← Chapters

ဒီလောက်မျက်နှာသာပေးမ

Vol. 129 Ch. 1786

ဒီလောက်မျက်နှာသာပေးမ

Vol. 129 Ch. 1786

ရေဗိုလ်ချုပ်သည် စိတ်လှုပ်ရှားစွာ နှာခေါင်းရှုံ့၏ သတ္တုဒြပ်စင် ပို့လွှတ်လိုက်သော ဆယ်လွှာမြောက်ရှိ နန်ဒူသည်လည်း ပြုံးသည်။

သူက သည်တိုက်ပွဲကို သူ့နတ်ဘုရားအာရုံဖြင့် စောင့်ကြည့်နေဆဲပင်။ သူ့အပြုံးက ပိုပီပြင်လာ၏။ သူက ဝမ်လင်းသည် လှမ်းထွက်နိုင်လိမ့်မည်ဟု မထင်တော့ပေ။ အကြောင်းမှာ ရေလုံးအတွင်းရှိ ရေအနှစ်သာရမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သိပ်သည်းနေပြီကို သူ ခံစားမိသောကြောင့်ပင်။

ထိုရေအနှစ်သာရမှာ ရေဗိုလ်ချုပ်ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်၊ ချပ်ဝတ်ကြောင့်ပင်။ ထို့ကြောင့်လည်း နန်ဒူက ယုံကြည်မှု ပိုရှိနေခြင်း ဖြစ်၏။

“သူ့မှာ ကောင်းကင်ချိုးဖျက်နိုင်တဲ့ နည်းလမ်းတချို့ ရှိလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူက ဒီလောက်ပဲ သန်မာတာပဲ။ သူသာ ထွက်လာနိုင်ရင် ရေလုံး စတင် ဖြစ်ပေါ်လာတဲ့အခါမှာ ထွက်လာနိုင်ချင် နိုင်လိမ့်မယ်။ အခုတော့ သူဟာ သိပ်သည်းနေတဲ့ ရေလုံးအတွင်းမှာ မျှော်လင့်ချက်မဲ့နေလောက်ပြီလို့ ငါ ထင်တယ်…”

“ဝမ်လင်း…။ ငါတို့ကြားမှာ ရန်ငြှိုးမရှိပါဘူး။ ငါ မင်းကို တကယ်ပဲ မသတ်ချင်ဘူး။ ဒါပေမဲ့ မင်းဟာ လှိုဏ်ဂူလောကရဲ့ ကျင့်ကြံသူတစ်ယောက်။ ငါတို့နဲ့ မင်းက မတူဘူး။ မင်းဟာ ဒီကို လာခဲ့တာ ရည်ရွယ်ချက်တစ်ခု ရှိမှာ သေချာတယ်။ အခု ဒီလှိုဏ်ဂူလောကဟာ ရှုပ်ထွေးနေပြီး အင်အားစုတွေကလည်း တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေကြတာ။ မင်း ဒီအချိန်ကြီး ရောက်လာခဲ့တာဆိုတော့ မင်းရဲ့ ရည်ရွယ်ချက်က သိသာနေတာပဲ…”

နန်ဒူ စဉ်းစားနေစဉ် သူ့အပြုံးက ပိုပီပြင်လာသည်။

မျှော်စင်အတွင်းရှိ ဝတ်ရုံနက်အဘိုးအိုနှင့် တခြားသူများကလည်း ကြေးမုံကို စိုက်ကြည့်နေကြ၏။ ဝတ်ရုံနက်အဘိုးအိုက စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

“ဒီဝမ်လင်းဟာ အစောပိုင်းတုန်းက အလွန်မောက်မာနေခဲ့တာ။ အခု အရှင်ရေဗိုလ်ချုပ် ရောက်လာတော့ သူ ဘယ်လိုများ လွတ်မြောက်နိုင်မလဲ ငါ မြင်ချင်မိသေးတယ်။ စကြဝဠာရေတစ်စက်ဟာ ကောက်ရီကလန်ရဲ့ မဟာမန္တာန်ပဲ။ ဒီလူတော့ သေပြီ…”

သက်လတ်ပိုင်းအမျိုးသမီးကလည်း ကြေးမုံရှိ ရေလုံးကို စိုက်ကြည့်လျက် ပျော်ရွှင်နေသည်။

“သေစမ်း…နင် သေသွားရင် စစ်ထူနန် ဝမ်းနည်းရလိမ့်မယ်။ သူ ဒေါသထွက်လေ ငါ ပိုနေလို့ ကောင်းလေပဲ။ စစ်ထူနန်…နောက်အလှည့် သေရမှာက နင်ပဲ…”

သူတို့လေးယောက်ထဲ၌ နောက်ထပ်နှစ်ယောက်ကလည်း ဖြည်းဖြည်းချင်း ပြုံးလာ၏။

“သူ ထပ်ပြီး မလွတ်မြောက်နိုင်တော့ဘူး…”

တစ်ချိန်တည်းမှာ မျှော်စင်အပြင်ဘက်ရှိ ချီးကျူးထောပနာအသံများလည်း ဆက်တိုက် ထွက်ပေါ်နေသည်။ ကောင်းကင်ထက်သို့ ကြည့်နေသော ကောက်ရီကလန်ကျင့်ကြံသူများ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ရှိနေသည်။ သူတို့က ကြုံ့လာနေသော ရေလုံးကို ကြည့်နေကြရင်း အတွင်းရှိ ဝမ်လင်းနာကျင်နေသော အမူအရာနှင့် အော်ဟစ်နေသံတို့ကို ကြားယောင်နေသည့်အလား။

ရေဗိုလ်ချုပ်က စိတ်အလှုပ်ရှားဆုံး ဖြစ်၏။ သူက သူ့လက်ကို ဆက်လက် ဝေ့ယမ်းနေပြီး ရေလုံးကို ဆက်တိုက် သိပ်သည်းနေစေသည်။ ခုချိန်၌ ရေလုံးမှာ ပေတစ်သိန်းမျှသာ ရှိတော့ပြီး ပိုမြန်ဆန်စွာ ကြုံ့နေလေသည်။

“ဒါက နှေးလွန်းသေးတယ်။ မတော်တဆမှုတစ်ခုခု ဖြစ်မလာအောင် ပိုမြန်ဖို့ လိုသေးတယ်…”  တချို့အကြောင်းရင်းများကြောင့် ရေဗိုလ်ချုပ်သည် စိတ်လှုပ်ရှားနေသော်လည်း ရုတ်တရက် သူက ကြောက်မက်ဖွယ်ခံစားမှုတစ်ခုကို ရလိုက်သည်။ ထိုခံစားချက်က ရုတ်ချည်းဆန်လွန်းသဖြင့် သူသည်ပင် ဝေခွဲမရ ဖြစ်သွားမိသည်။

သို့ပေမည့် ထိုစိတ်လှုပ်ရှားမှုက သူ့ကို ပို၍ ပူပန်စေသည်။ သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သည်ရေလုံးကို ပိုမြန်ဆန်စွာ သိပ်သည်းစေဖို့သာ ဖြစ်၏။

သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူက ပါးစပ်အပြည့် သွေးအန်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ များစွာ အားနည်းသွားလေပြီ။ သို့သော် သူ အသုံးပြလိုက်သော သွေးက ရေလုံးကို ပေတစ်သိန်းကနေ ခုနစ်သောင်းထိ ကြုံ့သွားစေသည်။

ထိုရုတ်တရက် ပြောင်းလဲမှုက ရေလုံးအတွင်းရှိ ဝမ်လင်းထံကနေ တုန်ဟည်းသံများ ထွက်ပေါ်လာစေ၏။ သူ၏ခန္ဓာကိုယ်မှာ ပုံပျက်ယွင်းလာသည်။ သို့သော် သူ့မျက်လုံးထဲတွင်မူ စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။

ဝမ်လင်းသည် ရေအနှစ်သာရအတွင်းရှိ ပြောင်းလဲမှုအားလုံးကို နားလည်အောင် လုပ်နေ၏။ ထိုပြောင်းလဲမှုများက ယင်းတို့၏အကန့်အသတ်သို့ ရောက်လာသည့်အလား တဖြည်းဖြည်း နှေးကွေးလာသည်။ ဝမ်လင်းသည် ရေအနှစ်သာရ၏စွမ်းအားမှာ ဆက်လက် ပြောင်းလဲနိုင်စွမ်း မရှိတော့ဟု ခံစားမိလာရ၏။ ဝမ်လင်းသည် လျှို့ဝှက်ချက်တစ်ခုကို သင်ယူပြီး ဖြစ်သော်လည်း ဒုတိယတပိုင်းမှာ ပျောက်နေသေးသည့်အလား ဖြစ်နေသည်။

ထိုခံစားချက်က သူ့ကို မသက်မသာ ဖြစ်စေ၏။ သူ မျက်မှောင်ကြုတ်မိစဉ်မှာပင် ရေဗိုလ်ချုပ်ထံမှ သွေးက ရေကို ထပ်မံ၍ ပြောင်းလဲသွားစေတော့သည်။

ဝမ်လင်းသည် ရယ်မိမတတ် ဖြစ်သွား၏။ သူက ရေဗိုလ်ချုပ် သူ့ကို ပေးနေသော ဤလက်ဆောင်ကို လုံးဝ မေ့တော့မည် မဟုတ်တေပ။

ရေဗိုလ်ချုပ် နောက်ထပ် ပြောလာသော စကားက ဝမ်လင်းကို ပို၍ပင် စိတ်လှုပ်ရှားသွားစေတော့သည်။

“နန်ဒူနဲ့ ကောက်ရီကလန်ရဲ့ တပည့်အားလုံး။ မင်းတို့ရဲ့ နတ်ဘုရားအာရုံတွေကို ဒီအစီအရင်ထဲ ဝင်ရောက်စေပါ။ ဒီရေလုံးကို အသက်သုံးရှိုက်စာအတွင်း တစ်စက်တည်း ဖြစ်သွားအောင် သန့်စင်ဖို့ ငါ့ကို ကူညီပေးကြ…”

နန်ဒူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ရွှေရောင်အလင်း တောက်ပကာ သူ့ပတ်လည်၌ ချပ်ဝတ်တစ်စုံ ပေါ်လာ၏။ သူက ထိုချပ်ဝတ်နှင့်အတူ မျှော်စင်ထံမှ လှမ်းထွက်လိုက်သည်။

“မင်းတို့ရဲ့ နတ်ဘုရားအာရုံကို ဒီအစီအရင်ထဲ ပို့လွှတ်ကြ။ ဒီနေ့ ငါတို့ ကောက်ရီကလန်ဟာ ဒီလောကရဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို ဖယ်ရှားပစ်ကြမယ်…”

နန်ဒူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုဖြစ်စေကာ မာန်သွင်းအော်ဟစ်ကာ ပြောသည်။ သူ့နတ်ဘုရားအာရုံသည် ကောင်းကင်ထက်ရှိ ဝဲကတော့ထံ တဟုန်ထိုး ဝင်ရောက်သွားသည်။

တစ်ချိန်တည်းမှာ ကောက်ရီကလန်မှ ကျင့်ကြံသူရာချီသည် တွေဝေခြင်းမရှိ ထိုင်ချကာ သူတို့နတ်ဘုရားအာရုံများကို ကောင်းကင်ထက်သို့ ပျံသန်းစေသည်။

နတ်ဘုရားအာရုံများသည် မမြင်ရနိုင်ပေ။ သို့သော်ငြားလည်း ယင်းတို့က ကောင်းကင်ကို တွန့်ခေါက်ပုံပျက်စေလေ၏။ နတ်ဘုရားအာရုံများ ဝဲကတော့အတွင်းသို့ ဝင်ရောက်ကာ ရေအစီအရင်အတွင်း၌ ပေါ်လာကြသည်။

နတ်ဘုရားအာရုံများသည် သူတို့၏စွမ်းအားအပြည့်ကို ရေလုံးပေါ်၌  အသုံးပြုကြသည်။ သူတို့က ရေလုံးကို အရူးအမူး ကြုံ့လာအောင် လုပ်ဆောင်ကြသည်။

အထူးသဖြင့် နန်ဒူ၏စွမ်းအားသည် ထိုချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် များစွာ တိုးတက်လာ၏။ ဝတ်ရုံနက်အဘိုးအိုနှင့် တခြားသုံးယောက်သည်လည်း သူတို့၏ကျင့်ကြံမှုအဆင့်  အပြည့်အဝကို ပေါက်ကွဲထွက်စေလိုက်သည်။

ရေလုံးသည် မြန်ဆန်စွာ သိပ်သည်းလာရင်း ၎င်းက တုန်ဟည်းမြည်ဟိန်းကာ ပေသုံးထောင်အထိ ကြုံ့လာခဲ့ပြီ။

အတွင်းရှိ ဝမ်လင်း၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားခြင်းတို့ ပြည့်နေကာ သူက ရေအနှစ်သာရအတွင်းရှိ ပြောင်းလဲမှုများကို နားလည်အောင် လုပ်နေသည်။ ကောက်ရီကလန်၏ အားထုတ်မှုကြောင့် ရေအနှစ်သာရကို မြန်ဆန်စွာပြောင်းလဲစေခြင်းသည် ဝမ်လင်းကို ၎င်း၏ အစိတ်အပိုင်းအားလုံးနီးပါးကို တွေ့မြင်စေတော့သည်။

“ငါ နည်းလည်သလိုလိုတော့ ရှိပြီ။ နည်းနည်းလောက် ထပ်လိုသေးတယ်။ နောက်ထပ် နည်းနည်းပဲ…”  ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် သည်ရေအနှစ်သာရအတွင်းရှိ ပြောင်းလဲမှုများကို တုပကာ ချိပ်ဟန်များဖြစ်ပေါ်စေသည်။

ထိုအခိုက်တွင် ဖိအားလှိုင်းက ရေလုံးပေါ်သို့ ကျဆင်းလာပြန်ရာ ၎င်းသည် ပေသုံးသောင်းကနေ ပေနှစ်ထောင်ထိ ကြုံ့သွားစေ၏။ ၎င်းက ဆက်လက်၍ ကြုံ့နေဆဲပင်။

ဝမ်လင်း၏မျက်လုံးထဲတွင် ဉာဏ်အလင်းတို့ ပြည့်လာသည်။ သူ့ဘယ်လက်ဖြင့် တုပပုံဖော်နေပြီး သူ့ညာလက်ဖြင့် လေဟာနယ်ထံ ဝေ့ယမ်းသည်။ သူ ရှေ့ဖြစ်ဟောသူထံမှ ရခဲ့သော ရေအနှစ်သာရတစ်စက်သည် သူ့လက်ထဲတွင် ပေါ်လာသည်။

“ငါ နားလည်ပြီ…”  ဝမ်လင်းက ရုတ်တရက် ခေါင်းမော့၏။ သူ့လက်ထဲရှိရေစက်မှာ တောက်ပလာသည်။ ၎င်းက စတင်လှည့်ပတ်ကာ သလင်းအလင်းတောက်ပလေသည်။ ရေစက်သည် သလင်းနှင့် တူလာ၏။

ဝမ်လင်းက တိုးညင်းစွာ ပြောလိုက်၏။ “ရေအနှစ်သာရ။ သန်း(၃၈၀)ပြောင်းလဲမှုကနေ သိပ်သည်းခြင်း…”

သူ ထိုသို့ပြောလိုက်သည်နှင့် ပေနှစ်ထောင်ရေလုံးသည် အပြင်းအထန် တုန်ယင်ကာ ပျက်စီးတော့မလား ထင်လာရ၏။ ရေအနှစ်သာရစွမ်းအားအော်ရာမှာ ပေါက်ကွဲထွက်လာသည်။

တစ်ချိန်တည်းမှာ ရေလုံး၏အပြင်ဘက်၌ ရေဗိုလ်ချုပ်က နန်ဒူနှင့် တခြားကောက်ရီကလန်မှ ကျင့်ကြံသူများ၏ စုဝေးနေသော နတ်ဘုရားအာရုံများနှင့်အတူ ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ ရေလုံးကို နောက်ဆုံးအကြိမ် ဖိသိပ်ချ၏။

“ပေနှစ်ထောင်။ သူ့ခန္ဓာကိုယ်ဟာ ပျက်စီးသွားသင့်ပြီ။ ငါတို့ သူ့မူလစိတ်ဝိညာဉ်ကို ခြေမွပစ်ကြရအောင်…”

“သိပ်သည်းလိုက်။ သူ့ကို စကြာဝဠာရေတစ်စက်အဖြစ် သိပ်သည်းစေလိုက်…”

ပေါင်းစပ်ထားသော နတ်ဘုရားအာရုံများက ရေလုံးထံ တရကြမ်း တိုးဝင်သည်။ သို့ပေမည့် သည်နတ်ဘုရားအာရုံများ မည်သို့မျှ မလုပ်နိုင်ခင်မှာပင် ရေလုံးသည် ၎င်းဘာသာ မြန်ဆန်စွာ ကြုံ့သွားသဖြင့် လူတိုင်းသည် မင်သက်ကုန်သည်။

ဤသည်က နန်ဒူကို မင်သက်စေကာ ရေဗိုလ်ချုပ်ကို တုန်ယင်သွားစေ၏။ လူတိုင်းမှာ လုံးဝအကြောင်သား ဖြစ်ကုန်သည်။

ပေနှစ်ထောင်ရေလုံးက ပေငါးရာထိ ကြုံ့၏။ ထို့နောက် ပေငါးဆယ်အထိ ချက်ခြင်း ကြုံ့သည်။ ထိုအခါ ဝမ်လင်းနှင့် သူ၏စိတ်လှုပ်ရှားနေသော ဟန်ပန် ပေါ်ထွက်လာချေသည်။

ထိုမြင်ကွင်းက သူတို့၏စိတ်ထဲ၌ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူတို့၏စိတ်များသည် ဗလာကျင်းသွားတော့သည်။ သူတို့မဆိုနှင့် အခြားတစ်ယောက်ယောက်ဆိုလျှင်လည်း သည်အဖြစ်ကို လက်ခံနိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။

သူတို့က ပေငါးဆယ်ရေလုံးက ဝမ်လင်း၏လက်ထဲတွင် သလင်းအဖြစ် သိပ်သည်းသွားကာ ထို့နောက် ထိုသလင်းမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။

သူတို့က ဝမ်လင်းဖြည်းဖြည်းထရပ်ကာ ပြုံးလာသည်ကိုပါ ကြည့်နေမိကြ၏။ သူက လက်နှစ်ဆက်ဆုပ်ကာ မင်သက်နေသော လူတိုင်းထံသို့ နှုတ်ဆက်ဟန် ပြုသည်။

“ကြီးမားလိုက်တဲ့ မျက်နှာသာ ပေးမှုပဲ။ ကျေးဇူးပြုပြီး ငါ အရိုအသေး ပေးတာကို လက်ခံပါ…”  ဝမ်လင်းက အရိုအသေ ပေးလိုက်ပြီးနောက် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ထိုအခါ လောကသည် အရောင်များ ပြောင်းလဲကာ တိမ်စိုင်များ ပြန့်ကြဲသည်။ နန်ဒူ၏ နတ်ဘုရားအာရုံ အပါအဝင် နတ်ဘုရားအာရုံအားလုံးသည် ဒီအစီအရင်ထံကနေ ဖယ်ထုတ်ခြင်း ခံလိုက်ရတော့၏။

ရေဗိုလ်ချုပ်နှင့် ဝမ်လင်းသည်သာ ဒီအစီအရင်ထဲ၌ ရှိနေတော့သည်။

“မင်း…မင်း…”  ရေဗိုလ်ချုပ်၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူက သွေးအန်လိုက်ရသည်။ သူက နောက်သို့ အလန့်တကြား ဆုတ်မိသည်။

ဒြပ်စင်ငါးခုဂြိုဟ်ပေါ်တွင် မျှော်စင်အပြင်ဘက်ရှိ ကျင့်ကြံသူအားလုံးသည် တုန်ရီကာ မျက်လုံးများ ဖွင့်လာသည်။ သူတို့၏မျက်လုံးများထဲ၌ ထိတ်လန့်မှု၊မယုံကြည်နိုင်မှုတို့ ကြီးစိုးနေသည်။

သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ကောက်ရီကလန်၏ လူတိုင်းမှာ အေးခဲတောင့်တင်းသွားသည့်အလား။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါ…ဒါ ဘယ်လိုဖြစ်ရတာလဲ…”  နန်ဒူသည် စိတ်ရှုပ်ထွေးလွန်းနေသည်။ သူက ခုထိ သူ ကိုယ်တိုင်မြင်ခဲ့ရသည့်အရာကို မယုံကြည်နိုင်သေးပေ။

“သူဟာ မြေစိတ်ဝိညာဉ်ကို ယူဆောင်ခဲ့တယ်။ မီးစိတ်ဝိညာဉ်ကိုလည်း သူ့ထံ ခယစေခဲ့တယ်။ သူဟာ ရေအနှစ်သာရကနေ ဖြစ်ပေါ်လာခဲ့တဲ့ စကြဝဠာရေတစ်စက်ကိုလည်း ယူသွားပြန်ပြီ။ သူ…”

အချိန်အတန်ကြာပြီးနောက် သည်နေရာရှိ ကျင့်ကြံသူများသည် ထိတ်လန့်နေရာကနေ နိုးထလာကြ၏။ ရုတ်တရက် အံ့အားတသင့်အော်သံ ပဲ့တင်ထပ်ကာ လူတိုင်းသည် ချွင်းချက်မရှိ တုန်လှုပ်ကာ အံ့အားတကြီး ဆိုမိ၏။

“သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ…”

“ဒါဟာ တကယ့်ကို အံ့မခန်းပဲ။ မဖြစ်နိုင်ဘူး…”

“သူဟာ ရေလုံးအတွင်းမှာ နားလည်ဆင်ခြင်မှု ပြုနေတာများလား။ ဒီလိုနားလည်နိုင်စွမ်းနဲ့ ဉာဏ်များမှုဟာ ကြောက်မက်ဖွယ် ကောင်းလွန်းနေပြီ…”

ဝတ်ရုံနက်အဘိုးအိုနှင့် သက်လတ်ပိုင်းအမျိုးသမီးတို့က သည်ရုတ်ချည်း ပြောင်းလဲမှုကို နားမလည်နိုင် ဖြစ်ရ၏။ အထူးသဖြင့် ဝတ်ရုံနက်အဘိုးအိုသည် စကားတစ်ခွန်းပင် မဟနိုင်တော့ပေ။ သူ့မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့မှု အတိပြီးနေသည်။

All Chapters