ပဉ္စမမြောက်အသူရာပဋိညာဉ်
Vol. 56 Ch. 779
သို့ပေမဲ့ စုမင်ဖြစ်ဖြစ် ၊ အခြားသူများဖြစ်ဖြစ် ထိုသို့လုပ်ဆောင်လိမ့်မည်။ သူတို့က ထိုအနီရာင်အသားမျှင်များကို ရှောင်ရန်နည်းလမ်းရှိချင်ရှိလိမ့်မည်။ သို့သော် သူတို့ထက်စွမ်းအကြီးသောကျင့်နန်ကျစ်ကို ရှောင်တိမ်းနိုင်မှသာ သေချာပေါက်လွတ်မြောက်လိမ့်မည်။
သူတို့က ကျင့်နန်ကျစ်ကို ခဏလောက်သာ ထောင်ချောက်ဆင်နိုင်လိမ့်မည်။မကြာခင်မှာပဲ စစ်မှန်သောလောကအစောင့်က သူတို့နောက်ကို အမီလိုက်နိုင်လိမ့်မည်။
ယခု သူတို့အတွက် အချိန်က အဖိုးတန်လှသည်။ သူတို့က အချိန်စက္ကန့်မျှ မဖြုန်းနိုင်တော့ပေ။ စွန်းခုန်းက သူ့အသက်ကို ကာကွယ်ရန် စုမင်ကို အားပြုနေရင်း သူသိသောလမ်းကို အမြန်ပြောပြသည်။
ယခင်က စွန်းခုန်းမှာ ချိပ်တံဆိပ်၏နက်နဲရာကိုရောက်ဖူးသွားသောကြောင့် လမ်းကြောင်းကိုသိလေသည်။ စုမင်က ပျားအုံချိပ်တံဆိပ်ရှိ ဥမင်လှိုဏ်ခေါင်းများကို အရှိန်အပြည့်ဖြင့် ရွေ့လျားသွားခဲ့သည်။လုံလီနှင့်ထျန်းလင်းက ပြင်းထန်စွာ
ဒဏ်ရာ ရခဲ့သော်လည်း အံတင်းကာ လိုက်သွားလေသည်။ နောက်ဆုံးတွင် သူတို့က လိုက်မမီနိုင်ဘဲ ကျန်ရစ်ခဲ့လျှင် ကျင့်နန်ကျစ်လက်ထဲတွင် သေဆုံးသွားလိမ့်မည်။
အမွှေးတစ်တိုင်စာကြာချိန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ စုမင်က စွန်းခုန်းကို တွဲလျက် ဥမင်လိုဏ်ခေါင်းများတွင် လျင်မြန်စွာ ရွေ့လျားနေစဉ်တွင် ဆူညံသံတစ်ခု ပဲ့တင်ထပ်လာသည်။ ကျင့်နန်ကျစ်၏ဖိအားများက အဝေးတစ်နေရာမှ ပေါက်ကွဲသံနှင့်အတူ ပျံ့နှံ့လာသည်။
စုမင်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ လုံလီနှင့်ထျန်းလင်းတို့၏ အမူအရာများက ပို၍ပျက်ယွင်းသွားပြီး အရောင်ဖျော့သွားသည်။ ကျင့်နန်ကျစ်က
အနီရောင်အသားမျှင်များဖြင့် ပိတ်မိနေခြင်းမှ လွတ်မြောက်နေပြီဖြစ်ကြောင်း သူတို့သိကြသည်။
“ချိပ်တံဆိပ်ရဲ့အလယ်ဗဟိုက ကျုပ်တို့ရှေ့မှာ..ကျုပ်တို့ ဒီဥမင်လှိုဏ်ခေါင်းကနေသွားရင် ခြေလှမ်းငါးထောင်လောက်သာ လိုတော့တယ်...”
စွန်းခုန်း၏မျက်နှာမှာ သွေးမရှိသကဲ့သို့ဖြူဖျော့သွားသည်။ သူက တိုးလျသောအသံဖြင့် လျင်မြန်စွာပြောသောအခါ စုမင်က လေပြင်းတိုက်သလိုမျိုး ရှေ့သို့ ခရီးဆက်ခဲ့သည်။
စုမင်က ခြေလှမ်းငါးထောင်အကွာအဝေးကို နီးကပ်လာလေသည်။ သူ၏အမြင့်ဆုံးအရှိန်ကို အသုံးပြုပြီး လေထဲသို့အမြန်ပြေးလိုက်သည်။ ထို့နောက် သူက ကြီးမားကျယ်ဝန်းသောဂူတစ်ခုထဲတွင် ပြန်ပေါ်လာသည်။
ဤနေရာသည် ပေပေါင်း ရာနှင့်ချီ၍ ကျယ်ဝန်းသည်။ အလယ်ဗဟိုတွင် ခရမ်းရင့်ရောင်ကျောက်ရည်ပူကန်ရှိပြီး ထိုထဲတွင် ဓါးသုံးချောင်းဖြင့်ထိုးစိုက်ခံရသောအရိုးစုရှိနေ၏။
စုမင် ရောက်ရှိလာသည့်အခိုက်တွင် အသက်ရှူကျပ်ဖွယ်ကောင်းသော အပူလှိုင်းတစ်ခု သူ့မျက်နှာပေါ်သို့ ကျရောက်လာသည်။ သူက လေရှုသွင်းလိုက်စဉ် သူ့တစ်ကိုယ်လုံး မီးတောက်သွားသလို ခံစားလိုက်ရသည်။
စုမင်က လေထဲ၌ မတ်တပ်ရပ်လိုက်ပြီး နေရာတစ်လျှောက် စေ့စပ်စွာကြည့်နေလေသည်။ သူက အရိုးစုကိုစိုက်ကြည့်နေစဉ် လုံလီနှင့်ထျန်းလင်းက အလင်းတန်းရှည်ပုံစံဖြင့် ဂူထဲသို့ တိုးဝင်လာသည်။ သူတို့က စုမင်၏အနားတွင်ရပ်ကာ သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုကြည့်လိုက်သည်။ ထိုစဉ် သူတို့က ပြင်းထန်စွာ အသက်ရှုကျပ်သွားကြသည်။
“ကြက်သွေးရောင်မီးလျှံဂြိုလ်သခင်”
“အဲဒီအရိုးစုက ကြက်သွေးရောင်မီးလျှံဂြိုလ်သခင်ဖြစ်ပြီး.ဒီမှာ နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရတဲ့ ဂြိုလ်သားမျိုးနွယ်စုထဲက တန်ခိုးကြီးကျင့်ကြံသူပဲ..”
ထျန်းလင်းနှင့်လုံလီတို့က ကျောက်ရည်ပူထဲရှိအရိုးစုကို စိုက်ကြည့်နေကြစဉ် စုမင်၏မျက်လုံးများ မျက်မှောင်ကြုတ်သွားလေသည်။ သူ ချိပ်ပိတ်နယ်မြေထဲကို စရောက်ကတည်းက သူ့ကိုစိုက်ကြည့်နေသောမျက်လုံးတစ်စုံကို သတိထားမိခဲ့သည်။ ထို့နောက် သူက အရိုးစုကို ထပ်မံကြည့်လိုက်ရာ အရိုးစုက သူ့ကိုပြန်စိုက်ကြည့်သလိုမျိုး ခံစားခဲ့ရသည်။
ထိုခံစားချက်က မယုံနိုင်လောက်အောင် ပြင်းထန်လွန်းသည်၊ အမှန်တော့ စုမင်ကို အပြင်မှာကတည်းက စောင့်ကြည့်နေသောမျက်လုံးတစ်စုံမှာ ဤအရိုးစုဖြစ်လိမ့်မည်။ စုမင်နှင့်အကြည့်ချင်းဆုံမိသော ဤမျက်လုံးတစ်စုံသည် အသက်စွမ်းအင်များစွာကို ပိုင်ဆိုင်ထားပုံရသည်။
တစ်ချိန်တည်းမှာပင် သူ့နှလုံးသားကို တုန်လှုပ်သွားစေသည့်ပုံရိပ်ယောင်များစွာကို မြင်နေရသလို ခံစားရစေသည်။
ထျန်းလင်းက သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။ သူ့ပါးစပ်က သွေးများ စီးကျလာသည်။
“တန်ခိုးကြီးကျင့်ကြံသူရဲ့ခန္ဓာကိုယ်ထဲက ချိပ်တံဆိပ်တွေကို ဖွင့်ရမယ်..ဒါက ကျင့်နန်ကျစ်ကို တိုက်နိုင်တဲ့တစ်ခုတည်းသော နည်းလမ်းပဲ..”
စုမင်က စွန်းခုန်းကို လက်လွှတ်လိုက်သည်။ ထိုအချိန်တွင် ဤနေရာရှိလောကမှော်ယာဉ်ပျံစွမ်းအားကြောင့် စုမင်၏ကျင့်ကြံစွမ်းအားအချို့ ပြန်လည်ရရှိလာသည်။
“ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲက ချိပ်တံဆိပ်တွေအားလုံးကို ဘယ်လိုဖွင့်ရမလဲ..”
“ကျုပ်...သိတယ်..ကျုပ်တို့က လောကကျောက်တုံးကို ဖယ်ထုတ်ဖို့ပဲလိုတယ်.. ဒါဆိုရင် ချိပ်တံဆိပ်က ဟန်ချက်ပျက်သွားပြီး လုံးဝကွဲအက်သွားလိမ့်မယ်..ကျုပ်တို့ လောကအစောင့်ကြောင့်ဒါဏ်ရာရသွားလို့ မဟုတ်ရင် ချိပ်တံဆိပ်က ကွဲသွားတာကြာပြီ..”
“ကျောက်တုံးက ဘယ်မှာရှိလဲဆိုတာ ကျုပ်သိတယ်.ဒါပေမဲ့ အချိန်တော့လိုမယ်..မင်းတို့ ကျင့်နန်ကျစ်ကို ခဏလောက် ထိန်းထားနိုင်ရင် ချိပ်တံဆိပ်ကို ဖြိုခွဲနိုင်မယ်ဆိုတာ ဆယ်ပုံခုနစ်ပုံ လောက်သေချာတယ်”
လုံလီက ကျယ်လောင်သောအသံဖြင့် ပြောနေစဉ် ပြင်းပြင်းထန်ထန် မောဟိုက်လာသည်။
“မင်း ဆယ်ပုံခုနစ်ပုံလောက်သေချာတယ်လို့ ပြောတာလား..”
ထျန်းလင်းက အံကြိတ်ရင်း လုံလီကိုလှည့်ကြည့်လိုက်သည်။ စွန်းခုန်းနှင့်စုမင်သည်ပင် တိတ်ဆိတ်စွာ သူ့ဆီသို့ လှမ်းကြည့်လိုက်သည်။
လုံလီက အသက်ပြင်းပြင်းရှူပြီး စကားပြောလိုက်လေသည်။
“အရာရာက ဒီလောက်ထိဖြစ်လာပြီပဲ..ကျုပ်က ဘာလို့ မဆင်မခြင်ပြောရမှာလဲ..ကျုပ်အရင်ကပြောသလိုပဲ ကျုပ်တို့ ကျင့်နန်ကျစ်ကို မသတ်ရင်ကျုပ်တို့အားလုံး ဒီမှာပဲ သေရလိမ့်မယ်..”
“ကောင်းပြီ..ညီနောင်စု..ညီနောင်စွန်း..ကျုပ်တို့အားလုံးက ကျင့်နန်ကျစ်ကို သတ်ချင်တဲ့သူတွေပဲ..ကျုပ်တို့ထဲက တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျုပ်တို့ ကျင့်နန်ကျစ်ကို သတ်နိုင်ရင် သူ့ဆီကအရာအားလုံးကို ပိုင်ဆိုင်လိမ့်မယ်..”
ထျန်းလင်းက စကားပြောနေစဉ်တွင် ကျင့်နန်ကျစ်၏ဟိန်းဟောက်သံသည် ဘေးဘက်ရှိ လိုဏ်ခေါင်းတစ်ခုမှ ထွက်ပေါ်လာသည်။ အသံထွက်လာသည့်နေရာကို ကြည့်လျှင် သူတို့နှင့် သိပ်မဝေးတော့ပေ။
စုမင်၏အမူအရာက လေးနက်လာသည်။ ထိုအချိန်မှာ တခြားနည်းလမ်း မရှိတော့ပေ။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းမှာ ကျင့်နန်ကျစ်ကို အတူတူသတ်ဖြတ်ရန်ဖြစ်သည်။
စွန်းခုန်းက တဟားဟားရယ်မောရင်း သူ့အိတ်ထဲမှ ဆေးအမြုတေအချို့ထုတ်ကာ ဝါးစားလိုက်သည်။
“ရောင်းရင်း..ကျင့်နန်ကျစ်ပေါ်လာရင်း ကျုပ်တို့သေကုန်လိမ့်မယ်..မင်း မြန်မြန်လုပ်နော်..ကျုပ်တို့က မင်းအမွှေးတိုင်နှစ်တိုင်စာလောက်အချိန်ပေးနိုင်တယ်..ဒါ ကျုပ်တို့လုပ်နိုင်တဲ့အတိုင်းအတာပဲ..မင်း မအောင်မြင်ရင်...”
ထျန်းလင်းက စကားရပ်လိုက်သည်။
လုံလီက အသက်ပြင်းပြင်းရှူရှိုက်ပြီး လေးတွဲ့စွာ ပြောလိုက်သည်။
“ဒီအချိန်ဆို လုံလောက်ပြီ..ကျုပ်မအောင်မြင်သေးရင် ကောင်းကင်ဘုံက ကျုပ်တို့ကို သေစေချင်တာပဲ”
စုမင်၏နှလုံးသား တုန်လှုပ်သွားပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ ထို့နောက် အဝေးမှဥမင်လိုဏ်ခေါင်းမှ ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်လာသည်။ မရေမတွက်နိုင်သောကျောက်တုံးအပိုင်းအစ များသည် လေထုထဲတွင် ပြန့်ကျဲလာသည် ။ ထိုအပိုင်းအစများက ရက်စက်ကြမ်းကြုတ်သားရဲ၏ပါးစပ်လိုမျိုး စုစည်းသွားပြီး စုမင်နှင့်အခြားသူများဆီသို့ ကိုက်စားမည့်ပုံပေါ်၏။
ထျန်းလင်း၏အမူအရာက ပြောင်းလဲသွားသည်။ သူက အံကြိတ်ကာ သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏အကိုင်းအခက်များက လေထုထဲတွင် ဖြာထွက်လာပြီး လေထုနှင့်မြေပြင်တွင် ပြည့်နှက်သွားလေ၏။
ဘေးနားရှိစွန်းခုန် သူ့လျှာဖျားကို ကိုက်ပြီး သွေးများကို ထွေးထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏သွေးစက်များက မှော်သင်္ကေတအဖြစ် ပြောင်းလဲသွားသည်။ ထိုသင်္ကေတမှ ထူထဲသောသွေးနံ့များ ပျံ့လွင့်လာပြီး ၎င်းပတ်လည်တွင်သွေးမြူအလွှာတစ်ခု ရှိနေ၏။ စွန်းခုန်းက ရှေ့သို့အမြန်ပြေးရင်း လေချွန်သံကို ထုတ်လွှတ်လိုက်သည်။ သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်အနှံ့မှ အရာဝတ္ထုအများအပြားပါ တုန်ခါသွားသည် ။
ထိုအရာဝတ္ထုများထဲတွင် ကျောက်စိမ်းဆွဲသီးများ၊ သလင်းကျောက်ပုလဲများနှင့် မြစိမ်းရောင်ပန်းကန်ပြားများ ပါဝင်သည်။ ထွင်းထုထားသောသစ်သားအချို့ပင် ရှိသေသည်။ စွန်းခုန်း၏ခန္ဓာကိုယ်ပေါ်ကနေ ပြုတ်ကျသွားသောအရာများစွာကို စုပေါင်းလိုက်သည်နှင့် ရှည်လျားသော မြှားတစ်စင်း ဖြစ်သွားသည်။
စုမင်၏ မျက်လုံးများ တောက်ပလာသည်။ သူနောက်ပြန်ဆုတ်သွားပြီး ညာလက်ကို မြှောက်လိုက်ရာ သူ့လက်ဖဝါးပေါ်၌ လူသတ်ဓါးပေါ်လာသည်။ သူ့ကျင့်ကြံစွမ်းအားများကို ဖြန့်ကျက်ရင်း သူ့မျက်လုံးများက တောက်ပလာ၏။ ထို့နောက် ကြီးမားသော ရုပ်ပိုင်းဆိုင်ရာက သူ့ထံမှ စွမ်းအားများ ထွက်ပေါ်လာသည်။
သူက ဓါးအလင်းတန်းအဖြစ်ပြောင်းသွားကာ ရှေ့သို့တစ်ဟုန်ထိုး ပြေးသွားခဲ့သည်။
လူအုပ်စုက အနီရောင်အလင်းတန်းထဲရှိသတ်ဖြတ်လိုစိတ်ရှိသောတည်ရှိမှုကို တစ်ပြိုင်တည်း ခုခံနေရသည်။ ထို့နောက် လုံလီက နောက်သို့ ဆုတ်သွားကာ ပျားအုံချိပ်တံဆိပ်၏အလယ်ဗဟိုဆီသို့ ပြေးသွားလေသည်။
“မင်းတို့က ငါ့ကိုချုပ်နှောင်ထားတဲ့ချိပ်တံဆိပ်တွေကို ချိုးဖျက်ဖို့ ပထမဆုံးလုပ်ပေးတဲ့သူတွေပဲ..ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်တယ် ပုရွက်ဆိတ်လေးတွေ...”
တစ်ချိန်တည်းတွင်ပင်၎င်းတို့အဖွဲ့ တိုက်ခိုက်နေစဉ် အေးစက်သောအသံတစ်ခု ရောက်ရှိလာသည်။
မကြာမီတွင် သွေးနီရောင်ပုံရိပ်သုံးခုကက စုမင်နှင့်အခြားသူနှစ်ယောက်ဆီသို့ ဦးတည်သွားသည်။
“ဝုန်းးးးးး....ဗုန်းးးးးး”
ထျန်းလင်းက အဖွဲ့၏ရှေ့ဆုံးက နေရာယူထားလေသည်။ သူက သွေးနီရောင်ပုံရိပ်နှင့်တိုက်ခိုက်ပြီး သွေးအန်လိုက်ရသည်။ သစ်ပင်ကြီးတစ်ပင်၏အသွင်ဆောင်သော သူ၏ခန္ဓာကိုယ်တစ်ဝက်သည် ကွဲကြေသွားကာ နောက်သို့လဲကျသွားလေသည်။
စုမင်၏လက်ထဲရှိဓါးက ကြီးမားလှသောစွမ်းအားများထုတ်လွှတ်သောသွေးနီရောင်ပုံရိပ်ကို ခုတ်ပိုင်းလိုက်သည်။ ထိုစွမ်းအားထဲတွင် အဖျက်စွမ်းအားများပါဝင်ပြီး စုမင်၏ခန္ဓာကိုယ်ထဲကို ပြေးဝင်ခါနီးတွင် တည်နေရာငါးခုချိပ်တံဆိပ်မှ
အလင်းတန်းများ ချက်ချင်း ပျံ့နှံ့သွားသည်။ ထိုချိပ်တံဆိပ်က အဖျက်စွမ်းအားကို တွန်းလှန်လိုက်သောအခါ စုမင်၏ခန္ဓာကိုယ်ပေါ်ရှိဝတ်ရုံက မြင့်မြတ်သော ကြယ်တာရာဝတ်ရုံအဖြစ် ပြောင်းလဲသွားသည်။
ဤအမြင့်မြတ်ဆုံးရတနာနှစ်ပါးအပြင် သူ၏ရုပ်ပိုင်းစွမ်းအားက သူ သွေးအန်လိုက်ရသည်တိုင် ဟန်ချက်ထိန်းနိုင်စေခဲ့သည်။ သူ့လက်ကို လှုပ်လိုက်ပြီး မာန်နတ်ဘုရားရုပ်တုကို နတ္ထိအနှစ်သာရနယ်မြေ၌ ပထမဆုံးအကြိမ်ဆင့်ခေါ်ခဲ့သည်။ ထို့နောက် သူက သွေးနီရောင်ပုံရိပ်ကို လက်သီးဖြင့်ထိုးလိုက်သည်။
စွန်းခုန်က သွေးနီရောင်ပုံရိပ်နှင့်ထိတွေ့မိသောအခါ သူ့ရှိ ထူးဆန်းသော ရတနာများ ပေါက်ကွဲစေကာ နှမြောခြင်းမရှိပေ။ ထို့နောက် သူ နောက်ပြန်ဆုတ်သွားသော်လည်း အနီရောင်လှံတစ်ချောင်းက လေထဲ၌ တရွှီးရွှီးမြည်သံနှင့်အတူ ပေါ်လာလေသည်။ စွန်းခုန်းက မျက်မှောင်ကြုတ်သွားသောအခါ လှံရှည်က သူ့မျက်ခုံးအလယ်တည့်တည့်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
စွန်းခုန်းက အကြောဆွဲနေသလိုမျိုး တုန်လှုပ်သွားလေသည်။လှံရှည်က သူ့အသွေးအသားများ စုပ်ယူလိုက်သလို သူ့ခန္ဓာကိုယ်က ချက်ချင်းပင် ညှိုးနွမ်းစပြုလာသည်။ အသက်နှစ်ရှိုက်စာအတွင်းမှာပင် သူက ကျောက်ရုပ်အဖြစ်သို့ပြောင်းလဲသွားသည်။
စုမင်နှင့်ထျန်းလင်းရှေ့ရှိ အနီရောင်ပုံရိပ်များ ပျောက်ကွယ်သွားသည်။ အနီရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသောကျင့်နန်ကျစ်သည် စွန်းခုန်းရှေ့က လှံရှည်ကို ဆွဲနှုတ်လိုက်သည်။ ထို့နောက် စုမင်နှင့်ထျန်းလင်းကို ကြည့်လိုက်သည်။
“မင်းတို့ထဲကတစ် ယောက်က အရင်တုန်းက ငါသနားလို့မသတ်ခဲ့တဲ့ကြွက်တစ်ကောင်ပဲ..နောက်တစ်ယောက်က ငါ့ကိုယ်ပွားကိုသတ်ရဲတဲ့ အမှိုက်ပဲ..မင်းတို့နှစ်ယောက် ဘယ်လိုနည်းနဲ့သေချင်တာလဲ..ရွေးချယ်ခွင့်ပေးမယ်...”
ကျင့်နန်ကျစ်က ဒေါသတကြီးပြောလိုက်လေသည်။
သူ့လှံပတ်လည်မှာ အနီရောင်အသားမျှည်များလှည့်ပတ်နေပြီး သူ့လက်ထဲကို တွားသွားဝင်ရောက်နေသည်။ ထိုအသားမျှင်များက စွန်းခုန်း၏အသွေးအသားများဖြစ်သည်။ ထိုအသားမျှင်များကြောင့် ကျင့်နန်ကျစ်က သူရရှိခဲ့သောဒါဏ်ရာများမှ အနည်းငယ်ကောင်းမွန်လာသည်။
သူက စုမင်၏မာန်နတ်ဘုရားရုပ်တုကိုကြည့်ရင်း သူ့မျက်ခုံးများလှုပ်လာလေသည်။ ထိုအရာက သူ တစ်ခါမှ မမြင်ဖူးသောရုပ်တုဖြစ်၏။သို့သော် နတ္ထိအနှစ်သာရနယ်မြေတွင် ရာဇ၀တ်ကောင်များ အလွန်များပြားပြီး သူခဏသာကြည့်မိသော မြင့်မြတ်သောစွမ်းရည်များသာဖြစ်သည်။
စုမင်၏ အမူအရာက ရက်စက်ကြမ်းကြုတ်လာသည်။ သူက ရုပ်တု၏ပခုံးပေါ်တက်ရင်း ကျင့်နန်ကျင့်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် လူသတ်ဓါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ရုတ်တရက် တိုးလျသောအသံတစ်ခုက စုမင်၏နားထဲသို့ ရောက်ရှိလာသည်။
“မြင့်မြတ်တဲ့အသူရာဖန်ဆင်းရှင်လောကက မိတ်ဆွေလေး..ပဉ္စမမြောက်အသူရာ
ပဋိညာဥ်ကို မှတ်မိလား..ငါက ကြက်သွေးရောင်မီးလျှံဂြိုလ်ရဲ့အရှင်သခင်ပဲ..ဒါကြောင့် ငါက ပဉ္စမမြောက် အသူရာပဋိညာဥ်ကို လိုက်နာဖို့ ဆန္ဒရှိတယ်..ဒါ့ကြောင့်မင်းက တိုက်ပွဲမှာကျဆုံးခဲ့တဲ့ငါ့ရဲ့ လူတွေကို ပြန်အသွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်...”
ထိုအသံက လေထဲတွင်တဟုန်ထိုးတုန်ခါသွားသော်လည်း ထျန်းလင်းနှင့်ကျင့်နန်ကျစ်တို့က ထိုအသံကို သတိမထားမိပေ။ ၎င်းက စုမင်ကိုရည်ရွယ်၍ပြောဆိုခြင်းဖြစ်ကြောင်း သိသာလေ၏။