← Chapters

လောကအမြု‌တေကျောက်တုံး

Vol. 56 Ch. 775

လောကအမြု‌တေကျောက်တုံး

Vol. 56 Ch. 775

လုံလီက အလံကိုးခုအလယ်ရှိလောကအမြုတေကျောက်တုံးကြီးကို မြင်လိုက်စဉ် သူ့အသက်ရှုသံများ ရပ်တန့်လုနီးပါးဖြစ်သွား၏။သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ကံကြမ္မာက အရာအားလုံးကို သတ်မှတ်ပေးပြီးသားမလို့ ပေါ့ပေါ့ပါးပါး နေထိုင်သင့်တယ်..ငါ ရတနာဘူးကို ဆုံးရှုံးခဲ့ရပေမဲ့ လောကအမြုတေကျောက်တုံးကိုရှာတွေ့ခဲ့တယ်...”

လုံလီက လေးလေးနက်နက် သက်ပြင်းချလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက အသူရာနတ်ဘုရားတစ်ပါးဖြစ်ခဲ့သည်။ မကြာခင်မှာပဲ သူ့စိတ်လှုပ်ရှားမှုများကို ချေမှုန်းပစ်လိုက်သည်။ သူက တစ်ချက်လှုပ်ရုံဖြင့် မှော်အစီအရင်အနီးသို့ ရောက်သွားသည်။ သူ့မျက်လုံးများက ဖျတ်ခနဲလင်းလက်လာ၏။ သူက လောကအမြုတေကျောက်တုံးကို စိုက်ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်သွား၏။ထို့နောက်သူ့ရင်ခွင်မှ ရှေးဟောင်းစာလိပ်တစ်လိပ်ကို ထုတ်ခဲ့သည်။

သူ အနီးကပ်စစ်ဆေးပြီး သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုဖန်တီးလိုက်သည်။

သူက အနီးကပ်စစ်ဆေးပြီ သူ၏ညာလက်ဖြင့် ချိပ်တံဆိပ်ဖန်တီးလိုက်သည်။ သူ့အနောက်ဘက်ဝင်ပေါက်နေရာရှိ လေထုကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။ ထိုဝင်ပေါက်ရှိသောနေရာတွင် အနက်ရောင်အလင်းတန်းတစ်ခု ချက်ချင်း တောက်ပလာသည်။ ထို့နောက်တွင် အလွန်ကြီးမားသော စိန်ပုံသဏ္ဍာန်အလင်းရောင်ဖြင့် ဖုံးအုပ်ထားသည်။ အကြိမ်ပေါင်းများစွာ လင်းလက်သွားပြီးနောက် အလင်းတန်းတစ်ခုက ဝင်ပေါက်ကို ချိတ်ပိတ်လိုက်လေသည်။

“ရှေးဟောင်းစာလိပ်အရဆိုရင်..ချိပ်တံဆိပ်ရဲ့ဒုတိယနေရာဖြစ်တဲ့ ဒီလောကအမြုတေကျောက်တုံးကို ထုတ်ယူဖို့ မလွယ်ကူဘူး..စွမ်းရည်တွေအများကြီးလိုအပ်ရုံတင်မကဘူး..အချိန်လဲ ယူရအုံးမှာ ဒီလုပ်ငန်းစဉ်အတွင်းမှာ တစ်ခြားသူက ငါ့ကို မနှောင့်ယှက်ဖို့လိုတယ်..”

လုံလီက လုံးဝငြိမ်ကျသွားပြီး သူ့စိတ်ကိုတညငြိမ်အောင်လုပ်ရန် ခက်ခဲနေသေးသည်။ သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်တစ်ခုဖန်တီးကာ သူ့မျက်ခုံးအလယ်ကို အမြန်ပုတ်လိုက်သည်။

စိန်ပုံသဏ္ဍာန်အကြေးခွံကိုးခုက သူ၏ မျက်ခုံးလယ်တွင် ချက်ချင်း ပေါ်လာသည်။ ထိုကြေးခွံများက သူ့နဖူးအလယ်မှ ထိုးဖောက်ထွက်လာကာ နေရာတစ်ခုလုံးကို လှည့်ပတ်နေလေသည်။ ၎င်းတို့တွင် မှိတ်တုတ်မှိတ်တုတ် အလင်းတန်း

တောက်ပလာပြီး လုံလီကို အသေအချာ

ဖုံးအုပ်ထားသော ပိုးအိမ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုမှပင် လုံလီက စိတ်တည်ငြိမ်သွားခဲ့သည်။သူကကျောက်တုံးကြီးကို စိုက်ကြည့်ရင်း သူ့အသက်ရှူသံ အနည်းငယ် မြန်လာသည်။ သူ့ညာလက်ကို မြှောက်လိုက်စဉ် သူ တခဏမျှ တုံ့ဆိုင်းသွားသည်။

‘ဒီလောကအမြုတေကျောက်တုံးကို ထုတ်ယူလိုက်တဲ့အခါ..ချိပ်တံဆိပ်တစ်ခုလုံးရဲ့အစိတ်အပိုင်းတွေက အတော်ပြေလျော့သွားမှာ..ဒီကျောက်တုံးမှာ တစ်လောကလုံးရဲ့စွမ်းအားတွေ ပါဝင်တယ်..ဒါ့ကြောင့် လူတွေကို မူးမေ့စေနိုင်လောက်တယ်..ငါ့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် ဒါကို ခံနိုင်ရည်ရှိ‌လောက်ပါတယ်...”

လုံလီက တုံ့ဆိုင်းမနေတော့ပေ။သူ၏ညာလက်ကို မြှောက်လိုက်ပြီး ထူးဆန်းသော ချိပ်တံဆိပ်တစ်ခုကို ဖန်တီးခဲ့သည်။ ထို့နောက် သူက ကျောက်တုံးကြီးဆီသို့ချိန်ရွယ်လိုက်သည်။

၎င်းနှင့်အတူ မြေပြင်ပေါ်ရှိ အလံကိုးခုက ချက်ချင်းပင် ထူးထူးဆန်းဆန်း လွင့်ပျံလာသည်။ ခေါင်းကိုးလုံးပါပြီး အစိမ်းရောင်မျက်နှာပါသောချီလင်က လေထဲတွင် ချက်ချင်း ပေါ်လာသည်။ ထို့နောက် ၎င်းက နယ်မြေကိုဖြတ်သန်းလာပြီး လုံလီဆီသို့ ဟိန်းဟောက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျောက်တုံးကြီးမှ

အားပြင်းသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အခုလေးတင် လုံလီ လုပ်ခဲ့သည့်ထူးဆန်းသောလုပ်ရပ်ကြောင့် ၎င်းက နှိုး‌ဆော်ခံရသလိုဖြစ်သွား၏။ရှည်လျားသောမြစ်များ၊ ကြီးမားသောချောင်းများ၊

မြင့်မားသောတောင်တန်းများနှင့် မြေပြန့်လွင်ပြင်များက လောကအမြုတေကျောက်တုံးပေါ်တွင် ချက်ချင်းပေါ်လွင်လာသည်။ အလားတူ ဝမ်းမြောက်ခြင်း၊ ဒေါသဖြစ်ခြင်း ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်း၊ သေခြင်း အစရှိသည့် ဘဝအမျိုးမျိုး၏စာမျက်နှာများလည်း ပေါ်လာ၏။

ထို့‌နောက် လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားဖြင့် ပြည့်နေသော စွမ်းအားလှိုင်းလုံးကြီးသည် ကျောက်တုံးကြီးအတွင်းမှ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ခေါင်းကိုးလုံးရှိချီလင်က ထိုစွမ်းအားလှိုင်းနှင့်ထိတိုက်မိ‌သော် ဟိန်းဟောက်သံရပ်သွားလေသည်။ ၎င်း၏မျက်ခွံများက မှိန်းကျလာပြီး အိပ်ပျော်သွားသကဲ့သို့ ထင်ရစေသည်။မနီးမဝေးရှိ လုံလီ၏ခန္ဓာကိုယ်က ချက်ချင်းပင် လှိုင်းလုံးများဖြင့် ဖုံးလွှမ်းသွားသည်။ သို့သော်လည်း သူက အစကတည်းက ပြင်ဆင်ထားပုံရသည်။သူက စွမ်းအားလှိုင်းကို မရှောင်ဘဲ နီးကပ်သွားလေသည်။ သူ့လျှာဖျားကိုကိုက်ရင်း သွေးများထွေးထုတ်လိုက်သည်။ သူ့ညာဖက်လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး သူ့ရှေ့ရှိ နေရာကို လွှဲယမ်းလိုက်သည်။ သူ့လက်အကျထဲမှ အနက်ရောင် ပုံရိပ်ဆယ်ခုက သူ့မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်မှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ တွားသွားဝင် ရောက်ခဲ့သည်။

လောကအမြုတေကျောက်တုံးများမှ ထွက်လာသောစွမ်းအားလှိုင်းလုံးများမှာ လုံလီချထားသောအကာအကွယ်ကို တိုးဝင်သွားသော်လည်း အကာအကွယ်က ဘာမှမဖြစ်ပေ။ ယင်းအစား ၎င်းတို့က ‌နေရာတစ်ဝိုက်ကို လေပွေပမာ ဝေ့ဝိုက်တိုက်သွားပြီး ပဲ့တင်ထပ်သံကြီး ထွက်ပေါ်လာ၏။

ထိုစွမ်းအားလှိုင်းလုံးများနှင့် အနီးဆုံးမှာ ဆယ်ပေအကွာရှိကျောက်နံရံတွင်ရှိသော စုမင်ဖြစ်၏။စွမ်းအားလှိုင်းလုံးများက ကျောက်နံရံကိုဖြတ်၍ သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ တိုးတင်သွားသည်။

ထိုအချိန်တွင် စုမင်က မြေပြင်ရှိ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို စုပ်ယူနေသည်။တစ်လောကလုံး၏စွမ်းအားများဖြင့် ပြည့်နှက်နေသောလှိုင်းလုံးကြီးကို စုမင် မတုံ့ပြန်မီတွင်၊ ၎င်းတို့က သူ့ခန္ဓာကိုယ်ကို တိုက်ခတ်သွားခဲ့ပြီဖြစ်သည်။ ငှက်လဲ ခဏတာ အံ့အားသင့်သွားပြီးနောက် စွမ်းအားလှိုင်းလုံးများဖြင့် ဖုံးလွှမ်းခြင်းခံရဧ။်။

တစ်စုံတစ်ယောက်က ချိပ်ပိတ်နယ်မြေ၏အမြင့်ဆုံးနေရာမှ ကျောက်နံရံများကိုမြင်နိုင်လျှင် လက်စွပ်ပုံသဏ္ဍာန်စွမ်းအားလှိုင်းလုံးကြီးများကို မြင်တွေ့နိုင်မည်ဖြစ်သည်။ လက်ရှိတွင် ၎င်းကလောကအမြုတေကျောက်တုံးမှတစ်ဆင့်၊ ထို့နောက် ပျားအုံချိပ်တံဆိပ်တစ်ခု ၏အပြင်သို့ ပျံ့နှံ့နေ၏။

ထိုကဲ့သို့စွမ်းအားလှိုင်းလုံးများက ရုတ်တရက် ပျံ့နှံ့လာ၏။စုမင် မဆိုထားဘိ၊ ကောက်ကျစ်ယုတ်မာသော မြေခွေးအိုကြီးများဖြစ်သောထျန်းလင်းနှင့်

စွန်းခုန်းတောင်မှ ကြိုမခန့်မှန်းနိုင်ခဲ့ပေ။

ထို့ပြင် လုံလီက သူရရှိခဲ့သော ရှေးဟောင်းစာလိပ်ကိုလည်း ရတနာဘူးသီးခြောက်ကဲ့သို့ လျှို့ဝှက်ထားခဲ့သည်။

တခဏအတွင်းမှာပင် စွမ်းအားလှိုင်းလုံးကြီးက ထျန်းလင်းဆီသို့ တိုးဝင်လာသည်။ ထိုအချိန်တွင် သူက သစ်ပင်ကြီးတစ်ပင်၏ပုံစံအတိုင်း ရှိနေခဲ့သည်။ သို့သော် သူ့အကိုင်းအခက်အားလုံးက လျင်မြန်စွာ ကျုံ့သွားခဲ့၏။အဘယ်ကြောင့်ဆိုသော် သူက ချိပ်တံ ဆိပ်၏နက်နဲရာသို့ တည့်တည့်ပို့ဆောင်မည့် မှန်ကန်သောလမ်းကြောင်းကို သိထားပြီးဖြစ်သောကြောင့် ဖြစ်၏။

သို့သော် သူ့အကိုင်းအခက်များ ဆုတ်ခွာသွားသည်နှင့်တပြိုင်နက် သစ်ပင်ကြီး၏ ပုံစံဖြစ်သည့် သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။စွမ်းအားလှိုင်းထိမိသောသူ၏အကိုင်းအခက်များထဲမှအချို့က အလားတူ တုန်ခါသွားသည်။

အကိုင်းအခက်များမှာ မယုံနိုင်လောက်အောင် ကြီးမားကျယ်ပြန့်စွာ နေရာယူထားသောကြောင့် ထျန်းလင်း၏နှလုံးသားက တသိမ့်သိမ့်တုန်လှုပ်သွားသည်။ သူက လူသားပုံစံအမြန်ပြောင်းချင်သော်လည်း အကိုင်းအခက်အများစုက စွမ်းအားလှိုင်းနှင့် ထိတွေ့မိသွားခဲ့သည်။ သစ်ကိုင်းများက အိပ်စက်သလိုဖြစ်သွားသဖြင့် ထျန်းလင်း၏ အသိစိတ်လည်း ပျောက်ကွယ်လုမတတ် ဖြစ်နေ၏။ သူ့နှလုံးသားထဲတွင် ကြီးမားသော အန္တရာယ်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသော်လည်း သူ့က မနှိုးထနိုင်သေးပေ။

တစ်ခဏအကြာတွင်၊ လူတစ်ဝက်ခန့် သစ်ပင်တစ်ခြမ်း အနေအထားတွင်ရှိသောထျန်းလင်းက အိပ်စက်ငိုက်မျဥ်းသွားခဲ့၏။ လောကအမြုတေကျောက်တုံးမှ လှိုင်းလုံးကြီးထဲတွင် သူ့ကိုယ်သူ ပျောက်ဆုံးသွားသကဲ့သို့ မျက်လုံးများကိုမှိတ်ထားသည်။

နောက်ဆုံးထိခိုက်ခံစားခဲ့ရသူမှာ ချိပ်ပိတ်နယ်မြေ၏နက်နဲရာတွင် ရှိနေသော စွန်းခုန်းဖြစ်သည်။စွန်းခုန်းက တင်ပျဉ်ခွေထိုင်ကာ ထိုနေရာရှိလောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားကိုအားတက်သရော စုပ်ယူနေသည်။

ခဏအကြာတွင် သူကဘာမှ သတိမထားမိဘဲ သတိလစ်မေ့မြောသွား၏။ တကယ်တော့ သူ မူးမေ့လဲသွားတာတောင် သတိမထားမိခဲ့ပေ။ စွမ်းအား လှိုင်းလုံးကြီးက သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားစဉ်တွင် သူက လောကမှော်ယာဉ်ပျံစွမ်းအားကို စုပ်ယူရန် သဲသဲမဲမဲ လုပ်နေလေသည်။

လောကအမြုတေကျောက်တုံးကြီးမှ ချိတ်ပိတ်နယ်မြေတစ်ခုလုံးသို့ စွမ်းအားလှိုင်းလုံးများ ပျံ့နှံ့ရောက်ရှိရန် အသက် ဆယ်ရှိုက်စာမျှသာကြာ၏။ ထို့နောက် ချိတ်ပိတ်နယ်မြေသည် အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

သို့သော် ဤတိတ်ဆိတ်မှုက ကြာရှည်မခံဘဲ ကွဲအက်နေသောအသံများက နေရာအနှံ့ ပဲ့တင်ထပ်လာသည်။ ဆူညံသံများ ထွက်လာတိုင်း တစ်စုံတစ်ခု ကွဲအက်သွားသလိုပဲ ခံစားရသည်။

ထိုအသံများက လေထဲတွင် ပဲ့တင်ထပ်နေစဉ် ချိပ်တံဆိပ်၏နက်နဲရာအတွင်းရှိ ခရမ်းရင့်ရောင်ကျောက်ရည်ပူထဲရှိအရိုးစု၏ မျက်လုံးများတွင် အနက်ရောင် အလင်းတန်း ပို၍တောက်ပလာသည်။ သူ၏ဦးခေါင်းခွံထိပ်ရှိ ဓားက တစ်ဖန်ပြန်လည် ပြေလျော့သွားကာ ဓါးကို တွန်းထုတ်ပစ်တော့မည့်ပုံပေါ်၏။

အရိုးစု၏ ခန္ဓာကိုယ်ပေါ်တွင် အသားနှင့်သွေးများ တစ်ဖန်ပြန်ပေါ်လာသည်။ ၎င်းနောက်တွင် အဖြူရောင်ချည်မျှင်များစွာ ပေါ်လာသည်။၎င်းတို့က လုပ်ဆောင်ချက်အသစ်တစ်ခု စတင်တော့မည်မှာ ရှင်း၏။ သို့သော် ယခုတစ်ကြိမ်တွင် ထိုအဖြူရောင်ချည်များ၏ဆယ်ပုံရှစ်ပုံနီးပါး ပျက်စီးသွားခဲ့ပြီဖြစ်သည်။

စွမ်းအားလှိုင်းများက အရိုးစု၏ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်သွားပြီးနောက် အရိုးစု၏ မျက်နှာပေါ်မှာ အသားအနည်းငယ်ပြန်တက်လာသည်။ ဤအရာသည် သာမန်အခြေအနေတွင် မဖြစ်နိုင်သော်လည်း ယခုဖြစ်နိုင်သွားခဲ့ပြီ။

အရိုးစုက အသံမဲ့ရယ်မောသံကို ထုတ်လိုက်သလိုမျိုး သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ သူ့မျက်နှာက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး သူ့တစ်ကိုယ်လုံးမှာလည်း အလားတူပင် ဖြစ်၏။ထိုစဉ် သူ့ပတ်ဝန်းကျင်ရှိ အဖြူရောင်ချည်မျှင်များက သူ့ခန္ဓာကိုယ်ကို မရပ်မနား လှီးဖြတ်သလို ပုံစံမျိုးဖြစ်လာပြီး သူတို့ကြား အားပြိုင်နေကြသည်။

သို့သော်လည်း… အဖြူရောင်ချည်မျှင်များ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုကြောင့် ၎င်းတို့က ယခင်ကကဲ့သို့ အရိုးစု၏အသွေးအသားအားလုံးကို မလှီးဖြတ်နိုင်တော့ပေ။ ၎င်းတို့က သူ့ခန္ဓာကိုယ်ကိုလှီးဖြတ်လိုက်တိုင်း အသားအပိုင်းအစ အနည်းငယ် ကျန်နေခဲ့သည်။ဂ

ဟိုတစ်စ သည်တစ်စ အသားများကိုစုပေါင်းလိုက်လျှင် လူတစ်ဦးကို မျှော်လင့်ချက်အပြည့်ပေးနိုင်သည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားလျှင် အရိုးစု၏ ခန္ဓာကိုယ်ပေါ်ရှိအသွေးအသားအားလုံးကို အမှန်တကယ် ပြန်လည်မရရှိနိုင်ခင် အချိန်တော်တော်ကြာကြာ ယူရလိမ့်မည်။ စုမင်နှင့်အခြားသူများကလည်း အရိုးစုကို မနှောင့်ယှက််နိုင်ဘဲ အိပ်စက်နေကြလိမ့်မည်။

ချိပ်ပိတ်နယ်မြေအတွင်းသို့ဖောက်ထွင်းဝင်ရောက်ခြင်းမှာလည်း ဤကိစ္စကြောင့် ရပ်တန့်သွားမည်ဖြစ်သည်။ မည်သူမျှ အကောင်း၊ အဆိုးဟု မဝေဖန်နိုင်တော့ပေ။ စွမ်းအားလှိုင်းကြီးပျံ့နှံ့ပြီးနောက် ဒုတိယနေ့တွင် လူတဝက်ခန့်နှင့် သစ်ပင်တစ်ဝက်ခန့် အနေအထားတွင် ရှိနေသည့်ထျန်းလင်းက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် သတိလစ်မေ့မြောသွားခဲ့သည်။

ထိုသစ်ကိုင်းရှိ အက်ကွဲကြောင်းမှအစိမ်းရောင်အရည်များ ဖြည်းညှင်းစွာ ကျဆင်းလာသည်။

ထိုအရည်တစ်စက်က မြေပြင်ပေါ်သို့ ပြုတ်ကျသော်လည်း အောက်သို့

မပျံ့လွင့်ပေ။ ယင်းအစား ထိုအရည်စက်က မြေပြင်ပေါ်တွင် ရပ်တန့်နေ၏။ ထိုအရည်တစ်စက်က နောက်ကျိနေပြီး အစိမ်းရောင်မြူအလွှာတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

မြူခိုးများက လေထဲသို့ တက်လာပြီး ငါးပေခန့်ဧရိယာကို သိမ်းပိုက်လိုက်သည်။ ထို့နောက် မြူခိုးများက လျှင်မြန်စွာ အတွင်းပိုင်းကို ကျုံ့သွားတော့သည်။ ထိုစဉ် လက်ဖဝါးအရွယ်အစားရှိ လူသားတစ်ဦးက မြူခိုးထဲတွင် ပေါ်လာသည်။ ထိုမြူခိုးများ မြန်မြန်ကျုံ့လာသည်နှင့်အမျှ လူသားလေး၏ ပုံသဏ္ဍာန်မှာ ပို၍ထူးခြားလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ မြူခိုးများက လူသားလေးဧ။်ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီး သူ့၏ ပြီးပြည့်စုံသောပုံစံ ပေါ်လာသည်။ထိုသူကတော့ ယဲ့ရှန်းထုံပင်ဖြစ်သည်။

သူ့မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများ ရှိနေသည်။ သူက လေထုထဲ၌ လွင့်မျောရင်း သူ့ကိုယ်သူ လှည့်ပတ်ကြည့်သော်လည်း ထိုအရာက သူ့ကို ပို၍ပင် အံ့သြသွားစေသည်။

အချိန်အတော်ကြာပြီးနောက် ယဲ့ရှန်းထုံဟူသော လူသားငယ်လေးသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

“ငါ့ကိုယ်ပွားကို အကြီးအကဲစီပို့ပြီး ဒီနေရာအကြောင်း အားလုံးကို ပြောပြရမယ်..”

သူက ညည်းတွားရင်း သက်ပြင်းချလိုက်သည်။ သူက အပြင်လောကသို့ အရှိန်တင်ခဲ့သည်။

ဤသည်မှာ ထျန်းလင်းမမျှော်လင့်ထားသည့်အရာဖြစ်သည်။ ယခင်က သူက ယဲ့ရှန်းထုံကို ချောင်ပိတ်ဖမ်းပြီး ကျင့်နန်ကျစ်ကို ဤနေရာသို့ မျှားခေါ်ရန် စီစဉ်ခဲ့သည်။ ထို့ကြောင့် သူ ယဲ့ရှန်းထုံ၏ အသိစိတ်ထဲတွင် ထင်ယောင်ထင်မှားအချို့ကို ချန်ထားခဲ့ပြီး သူ့အစီအစဉ်ကို အထမြောက်အောင် လုပ်ဆောင်မည်။

ထျန်းလင်းက နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် လောကအမြုတေကျောက်တုံးကြီး၏စွမ်းအားလှိုင်းလုံးကြီးနှင့် သတိလစ်သွားခြင်းကြောင့် အစီအစဥ်မှာ ရုတ်တရက် မြန်ဆန်လာခဲ့သည်။

ယဲ့ရှန်းထုံက အပြင်လောကသို့ လျင်မြန်စွာ ထွက်ခွာသွားစဉ် နာရီများစွာအကြာတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်မှုကိုခံစားခဲ့ရသည်။ ထို့နောက်သူက ကြက်သွေးရောင်မီးလျှံဂြိုလ်၏

မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ သူက ထူးခြားသောနည်းလမ်းဖြင့် သူ့အတွေးများကို မပို့မီ မှော်အစီအရင်တစ်ခုကို စီစဉ်ခဲ့သည်။ ထိုအချိန်တွင် ဤကိုယ်ပွားက သေဆုံးသွားခဲ့သည်။

ကြက်သွေးရောင်မီးလျှံဂြိုလ်နှင့်သိပ်မဝေးနေသောအကွယအဝေးရှိ စစ်မှန်သောမဟာလောကကြီးလေးခုတွင် အသက်စွမ်းအားနှင့် ဝိညာဉ်စွမ်းအင်များပြည့်နှက်နေသောကျင့်ကြံဂြိုလ်များစွာရှိသည်။ဤနေရာ၌ စစ်မှန်သောမဟာလောကကြီးလေးခုမှ တန်ခိုးကြီးကျင့်ကြံသူများစွာ ရှိခဲ့သည်။

သူတို့က တာဝန်များကို မထမ်းဆောင်နိုင်သည့်အခါ သူတို့ကိုယ်တိုင် ဂူပိတ်ကျင့်ကြံခြင်းရန် ရွေးချယ်ခဲ့ကြသည်။

ထိုအချိန်တွင် ကြီးမားကျယ်ပြန့်သော နဂါးငွေ့တန်းအတွင်းရှိ ကြေးဝါရောင်ကျင့်ကြံဂြိုလ်တွင် သွေးနီရောင်တောင်ကြီးတစ်ခု မြင့်မားစွာ တည်ရှိလေသည်။

ကောင်းကင်မှ သွေးနီရောင်မိုးသွန်းမှုကြောင့် ထိုတောင်ကြီးကို အနီရောင် တောက်ပစွာ အရောင်ဆိုးထားသည်။ တောင်ထိပ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်ဗလာနှင့် လူတစ်ယောက် ထိုင်နေ ၏။ သူ့မှာ လေထဲတွင် လွင့်ပျံနေသော ဆံပင်ရှည်ကြီးရှိပြီး သူ့ဘေးတွင် အနီရောင် သံခမောက်တစ်လုံး ရှိသည်။

သူက ထိုနေရာတွင် အပေါ်ပိုင်းဗလာဖြင့် ထိုင်နေပြီး သွေးညှိနံ့၊ အပုပ်နံ့များ ပါဝင်သော မိုးရေများက သူ့ခန္ဓာကိုယ်ပေါ်သို့စီးကျလာသည်။သူက မျက်လုံးမှိတ်ထားရင်း ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်သည်။ သူ အသက်ရှုလိုက်တိုင်း သွေးစွန်းနေသောလောကကြီးကို ဟိန်းဟောက်သံများ ထွက်ပေါ်လာစေသည်။ ဤလူက ကျင့်နန်ကျစ်ဖြစ်၏။

All Chapters