လူသတ်ရန်ကြံစည်မှု
Vol. 56 Ch. 777
“ဒီရှေးဟောင်းစာလိပ်က လုံလီအတွက် တော်တော်အရေးကြီးလောက်တယ်..ဒါက ထူးဆန်းတဲ့ ရတနာတစ်ခုလား ဒါမှမဟုတ် သူ့ထဲမှာ တခြားလျှို့ဝှက်ချက်တချို့ ပါနေတာလား..”
စုမင်၏နှလုံးသားထဲတွင် အတွေးတစ်ခုပေါ် လာခဲ့သော်လည်း သူက ကြိုးကြာငှက်ကို နှိုးပြီး ရှေးဟောင်းစာလိပ်ကို ပြန်လည်ရယူရန် ဆုံးဖြတ်လိုက်သည်။
ထိုဆုံးဖြတ်ချက် အလွန်ပါးနပ်သောလှုပ်ရှားမှုမဟုတ်သည့်အပြင် မယုံနိုင်လောက်အောင် အန္တရာယ်များလှသည်။ ထိုအချိန်တွင် ချိပ်ပိတ်နယ်မြေတွင် ထူးဆန်းသောပြောင်းလဲမှုများစွာရှိခဲ့ပြီး စုမင် ထွက်ပြေးရန် အချိန်တိုတောင်းလှ၏။ စစ်မှန်သောလောကအစောင့်တ၏ပြင်းထန်သောတည်ရှိမှုကလျင်မြန်စွာ နီးကပ်လာပြီး အစိမ်းရောင်အလင်းတန်းက သူ့ထံသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။
စုမင်၏မျက်လုံးများတွင် အလင်းတန်းတစ်ခုပေါ်လာပြီး လှည့်ကြည့်လိုက်သည်။သူ တစ်ချက်လှုပ်ရုံဖြင့် သတိလစ်နေသော ကြိုးကြာငှက်အနားသို့ သူရောက်လာသည်။ သူက ငှက်ကိုလှမ်းဖမ်းပြီး သိုလှောင်အိတ်ထဲသို့ထည့်လိုက်သည်။ ထို့နောက် စုမင်က တကျိုးတည်းပြေးတော့သည်။
‘ဒီမှာ ဘာဖြစ်နေတာလဲ..စစ်မှန်တဲ့လောကရဲ့အစောင့်က ဘယ်လိုလုပ်ရောက်ချလာတာလဲ..ငါ မေ့မြောသွားတာလဲနှစ်အတော်ကြာခဲ့ပြီ..စစ်မှန်တဲ့လောကအစောင့်တွေက ကြက်သွေးရောင်မီးလျှံဂြိုလ်ကို ကင်းလှည့်တဲ့အချိန်ကျပြီလား..”
‘အဲဒါမှမဟုတ်ရင် ထျန်းလင်းက သူ့အစီအစဥ်ကို အကောင်အထည်ဖော်လိုက်တာလား..”
စုမင်က ကျောက်နံရံကိုဖြတ်၍ သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားဖြင့် ရှေ့သို့ ရွေ့လျားနေသော်လည်း ပြင်းထန်သောပေါက်ကွဲသံကြီးတစ်ခုက လောကအမြုတေကျောက်တုံးရှိရာ သူ့နောက်မှ ထွက်ပေါ်လာသည်။
ထိုပေါက်ကွဲသံများကြားတွင် စုမင်က
လုံလီ၏အော်သံကြီးကို ကြားလိုက်ရသည်။
ထိုအချိန်တွင် လူတစ်ဦး၏နှလုံးသားထဲကို စိမ့်ဝင်သွားစေမည့် အဆုံးမဲ့အေးစက်သွားစေနိုင်သည့် အသံတစ်ခုနှင့် သူတို့၏ နှာခေါင်းထဲသို့တိုးဝင်လာသော သွေးနံ့များ ထွက်ပေါ်လာသည်။
“စည်းကမ်းကိုမလိုက်နာတဲ့ပုရွက်ဆိတ်လေး..”
စုမင်၏ နှလုံးသားက တသိမ့်သိမ့် တုန်လှုပ်သွားသည်။ သူ မျက်မှောင်ကြုတ်ရင်း ရှေ့ကို အရှိန်မြှင့်လိုက်သည်။ လုံလီက သူ့နောက်ဘက်ရှိ ဥမင်လိုဏ်ခေါင်းထဲတွင် လျင်မြန်စွာပြေးနေကြောင်း ရိပ်မိနိုင်ပြီး တည်ငြိမ်သော အရှိန်ဖြင့် သူ့နောက်သို့ လိုက်နေသည့် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုလည်း ရှိနေ၏။
စုမင်က အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။ သူ့ ကျင့်ကြံစွမ်းအားများကို လည်ပတ်ရင်း ပို၍ သတိရှိလာသည်။ သို့သော် တစ်နာရီ မကျော်လွန်မီတွင် ချိပ်ပိတ်နယ်မြေမှ ပြင်းထန်သောလှိုင်းလုံးများ နောက်ထပ်ထွက်ပေါ်လာသကဲ့သို့ တုန်လှုပ်သွားခဲ့သည်။
ကျယ်လောင်သောအသံထွက်ပေါ်လာသည့်နေရာမှာ စုမင်နှင့် သိပ်မဝေးလှပေ။ ထျန်းလင်း၏ စကားက နေရာအနှံ့ ပျံ့နှံ့သွားသည်။
“စွန်းခုန်း..စုမင်..မင်းတို့နှစ်ယောက် ပုန်းနေရင် သေမှာ ကျိန်းသေပဲ..စစ်မှန်တဲ့လောကအစောင့်ကို ငါနဲ့အတူတူတိုက်ခိုက်ပေးပါ..”
ထျန်းလင်း၏ အသံသည် ဆူညံသောလေထုထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ရှင်းနေသည်မှာ ကျယ်လောင်သောအသံအရ သူ့တွင် ဒဏ်ရာကြီးကြီးမားမားရခဲ့သည်မှာ သေချာ၏။
“တာအိုစွန်း..တာအိုစု..ဒီအစောင့်က လောကမှော်ယာဉ်ပျံအလတ်လတ်အဆင့်မှာရှိတယ်..ဒါကြောင့် မင်းတို့ နှစ်ယောက် ဘယ်လောက်ပဲ ကောင်းကောင်း ပုန်းနေပါစေ သေခြင်းမှ လွတ်မြောက်ဖို့ ခက်ခဲနေဦးမှာပဲ..သူ့ကိုတိုက်ခိုက်ဖို့ အတူတူလက်တွဲကြတာပေါ့..”
ဥမင်လှိုဏ်ခေါင်းများအတွင်း ဆူညံသံများ ပဲ့တင်ထပ်နေချိန်တွင် လုံလီ၏အသံမှာ အား ပျော့သွားသည်။
“စွန်းခုန်း..စုမင်..ဒါဆို ဒီလူလေးယောက် အသက်ရှင်နေသေးတာလား..ဒါပေမဲ့ ငါလူသုံးယောက်ရဲ့အလင်းတန်းသုံးခုကိုပဲ မြင်ရတယ်..စိတ်ဝင်စားဖို့ကောင်းတာက နတ္ထိအနှစ်သာရနယ်မြေမှာ ဂြိုလ်သားမျိုးနွယ်ဝင်တွေအပြင် ခြေရာခံလို့မရတဲ့သူရှိနေတာလား..”
ကျင့်နန်ကျစ်က အံ့သြသွားပြီး ဥမင်လှိုဏ်ခေါင်းများအတွင်းမှ သူ၏အေးစက်သောအသံက ပဲ့တင်ထပ်နေသည်။
နောက်အခိုက်အတန့်တွင် ဟိန်းဟောက်သံများက လေထဲတွင် ဆက်လက် တုန်ခါနေသည်။ ရှုပ်ယှက်ခတ်နေသော ဟိန်းဟောက်သံများ၊ ကျင့်စဥ်တိုက်ပွဲများနှင့် စူးစူးရှရှ အသံများက အဝေးမှ ထွက်ပေါ်လာနိုင်သော်လည်း ထိုအသံများက စုမင်၏နားထဲသို့ တိုးဝင်လာစည်။ ထို့နောက် သူက ရှေ့သို့ဆက်၍ အရှိန်လိုက်ပြီး တိုက်ပွဲက မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို စိတ်ကူးကြည့်နိုင်သည်။
ဤတိုက်ပွဲမှာ သူအလွယ်တကူပါဝင်နိုင်သည့်အရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိသည်။ ထိုအချိန်တွင် သူက ရှေ့သို့ အရှိန်တင်သော်လည်း ချိပ်ပိတ်နယ်မြေ၏ နက်နဲရာသို့ ဆက်မသွားတော့ဘဲ ဝင်ပေါက်ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။
စုမင်က အပြင်သို့ထွက်ပြေးသောအခါ
ချိပ်ပိတ်နယ်မြေ၏နက်နဲရာတွင်ရှိသော စွန်းခုန်းဧ။်မျက်နှာပေါ်တွင် ခံစားချက်အမျိုးမျိုးရှိနေသည်။ သူက ကျယ်လောင်သော အသံများနှင့် ဟိန်းဟောက်သံများကို ကောင်းစွာ ကြားနိုင်ပေသည်။ ထိုအချိန်တွင် သူက အံကြိတ်ကာ မတ်တပ်ရပ်လိုက်ပြီး သူ့ဘေးနားရှိ ဥမင်လိုဏ်ခေါင်းတစ်ခုထဲသို့ တိုးဝင်လိုက်သည်။ သူ့ခန္ဓာကိုယ်က ချက်ချင်းပင် ဖောက်ထွင်းမြင်နိုင်သောပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။
‘ချီးပဲ.. သူတို့က ငါ့နာမည်ကိုတကယ်ထုတ်ပြောတယ်ဟ....ဒါဆိုရင် ငါ ဒီနေရာက လွတ်သွားရင်တောင် လိုက်ဖမ်းနေမှာပဲ..ဒါကြောင့် ငြိမ်းချမ်းမှုကို မသိတဲ့ရာဇဝတ်ကောင်မဖြစ်ချင်ရင်တော့ ငါ တိုက်ခိုက်ရမှာပဲ..’
စွန်းခုန်းက ယခင်ကထွက်ပြေးရန်စဉ်းစားဖူးသော်လည်း သူ့မျိုးနွယ်မိသားစုနှင့်ဆွေမျိုးပေါက်ဖော်များက သူနေခဲ့သောကျင့်ကြံဂြိုလ်မှာ နေထိုင်ကြသည်။
အကယ်၍ သူက အမှန်တကယ် အလိုရှိသော ရာဇ၀တ်ကောင် ဖြစ်လာပါက၊ သူ၏ ဆွေမျိုးများသည် ရက်စက်စွာ သတ်ဖြတ်ခံရမည့် ပထမဆုံးသောလူများ ဖြစ်လာလိမ့်မည်။
စုမင်က ဥမင်လိုဏ်ခေါင်းထဲသို့ ပျောက်ကွယ်သွားပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည့် နေရာဆီသို့ ဦးတည်သွားသည် ။ ထိုအချိန်တွင် စုမင်က ဝင်ပေါက်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။သူက ချိပ်ပိတ်နယ်မြေထဲသို့ ဝင်သွားသောအခါတွင် အဆုံးမဲ့အနီရောင်အသားမျှင်များ တည်ရှိရာနေရာကိုပင်ရောက်ရှိခဲ့သည်။
စုမင်က အပြင်ရောက်ခါနီးတွင် သူ့ခြေလှမ်းများက အေးခဲရပ်တန့်သွားသည်။ သူ့ရှေ့တွင်ထိုင်နေသည့် ရှည်လျားသောဆံပင်အနီရောင်နှင့်လူတစ်ယောက်ရှိနေသည်။ ထိုလူက တင်းမာသောမျက်နှာထားကို ထုတ်ပြရန် သူ့ခမောက်ကို ဘေးတွင်ထားကာ ငြိမ်သက်စွာ ထိုင်နေလေသည်။ ထိုလူက သူ့၏ကျဉ်းမြောင်းသောမျက်လုံးများကို မှိတ်ထားသော်လည်း စုမင်က ရှေးဟောင်း ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရသလို ခံစားခဲ့ရသည်။
“ဒါဆို မင်းက ခြေရာခံလို့မရတဲ့လူလား..”
သူ၏အေးစက်သောအသံဖြင့် စကားပြောသောအခါ ဆံနီနှင့်လူကမျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သွေးနှင့်တူသောအနီရောင်အလင်းတန်းတစ်ခုက လေထဲသို့ ပြည့်လျှံသွားလေသည်။
စုမင်က သူ့ကို သတိမထားမိပေ။ သူ၏အခြေတည်ဝိညာဉ်က ဤလူ၏ တည်ရှိမှုကို ယခုပင် မတွေ့မိသေးပေ။ သို့သော် ထိုသူနှင့်ပတ်သက်သော တည်ရှိမှုက ယခုပင် စစ်မှန်သောအစောင့်၏ခံစားခဲ့ရသည့်အရာနှင့် အတူတူပင် ဖြစ်၏။
သို့သော် ထိုအချိန်တွင် ထျန်းလင်းနှင့် အခြားသူများက စစ်မှန်သောအစောင့်ကို ဆန့်ကျင်တိုက်ခိုက်နေသောကြောင့် သူ့ရှေ့မှလူက ကိုယ်ပွားသို့မဟုတ် အခြေတည်ဝိညာဥ် ဖြစ်နိုင်သည်။
စုမင်၏မျက်လုံးများ တောက်ပလာသည်။ သူက တုံ့ဆိုင်းမနေဘဲ ပြန်ဆုတ်သွားကာ စစ်မှန်သောအစောင့်ဧ။်ကိုယ်ပွားကို ရှောင်နေဟန်တူသည်။ သူ့လုပ်ရပ်က ဆံနီနှင့်လူ ဝေဖန်သည့်အတိုင်းဖြစ်နေသည်။
“မင်းက မဟာမြေကြီးကျင့်ကြံဆင့်မှာရှိတဲ့ကျင့်ကြံသူပဲ..ငါ့ကိုယ်ပွားကို ဒီနေရာမှာထားခဲ့ရတာ အလဟဿဖြစ်ကုန်ပြီ”
ဆံနီနှင့်လူက ခေါင်းယမ်းလိုက်ပြီးသူ့ညာလက်ကို စုမင်ဘက်သို့ မြှောက်လိုက်သည်။
“ဗုန်းးးး..”
စုမင်က သွေးချောင်းဆိုးလိုက်ရပြီး တစ်ကိုယ်လုံး ချက်ချင်း ညှိုးနွမ်းသွားသည်။ သူက ဒဏ်ရာကြီးကြီးမားမား ခံစားခဲ့ရပုံရသည်။ သူ၏ ညာလက်မောင်းက လေထဲသို့ လွင့်ပျံသွားပြီး ကြိုးပျက်သွားသောစွန်ကဲ့သို့ နောက်ပြန်ကျသွားသည်။
သို့သော်လည်း ဆံနီနှင့်လူက စုမင်လက်လွှဲယမ်းစဉ် လက်အကျထဲမှထွက်လာသောပုံရိပ်တစ်ခုကို သတိမထားခဲ့မိပေ။
ထိုအရိပ်က အဆိပ်ရှိသော နကျယ်ကောင်ဖြစ်သော်လည်း
၎င်းထိုးတုပ်လိုက်သောနေရာက ကိုယ်ပွားမဟုတ်ဘဲ နေရာအလွတ်ကြီးသာဖြစ်နေသည်။ ၎င်းက လေထုထဲမှာ ရှိနေခဲ့သည်။
“ပုရွက်ဆိတ်ထက် အားနည်းတယ်”
ဆံနီနှင့်လူက မတ်တပ်ရပ်လိုက်ပြီး စုမင်ဘက်သို့ ခြေတစ်လှမ်းမလှမ်းမီ ခမောက်ကို ကောက်ယူလိုက်သည်။ သူက လေထဲ၌ ရှိနေသောအခါ သူ့ဘယ်လက်ကို နောက်တစ်ကြိမ် ထပ်၍ မြှောက်လိုက်သည်။ ဤတစ်ကြိမ်တွင် ထိုလူက စုမင် ဆုတ်ခွာသွားသောလမ်းကြောင်းရှိ လေထုကိုမဖမ်းဆုပ်မီ သူ့လက်များနှင့်မျဉ်းဖြောင့်တစ်ခုဖြစ်အောင်ဖိနှိပ်လိုက်သည်။
ထိုအချိန်တွင်ပင် အေးခဲနေသော အလင်းတန်းတစ်ခုက စုမင်၏မျက်လုံးများတွင် ဖျတ်ခနဲလင်းလက်လာသည်။ သူက ဆံနီနှင့်လူကို စိုက်ကြည့်ရင်း သူ့မျက်နှာပေါ်ရှိ ညှိုးနွမ်းနေသော အကြည့်က ချက်ချင်းပျောက်ကွယ်သွားပြီး သတ်ဖြတ်လိုစိတ်ဖြင့် အစားထိုးလာသည်။
စုမင်က လက်များကို မြှောက်လိုက်ပြီး သူ့ဘယ်ဘက်လက်ဖမိုးကို အထက်သို့ ထားလိုက်ပြီး ညာလက်ဖဝါးကို အောက်ဘက်သို့ လှည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ခပ်မြန်မြန် ပူးကပ်ပစ်လိုက်သည်။သူက ထိုလုပ်ဆောင်ချက်ကို အကြိမ်ပေါင်းများစွာ ထပ်လုပ်ခဲ့ပြီးနောက် ကံကြမ္မာ၏စွမ်းအားက သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်လာသည်။
ထိုအချိန်တွင် သူ၏အချိန်စီးဆင်းမှုကို ပြောင်းလဲနိုင်သော မြင့်မြတ်သောစွမ်းရည်က အသက်ဝင်လာခဲ့သည်။ သို့သော် သူက ထိုစွမ်းရည်ကို ဆံနီနှင့်လူအပေါ်မသုံးဘဲ သူ့ကိုယ်သူအပေါ် သုံးခဲ့သည်။
ထို့အတွက်ကြောင့် ဆံနီနှင့်လူက ရှေ့သို့ ဆက်လက်ရွေ့လျားသွားသော်လည်း စုမင်၏နောက်ပြန်ဆုတ်သွားသော ခန္ဓာကိုယ်က အချိန်ပြောင်းသွားသကဲ့သို့ ဖြစ်နေသည်။ အချိန်နောက်ဆုတ်ခြင်းက သူ ဥမင်ထဲကိုထွက်ပြေးသည့်အရှိန်ကို မြှင့်တင်ပေးသလိုဖြစ်နေသောကြောင့် ဆံနီနှင့်လူက ခေတ္တ ထိတ်လန့်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ စုမင်က ဆံနီနှင့်လူ၏ရှေ့မှာ ပေါ်လာသည်။ ဤသည်မှာ စုမင်ကိုယ်တိုင် ရှေ့သို့အရှိန်တင်ခြင်းမဟုတ်ဘဲ အချိန်က ပြောင်းပြန်ဖြစ်သောကြောင့် နောက်ပြန်ဆုတ်သွားသော လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲသွားသ ည်။ ပို၍တိကျစွာပြောရလျှင် သူက အရင်သူရှိခဲ့ဖူးသည့်နေရာသို့ ပြန်သွားနိုင်သည်။
ထိုအချိန်တွင် စုမင်က သူ့ကိုယ်သူ သွေးချောင်းဆိုးရန် အတင်းအကျပ် ခိုင်းစေခဲ့သည်။ သူက သွေးကို ဟန်ဆောင်အသုံးပြုကာ သူ့လက်မောင်းကို လွှဲယမ်းလိုက်သည်။ ထို့နောက်သူ့လက်အကျမှ နကျယ်ကောင်က ထွက်လာသည်။
ထိုအချိန်တွင် အချိန်ပြောင်းလဲသွားသည်နှင့်အမျှ နကျယ်ကောင်တွင်လည်း အလားတူအဖြစ်မျိုး ကြုံခဲ့ရသည်။ ယခုတော့ နကျယ်ကောင်မှာ စုမင်၏အနားတွင် ပေါ်လာပြီး စုမင် နောက်သို့လိုက်ရန် ရှေ့တိုးလာသော ဆံနီနှင့်လူ၏ ဘေးတွင်လည်း ရှိနေသည်။
ချွန်ထက်သောအပ်တစ်ချောင်းက နကျယ်ကောင်၏လက်ချောင်းတွင် ပေါ်လာသည်။ ၎င်းက ထိုအစွယ်နှင့် ရှေ့သို့ ထိုးဖောက်ဝင်ရောက်စဉ် ထူးဆန်းသောအလင်းရောင် တောက်ပလာသည်။ သို့သော်လည်းအစပိုင်းတွင် နကျယ်ကောင်က လွတ်နေသောလေထုကို ထိုးတုပ်မိသော်လည်း ယခုအခါ ဆံနီနှင့်လူက ထိုနေရာ၌ ရှိနေသည်။
တစ်ခါတရံ နှစ်ဖက်စလုံးက တိကျစွာစီမံထားသလိုမျိုး ဖြစ်တတ်သည်။ အဆိပ်ပြင်း နကျယ်ကောင်၏ အပ်တစ်ချောင်းက ဆံနီနှင့်လူဧ။် ညာလက်မောင်းကို မြန်မြန် ထိုးတုပ်မိသွားသည်။
အခြားသူတစ်ဦး၏အချိန်အစား မိမိအချိန်ကိုပြောင်းလဲရန် ကံကြမ္မာ၏စွမ်းရည်ကိုအသုံးပြုခြင်းသည် စုမင် ယခင်အသုံးပြုပုံနှင့်များစွာကွာခြားသွားကြောင်း ပြသနေသည်။ သူက ကံကြမ္မာစွမ်းရည်ကို အသုံးပြုရာတွင် ပို၍ပင် ကျွမ်းကျင်လာခဲ့သည်။ ထို့ပြင် သူက ထိုစွမ်းရည်ကိုအလွယ်တကူအသုံးပြုနိုင်သည်ဟူသော ခံစားချက်ကို ထုတ်လွှတ်နေသည်။
“မင်းက ကိုယ်ပွားသာသာပဲရှိတယ်..ငါ့ကိုသတ်ဖို့တွေးရဲတယ်ပေါ့...”
စုမင်က အေးစက်စွာ ရယ်မောလိုက်သည်။ ယခင်က သူလုပ်ခဲ့သမျှအရာအာလုံးသည် အဆိပ်ရှိသော နကျယ်ကောင်က ဆံနီနှင့်လူကို ထိုးသတ်ရန်ဖြစ်သည်။ နကျယ်ကောင်၏ အဆိပ်က မည်မျှ ကြောက်စရာကောင်းသည်ကို သူ ရှင်းရှင်းလင်းလင်း သိသည်။ သို့သော်လည်း အဆိပ်က မည်မျှပင် ပြင်းထန်ပါစေ ရန်သူ၏ ခန္ဓာကိုယ်ထဲသို့ မဝင်ပါက အသုံးမဝင်ပေ။
စုမင်က အဆိပ်ရှိနကျယ်ကောင်က ဤကိုယ်ပွားကို အနိုင်ယူနိုင်မည်ဟု သိပ်မယုံကြည်ခဲ့ပေ။ ထို့ကြောင့် အရာရာတိုင်းက အစီအစဉ်အတိုင်း လိုက်လျောညီထွေဖြစ်စေရန် သေချာအောင်လုပ်ခဲ့သည်။ သူ့နောက်ဆုတ်သွားခြင်းနှင့် သွေးချောင်းဆိုးခြင်းတွင် နာကျင်မှုကင်းခဲ့သည်။
ထိုအချိန်တွင် ဆံနီနှင့်လူက ပြင်းပြင်းထန်ထန် လှုပ်ခါရင်း ရှိုက်ကြီးတငင် ဟစ်အော်လိုက်သည်။ သူ၏ ညာလက်ရုံးက ချက်ချင်း အရည်ပျော်သွားပြီး ပုပ်သိုးဆွေးမြေ့မှုက အထက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့ခြေထောက်များ ယားယံလာသည်။
“ဒီအဆိပ်က ဘာလဲ..”
ဆံနီနှင့်လူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူက စုမင်ကိုသတ်ရန် အာရုံမစိုက်နိုင်တော့ပေ။ ယင်းအစား သူစုဆောင်းနိုင်သောစွမ်းအားဖြင့် သူ့ကိုယ်အမှန်တကယ်ရှိသောနေရာကိုအလျင်မြန်ဆုံး ပြန်ရန် ဖို့ကြိုးစားခဲ့သည်။ ထိုမှသာလျှင် သူ့ကိုယ်ပွားကို ဆက်လက်ရှင်သန် အောင်ထိန်းထားနိုင်မည်။
“ထွက်ပြေးနေတာလား”
စုမင်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများဖြင့် တောက်ပလာသည်။ သို့သော် သူ့ပြိုင်ဘက်က ကိုယ်ပွားဖြစ်နေသော်လည်း လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားကိုပိုင်ဆိုင်သည့်စစ်မှန်သောလောကအစောင့်တစ်ဦးဖြစ်ကြောင်း သူသိလေသည်။ ထိုလူက နကျယ်ကောင်၏အဆိပ်ကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။ ထိုသူသာ လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားကို အသုံးပြုပါက စုမင်အတွက် တိုက်ပွဲဝင်ရန် ခက်ခဲပေလိမ့်မည်။
အထူးသဖြင့် စုမင်က နကျယ်ကောင်ကိုအသုံးပြု၍ ထိထိရောက်ရောက်တိုက်ခိုက်ခဲ့သည်။ စုမင်က သူ၏ကျင့်ကြံစွမ်းအားနှင့်ရုပ်ပိုင်းဆိုင်ရာစွမ်းအားကိုအသုံးမပြုဘဲ တည်နေရာငါးခုချိပ်တံဆိပ်ကို အကာအကွယ်အဖြစ်အသုံးပြုခဲ့သည်။
စုမင်က ရတနာဘူးသီးခြောက်ကိုထုတ်ကာ အဝေးသို့ပြေးသွားသောဆံနီနှင့်လူကို စိုက်ကြည့်ရန် ချက်ချင်းပင် မျက်လုံးဖွင့်လိုက်သည်။
ရတနာဘူးက ကျင့်နန်ကျစ်၏ကိုယ်ပွားပေါ်သို့ ချိပ်တံဆိပ်ခတ်လိုက်သောကြောင့် ကိုယ်ပွား၏နှလုံးသားက တသိမ့်သိမ့် တုန်လှုပ်သွားခဲ့သည်။ ထို့နောက် စုမင်၏ အေးစက်သော အသံက သူ့နားထဲသို့ ရောက်ရှိလာသည်။
“ရတနာဘူးသီးခြောက်.. သူ့ကိုသတ်လိုက်...”