← Chapters

ကိုယ်ပွားကို ဖျက်စီးပစ်...

Vol. 56 Ch. 778

ကိုယ်ပွားကို ဖျက်စီးပစ်...

Vol. 56 Ch. 778

“ရတနာဘူးသီးခြောက်.. သူ့ကိုသတ်လိုက်..”

စုမင်က ဤရိုးရှင်းသောစကားလုံးများကို

ပြောပြီး ရတနာဘူးပေါ်ရှိမျက်လုံးက ဆံနီနှင့်လူကို စိုက်ကြည့်လိုက်သည်။ ထို့နောက် အစိမ်းရောင်မြူခိုးများက ရတနာဘူးထဲမှ ‌ထွက်ပေါ်လာသည်။ စုမင်၏နှလုံးသားကို တသိမ့်သိမ့်တုန်လှုပ်စေသောတည်ရှိမှုတစ်ခုလည်း ချက်ချင်း ပျံ့နှံ့လာ၏။

ထို့နောက်စုမင်က ပေါက်ကွဲသံတစ်ခု ကြားလိုက်ရပြီး ချစ်စရာကောင်းသောအရုပ်လေးတစ်ရုပ်ကို မြင်လိုက်ရသည်။ ထိုအရုပ်က လက်ဖဝါးအရွယ်အစားရှိပြီး လက်ထဲတွင် ပိုသေးငယ်သော ဓားတစ်ချောင်းရှိသည်။ ထိုအရုပ်က အစိမ်းရောင်မြူခိုးလွှာကိုစီးလျက် လေထဲသို့ ခုန်တက်သွားသည်။မျက်လုံးတစ်မှိတ်အတွင်း စုမင်တောင် သဲသဲကွဲကွဲ မမြင်နိုင်သော ထိတ်လန့်တုန်လှုပ်သော အရှိန်ဖြင့် ခပ်လှမ်းလှမ်းမှ ဆံနီနှင့်လူအနားသို့ ရောက်လာသည်။ ထိုအရုပ်လေးက ဆံနီနှင့်လူကိုတစ်ကြိမ်လှည့်ပတ်လိုက်သည်။ အစိမ်းရောင်မြူခိုးများက ပို၍ပါးလျလာပြီး ရတနာဘူးထဲသို့ လျင်မြန်စွာ ပြန်ရောက်လာသည်။

ဤအရာအားလုံးက မယုံနိုင်လောက်အောင်မြန်ဆန်သောအရှိန်အဟုန်ဖြင့်ဖြစ်ပျက်ခဲ့သည်။အသက်နှစ်ရှိုက်စာကြာပြီးနောက် အရုပ်လေးက သူပျောက်ကွယ်သွားသည့်နေရာ၌ ပြန်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် အဝေးမှ ဆံနီနှင့်လူ၏ခန္ဓာကိုယ်က ကွဲအက်သွားခဲ့ပြီဖြစ်သည်။ သူ လက်တုံ့ပြန်ဖို့ အခွင့်အရေးတောင် မရခင်မှာ သူ့ခေါင်းမှာ သူ့ခန္ဓာကိုယ်ကနေ လုံး၀ ပြတ်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိအဆိပ်က သူ့ခန္ဓာကိုယ်ကို အရည်ပျော်ကျစေခဲ့သည်။ ထို့နောက်ရတနာဘူးက ကိုယ်ပွား၏ဝိညာဉ်နှင့်အခြေတည်နတ်ဘုရားကိုဖျက်ဆီးပစ်လိုက်သည်။

စုမင်က အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ သူက ရတနာဘူး၏စွမ်းအားကိုမြင့်မားစွာ ခန့်မှန်းခဲ့သော်လည်း အနည်းငယ်လျော့တွက်မိခဲ့သေးသည်။ ရတနာဘူးမှာ ထိုမျှကြောက်စရာကောင်းသောစွမ်းအားများ ပိုင်ဆိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ငါသာ ရတနာဘူးတစ်ခုတည်းကိုပဲသုံးရင် ကိုယ်ပွားက ဒီလောက်ဒါဏ်ရာရမှာမဟုတ်ဘူး..သူဒီလိုဖြစ်တာ ငါ့နကျယ်ကောင်ကြောင့်လဲ ပါတယ်...”

ဤအခိုက်အတန့်တွင် ချိပ်ပိတ်နယ်မြေမှ ဒေါသတကြီးအော်သံ ထွက်ပေါ်လာသည်။ ထိုအသံက လေထုထဲတွင် တဟုန်ထိုး တုန်ခါလာသောအခါ လုံလီ၊ ထျန်းလင်းနှင့်စွန်းခုန်းတို့၏အားနည်းသောနှာမှုတ်ထုတ်သံများက ရောနှောနေခဲ့သည်။

“စုမင်...မင်းက စုမင်ပေါ့..မင်း ငါ့ကိုယ်ပွားကို သတ်ရဲတယ်ပေါ့...ငါ ကျင့်နန်ကျစ်..မင်း ဘယ်လောကရောက်နေနေ မိအောင်ဖမ်းပြီး သတ်ပြမယ်...”

စုမင်က ယခင်အတိုင်း တည်ငြိမ်မြဲတည်ငြိမ်နေခဲ့သည်။ သူက လှည့်လိုက်ပြီး ကျင့်နန်ကျစ်၏ ဒေါသတကြီးခြိမ်းခြောက်သံများကို လျစ်လျူရှုလိုက်သည်။ ထိုအချိန်တွင်ကိုယ်ပွားက သူ့လမ်းကြောင်းကို မပိတ်ဆို့တော့ပေ။သူ့အတွက် ဤနေရာကနေ ထွက်သွားရန် မခက်ခဲတော့ပေ။

“ငါ မင်းကို သတ်ရုံတင်မကဘူး..မင်းရဲ့လူတွေနဲ့ဆွေမျိုးအားလုံးကိုလဲ သတ်ပစ်မယ်..”

ကျင့်နန်ကျစ်၏အသံသည် လေထဲတွင် ရူးသွပ်စွာပဲ့တင်ထပ်နေသေးသည်။ သူ့ အော်ဟစ်သံက ပိုပြင်းထန်လာပြီး တိုက်ပွဲက စုမင်ရှိနေသောနေရာနှင့်ပို၍ နီးကပ်လာသည်။

စုမင်က တုပ်တုပ်မှ မလှုပ်တော့ပေ။ သို့သော် သူခေတ္တရပ်ရသည့်အကြောင်းရင်းမှာ သူ့ရှေ့ထွက်ပေါက်တွင် အနီရောင်အသားမျှင်များစွာ ရှိနေခဲ့၏။ ဤသည်မှာ စုမင်နှင့်အခြားသူနောက်သို့ လိုက်ဒုက္ခပေးခဲ့သောအသားမျှင်များဖြစ်သည်။

၎င်းတို့က အမည်မသိသောအကြောင်းပြချက်ဖြင့် စုဝေးရောက်ရှိနေခဲ့သည်။ စုမင်က နေရာက ထွက်ခွာခါနီးတွင် သူ့အခြေတည်ဝိညာဉ်က အသားမျှင်ပင်လယ်ကြီးကို တွေ့ရှိခဲ့သည်။

သို့သော် ဤသည်မှာ စုမင်က ရှေ့ဆက်မတိုးရသောအကြောင်းရင်းမဟုတ်ပေ။ စုမင်၏ခြေလှမ်းများကို ရပ်တန့်စေခဲ့သည့်အရာက ကျင့်နန်ကျစ်က သူ့လူများကိုသတ်ပစ်မည်ဟုခြိမ်းခြောက်ခြင်းကြောင့်ဖြစ်သည်။

“ငါ့လူတွေကို သတ်မယ်...ငါ ရင်းနှီးနေတဲ့စကားတွေ...တစ်ချိန်တုန်းက တစ်စုံတစ်ယောက်က ငါ့ကို ဒီလိုပဲ ပြောခဲ့ဖူးပေမဲ့ နောက်ဆုံးတော့ သူလဲသေသွားတာပဲ..အဲဒီစကားတွေပြောတဲ့လူတွေကို ငါ အကြီးအကျယ်မုန်းတီးနေခဲ့တယ်.”

စုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။

“မင်းရဲ့လူတွေကို ငါသတ်ရုံတင်မကဘူး၊ မင်းရဲ့ဂိုဏ်းကို ရှာပြီး ဖျက်ဆီးပစ်မယ်.. ဒါမှ မင်း ငါ့ရဲ့ကိုယ်ပွားကိုသတ်တဲ့ ပြစ်မှုကျေမှာ”

ကျင့်နန်ကျစ်၏ အသံက နီးကပ်လာသည်နှင့်အမျှ စွမ်းအားကြီးပြီးကြောက်စရာကောင်းသောစွမ်းအားတစ်ခု သူ့အသံနှင့်အတူ ပျံ့နှံ့သွားသည်။

စုမင်က ရှေ့သို့ဆက်မတိုးတော့ပေ။ ယင်းအစား သူ့မျက်လုံးများတွင်သတ်ဖြတ်လိုစိတ်များ တောက်ပလာပြီး ချိပ်ပိတ်နယ်မြေကို တစ်ချက် လှည့်ကြည့်လိုက်သည်။

“ငါ့လူတွေကို သတ်ပြီး ငါ့မျိုးနွယ်စုကို ဖျက်ဆီးပစ်မယ်ပေါ့..ဒါဆို. ငါလဲဒီနေရာကနေ မထွက်သွားခင် မင်းကိုအရင်သတ်ပစ်မယ်....”

စုမင်က အေးစက်စွာ နှာမှုတ်ထုတ်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ စုမင်က

သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်သောအခါ အသားမျှင်များက ဝင်ပေါက်နားတွင်ထွက်ချည်ဝင်ချည်လုပ်နေလေသည်။ ထို့နောက် ၎င်းက တရွှီးရွှီးလေချွန်သံထုတ်လွှတ်ကာ စုမင်ကို သည်းကြီးမဲကြီး ရှာတော့သည်။

ထို့နောက် အနီရောင်အသားမျှင်များအားလုံးက လျင်မြန်စွာ ရွေ့လျားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆုံးမဲ့အသားမျှင်ပင်လယ်သည် ဒီရေလှိုင်းများကဲ့သို့ စုမင်ဆီ အရှိန်တင်လိုက်ကြသည်။

စုမင်က ချိပ်ပိတ်နယ်မြေထဲကိုလျှပ်စီးကဲ့သို့အရှိန်ဖြင့် ပြန်ဝင်သွားသည်။ အနီရောင်အသားမျှင်ပင်လယ်ကြီးက သူ့နောက်သို့လိုက်လာကာ အနီးကပ်လိုက်လံရှာဖွေနေသည်။

စုမင်က ရှေ့သို့ တိုးလာရင်း သူ့အသံကို အရပ်ရပ်သို့ ပျံ့နှံ့အောင်လုပ်လိုက်သည်။

“ထျန်းလင်း..လုံလီ..စွန်းခုန်း မင်းတို့သုံးယောက်အသက်ရှင်နေသေးရင် မင်းတို့အားနဲ့ လောကအစောင့်ကို ခဏထိန်းထားအုံး..မင်းတို့ဘယ်နေရာမှာရှိတယ်ဆိုတာ ကျုပ်ကို ပြောပြ..အခု ကျုပ်နောက်ကို အသားမျှင်တွေ လိုက်နေတယ်...”

ဥမင်လိုဏ်ခေါင်းများစွာရှိသည့် ချိပ်ပိတ်နေရာလွတ်တစ်ခုတွင် အနီရောင်ချပ်ဝတ်တန်ဆာဝတ်ထားသောကျင့်နန်ကျစ်က အနီရောင်ခမောက်ဆောင်းထားပြီး အနီရောင်လှံရှည်ဖြင့် အပြင်ဘက်သို့ ပစ်ချလိုက်သည်။ လုံလီ၏ မျက်ခုံးအလယ်ဗဟိုရှိ စိန်ပုံသဏ္ဍာန်အကြေးခွံများအားလုံး ချက်ချင်းပင် ပြိုကျသွားသည်။ သူက ချောင်းဆိုးပြီး သွေးများအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က နောက်သို့လွင့်စင်သွားပြီး ကျောက်နံရံနှင့်တိုက်မိသွားသည်။

ထိုအချိန်တွင် စွန်းခုန်၏ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး ဘေးတွင် လဲလျောင်းနေသည်။ သူ့မျက်နှာမှာ မည်းမှောင်နေပြီး ရင်ဘတ်မှာလည်း သွေးထွက်နေလေသည်။ သူ့နှလုံးသားကို တစ်စုံတစ်ယောက်က ဖောက်ထုတ်လိုက်သလိုပင် ဖြစ်သည်။

နေရာလွတ်တစ်ခုပေါ်တွင် သစ်ပင်ကြီးတစ်ပင်လည်း ရှိနေသည်။ အကိုင်းအခက်များက ပြန့်ကျဲလာပြီး ဥမင်လှိုဏ်ခေါင်းများအားလုံးကို လုံးဝ ပိတ်ဆို့ထားသည်။ထို့အပြင် ကျင့်နန်ကျစ်ဆီသို့ ထိုးထွက်နေသော ကျိုးပဲ့နေသောအကိုင်းအခက်ကြီးများလည်း ရှိ၏။

“မင်းတို့ သုံးယောက်ကို လောကမှော်ယာဉ်ပျံအရှင်သခင် ကနဦးအဆင့်ကထူးချွန်သူတွေလို့ သတ်မှတ်လို့ရတယ်..အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်တွေအားလုံးကို ငါမသတ်ခဲ့တဲ့ ထျန်းမိသားစုရဲ့ထျန်းလင်းပေါ့..မင်းလဲ လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကို ရောက်နိုင်မယ်လို့ မမျှော်လင့်ထားဘူး...”

“လွန်ခဲ့တဲ့နှစ်တွေက မင်းရဲ့အသက်ကိုချမ်းသာပေးခဲ့တာ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုလို့ ထင်ရတယ်.. တကယ်တော့ မင်းမိသားစုမှာ အပင်တွေနဲ့ ပေါင်းစည်းနိုင်တဲ့ ရှားပါးတဲ့စွမ်းရည်တွေရှိတယ်..ပြီးတော့ မင်းက အပင်တွေကို ကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့တယ်..”

ကျင့်နန်ကျစ်က သစ်ပင်ကြီးပုံစံပြောင်းထားသည့်ထျန်းလင်းကို အေးစက်စွာကြည့်ရင်း ပြောလိုက်သည်။

“ကျင့်နန်ကျစ်..ဒီနေ့ ငါ သေသွားရင်တောင် မင်းလုပ်ခဲ့တဲ့အရာတွေအတွက် ပြန်ပေးဆပ်ရမယ်...”

ထျန်းလင်း၏ မျက်နှာသည် သစ်ပင်ပေါ်တွင် ပေါ်လာသည်။ သူ့နှလုံးသားတွင် စိတ်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။ ထိုအရာက သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းမဟုတ်ပေ။ ထို့အပြင် ကြက်သွေးရောင်မီးလျှံဂြိုလ်သခင်လည်း ကျင့်နန်ကျစ်ကို တိုက်ခိုက်သင့်သည်။

ထိုမှသာ ကျင့်နန်ကျစ်ကို သတ်နိုင်မည်ဖြစ်ပြီး သူ၏လက်စားချေမှုကို အောင်မြင်မည်ဖြစ်၏။ သို့သော် ယခုလက်ရှိအခြေအနေက သူ့အကြံအစည်များနှင့် လုံးဝကွဲပြားနေသည်။ ယခုအခြေအနေက အဓိပ္ပါယ်မဲ့သော ဦးတည်ရာသို့ ရောက်သွားသောကြောင့် ထျန်းလင်းအား စိတ်ပျက်သွားပြီး နောင်တရသည့် ခံစားချက်ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

‘’ငါ အခွင့်အရေးကို ရှာရင်းနဲ့ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်.. နောက်ဆုံးတော့ ငါမျှော်လင့်တဲ့နေ့ ခက်ခက်ခဲခဲနဲ့ ရောက်လာပေမဲ့ သတိတစ်ချက်လွတ်သွားခဲ့တယ် ဒါ့ကြောင့် ယဲ့ရှန်းထုံနိူးလာပြီး ကျင့်နန်ကျစ်ကို ဆင့်ခေါ်လိုက်တယ်...”

“အချိန်ကောင်းမဟုတ်ခဲ့ဘူး..ဒီဘေးကပ်ဆိုးကြီးကို ရှောင်နိုင်ဖို့ ကောင်းကင်ဘုံက သူ့ကို မျက်နှာသာပေးထားတာလား..”

ထျန်းလင်းက ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားပြီး သူ့ကြာပွတ်နဲ့ လေထုကို ရိုက်ချလိုက်သည်။

“ဗုန်းးးးးဗုန်းးးးးးဗုန်းးးးး..”

ကျင့်နန်ကျစ်က လှံရှည်ကို ရှေ့သို့မထိုးမီ လွှဲယမ်းလိုက်သည်။ သူ့ပတ်ဝန်းကျင်လေထုက ပေါက်ကွဲသံနှင့်အတူ အက်ကွဲကြောင်းကြီးပေါ်လာသည်။ထျန်းလင်းဟုခေါ်သော သစ်ပင်ကြီးတွင် အက်ကွဲကြောင်းများစွာ ပေါ်လာပြီး သူ့အပင်၏ အစိတ်အပိုင်းများစွာ ကျိုးပဲ့ပျက်စီးသွားသည်။

ထို့နောက် ထျန်းလင်းက သူ၏လူ့ပုံစံသို့ပြန်လည်ရောက်သွားသည်။ သူက စုမင် ၏စကားကိုကြားသောအခါ သူ့မျက်လုံးများတွင် သွေးဆာလောင်သောအကြည့်ဖြစ်နေသည်။ သူက ကျင့်နန်ကျစ်ဆီသို့ အရှိန်တင်လိုက်သည်။

လုံလီက သူ့ခြေထောက်ကို ဆောင့်ချလိုက်သည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သူ့မျက်လုံးများတွင်ပြင်းထန်သော အမုန်းတရားများ ပေါ်လာ၏။ သူက လောကအမြုတေကျောက်တုံးကိုရရှိရန် ခြေတစ်လှမ်းသာလိုသော်လည်း စစ်မှန်သောအစောင့်၏လုပ်ရပ်များကြောင့် အကုန်သဲထဲရေသွန်ဖြစ်ခဲ့ရသည်။

ယခုအချိန်တွင်သူက သေရေးရှင်ရေးအကျပ်အတည်းတွင် ရှိ‌နေခဲ့သည်။ ပြိုင်ဘက်၏ခွန်အား၊ သူတို့ကြား ကွာခြားချက်ကြောင့် လောကမှော်ယာဉ်ပျံစွမ်းအားကိုလိုသလိုအသုံးပြုနိုင်သောသူ့မှာ သေခြင်းတရားကို ခက်ခဲစွာ ခုခံနိုင်ခြဲသည်။

လုံလီက လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်၏ကနဦးအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် အလယ်အလတ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့သည်။ ထို့အပြင် ထျန်းလင်းကတော့ နတ်ဘုရားအာရုံပြောင်းလဲမှုများကြောင့် လောကမှော်ယဉ်ပျံအရှင်သခင်အလယ်အလတ် အဆင့်သို့ မရောက်ရှိသေးသော်လည်း လုံလီထက် အနည်းငယ်သာလွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည်။ စွန်းခုန်း၏ထူးဆန်းသော ရတနာများကြောင့် တိုက်ပွဲကြာချိန်ကို တောင့်ခံနိုင်ခဲ့သည်။

“ငါ အဆုံးထိ တိုက်ပွဲဝင်မယ်.. ငါမတိုက်ရင် ငါသေလိမ့်မယ်...”

လုံလီက အော်ဟစ်လိုက်သည်။ သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ့ရင်ဘတ်ပေါ်ရှိ အစက်အပြောက်အချို့ကို ပုတ်လိုက်ရာ လောကမှော်ယာဉ်ပျံစွမ်းအားက သူ့ခန္ဓာကိုယ်မှ လျင်မြန်စွာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဦးခေါင်းခွံထိပ်မှ အနက်ရောင် ဦးချိုကြီး ထွက်ပေါ်လာသည်။ သူ့မျက်နှာအရေပြားပေါ်တွင် အကြေးခွံများစွာ ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လုံလီက လူပုံသဏ္ဍာန်ရှိသော သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျင့်နန်ကျစ်ဆီသို့ ဟိန်းဟောက်လိုက်သည်။

ခပ်လှမ်းလှမ်းရှိစွန်းခုန်းက သူ့လျှာဖျားကို ကိုက်လိုက်သည်။ သူ့မျက်လုံးက အနီရောင်အဖြစ်ပြောင်းသွားပြီး ရှိုက်ကြီးတငင် အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာတုန်လှုပ်ကာ လျင်မြန်စွာ ညှိုးနွမ်းသွားသည်။ သူ၏အသက်စွမ်းအင်နှင့်အနှစ်သာရအားလုံးသည် ထိုစူးရှသောအော်ဟစ်သံထဲသို့ ရောက်ရှိသွားသလို ခံစားရသည်။

စူးစူးရှရှအော်ဟစ်သံက ကျင့်နန်ကျစ်ဆီသို့ ရောက်ရှိလာပြီး လေထဲ၌ ခဏတာ အေးခဲရပ်တန့်သွားသည်။ ဤအခိုက်အတန့်တွင် လူတစ်ဝက်၊ သားရဲတစ်ဝက်ဖြစ်နေသောလုံလီက ကျင့်နန်ကျစ်၏ရင်ဘတ်ကို လက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။ ထို့ပြင် ထျန်းလင်းကလည်း ကြောက်စရာကောင်းသော အမူအရာဖြင့် နီးကပ်လာသည်။ အကိုင်းအခက်များက သူ့လက်ချောင်းထိပ်များမှ ပေါက်ဖွားထွက်ပြီး ကျင်းနန်ကျစ်၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည်။

ထိုအချိန်တွင် ပျားအုံချိပ်တံဆိပ်အတွင်းရှိ ဥမင်လိုဏ်ခေါင်းတစ်ခုမှ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ စုမင်က ဥမင်ဘေးမှ တိုးထွက်လာသည်။ သူက အကျွမ်းတဝင်ရှိနေသည့်နေရာဆီသို့ အပြေးအလွှားရောက်လာခဲ့သည်။

ယခုအကြိမ်သည် သူတို့လမ်းခွဲခဲ့ကြပြီးနောက် ပထမဦးဆုံးအကြိမ် ပြန်လည်ပေါင်းစည်းခြင်းဖြစ်၏။ သို့ပေမဲ့ သူတို့မှာ ခင်မင်ရင်းနှီးသောအချိန်များ မရှိခဲ့ပေ။ စုမင် ထွက်ပြေးလာစဉ် သူ့နောက်က လိုဏ်ခေါင်းမှ ပေါက်ကွဲသံထွက်လာသည်။ ထို့နောက် ဥမင်ထဲက မီးတောင်ပေါက်ကွဲသလိုမျိုး အသားမျှင်များစွာထွက်ပေါ်လာသည်။

“ကြက်သွေးရောင်မီးလျှံဂြိုလ်သခင်ကို ချိတ်ပိတ်ထားတဲ့နေရာကို ငါသိတယ်..ငါ့ကို မင်းနဲ့အတူ ခေါ်သွား..ငါ မင်းကို လမ်းပြပေးမယ်..”

စွန်းခုန်းက တိုးတိုးတိတ်တိတ် အသံဖြင့် ပထမဆုံး ပြောလိုက်သည် ။ စုမင်က ထိုစကားကိုကြားပြီးနောက် စွန်းခုန်းကို ဆွဲယူပြီး ထိုနေရာသို့ ခရီးဆက်လေသည်။ ထျန်းလင်းနှင့်လုံလီတို့က မတုံ့ဆိုင်းဘဲ သူ့နောက်မှ လိုက်သွားကြသည်။

ကျင့်နန်ကျစ်က စွန်းခုန်း၏ထူးဆန်းသောအသံ၊ လုံလီ၏

အပြင်းအထန် တိုက်ခိုက်မှုနှင့် ထျန်းလင်း၏အရူးအမူးတိုက်ခိုက်မှုတို့ကို ခံခဲ့ရသည်။ သို့သော် သူက ကျင့်ကြံခြင်းနယ်ပယ်မြင့်မားသောကြောင့် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူ့နားကို အသားမျှင်များ မနီးကပ်လာခင် စုမင်နှင့်အခြားသူတို့နောက်လိုက်လေသည်။

သို့သော်လည်း စုမင်က ဥမင်တစ်ခုထဲသို့ လှမ်းမဝင်ခင် သူသူ့ညာလက်မှ ပစ္စည်းတစ်ခုကို ပစ်ချလိုက်သည်။

ရှစ်ရောင်ခြယ်သလင်းကျောက်သည် လေထဲတွင် လွင့်မျောနေသည်။ ၎င်းက ပေါက်ကွဲသံနှင့်အတူ ကွဲအက်သွားပြီး ကျင့်နန်ကျစ်၏ ခန္ဓာကိုယ်ကို ခဏတာရပ်တန့်သွားစေနိုင်သည့် စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအချိန်ရပ်တန့်မှုကြောင့်ပေးဆပ်ရသောအဖိုးအခမှာ ကျင့်နန်ကျစ်က အနီရောင်အသားမျှင်များဝန်းရံမှုကို ခံလိုက်ရခြင်းဖြစ်၏။

All Chapters