ကျင့်နန်ကျစ် ဆင်းသက်လာခြင်း
Vol. 56 Ch. 776
ကောင်းကင်၌အနီရောင်လျှပ်စီးကြောင်းကြီးတစ်ခုက ဂျိမ်းခနဲအသံနှင့်အတူ လင်းလက်သွား၏။ ထိုစဉ် ကျင့်နန်ကျစ်က မျက်လုံးဖွင့်လိုက်သည်။ ထိုမျက်လုံးထဲတွင် အေးစက်ပြီး စူးရှသောအကြည့်၊ အံ့ဩမင်သက်မှုများ ပါဝင်လေသည်။
“အပြင်လောကမှာ ငါချန်ခဲ့တဲ့သူလျှိုတစ်ယောက်က ငါ့ကိုခေါ်နေတယ်’’
ကျင့်နန်ကျစ်က သူ့ညာဖက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး တစ်စုံတစ်ခုကို တွက်ချက်နေသကဲ့သို့ သူ့ရှေ့တွင် ချိပ်တံဆိပ်များစွာကို ဖန်တီးလိုက်သည်။ ထို့စဉ် ကောင်းကင်၌ မိုးခြိမ်းသံက ချက်ချင်း ကျယ်လောင်လာပြီး မိုးများ သည်းထန်စွာ ရွာသွန်းလာသည်။
များပြားလှသော ပေါက်ကွဲသံများသည် ကောင်းကင်တွင် လျှပ်စီးလက်သလို ရုတ်ချည်းထွက်ပေါ်လာသည်။ မြေပြင်ပေါ်ရှိ အနီရောင်လျှပ်ပန်းလျှပ်နွယ်များက အလင်းနှင့်အမှောင်ကြားတွင် ပြင်းထန်စွာ ပြောင်းလဲနေ၏။
ကျင့်နန်ကျစ်က သူ၏ညာလက်ဖြင့် ချိပ်တံဆိပ်များကို အရှိန်တင်၍ ဖန်တီးခဲ့သည်။ သူ့ညာဖက်လက်ချောင်းထိပ်မှာ အစိမ်းရောင်မြူခိုးများ ချက်ချင်းထွက်လာသည်။ ထိုမြူခိုးများတွင် မထင်မရှားဖြစ်နေသောပုံရိပ်များပါဝင်၏။ မည်သူမဆို အနီးကပ်ကြည့်လျှင် ထျန်းလင်း၊ စုမင်၊ စွန်းခုန်းတို့၏ပုံရိပ်များ အပါ်လာသည်ကို တွေ့နိုင်သည်။
ထို့နောက် အစိမ်းရောင်မြူခိုးများက ကြက်သွေးရောင်မီးလျှံဂြုလ်ရှိ ချိပ်ပိတ်နယ်မြေကို ပြသခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်၌ မိုးခြိမ်းသံများ အကျယ်လောင်ဆုံးထွက်ပေါ်လာသောအခါ ကျင့်နန်ကျစ်၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ ပထမဆုံးပေါ်လာပြီး အမြန်ထရပ်လိုက်သည်။ ယဲ့ရှန်းထုံ၏ကိုယ်ပွားမသေဆုံးခင်က အမှတ်တရများကို ကြည့်ရင်း သူ့မျက်နှာမှာ ခံစားချက်မျိုးစုံ ပေါ်လာ၏။
သူက တစ်ခုခုကို တုံ့ဆိုင်းနေပုံရသည်။ အချိန်အတော်ကြာပြီးနောက် သူ့မျက်နှာပေါ်တွင် ပြတ်သားသောအမူအရာတစ်ခု ပေါ်လာသည်။ ရက်စက်ကြမ်းကြုတ်မှုနှင့်သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများတွင် တောက်ပစွာ နေရာယူခဲ့သည်။
“တကယ်လို့ ငါသာ ဒီကောင်းချီးကိုယူနိုင်ရင် ဒီနေရာမှာ ကင်းစောင့်ရတဲ့အချိန်ကို လျော့နိုင်လိမ့်မယ်..အရင်ကထက် စွမ်းအားအရင်းအမြစ်တွေ ထောင် သောင်း မက ရနိုင်လိမ့်မယ်..ငါသာ အဲဒါကို ဖိနှိမ်နိုင်ရင် မဟာလောကကြီးလေးဘုံမှာ အကြီးမားဆုံးကောင်းချီးကိုရတဲ့သူဖြစ်လာမှာပဲ..ငါ့မှာ ကောင်းကင်နေမင်းဂြိုလ်ကိုဝင်ပြီး ကျင့်ကြံဖို့ အခွင့်အရေးရှိလာမှာ...”
“ကောင်းကင်နေမင်းဂြိုလ်က အနှစ်တစ်သိန်းမှာ တစ်ကြိမ်ပဲ ဖွင့်ပြီး ဖွင့်လိုက်တိုင်း လူသုံးဆယ်လောက်သာ ဝင်ခွင့်ရတယ်..မဟာလောကကြီးလေးခုရဲ့အရှင်သခင်တွေ ပြောစမှတ်ပြုတဲ့ မြင့်မြတ်တဲ့ကျင့်ကြံဂြိုလ်ကြီးတစ်ခုပဲ..အဲဒီဂြိုလ် ပြန်ပွင့်လာမဲ့အချိန်က သိပ်မလိုတော့ဘူး..တကယ်လို့ ငါသာဝင်ခွင့်ရရင် လောကမှော်စက်ဝန်းနယ်ပယ်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်..”
ကျင့်နန်ကျစ်က တုံ့ဆိုင်းမနေတော့ပေ။ သူ၏ညာလက်ဖြင့် သွေးနီရောင်မိုးရေစိုနေသောချပ်ဝတ်တန်ဆာကို လှမ်းယူလိုက်သည်။
ချပ်ဝတ်တန်ဆာက ချက်ချင်းဆိုသလို ပျံတက်သွားပြီး ကျင့်နန်ကျစ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် အစိတ်အပိုင်းများစွာအဖြစ်သို့ ကွဲထွက်သွား၏။ ထိုအစိတ်အပိုင်းများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ အနီရောင်တိုက်ပွဲဝင်သံချပ်ကာအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ကျင့်နန်ကျစ်ကထိုတိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်လိုက်သောအခါ သူ့ကိုယ်တွင် သတ်ဖြတ်လိုစိတ်၊ သွေးဆာလောင်မှုများဖြင့် ပြည့်နှက်သွား၏။ ရှည်လျားသော ကြက်သွေးရောင်ဆံပင်များက သွေးနီရောင်မိုးရေထဲတွင် ပျံ့လွင့်နေချိန်တွင် သူ့ ဦးထုပ်ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် သူက သွေးနီရောင်တောင်ပေါ်ကနေ ခြေတစ်လှမ်း လှမ်းလိုက်သည်။
“ဗုန်းးးးး...”
တောင်ကြီးက အပိုင်းပိုင်းကွဲသွားကာ ပြိုကျနေသော အပျက်အစီးများမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်တွင် ခေါင်းတလားနှင့်တူသော ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိပြီး ကြက်သွေးရောင်ရှိ၏။ ၎င်းပေါ်တွင် တောက်ပနေသော အလင်းတန်းများအပြင် မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် မရေမတွက်နိုင်သော အဖုအထစ်များ ရှိခဲ့သည်။ထိုအလင်းတန်းကို မြင်သူတိုင်းက သူတို့၏ နှလုံးသားများ တုန်လှုပ်သွားသလို ခံစားကြရမည်။
ကျင့်နန်ကျစ်က ကြက်သွေးရောင် ခေါင်းတလားဆီသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။သူက ခေါင်းတလားကိုထိတွေ့ပြီး ပေါင်းစပ်လိုက်သည်။ ထိုစဉ် ကြီးမားသော မှော်သင်္ကေတများက တောက်ပစပြုလာပြီး ကောင်းကင်သို့ ဗုန်းခနဲပေါက်ကွဲသံနှင့်အတူ ပျံတက်သွားသည်။ ထို့နောက် ခေါင်းတလားက
အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သွေးနီရောင်မိုးစက်များ တဖြောက်ဖြောက်ကျလာသည်နှင့်အမျှ ခေါင်းတလားက ကျင့်ကြံဂြိုလ်မှ မျက်စိတစ်မှိတ်အတွင်း ပျံထွက်သွားသည်။ ထို့နောက်၎င်းက ကြီးမားသောနဂါးငွေ့တန်းရှိ ကြက်သွေးရောင်မီးလျှံဂြိုလ်ရှိရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်လေသည်။
နေ့ရက်များ တဖြည်းဖြည်းကုန်ဆုံးသွားလေသည်။ ကြက်သွေးရောင်မီးလျှံဂြိုလ်အတွင်းရှိချိပ်တံဆိပ်မှ လူများသည် လောကအမြုတေကျောက်တုံးကြောင့် အိပ်စက်မြဲအိပ်စက်နေခဲ့သည်။ ထိုစဉ် စုမင်၏မျက်နှာပေါ်တွင် မင်သက်နေသောအမူအရာပေါ်လာခဲ့သည်။ လောကအမြုတေကျောက်တုံးမှ စွမ်းအားလှိုင်းကြီးထဲတွင် သူ မြင်ခဲ့ရသောအရာများကို မည်သူမျှ မသိခဲ့ကြပေ။
ငှက်ကလည်း တီးတိုးရေရွတ်နေပြီး သူ့စကားသူတောင် နားမလည်ပေ။
ထိုအချိန်တွင် ကြက်သွေးရောင်မီးလျှံဂြိုလ်တွင် အမှောင်ထုကြီး ကြီးစိုးနေပြီဖြစ်ဧ။်။လူအများစုက စွန့်စားပြီး ဘာမှ မလုပ်ကြပေ။ နောက်ဆုံးတွင် ကြက်သွေးရောင်မီးလျှံဂြိုလ်မှရက်စက်ကြမ်းကြုတ်သော သားရဲများသည် ချိပ်ပိတ်နယ်မြေများမှ
ထွက်သွားကြပြီး အရာအားလုံးသည် အတိတ်ကာလနှင့် မတူတော့ပေ။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းနေထိုင်ခဲ့သောကျင့်ကြံသူများမှာ သတိကြီးစွာနေထိုင်ခဲ့ရသည်။
သို့သော် ညသည် တိတ်ဆိတ်ခြင်းမရှိပေ။ ရက်စက်ကြမ်းကြုတ်သော သားရဲများက ရံဖန်ရံခါ ဟောက်တတ်သည်၊ သူတို့၏ အသံများက ညကောင်းကင်ယံကို
ဖြတ်ကျော်ကာ အရပ်ရပ်သို့ သွားလာနေကြသည်။
ကြက်သွေးရောင်မီးလျှံဂြိုလ်၏အရှေ့ဘက်တောင်ထိပ်ရှိတဲအိမ်တွင် အဘွားအိုက တင်ပျဉ်ခွေထိုင်နေသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က သူမတွင် စွန့်စားရသောကိစ္စများရှိခဲ့သော်လည်း ငြင်းဆန်ခဲ့သည်။ နောက်ဆုံးတွင် သူမ၏ မသက်သာမှုများကို သက်ပြင်းအဖြစ် မှုတ်ထုတ်လိုက်သည်။
ထိုညတွင် အဘွားကြီးက သူ့အိမ်တွင် တရားထိုင်ပြီး တရားထိုင်နေစဉ် သူမ၏ မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။ သူမမျက်လုံးထဲတွင် ထိတ်လန့်မှုပေါ်လာသည်။
ထိုခဏတွင် ကြက်သွေးရောင်မီးလျှံဂြိုလ်၏ ညကောင်းကင်တစ်ခုလုံးက အနီရောင်ပြောင်းသွားသည်။ မြေပြင်ပေါ်ရှိကျင့်ကြံသူအားလုံးက လန့်နိုးပြီးတစ်ချိန်တည်းမှာပင် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။တကယ်တော့ ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များပင်လျှင် ရုတ်ချည်း ရပ်တန့်သွားကြသည်။
ကြက်သွေးရောင်မီးလျှံဂြိုလ်၏
ကောင်းကင်ကိုအနီရောင်ပြောင်းသွားစေသောအရာက စူးရှသောအနီရောင်အလင်းတန်းပင်ဖြစ်သည်။ ၎င်း၏ ထင်ရှားပေါ်လွင်မှုသည် ဤနေရာသို့ အရှိန်လွန်ကဲစွာ တစ်စုံတစ်ခု ချဉ်းကပ်လာနေကြောင်း ညွှန်ပြနေသည့် လက္ခဏာတစ်ခုဖြစ်သည်။ထိုအချိန်တွင် တစ်စုံတစ်ခုက ကောင်းကင်ယံ၏အမြင့်ဆုံးနေရာသို့ လေထုကိုဖြတ်၍ ရွေ့လျားနေသည်။
မည်သူမဆို အနီရောင်အလင်းတန်းအတွင်း၌ရှိသောအရာကို မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်ကြီးက မီးလောင်တိုက်သွင်းခံလိုက်ရသလို ဖြစ်သွား၏။ ခဏအကြာတွင် အလင်းတန်းသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး အလင်းတန်းထိမှန်သောနေရာမှစ၍ လှိုင်းဂယက်များ ထလာလေသည်။
ထိုလှိုင်းဂယက်များ ရိုက်ခတ်သွားတိုင်း မြေပြင်က ချက်ချင်း ပျက်စီးသွားသည်။
ဖုန်မှုန့်အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားသော မီးတောင်ပေါင်းများစွာပင် ရှိခဲ့၏။ ကောင်းကင်ဘုံကျင့်ကြံနယ်ပယ်အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသူများ မှလွဲ၍ ကျန်လူများက ဧရိယာတစ်သောင်းအတွင်းမှာပင် တစ်ချက်မှ ရုန်းမထွက်နိုင်ဘဲ ချက်ချင်း သေဆုံးသွားသည်။
သို့သော် ကောင်းကင်ဘုံကျင့်ကြံနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ဖူးသူများပင်လျှင် ရိုက်ခတ်မှုလှိုင်းလုံးကြီးကြောင့် ပါးစပ်မှ သွေးချောင်းဆိုးကာ ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။
ရိုက်ခတ်မှုလှိုင်းမှ ထွက်ပေါ်လာသော ကျယ်လောင်သောအသံများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်တွင်အနီရောင်ခေါင်းတလားကြီးကို မြင်တွေ့နိုင်သည်။ထိုခေါင်းတလား၏ သုံးပုံတစ်ပုံနီးပါးက ဒေါင်လိုက်ပုံစံဖြင့် မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။
ခေါင်းတလားအဖုံး၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အဖုအထစ်များ တောက်ပလာ၏။ ခေါင်းတလားမှ အလင်းတန်းများ ထွက်လာစဉ် လူတစ်ယောက်၏မျက်နှာ ပေါ်လာသည်။ ပို၍တိကျစွာပြောရလျှင် ပေါ်လာသည့်အရာမှာ မျက်နှာမဟုတ်ဘဲ ဦးထုပ်ဆောင်းထားသည့် ဦးခေါင်းဖြစ်သည်။ ကျင့်နန်ကျစ်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကခေါင်းတလား၏ အဖုံးပေါ်တွင် တဖြည်းဖြည်း ပေါ်လာသည်။ နောက်ဆုံးတွင် သူက ခေါင်းတလားကို ဖြတ်ကျော်သွားသလိုမျိုး ထွက်လာခဲ့သည်။
သူက ပတ်ဝန်းကျင်ရှိမြေပြင်ကို ကြည့်လိုက်သော် သူ့ထံမှ အေးစက်သော အရှိန်အဝါလှိုင်းလုံးကြီး ထွက်လာသည်။ သူ၏သတ်ဖြတ်လိုစိတ်က ကောင်းကင်သို့ ပျံ့လွင့်သွားပြီး ခေါင်းတလားကို ရိုက်ရန် သူ၏ညာလက်ကို မြှောက်လိုက်သည်။ မှော်သင်္ကေတများက ချက်ချင်းပင် ပြင်းထန်စွာ ထွန်းတောက်လာပြီး ခေါင်းတလားမှာ ကျင့်နန်ကျစ်ကောက်ကိုင်လိုက်သော အနီရောင်လှံရှည်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
သူက သွေးနီရောင်လှံကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက်ပင် လောကမှော်ယာဉ်ပျံအရှင်သခင်အလယ်လတ်အဆင့်တွင်ရှိသောစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူက ကြက်သွေးရောင်မီးလျှံဂြိုလ်ကိုဖြတ်ကျော်ခဲ့ပြီး သူ၏ရောက်ရှိနေမှုကို လူတိုင်းသိအောင် လုပ်ဆောင်ခဲ့သည်။
ကျင့်နန်ကျစ်က သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်သော် သူ့လက်ဖဝါးမှာ ကျောက်စိမ်းပြားတစ်ခု ပေါ်လာ၏။ သူက ထိုအပြားကို ဖိချေလိုက်သောအခါ အစိမ်းရောင်အလင်းတန်းက ချက်ချင်းပြန့်ကျဲသွားပြီး သူ့ခြေဖဝါးအောက်ရှိ မြေကြီးကို ဖုံးလွှမ်းသွားသည်။ အလင်းတန်းက အလွန်လျင်မြန်စွာ ခရီးဆက်နိုင်စွမ်းရှိပြီး အသက် ဆယ်ရှိုက်စာအတွင်း မြေပြင်တစ်ခုလုံး၊ ကျင့်ကြံသူအားလုံးနှင့်ကြက်သွေးရောင် မီးလျှံဂြိုဟ်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများအားလုံးကို လွှမ်းခြုံထားပြီးဖြစ်သည်။
ထိုအလင်းတန်းက မြေကြီး၏နက်နဲရာသို့ပင် စိမ့်ဝင်သွားပြီး ချိပ်ပိတ်နယ်မြေကို ဖုံးအုပ်ထားသည်။ထို့နောက် ဒါဇင်နှင့်ချီ သောပုံရိပ်ယောင်ခြေလှမ်းများက ကျောက်စိမ်းပြားပေါ်တွင် လင်းလက်လာခဲ့သည်။ ထို့နောက် ထိုကျောက်စိမ်းပြားပေါ်တွင် ကြက်သွေးရောင်မီးလျှံဂြုလ် အပြည့်အစုံကို ပြသခဲ့သည်။
စစ်မှန်သောလောက၏အစောင့်က ဂြိုလ်ကို စုံစမ်းစစ်ဆေးနေသောမြင်ကွင်းက
ရှေးဟောင်းကြေးဝါဓားနဲ့ အတူတူနီးပါးပင် ဖြစ်၏။
အစိမ်းရောင်အလင်းတန်းက ကြက်သွေးရောင်မီးလျှံဂြိုဟ်ရှိ သက်ရှိအားလုံးကို ဖုံးအုပ်ထားသည်။ စစ်မှန်သောလောကဧ။်အစောင့်တစ်ဦး ဆင်းသက်လာပြီဖြစ်ကြောင်း မြေပြင်ရှိကျင့်ကြံသူအားလုံးကို ရှင်းရှင်းလင်းလင်း သိစေခဲ့သည်။
ထိုအချိန်တွင် အရှေ့ဘက်တောင်ထိပ်ပေါ်ရှိနေသော အဘွားကြီးမှာ တသိမ့်သိမ့် တုန်လှုပ်နေသည်။ သူမမျက်နှာမှာ ထိတ်လန့်တကြားဖြစ်နေသည့်အမူအရာ ပေါ်လွင် နေပြီး သူမမျက်နှာကလည်း ဖြူဖျော့နေ၏။ သူမထုတ်လွှတ်လိုက်သော စွမ်းအားလှိုင်းများကလည်း ရိုကျိုးမှုကို
ပြသနေသည်။
ကျင့်နန်ကျစ်က သဲလွန်စမရှိဘဲ ပျောက်ကွယ်မသွားမီ ပုံရိပ်ယောင်မြင်ကွင်းကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူက စုမင်နှင့် အခြားသူတို့ရောက်ရှိနေသောဧရာမချိပ်တံဆိပ်ထဲသို့ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် ကျင့်နန်ကျစ်၏စွမ်းအားလှိုင်းများနှင့်ပြင်းထန်သောဖိအားများက ချိပ်တံဆိပ်အတွင်းရှိ အိပ်စက်သွားသည့်လူများ၏ ခန္ဓာကိုယ်များကို အမျိုးမျိုးကို တုန်လှုပ်သွားစေခဲ့သည်။
ပြင်းထန်သောတုန်လှုပ်ချောက်ချားမှုက စုမင်၏ခန္ဓာကိုယ်တွင် ရုတ်တရက်ခံစားလိုက်ရသည်။ သူ၏မင်သက်ပြီး အသက်မဲ့သောမျက်လုံးများတွင် ရုန်းကန်မှုအရိပ်အမြွက်ပေါ်လာသည်။ ထိုနောက် သူ့မျက်လုံးများက လင်းလက်သွားပြီး ထိုခဏတွင် သူ လန့်နိုးသွားပုံရသည်။ တုန်လှုပ်ခြောက်ခြားမှုက သူ့မျက်နှာတွင် ပေါ်လာသည်။
‘ဒီစွမ်းအားက ဘာလဲ..မသေနိုင်ပြီး မပျက်စီးလွယ်တဲ့လောကမှာရှိတဲ့စွမ်းအားနဲ့ယှဉ်လို့ရတယ်..ဒါက ငါ့ကိုငါ လွတ်မြောက်အောင်မလုပ်နိုင်သလိုမျိုး နစ်မြောသွားစေတယ်..”
စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ နဖူးမှ ချွေးများ စီးကျလာပြီး သူ့ပတ်ပတ်လည်က ကျောက်တုံးကြီးများက တဖြည်းဖြည်း လျော့ကျသွားသည်။ စုမင်က မတ်တပ်ရပ်လိုက်သည်နှင့် နေရာအတွင်းရှိ ကျောက်တုံးများက ပြာဖြစ်သွား၏။ စုမင်က သူနှင့်လောကအမြုတေကျောက်တုံးကြားရှိအတားအဆီးက
မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည် ။
သူက လောကအမြုတေကျောက်တုံးကြီးကို ဆယ်ပေအကွာမှ လှမ်းမြင်ခွင့်ရလေသည်။ အလံကိုးခုနှင့် အစိမ်းရောင်မျက်နှာချီလင်၊ တုန်လှုပ်ခြောက်ခြားနေသောလုံလီတို့ကို စုမင် မြင်လိုက်ရသည်။
စုမင်က ထိုကျောက်တုံးကို မြင်လိုက်သည်နှင့် တပြိုင်နက် သူ့ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ယခင်က သူ့ကိုခြိမ်းခြောက်ခဲ့သော အခြေအနေက သူ့ကို ကိုင်လှုပ်လိုက်သည်။ စုမင်က လျှာကိုချက်ချင်းမကိုက်လျှင် သူ့ကိုယ်သူ ပြန်ဆုံးရှုံးသွားနိုင်သည်။ သူက အသက်ရှုကျပ်နေပြီး ကျောက်တုံးကို မကြည့်တော့ပေ။သို့သော် ဤကျောက်တုံးမှာ သူ သတိလစ် မေ့မြောခြင်း၏ အကြောင်းအရင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့သည်။
လုံလီ၏မှော်အစီအရင်ကို ခုခံရန် ပြင်ဆင်ထားသောအရာများကို ကြည့်လျှင် အစကတည်းကပြင်ဆင်ထားကြောင်း သိသာ၏။ စုမင်၏ ခန့်မှန်းချက်အရ လုံလီ၏ရည်ရွယ်ချက်ရှိသောလုပ်ဆောင်ချက်များကြောင့် အရာအားလုံးဖြစ်ပေါ်လာသည်။
‘ဒါက ဘာလဲ.. ဒီလောက်ထိတ်လန့်စရာကောင်းတဲ့စွမ်းအားကို ဘယ်လိုပိုင်ဆိုင်ခဲ့တာလဲ’
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက ကျောက်တုံးကို မကြည့်ဘဲ လုံလီရှေ့ရှိ ရှေးဟောင်းစာလိပ်ကို ကြည့်လိုက်သည်။
ထိုအချိန်တွင် အဝေးမှ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံများထွက်လာသည်နှင့် တပြိုင်နက် စုမင်၏ စိတ်နှလုံးများ တဆတ်ဆတ်တုန်လှုပ်သွားအောင် ကြောက်မက်ဖွယ်ကောင်းသောတည်ရှိမှုက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ဤတည်ရှိမှုက စုမင်နှင့်မရင်းနှီးသော်လည်း လွန်ခဲ့သောနှစ်များတစ်လျှောက်လုံးစစ်မှန်သောအစောင့်တပ်များ ကင်းလှည့်လာသည့်အချိန်ကို တွေးတောစေခဲ့သည်။
စုမင်၏မျက်လုံးများ အပြူးသားဖြစ်သွားသည်။ သူ့ပတ်ဝန်းကျင်ရှိ ကျောက်နံရံများကို ဖြတ်သန်းသွားသောအစိမ်းရောင်အလင်းတန်းကို မြင်လိုက်ရပြီး လျှင်မြန်စွာ ပျံ့နှံ့သွားသည်။
ဤမြင်ကွင်းကို သူသိပ်မရင်းနှီးခဲ့ပေ။ ဤသည်မှာ စစ်မှန်သောလောကအစောင့်များ ရောက်ရှိလာချိန်တွင် သူမြင်ခဲ့ရသည့်အရာဖြစ်၏။
‘စစ်မှန်တဲ့လောကက အစောင့်တစ် ယောက်ရောက်လာပြီ’
စုမင်က ထျန်းလင်းနှင့်ယဲ့ရှန်းထုံကြားရှိ စကားပြောဆိုမှုကို ချက်ချင်း သတိရလိုက်သည်။ ထို့နောက်တွင် သူက တုံ့ဆိုင်းနေပြီးနောက် လှုပ်ရှားလိုက်သည်။ သို့သော် သူထွက်ခါနီးတွင် လုံလီရှေ့မှ ရှေးဟောင်းစာလိပ်ကို တစ်ချက်ကြည့်ရင်း သူ၏ခြေလှမ်းများ ရပ်တန့်သွားသည်။