← Chapters

ခန္ဓာကိုယ်သန့်စင်ခြင်း၌ ကြီးမြတ်သော အောင်မြင်မှု။ ကြာနက်ဂိုဏ်း။

Vol. 4 Ch. 49

ခန္ဓာကိုယ်သန့်စင်ခြင်း၌ ကြီးမြတ်သော အောင်မြင်မှု။ ကြာနက်ဂိုဏ်း။

Vol. 4 Ch. 49

ကျောက်ချင်းကို သတ်ပြီးနောက် စူးချန်ခုန်းသည် သူ့နှလုံးသားထဲတွင် စိတ်ကျေနပ်မှု ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ ကျောက်ချင်းသည် သူ့အား မနာလိုသော ရည်ရွယ်ချက်များဖြင့် ကြံစည်ခဲ့ပြီး ယခု စူးချန်ခုန်း၏ လက်ဖြင့် သေဆုံးသွားခဲ့ရာ ၎င်းက သူ၏ ရာဇ၀တ်မှုများအတွက် သင့်လျော်သော အဆုံးသတ်တစ်ခုဖြစ်သည်။

သို့ပေမယ့် ခုထိ မပြီးသေးပါ။

စူးချန်ခုန်းသည် ချွေးအေးများဖြင့် အဝေးကို လှမ်းကြည့်လိုက်ရာ အနက်ရောင်ဝတ် မျက်နှာဖုံးစွပ် အမျိုးသားများသည် အမှောင်ထုထဲတွင် ဒူးလေးများကိုယ်စီ ကိုင်ဆောင်ကာ အားလုံး အံ့အားသင့်သွားကြသည်။

"အ...အရှင်ကျောက် သေပြီလား။"

"သူ့ကို တိုက်…အရှင်ကျောက် သေသွားရင် ငါတို့လည်း အသက်ရှင်တော့မှာ မဟုတ်ဘူး။"

အနက်ရောင်ဝတ်ရုံ၊ မျက်နှာဖုံးနှင့်လူတို့၏ မျက်နှာများသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရှုံ့တွနေပြီး အချို့မှာ ကျောက်ချင်းသည် စူးချန်ခုန်း၏လက်ထဲ၌ သေဆုံးသွားသည့်အတွက် အံ့သြထိတ်လန့်နေကြပြီး အချို့မှာ စိတ်ပျက်လက်ပျက်ဖြစ်ကာ စူးချန်ခုန်းကို သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

စူးချန်ခုန်း၏အသွင်သည် ဖျတ်ကနဲနှင့် အနက်ရောင်ဝတ်စုံနှင့် လူတစ်စုဆီသို့ ခုန်အုပ်လိုက်လေ၏။

"ဝှစ် ဝှစ် ဝှစ်"

အချို့သည် သူတို့ ဒူးလေးများ၏ ခလုတ်ကို ဆွဲထုတ်ကာ စူးချန်ခုန်းကို ပစ်ခတ်ကြသော်ကြလည်း သူသည် သူတို့၏ လှုပ်ရှားမှုများကို မှန်းဆထားသည့်အတိုင်း သူ့ခန္ဓာကိုယ်ကို လိမ်ဖယ်ပြီး မြှားတွေအားလုံး သူတို့ရဲ့ ပစ်မှတ်ကို လွတ်သွားသည်။

နောက်ထပ် မောင်းမတင်မီတွင် စူးချန်ခုန်းသည် သူတို့၏အပေါ်တွင် ရှိနေပြီဖြစ်သည်။

"ဒုတ်!"

စူးချန်ခုန်းသည် သနားညှာတာမှု တစ်စက်လေးမျှမရှိပါဘဲ သူ၏သံဖြတ်ဓားကို သေမင်းသမန် တံစဉ်းကြီးကဲ့သို့ အလျားလိုက် ခုတ်ပိုင်းလိုက်ရာ ခေါင်းပေါင်းများစွာ သွေးများပန်းထွက်ကာ လေထဲသို့ လွင့်ထွက်သွားလေ၏။

"သူ့ကိုသတ်၊ သတ်ပစ်!"

ကျန်နေသည့် အနက်ရောင်ဝတ် မျက်နှာဖုံးနှင့် လူတို့သည် ခါးမှ ဓားရှည်များကို ဆွဲထုတ်ကာ အရူးအမူး အော်ဟစ်လျက် စူးချန်ခုန်းထံ ချီတက်ကြလေသည်။

“ဒီလူတွေ… အများစုက ခွန်အားသန့်စင်ခြင်းနယ်ပယ်က သိုင်းပညာရှင်တွေတောင်မှ မဟုတ်ကြဘူး။”

စူးချန်ခုန်းသည် ဤအမျိုးသားအများစုသည် အခြေခံလေ့ကျင့်မှုလေးသာရှိသော သိုင်းသမားများသာဖြစ်ပြီး အရည်အချင်းပြည့်မီခြင်း မရှိသည့် သာမန်လူများသာဖြစ်ကြောင်း စူးချန်ခုန်း သုံးသပ်လိုက်သည်။

သူတို့က ဒူးလေးများ ချိန်ပြီး ခြိမ်းခြောက်ဟန်ဆောင်နေကြသော်လည်း ယခုလို အနီးကပ်တိုက်ပွဲတွင် သူတို့သည် သာမန်လူတစ်စုနှင့် မခြားပေ။

“ရွှမ်း ရွှမ်း ရွှမ်း”

စူးချန်ခုန်းသည် သံဖြတ်ဓားကို ကိုင်ဆောင်ထားပြီး သူ၏ လှုပ်ရှားမှုအလိုက် လွှဲလိုက်တိုင်း လူတစ်ယောက်၏ ဦးခေါင်းသည် မြေပြင်သို့ ပြုတ်ကျသွားကာ အသီးအရွက်များကို လှီးဖြတ်သကဲ့သို့ တစ်စုံတစ်ယောက်သည် တစ်ပိုင်းဖြတ်ခံရကာ လေထဲသို့ လွှင့်ထွက်သွားမည်ဖြစ်သည်။

စူးချန်ခုန်း အံ့အားသင့်စေတာက သူတို့၏ ညီအစ်ကိုများ သေဆုံးနေသည်ကို မြင်နေရသော်လည်း ဤလူများသည် သိသိသာသာကြီး ထိတ်လန့်နေကြသော်လည်း တစ်ယောက်မှ ထွက်ပြေးရန် မကြိုးစားကြခြင်းပင်။ ထိုအစား ခါးသီးသောအဆုံးသတ်အထိ သူ့ကို အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

“အချက်အလက်တွေ စစ်ဆေးမေးမြန်းဖို့ တစ်ယောက်ကိုတော့ အသက်ရှင်လျက် ထားလိုက်ဦးမှပဲ။” စူးချန်ခုန်းသည် အနက်ရောင်ဝတ်စုံနှင့် လူအားလုံးကို သေသေသပ်သပ် သတ်လိုက်ပြီး မျက်နှာဖုံးနှင့်လူ တစ်ဦးတည်းသာ ကျန်ခဲ့သောကြောင့် စူးချန်ခုန်း‌ သူ့ဘာသာသူ တွေးလိုက်သည်။

"အော့ အော့"

ဝတ်ရုံနက်နှင့် လူများကြားတွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူသည် အလောင်းများ၊ ဦးခေါင်းများနှင့် သားသတ်ရုံကဲ့သို့ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သွေးများကို မြင်သောအခါတွင် သူ့မျက်နှာဖုံးကို ဖယ်ရှားပြီး မနေနိုင်ဘဲ ထပ်ခါတလဲလဲ အော့အန်မိတော့သည်။

ထိုလူ အန်လို့ပြီးခါနီး၌ စူးချန်ခုန်းက ဖြေးဖြေးချင်း စစ်မေးလေ၏။ "မင်းက ဘယ်သူလဲ။ အဲ့ဒီကျောက်ချင်းက ဘာထူးခြားလို့လဲ။"

စူးချန်ခုန်း ဝတ်ထားသည့် သရဲမျက်နှာဖုံးသည် သွေးများဖြင့် စွန်းထင်းနေပြီး အမှောင်ထဲတွင် နတ်ဆိုးတစ်ကောင်လို ကြောက်မက်ဖွယ်ကောင်းနေပုံပေါ်သည်။

ဝတ်ရုံနက်နှင့် အမျိုးသားသည် ပြင်းပြင်းထန်ထန် ကိုက်လိုက်ပြီး သူ့ကံကြမ္မာကို ပိတ်လှောင်ထားမှန်း သိသဖြင့် မျက်လုံးများက စိတ်ပျက်အားငယ်မှုများ အပြည့်။ သူက စိတ်ပျက်လက်ပျက် သက်ပြင်းချကာ "ကျွန်တော်က... သာမန်ဓားပြတစ်ယောက်ပါ။ ကျောက်ချင်းနဲ့ လက်တွဲဖို့ ရွေးချယ်ခဲ့တယ်။ ကျောက်ချင်းရဲ့ အကျင့်စရိုက်က လျှို့ဝှက်ဆန်းကြယ်ပြီး..ကျွန်တော်လည်း သိပ်မသိပါဘူး။ ဒါပေမယ့် သူက ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းသားတစ်ယောက်တော့ ဖြစ်ပုံရတယ်။ သူက ကျွန်တော်တို့ကို အဆိပ်တစ်မျိုးနဲ့ ထိန်းချုပ်ပြီး သူ့အတွက် အလုပ်လုပ်ခိုင်းတယ်။ မနာခံရင် အကျိုးဆက်က သေတာထက်တောင် ပိုဆိုးတယ်။"

ဝတ်ရုံနက်နှင့်လူသည် သူသိသည့်အချက် အနည်းငယ်ကိုသာ ထုတ်ပြောခဲ့သော်လည်း အမှန်တကယ်တော့ သူ အများကြီး မသိပေ။

ကျောက်ချင်းသည် ရက်စက်ကြမ်းကြုတ်ပြီး သူ့လူများကို အဆိပ်ဖြင့် ထိန်းချုပ်ထားသည်။ အာနိသင်ကို သက်သာစေရန် ပုံမှန်အချိန်အတွင်း သူပေးသော ဆေးပြားကို လူတိုင်းသောက်ရမည်။ ထိုသို့မဟုတ်ပါက အဆိပ်ဆေးသည် သူတို့ကို အရှင်လတ်လတ် ငရဲကျစေသည့်အလား။ ယခု ကျောက်ချင်း သေဆုံးသွားသဖြင့် စူးချန်ခုန်းက သူတို့ကို အသက်ချမ်းသာပေးရင်တောင် သူတို့ အသက်ရှင်နိုင်မည် မဟုတ်တော့ပေ။

စူးချန်ခုန်းသည် ဝတ်ရုံနက်နှင့်လူက လိမ်ညာနေခြင်းမဟုတ်ပဲ မြန်မြန်သေချင်နေမှန်း သိလိုက်သည်။

"ရွှမ်း"

စူးချန်ခုန်းက သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်၏။ သူသည် ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး လျင်မြန် သပ်ရပ်သော ခုတ်ချက်ဖြင့် ထိုလူ၏ ခေါင်းကိုဖြတ်ကာ သူ့အသက်ကို အဆုံးသတ်ပေးလိုက်သည်။

"ကျောက်ချင်းရဲ့ သရုပ်မှန်က တကယ်ကို လျှို့ဝှက်ဆန်းကြယ်တယ်..."

စူးချန်ခုန်း သူ့ဘာသာသူ စဉ်းစားလိုက်သည်။ သူ့အတွက် တိုက်ပွဲဝင်ပေးဖို့ သူ၏ နောက်လိုက်များကို ထိန်းချုပ်ရန် အဆိပ်ဆေးများကို သုံးသည်။ နတ်ဘုရားခွန်အားနယ်ပယ်တွင် ရှိသည်။ သူ့ကြည့်ရတာ အဓိက အင်အားကြီးအဖွဲ့အချို့မှ ဆင်းသက်လာဖွယ်ရှိသည်။ သို့သော် အားလုံးသေဆုံးသွားပြီးနောက် စူးချန်ခုန်းသည် နောက်ထပ် စစ်ဆေးမေးမြန်းရန် နည်းလမ်းမရှိတော့ပေ။

“ဒီဒူးလေးတွေအားလုံးကို ထုပ်ပိုးပြီး ပြန်ယူသွားမယ်။”

စူးချန်ခုန်းသည် သူ့ကို ကိုင်တွယ်ရန်အတွက် ကျောက်ချင်း ဈေးကြီးကြီးဖြင့် ဝယ်ယူခဲ့သော ဒူးလေးများကို တိုက်ပွဲမြေမှ မြန်မြန်ဆန်ဆန် စတင် ရှင်းလင်းလိုက်ရာ ၎င်းတို့အားလုံး စူးချန်ခုန်း၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

စူးချန်ခုန်းသည် ဤဒူးလေးများကို ခေါက်လိုက်ပြီး အချို့ကို ခြင်းတောင်းထဲသို့ ထည့်ကာ အချို့ကို ဝတ်ရုံနက်နှင့် လူတို့၏ အဝတ်များကို အသုံးပြု၍ အထုပ်ကြီးတစ်ခုဖြင့် ထုပ်ပိုးလိုက်သည်။

ထို့အပြင် စူးချန်ခုန်းသည် သူ ဒေါသတကြီးဖြင့် လေးပိုင်းခွဲ၍ ခုတ်သတ်ခဲ့သော ကျောက်ချင်း၏ အလောင်းကိုလည်း ရှာဖွေရန် မမေ့ခဲ့ပါ။

ကျောက်ချင်း၏ခန္ဓာကိုယ်တွင် စူးချန်ခုန်းသည် အဖိုးတန်ပစ္စည်းများကို အမှန်တကယ် တွေ့ရှိခဲ့သည်။

ပထမတစ်ခုက ငွေစက္ကူ ၁၀၀၀ ကျော် ရသည်။ ဒီကျောက်ချင်းက တော်တော်ချမ်းသာတာပဲ။

“ဒီဆေးပြားတွေက… အဆိပ်ဆေးတွေလို့ ထင်ရတယ်”

ပုလင်းငယ်များစွာသည် ကျောက်ချင်း၏လူပေါ်တွင်ရှိပြီး တစ်ခုစီတွင် အနက်ရောင်ဆေးပြားများပါရှိသည်။ ကျောက်ချင်းသည် ၎င်းတို့အား ထိန်းချုပ်ရန်အတွက် အဆိပ်ဆေးများကို အသုံးပြုခဲ့သည်ဟု အနက်ရောင်ဝတ်စုံနှင့် အမျိုးသားများက ပြောခဲ့ကြောင်း စူးချန်ခုန်း သတိရသွားသည်။

ကျောက်ချင်းသည် သတ္တုတုံကင်ပြားတစ်ခုကိုလည်း ယူဆောင်လာသည်။

ဤသင်္ကေတတွင် ထွင်းထားသော ကြာနက်ပန်းက တော်တော်လေး အတိတ်နိမိတ်မကောင်းလှပေ။

"ကြာနက်ပန်းလား။ ဒါက ကျောက်ချင်းဂိုဏ်းရဲ့ သူပိုင်တဲ့တုံကင်ပြားလား။"

စူးချန်ခုန်းသည် သူ့အတွက် အသုံးမဝင်သော တိုကင်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ၎င်းကို အပြီးတိုင် ဖျက်ဆီးရန် ပန်းပဲလုပ်နေစဉ်အတွင်း ၎င်းကို အရည်ဖျော်ပစ်ရန် ကြံရွယ်ထားသည်။

"ပြီးတော့ ဒီသတ္တုလက်အိတ်တွေရောပဲ။ ဒါတွေကို ရွှေနက်နဲ့ လုပ်တာလား။ ဒီလက်အိတ်တွေက ငါ့ရဲ့ခုတ်ချက်ကို မထိခိုက်မရှိဘဲ ခံနိုင်ရည်ရှိတယ်။ ဒါတွေက ကျောက်ချင်းမှာ တန်ဖိုးအရှိဆုံးအရာဖြစ်နိုင်ပါတယ်။"

စူးချန်ခုန်းသည် ကျောက်ချင်း၏ ခန္ဓာကိုယ်မှ အနက်ရောင် သတ္တုလက်အိတ်တစ်စုံကို ဖယ်ရှားလိုက်သည်။

စူးချန်ခုန်း၏ အံ့အားသင့်သွားသည်မှာ လက်အိတ်များသည် အပျက်အစီးမရှိဘဲ သူ၏ သံဖြတ်ဓားကို ခံနိုင်ရည်ရှိရုံသာမက ထူးထူးခြားခြား လေးလံလှသည်။ လက်အိတ်တစ်စုံသည် ရှစ်ပေါင် သို့မဟုတ် ကိုးပေါင်အထိ အလေးချိန်ရှိနိုင်ပြီး သံနက်အိမ်တော်တွင် သူကြားဖူးခဲ့သည့် ရွှေနက် ရှားပါးသတ္တုအကြောင်း စူးချန်ခုန်းကို အမှတ်ရစေသည်။

ဤသတ္တုသည် အလွန်မာကျောပြီး ရွှေထက် အဆများစွာ အဖိုးတန်သည်။ ဒီလက်အိတ်တွေကိုသာ ရွှေနက် နဲ့လုပ်ထားရင် သူတို့ရဲ့စျေးနှုန်းက ငွေတစ်ထောင်ကျော်လောက်ရှိနိုင်သည်။

"ငါ့သံဖြတ်ဓားကို ပြန်သွန်းလုပ်ပြီး ဒီရွှေနက်လက်အိတ်တွေနဲ့ အရည်ဖျော်ပြီး ရောလိုက်ရင် အရည်အသွေးကို နောက်တစ်ဆင့် မြှင့်တင်နိုင်မှာ သေချာတယ်။"

ထိုသို့တွေးပြီး စူးချန်ခုန်းက ရွှေနက်လက်အိတ်တစ်စုံကို သူ့ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။

ဒါတွေအားလုံးလုပ်ပြီး‌တော့ စူးချန်ခုန်းဟာ ​​တုံ့ဆိုင်းမနေဘဲ တောထဲကနေ မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားတော့သည်။

မြေပြင်ပေါ်ရှိ အလောင်းများနှင့် ပတ်သက်၍ စူးချန်ခုန်းက ၎င်းတို့အား မကိုင်တွယ် မဖြေရှင်းခဲ့ပါ။ အလောင်းများ၊ ခြေလက်များနှင့် သွေးစွန်းကွက်များ အများအပြားကို ကိုင်တွယ်ရန် မလွယ်ကူပေ။ အခင်းဖြစ်ရာနေရာကနေ စောစော ထွက်သွားတာက ပိုကောင်းပါသည်။ လအနည်းငယ်ကြာအောင် ခပ်လျှိုလျှိုနေပြီး တစ္ဆေဈေးကို မသွားတာ အကောင်းဆုံးပင်။

တစ္ဆေဈေးကွက်သည် ပရမ်းပတာနေရာတစ်ခုဖြစ်ပြီး ဒီနေရာမှာက လက်စားချေ သတ်ဖြတ်မှုများသည် သာမန်ကိစ္စနဲ့ မခြားနားပေ။

ဒူးလေးဆယ့်ရှစ်ခုသည် သံနက်အိမ်တော်တွင် ထားရှိရန် သိသာလွန်းသောကြောင့် စူးချန်ခုန်းသည် ၎င်းတို့ကို အိမ်နှင့် မိုင်အနည်းငယ်ဝေးသော လှိုဏ်ဂူထဲတွင် သိမ်းဆည်းခဲ့သည်။

လမ်းတွင် စူးချန်ခုန်းသည် ပဓာနချီပျံ့နှံ့ခြင်းဆေးအတွက် နှစ်လ သို့မဟုတ် သုံးလစာ အလုံအလောက်ဝယ်ယူရန် ဂျင်ဆင်းမြို့သို့ ဝင်ပြီးနောက် သံနက်အိမ်တော်သို့ ပြန်သွားခဲ့သည်။

သံနက်အိမ်တော်တွင် စူးချန်ခုန်းသည် ပုံမှန်အတိုင်း ကျင့်ကြံပြီး ပန်းပဲလုပ်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ကျောက်ချင်းနှင့် တွေ့ဆုံခြင်းသည် ငွေကြေးအမြတ်အစွန်းများထက် အကျိုးကျေးဇူးများ ခံစားခဲ့ရပြီး စူးချန်ခုန်းသည် နတ်ဘုရားခွန်အားနယ်ပယ်၏ အတားအဆီးကို ကျော်ဖြတ်ကာ နတ်ဘုရားရဲစွမ်းသတ္တိအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

"တော်တော့်ကို အံ့ဩစရာပဲ… နတ်ဘုရားရဲစွမ်းသတ္တိအဆင့်ကို ရောက်ပြီးတော့ ငါ့အရေပြားအောက်က ကြွက်သားတွေက စက္ကန့်နဲ့အမျှ ကြီးထွားလာပြီး ပိုပြင်းထန်လာပုံရတယ်။ လုပ်ဆောင်ချက်တိုင်းက စွဲမက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေ သယ်ဆောင်လာတယ်။ ဟိန်းသံတစ်ချက်က သာမန်လူတွေကို လိပ်ပြာလွင့်ထွက်သွားစေပြီး သူတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေအားလုံးကိုရောပဲ။" စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကို အံ့အားသင့်နေ၏။

နတ်ဘုရားရဲစွမ်းသတ္တိအဆင့်တွင် ခန္ဓာကိုယ် သန့်စင်ခြင်း ကြီးမြတ်သော အောင်မြင်မှုသည် ခန္ဓာကိုယ် သန့်စင်ခြင်းပညာရှင်များအတွက် အထွတ်အထိပ်ဖြစ်ပြီး စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာကိုယ်တို့က တစ်သားတည်း ဖြစ်လာသည်။ လက်တစ်ဖက်တည်းနှင့် ပေါင်တစ်ထောင် နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်နိုင်ပြီး ဟိန်းသံတစ်ခုသည် အခြားသူတို့၏ စိတ်ဓာတ်အားလုံးကို ပျောက်ဆုံးသွားအောင် ခြိမ်းခြောက်နိုင်သည်။

စူးချန်ခုန်း၏ ကိုယ်လုံးကိုယ်ပေါက်သည် အံ့မခန်းအဆင့်သို့ ရောက်ရှိသွားသည်။ ကြွက်သားများသည် အလွန်မာကျောတောင့်တင်းပြီး ဓားချက်ပါးပါးလေးဖြင့်ထိုးလိုက်ပါက အရေပြားကိုတော့ ပြဲစေနိုင်သော်လည်း အရေပြားအောက်ဘက်မှ ကြွက်သားများကိုတော့ ဒဏ်ရာမရစေနိုင်ပေ…

All Chapters