအာရုံကို ဘူးထဲသို့ လွှတ်လိုက်သည်။ ရတနာဘူးက ထပ်မံဖြိုခွင်းလိုက်သည့် အချိန်တွင် စုမင်၏ တည်ငြိမ်သော မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။

“ဒီထဲမှာရှိတဲ့မရဏအရှိန်အဝါက အရမ်းထူထဲတယ်.ဒါပေမဲ့ တကယ် ထူးဆန်းတယ်.. အဲဒါက ငါ့စိတ်ဝိညာဉ်က ပဲ့တင်ထပ်လာတဲ့ အရှိန်အဝါမျိုးပဲ...”

နတ်ဘုရားအာရုံနှစ်ခု ဖိချေခံလိုက်ရသောအခါ စုမင်၏ဝိညာဉ်ထဲမှ ပြင်းထန်သော တုန်လှုပ်မှုတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက သူနှင့်တူညီသောနေရာတစ်ခုမှ ထွက်ပေါ်လာကဲ့သလို ခံစားရလေသည်။

ရတနာဘူးသီးခြောက်ထံမှ ကြည်လင်ပြတ်သားသောအသံများ နှစ်ကြိမ်တိုင်တိုင်ထွက်လာ၏။ စုမင်က ရတနာဘူးတစ်ဝိုက်တွင် ငှက်၏အနက်ရောင်စွမ်းအားလှိုင်းလုံးများကို ချက်ချင်းမြင်လိုက်ရသည်။ နှစ်များတစ်လျှောက်လုံးတွင် ဘူးသီးခြောက်ကို ထိန်းချုပ်ရန် လုံလီအသုံးပြုခဲ့သော ချိပ်တံဆိပ်များအားလုံးမှာလည်း ထိုခဏ၌ ကွဲအက်သွားခဲ့သည်။

ချိပ်တံဆိပ်ကွဲအက်သွားသည်နှင့် တောက်ပသော အစိမ်းရောင်အလင်းတန်းက စုမင်ရှေ့သို့ လွင့်ပျံလာသည်။ စုမင်၏ တောက်ပသောမျက်နှာက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

စုမင်က ရတနာဘူးကို သေချာစိုက်ကြည့်နေလေ၏။ ထိုအချိန်တွင် သူ့အတွေးများက မှန်ကန်လာပြီး သူ့နဖူးကို ညာလက်ဖြင့် တစ်ချက်မျှ မဆိုင်းမတွ ရိုက်လိုက်သည်။

၎င်းနှင့်အတူ သူ၏စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွား၏။ တစ်ချိန်တည်းမှာပင် ဘူးသီးခြောက်ပေါ်မှမျက်လုံးတစ်လုံးက တောက်ပသော အလင်းရောင်ဖြင့် စုမင်ကို စိုက်ကြည့်နေ၏။ ထိုလူ၏အကြည့်က ပို၍ နူးညံ့သိမ့်မွေ့ပုံပေါ်လေသည်။

ထိုအချိန်တွင် မီးလျှံဂြိုလ်၏နက်နဲရာတွင် ခန္ဓာကိုယ်ကို ဓားသုံးချောင်းဖြင့်ထိုးစိုက်ခံရသောအရိုးစု၏မျက်လုံးများက ပို၍ပင် တောက်ပလာသည်။ ထိုနေရာမှာ ပြင်းထန်‌သော စိတ်လှုပ်ရှားမှု လှိုင်းလုံးများတောင် ပျံ့နှံ့သွားခဲ့၏။

“အသူရာဖန်ဆင်းရှင်ရဲ့တည်ရှိမှု.. ငါ မှားစရာအကြောင်းမရှိဘူး..ဒါကတကယ်ပဲ အသူရာဖန်ဆင်းရှင်ရဲ့ဝိညာဉ်ပဲ..တကယ်တော့ ဒီလောကမှာ အသူရာဖန်ဆင်းရှင်တွေရှိလား..ဒါက ငါတို့ငါးခုမြောက်မဟာလောကကြီးအတွက် ကောင်းချီးပဲ..ဒါက ငါတို့မျိုးနွယ်စုကို အာဏာတိုးတက်စေမဲ့ ကောင်းချီးပဲ...”

All Chapters