ရတနာဘူးသီးခြောက် ..ကျေးဇူးပြုပြီး ဒင်းကိုသတ်...
Vol. 56 Ch. 774
စုမင်၏ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပြီး ရှေ့ရှိ ရတနာဘူးနှင့်ပေါင်းစပ်သွားလေသည်။ နောက်ဆုံးတွင် စုမင်၏မျက်လုံးများတွင် လေးစားမှုများပင်ပေါ်လာသည်။ ရတနာဘူးထဲက ဝိညာဉ်က စုမင်ကို အသိအမှတ်ပြုလိုက်သလို ခံစားလိုက်ရ၏။
ခဏကြာတော့ ဘူးသီးခြောက်ပေါ်မှာ မျက်လုံး ရှစ်လုံး ဆက်တိုက် ပေါ်လာပြီး အရင် တစ်လုံးနှင့်ပေါင်းလျှင် ကိုးလုံးဖြစ်သွား၏။ ယခု တောက်ပသောမျက်လုံး ကိုးလုံးက စုမင် ကို ကြည့်နေ ကြသည် ။
စုမင်၏ဝိညာဉ် တသိမ့်သိမ့် တုန်လှုပ်လာ၏။ သူ့နတ်ဘုရားအာရုံက ပျားအုံချိပ်တံဆိပ်ရှိ ဥမင်လိုဏ်ခေါင်းအတွင်း ပျံ့နှံ့သွားခဲ့သည်။ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ပါးစပ်ထဲမှ သွေးအန်လိုက်ရသည်။ သူ့မျက်နှာက ချက်ချင်းဖြူဖျော့သွားပြီး ဘေးက ကျောက်နံရံကို အားပြုကာ လက်ထောက်လိုက်ရသည်။ ထိုမှသာ ဒယီးဒယိုင်ဖြစ်နေသောလုံလီက ရပ်တန့်နိုင်ခဲ့သည်။
မူလက သူ့မှာ ဆံပင်ဖြူသော်လည်း နုပျိုသော မျက်နှာရှိ၏။ ထိုအချိန်တွင် သူက နှစ်ပေါင်းများစွာ အသက်ကြီးလာကာ သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်လာသည်။ သူ့မျက်လုံးထဲတွင် အသက်မဲ့အကြည့်တစ်ခု ပေါ်လာ၏။
“.. ငါ ရတနာဘူးကို သုံးစွဲနည်းကို ရှာဖွေဖော်ထုတ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့တယ်..အဲဒါကိုထိန်းချုပ်ဖို့ အသူရာနတ်ဘုရားဆယ်ယောက်ရဲ့ဝိညာဉ်ကို ပြင်ဆင်ခဲ့တယ်..ဒါပေမဲ့ သူခိုးက ငါနဲ့ငါ့ရတနာဗူးရဲ့ဆက်နွယ်မှုကို တစ်နာရီအတွင်းမှာ ဖြတ်တောက်လိုက်တယ်”
လုံလီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ ရယ်မောရင်း ပြင်းထန်စွာ ချောင်းဆိုးလာပြီး ပါးစပ်ထောင့်မှ သွေးများ တစ်ဖန် ထွက်လာပြန်သည်။ သူက ရတနာဘူးနှင့်ဆက်နွယ်မှု ပြတ်တောက်သွားပြီးနောက် တုံ့ပြန်မှုအနည်းငယ်ကို ခံစားခဲ့ရသည်။
ဤတုံ့ပြန်မှု၏အစွမ်းသတ္တိက ရတနာဘူးကို သူမည်မျှဂရုစိုက်သည့်အပေါ်တွင်မူတည်နေ၏။လုံလီ၏အခြေအနေအရ ရတနာဗူးက သူ၏တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုရှိကြောင်း ထင်ရှားသည်။
“ စက်ဆုပ်စရာကောင်းတဲ့ လူယုတ်မာ ကောင် မင်း ငါ့ရတနာကို ခိုးရဲတယ်ပေါ့..
ငါ ကြီးမားတဲ့အဖိုးအခ ပေးဆပ်ရရင်တောင်မှ မင်းကို အလွတ်မပေးဘူး..”
လုံလီ၏ မျက်လုံးများတွင် ရူးသွပ်မှု ပေါ်လာသည်။ သူ့ခေါင်းကို မော့ပြီး ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်၏။ သူ၏အော်သံများက ပျားအုံအတွင်းရှိ
ဥမင်လှိုဏ်ခေါင်းများကို ဖြတ်၍ ပဲ့တင်ထပ်သွားလေသည်။
ချိပ်တံဆိပ်၏နက်နဲရာနှင့် အနီးစပ်ဆုံး ဖြစ်သော စွန်းခုန်းက သူ့အော်သံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူ့ခြေလှမ်းများက ရှေ့ကိုတိုးလာရင်း ရပ်တန့်သွားပြီး သူ့မျက်လုံးက ဖျတ်ခနဲလင်းလက်လာသည်။
“အဲဒါက ဘီလူးကြီးလုံလီရဲ့အသံပဲ..သူ့ရတနာဘူးပျောက်သွားလို့များလား..ဟားး ဒီလိုသာဖြစ်ရင် ကောင်းမှာပဲ..ဘယ်သူက သူ့ပစ္စည်းကို ခိုးရဲတာပါလိမ့်...”
စွန်းခုန်းက ပွစိပွစိပြောနေပြီး သူ့မျက်နှာပေါ်တွင် နောင်တရသောအမူအရာပေါ်လာ၏။သူလည်းပဲ လုံလီ၏ရတနာဘူးကို လိုချင်နေခဲ့သည်။
ထိုနေရာနှင့်ခပ်ဝေးဝေးတွင် ထျန်းလင်း ရှိနေ၏။ နှစ်ဝက်လောက် အချိန်ယူရှာဖွေပြီးနောက် သူက ပျားအုံချိပ်တံဆိပ်ရှိဥမင်အများစုကို သစ်ပင်အကိုင်းအခက်များဖြင့် နေရာယူထားသည်။ ထိုအချိန်တွင် သူက ချိပ်တံဆိပ်၏အလယ်ဗဟိုအူတိုင်သို့သွားနိုင်မည့် အတိုဆုံးလမ်းကို ရှာဖွေနိုင်ခဲ့သည်။
သူ့နားထဲသို့တိုးဝင်လာသောလုံလီ၏အသံက တိုးညှင်းသွား၏။ သို့သော် ထျန်းလင်း၏သစ်ပင်မှ အကိုင်းအခက်များက အပေါက်များတွင် ပြည့်နှက်နေပြီဖြစ်သည်။ အကိုင်းအခက်တစ်ခုစီသည် သူ၏ကိုယ်ပွားများဖြစ်သောကြောင့် လုံလီ၏အသံက ထျန်းလင်းဘေးတွင် စကားပြောနေသကဲ့သို့ ထွက်ပေါ်လာသည်။
“လုံလီရဲ့ရတနာကိုခိုးတဲ့သူက စွန်းခုန်းဖြစ်နိုင်တယ်..အခုအချိန်မှာ သူတို့က ငါနဲ့ရည်ရွယ်ချက်မတူတော့ဘူး..ဒါကြောင့် သူတို့ဘာသာအရင်တိုက်ခိုက်ပါစေ..စွန်းခုန်းရဲ့လိမ္မာပါးနပ်မှုနဲ့ဆိုရင် ကျစ်နန်ကျင့် ဒီနေရာကို မျှားခေါ်ခံရတဲ့အထိ သေမှာ မဟုတ်ဘူး..အဲဒီအချိန်ကျရင် သူတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ ငါနဲ့တစ်လှေတည်းစီးတဲ့သူဖြစ်ကုန်မှာ...”
ထျန်းလင်းက အေးစက်စွာ ရယ်မောလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။သူက ချိပ်တံဆိပ်နယ်မြေကို ဆက်လက်ဖုံးအုပ်နိုင်ရန် သစ်ပင်မှ အကိုင်းအခက်များကို တစ်ဖန် ဖြန့်ကျက်ထားသည်။
စုမင်က လုံလီ၏အသံကိုကြားသော်လည်း ထိုအချိန်တွင် သူအာရုံမစိုက်နိုင်ပေ။ လက်ရှိတွင် မျက်လုံး ကိုးလုံးက သူ့ကို စိုက်ကြည့်နေ၏။ သူ့ဝိညာဉ်ကို ဖြန့်ကျက်လိုက်သောအခါ မျက်လုံးကိုးလုံးရှိ ဒုတိယမျက်လုံးသည် တဖြည်းဖြည်း ပိုတောက်ပလာသည်။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ ရှစ်လုံးမြောက် မျက်လုံး တောက်ပလာသောအခါ ဘေးနားရှိငှက်က အသက်ပြင်းပြင်းရှုရှိုက်ပြီး မျက်လုံးအပြူးသားဖြစ်သွား၏။
၎င်းက တစ်စုံတစ်ခုကို မှတ်မိတော့မည်ဟု ခံစားရလာဧ။်။သို့သော်လည်း ၎င်းက ထိုအရာကို ပြန်မှတ်မိရန် ကြိုးစားသောအခါတွင်မူ မထင်မရှားဖြစ်နေပြန်သည်။ ဤသည်မှာ သူ့အမှတ်တရများကို ပြန်လည်မှတ်မိရန် တက်ကြွစွာကြိုးစားခဲ့သော ပထမဆုံး အကြိမ်ဖြစ်၏။ ၎င်းက သာမန်ထိတွေ့မှုမှမှတ်ဉာဏ်ရခြင်းနှင့် အလွန်ကွဲပြားသည်။
ငှက်က မှတ်ဉာဏ်များကို ပြန်ရရန် အတတ်နိုင်ဆုံး လုပ်နေစဉ် ရတနာဘူးရှိ
မျက်လုံးကိုးလုံးကို မြင်လိုက်ရသည်။ အားလုံးက တဖိတ်ဖိတ် တောက်ပနေသော်လည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။ နောက်ဆုံးတော့ ရတနာဘူးမှာ မျက်လုံးတစ်လုံးသာ ကျန်တော့သည်။ ထိုမျက်လုံးက ငှက်ကို မြင်သောအခါ ရုတ်တရက်စူးရှတောက်ပလာ၏။ ၎င်းက ထက်မြိသောဓါးတစ်လက်အသွင်ပြောင်းသွားပြီး ငှက်ဆီသို့ တိုးဝင်သွားလေသည်။
ကြိုးကြာငှက်က ရုတ်တရက် ကူပါကယ်ပါ တဆာဆာအော်ဟစ်နေပြီး သူ့မျက်လုံးများ ထိတ်လန့်တုန်လှုပ်နေလေသည်။
ထိုအချိန်တွင် ငှက်၏ခေါင်းထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်တွင် ၎င်းက ထိပ်မပြောင်ဘဲ အမွှေးအတောင်စုံလင်စွာဖြင့် လှပသောငှက်တစ်ကောင်ဖြစ်၏။
၎င်းက တစ်စုံတစ်ခုကို ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေစဉ် တာအို၀တ်စုံဝတ်ထားသော အဘိုးအိုတစ်ယောက်က သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာသည်။ ထိုအဘိုးအိုက သူ့လက်ကို လှုပ်ယမ်းလိုက်ပြီး ငှက်ကို လောကပေါင်းများစွာသို့ နှင်ထုတ်ခဲ့သည်။
အဘိုးအိုးက ဒေါနဲ့မောနဲ့ သူ့ရင်ခွင်မှရတနာဘူးကို ထုတ်ယူလိုက်သည်။ ထိုရတနာကို ထုတ်ပြီးနောက် ဘူးပေါ်တွင် မျက်လုံးကိုးလုံးပေါ်လာ၏။ခဏအတွင်းမှာပဲ မျက်လုံးကိုးလုံးထဲက ငါးလုံးက ငှက်ကို ချိပ်ပိတ်လိုက်လေသည်။ ထို့နောက်၎င်း၏ခန္ဓာကိုယ်ထဲမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်သော ခံစားချက်က လျင်မြန်စွာ မြင့်တက်လာသည်။ငှက်က စူးစူးဝါးဝါးအော်ဟစ်ပြီး နောက်သို့ အမြန်ပြန်ဆုတ်သွားသည်ကို မြင်လိုက်ရသည်။
သို့သော် အဆုံးမရှိသော ဒေါသစိတ်များပါဝင်သောအသံက ၎င်း၏နားထဲသို့ ရောက်ရှိလာသည်။
“ရတနာဘူး..ဒင်းကို သတ်လိုက်စမ်း..”
“တာအိုလုယာ.. ငါ မင်းရဲ့တာအိုဆေးအမြုတေတွေကိုခိုးခဲ့တယ်..ပြီးတော့ မင်းကိုယ်တိုင်ဆေးအမြုတေဖန်တီးခဲ့တာကို ခိုးကြည့်ခဲ့တယ်..မင်းက ဒီဘူးလေးကို ဘယ်လိုလုပ်အပြင်ထွက်ခိုင်းနေတာလဲ...”
ကြိုးကြာငှက်က အော်ဟစ်နေစဉ် ၎င်း၏ အ မွှေးအတောင်အားလုံး အရွယ်အစား ကြီးထွားလာသည်ကို တွေ့လိုက်ရသည်။ သို့သော် ရတနာဘူးပေါ်ရှိမျက်လုံးငါးလုံးက ချက်ချင်းမှိတ်တုတ်မှိတ်တုတ် လင်းလက်လာ၏။ဘူးထဲမှ အစိမ်းရောင်အခိုးအငွေ့များ လွင့်ထွက်သွားသည်။ ထိုမီးခိုးငွေ့ထဲတွင် လက်ဖဝါးအရွယ် သေးငယ်သော ကောင်လေးတစ်ယောက်ရှိပြီး လက်ထဲတွင် ပိုသေးငယ်သော ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထို့နောက် သူက ငှက်ဆီသို့ အရှိန်ဖြင့် ပြေးသွားလေသည်။
အတိတ်က ငှက်၏နာကျင်မှုတစ်ခုပင်..ထိုမှတ်ဉာဏ်ပြီးဆုံးသွားပြီးနောက် စကားလုံးများနှင့် ဖော်ပြ၍မရသော ငှက်၏ဝေဒနာပင်ဖြစ်၏။
“အခုမှ မှတ်မိတယ်...ဒါကတာအိုလုယာရဲ့အင်မော်တယ်လူသတ်ရတနာဘူးပဲ..ဒါပေမဲ့ ဒီဘူးကို ဖျက်ဆီးသင့်တယ်..အရင်တုန်းက လုယာဟာ မဟာလောကကြီးလေးခုကဘိုးဘေးထိုက်ရှင်းစုနဲ့တိုက်ခိုက်တုန်းက ဘိုးဘေးက ဒီဘူးကိုဖျက်ဆီးခဲ့တယ်...”
ကြိုးကြာငှက်က အထိတ်တလန့်ပြောရင်း နောက်ဆုတ်သွားလေသည်။
စုမင်၏ မျက်လုံးများက အလင်းတန်းဖြင့်တောက်ပလာလေသည်။ ထိုအချိန်တွင် သူက ရတနာဘူးနှင့်ဆက်စပ်မှုသာ ရှိခဲ့သော်လည်း ထိန်းချုပ်ရန် နည်းလမ်းကို မရရှိခဲ့ပေ။ သူက ငှက်၏ပြင်းထန်သော တုံ့ပြန်မှုကို မြင်သောအခါ ငှက်၏သရုပ်မှန်ကို နည်းနည်းရိပ်မိသွားလေသည်။ ထို့နောက်သူက “ဒီဘူးကို ဘယ်လိုသုံးရတာလဲ” ဟု ရုတ်တရက် မေးလိုက်သည်။
“ဒီဘူးကို ဘယ်လိုသုံးရမှန်းမသိပေမဲ့ လုယာက ဒီဘူးကို စကားတွေပြောနေတာတော့မှတ်မိတယ်..ရတနာဘူး..ဒင်းကိုသတ်လိုက်တဲ့...”
ထိုအချိန်တွင် ကြိုးကြာငှက်က ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် အမွေးအတောင်များက သံချောင်းကဲ့သို့ထောင်မတ်နေသည်ဟု ခံစားလိုက်ရသည်။ ၎င်းက စုမင်၏မေးခွန်းကိုကြားသောအခါ သူ့အလိုလိုအဖြေပေးမိသွားသည်။ ချက်ချင်းဆိုသလိုပင် သူ့လုပ်ရပ်အတွက် နောင်တရမိသွားသည်။
စုမင်က ထိုစကားကိုကြားပြီးနောက် သံယောင်လိုက်ခဲ့သည်။
“ရတနာဘူး.. ကျေးဇူးပြုပြီး...”
စုမင်က စတင်စကားပြောသောအခါတွင် သူ့စိတ်နှလုံးကိုပင် တုန်လှုပ်ချောက်ချားစေသည့် တည်ရှိမှုက ရတနာဘူးမှရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။ ဘူးပေါ်မှ မျက်လုံးက ရုတ်တရက် မျက်တောင်ခတ်ချင်သည့် လက္ခဏာများ ပေါ်လာသည်။ စုမင်က နောက်ထပ်ပြောလိုက်သည်နှင့် ရတနာဗူးက ငှက်ကို သတ်ပစ်လိမ့်မည်။
တစ်ချိန်တည်းမှာပင် စုမင်က စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။
“သိုလှောင်ထားတဲ့ စွမ်းအား မလုံလောက်ဘူး...အစစ်အမှန် ခန္ဓာကိုယ်ရဲ့ ဆယ်ပုံရှစ်ပုံလောက် ပျက်စီးသွားပြီ..အမြန်ဆုံးဖြည့်တင်းရမယ်..ရန်သူကိုပိတ်ဆို့ထားရင်းနဲ့ပေါ့...”
စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ ကြိုးကြာငှက်က အလွန်ကြောက်လန့်သောကြောင့် ၎င်း၏ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်သွားလုနီးပါးဖြစ်သွားသည်။ စုမင်က နောက်ဆုံးစကား မပြောဖြစ်ပေ။ ယင်းအစား သူ၏ဝိညာဉ်က သူ၏ရုပ်ခန္ဓာဆီသို့ ပြန်သွားခဲ့သည်။ ထို့နောက် သူကမတ်တပ်ထရပ်ကာ ရတနာဘူးကို အိတ်ထဲသို့ ထည့်လိုက်လေသည်။
စုမင်၏ မျက်လုံးများ တောက်ပလာသည်။ ယခုအချိန်မှာ သူ၏ယုံကြည်မှုများ မြင့်တက်လာခဲ့သည်။ ၎င်းက အတိတ်က သူ မာန်နတ်ဘုရားဖြစ်စဉ်ကရှိသောခံစားချက်နှင့်အတူတူပင်ဖြစ်သည်။
ယခုနတ္ထိအနှစ်သာရနယ်မြေတွင် ထိုယုံကြည်မှုက သူ့အတွင်း၌ တစ်ဖန်ပြန်လည်ထကြွလာခဲ့သည်။
‘ငါ့မှာ ဒီရတနာဘူးနဲ့နတ်ဘုရားအဆင့်ရှိနကျယ်ကောင်နဲ့အတူ ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေရှိတဲ့အပြာရောင်ကျောက်တုံးတွေအများကြီးရှိတယ်...နတ်ဘုရားဝတ်ရည်ကိုလဲ ကြိုက်တဲ့အချိန်ထုတ်ယူလို့ရတယ်..ဒါ့ကြောင့် နတ္ထိအနှစ်သာရနယ်မြေမှာ ငါက အသန်မာဆုံးဖြစ်ရမယ်..ဒါပေမဲ့ ရတနာဘူးထဲက ဝိညာဉ်ထိခိုက်သွားတာတော့ နှမြောစရာပဲ..ဒါပေမဲ့ ဒီအချက်က တော်တော်ထူးခြားတယ်..အဲဒီဘူးက သူ့စွမ်းအင်ဖြည့်တင်းဖို့ ငါ့ကိုသတိပေးနေတယ်..အခုအချိန်မှာ ဘူးရဲ့ကိုယ်ထည်က ဆယ်ပုံရှစ်ပုံပျက်စီးသွားပေမဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားကို ထုတ်လွှတ်နိုင်သေးတယ်..ငါသာ သူ့ရဲ့စွမ်းအားအားလုံးကို ဖြည့်တင်းပြီး ပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင် ဒါဟာ လောကကြီးကို ဇောက်ထိုး မှောက်ခုံလှန်နိုင်တဲ့ အရာတစ်ခုဖြစ်မှာပဲ..”
စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့တွင်နတ်ဘုရားဝတ်ရည်ကို သိုလှောင်ရန် သင့်လျော်သော အိုးမရှိပေ။ ထိုဝတ်ရည်ကို မည်မျှကြာအောင် စုပ်ရမည်ကို မသိသောကြောင့် ယခုပင် စုပ်ရန် မရွေးချယ်သေးပေ။
သူ ဤနေရာက ထွက်သွားပြီးနောက် ထို ဝတ်ရည်ကို အေးအေးဆေးဆေး သန့်စင်ရန် သင့်တော်သောနေရာ ရှာမည်။ ထို့ကြောင့် မတော်တဆမှု တစ်ခုခုမဖြစ်စေရန် နတ်ဘုရားအာရုံကို ချန်ကာ နကျယ်ကောင်ကို ဝတ်ရည်ဆက်လက်ထိန်းသိမ်းစေခဲ့သည်။
စုမင်က ရတနာဘးးကို သိမ်းလိုက်သည်။
ထိုအချိန်တွင် ငှက်က ကြောက်ရွံ့မှုကင်းသွားပြီး ၎င်း၏နှလုံးသားက ငြိမ်သက်စပြုလာခဲ့သည်။ ငှက်က စုမင်ကို စိုးရိမ်သောက ရောက်နေသောမျက်လုံးများဖြင့် ကြည့်နေသည်။ စုမင်က ငှက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့သိုလှောင်အိတ်ထဲက နောက်ထပ်သလင်းကျောက်လက်တစ်ဆုပ်ကို ထုတ်ပေးလိုက်ဧ။်။
ငှက်က စုမင်၏နှစ်သိမ့်မှုကို လက်ခံရရှိသောအခါတွင် ကျေနပ်လာခဲ့သည်။
စုမင်က မျက်လုံးများကိုမှိတ်ထားပြီး
ဤနေရာရှိ ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို ဆက်လက်စုပ်ယူရန် သူ့စိတ်ထဲရှိ ဂနာမငြိမ်ဖြစ်မှုကို တွန်းလှန်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း အချိန်နှစ်လကုန်ဆုံးသွားလေသည်။
ထိုအချိန်တွင် ကျောက်တုံးများကို စုပ်ယူလိုက်သည်နှင့်အမျှ စုမင်၏အရှိန်က မြန်ဆန်လာ၏။ သူက ရှေ့သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားကာ လောကအမြုတေကျောက်တုံးချထားရာနေရာနှင့် နီးကပ်လာသည်။ နှစ်လအကြာတွင် သူနှင့်လောကအမြုတေကျောက်တုံးရှိကျောက်နံရံက ဆယ်ပေအောက်အထူသာ ရှိတော့သည်
နှစ်လကြာ ရတနာဘူးသူခိုးကို ရှာဖွေနေသည့် လုံလီက ပျားအုံချိပ်တံဆိပ်အတွင်းမှ ဆံပင်စုတ်ဖွားဖြင့် ထွက်လာသည်။ တစ်ခါတရံ ကံကြမ္မာ မျက်နှာသာပေးမှုဆိုတာ ရှိလေ၏။ အဘယ့်ကြောင့်ဆိုသော် ယခင်က သူ လောကအမြုတေကျောက်တုံးကို ရှာဖွေစဉ်က နေရာဝင်ပေါက်ကို ရှာမတွေ့ခဲ့ပေ။ သို့သော် ရတနာဘူးပျောက်ပြီးနောက် သူက သူခိုးကို အရူးအမူးရှာဖွေနေစဉ် အလံကိုးခုဝန်းရံသော မှော်အစီအရင်အလယ်ရှိ လောကအမြုတေကျောက်တုံးကြီးကို တွေ့လိုက်ရ၏။
တစ်ချိန်တည်းမှာပင် စွန်းခုန်းက စိတ်လှုပ်ရှားနေသောမျက်နှာဖြင့် အခြားဥမင်လိုဏ်ခေါင်းတစ်ခုမှ ထွက်လာသည်။ သူ့ရှေ့ရှိမြေနေရာလွတ်မှာ ကြီးမကျယ်ပြန့်လှသည်။ ထိုမြေကွက်လပ်၏ အလယ်ဗဟိုတွင် ခရမ်းရင့်ရောင်ကျောက်ရည်ပူအလွှာတစ်ခု ရှိပြီး ထိုအတွင်းမှ မီးလျှံဂြိုလ်ရှိဂြိုလ်သားမျိုးနွယ်ဝင်၏အဖြူရောင်အရိုးများကို မြင်တွေ့ခဲ့ရသည်။
ဤနေရာရှိ လောကမှော်ယာဉ်ပျံအရှင််သခင်စွမ်းအားက သိပ်သည်းလှ၏။စွန်းခုန်းက အင်မတန်စိတ်အားတက်ကြွနေလေသည်။ သူ့အသက်ရှူသံ မြန်လာသော်လည်း ရှေ့ကို ချက်ချင်းတော့ တိုးမလာခဲ့ပေ။ ယင်းအစား ထောင့်တစ်နေရာမှာ တင်ပျဉ်ခွေထိုင်ပြီး စွမ်းအားများကိုစုပ်ယူရန် စတင်တရားမှတ်ခဲ့သည်။
သူက ဂြိုလ်သားမျိုးနွယ်ဝင်ကို ကယ်တင်ပြီး လွှတ်ပေးရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူ၏အဓိကပန်းတိုင်မှာ ဤနေရာရှိ လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်၏ထူထပ်သော စွမ်းအားဖြစ်သည်။ ဖြစ်နိုင်လျှင် သူ့ကိုယ်သူ ပိုပြည့်စုံအောင်လုပ်ရန် ဂြိုလ်သားမျိုးနွယ်ဝင်ဧ။်အရိုးနှင့် ဝိညာဉ်များကို စွမ်းရည်အချို့အသုံးပြီး ဝါးမျိုရန် လုပ်နေလေသည်။