နတ်ဝိညာဉ်သမင်တစ်ကောင်မှ သစ်ရွက်တောင် မထိဘဲနှင့် သစ်တောကို ဖြတ်သန်းခြင်း။
Vol. 4 Ch. 55
လူအုပ်ကြီးသည် လမ်းကြောင်းတစ်ခုဖန်တီးပေးရန် လမ်းဖယ်ပေးလိုက်ကြပြီး တုကျန်းနှင့်အတူ အနက်ရောင်ဝတ်လုံ ဘုန်းကြီးများစွာက ဂျင်ဆင်းမြို့မှ ဖြတ်သန်းသွားကြသည်။
သူသည် လူအုပ်ကြားထဲမှ ဖြတ်သွားပြီးနောက် တုကျန်း၏ မျက်နှာပေါ်ရှိ နူးညံ့သော အပြုံးသည် ပျောက်ကွယ်သွားကာ မျက်နှာသေဖြစ်သွားသည်။ "သူ့နောက်ကို လိုက်။ သူက ငါ့ရဲ့ တိမ်တိုက်ဖောက်ထွင်းလက်ဖဝါးကို ထိသွားပြီ။ သူ အဝေးကို မရောက်ဘူး။"
လက်တွေ့တွင် တုကျန်း၏ ခွန်အားနှင့်ဆိုလျှင် စွမ်းအားပြည့် လက်ဖဝါးဖြင့် ထိုးနှက်ခြင်းသည် ယန်စုန့်ကို အခင်းဖြစ်နေရာတွင်ပင် သတ်ပစ်ရန် သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားစေရန် လုံလောက်ပါသည်။ သို့သော် သူသည် သူ၏ ကျင့်ကြံခြင်း ပုံရိပ်ကို ပျက်စီးစေမည့် သတ်ဖြတ်ခြင်း ပရိသတ်ရှေ့တွင် တားမြစ်ထားသည်။
ယခု တုကျန်းသည် သူ့လူများနှင့်အတူ ထွက်လာပြီဖြစ်ရာ သူစိတ်မပူသည်မှာ သိသာပါသည်။
ယန်စုန့်ကိုတော့ သူပြောခဲ့သည့်အတိုင်းပင်။ သူ့ကိုလိုက်ရှာပြီး သုတ်သင်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။
“ကြာနက်ဂိုဏ်းကို ဘယ်သူက ဆန့်ကျင်ရဲလဲဆိုတာ ငါကြည့်ချင်သေးတယ်”
တုကျန်း၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခုက လက်ကနဲ။
“သေစမ်း… အဲ့ဒီ လူယုတ်မာ ဂတုံးက နတ်ဘုရားခွန်အားနယ်ပယ်မှာ ရောက်နေရုံတင်မကဘူး
သူ့အတွင်းအား ကျင့်ကြံမှုကလည်း တော်တော်လေး ထူးခြားပြီး နတ်ဘုရားခွန်အားနယ်ပယ်မှာတောင်မှ ငါ့ထက် အများကြီး တန်ခိုးကြီးတယ်…”
ယန်စုန့်သည် ဂျင်ဆင်းမြို့အပြင်ဘက် မိုင်ပေါင်းများစွာသို့ ထွက်ပြေးခဲ့ရပြီး ဒဏ်ရာများရှိနေသော်လည်း လောလောဆယ်တွင် သူ့ကိုယ်သူ ဆက်လက်လှုပ်ရှားနေရသည်။ သူသည် တောအုပ်ကိုဖြတ်၍ မောဟိုက်နေကာ မျက်စိရှေ့တွင် အမှောင်လှိုင်းများကို ခံစားနေရသည်။ တုကျန်း၏ လက်ဖဝါးနှင့် ထိမိသွားရာ သူသည် သူ့ကိုယ်သူ ပြိုလဲခြင်းမှကာကွယ်ရန် အတွင်းအား စိုက်ထုတ်မှုအထွတ်အထိပ်နှင့် ချီစွမ်းအင်၏အသက်ရှူမှုကို အားကိုးခဲ့ရသည်။
"ဒကာလေး ကိုယ်တော်က နတ်ဆိုး မဟုတ်ပါဘူး။ အဲ့လောက် အမြန်ကြီး ပြေးဖို့ လိုလို့လား"
ထိုအခိုက်တွင် အနောက်ဘက်မှ ခပ်ဩဩအသံတစ်ခု ထွက်ပေါ်လာရာ ယန်စုန့်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။
သူ့နောက်တွင် တုကျန်းနှင့် အခြားရဟန်းလေးငါးပါးတို့ကို လိုက်မိလာပြီဖြစ်သည်။ ယန်စုန့်က ဒဏ်ရာကြီးကြီးမားမားနဲ့မို့ အမြန်မပြေးနိုင်ပါ။
သူက ပြေးတာကို ရပ်လိုက်သည်။ ခါးမှ ဓားရှည်ကို ဆုပ်ကိုင်ထားရင်း မတ်မတ်မရပ်နိုင်သော်ငြား တိုက်ပွဲအတွက် ပြင်ဆင်နေ၏။
"မင်းက ဆရာတော်ကို စော်ကားပြီး ထွက်သွားနိုင်မယ်လို့ ထင်နေလား"
ဘုန်းကြီးများသည် ယန်စုန့် ပတ်ပတ်လည်တွင် မသိမသာ ဝိုင်းဖွဲ့ကာ သူ့ကို ထောင်ချောက်ဆင်လိုက်ကြသည်။ တစ်ယောက်ချင်းစီ၏ မျက်နှာသည် ယုတ်မာသော အပြုံးများ ဖုံးလွှမ်းနေလျက်။
စူးစမ်းလိုစိတ်ဖြင့် တုကျန်းက မေးလိုက်သည်။ "ဒီက ဒကာလေးကို မရင်းနှီးတဲ့ပုံပဲနော်။ ကိုယ်တော်နဲ့ ရန်ငြိုးထားလို့လား။"
ထိုအချိန်တွင် အရူးအမူးပြေးနေခဲ့သော ယန်စုန့်သည် အသက်ရှုရန် မျက်နှာဖုံးကို ဖယ်ပြီး သူ့မျက်နှာမှန်ကို ထုတ်ဖော်လိုက်သည်။
တုကျန်း၏အမေးကို တုံ့ပြန်သည့်အနေဖြင့် ယန်စုန့်က ပြန်ဖြေသည်။ "ငါက မင်းကိုပြောပြမယ်လို့ထင်နေလား"
တုကျန်းအပေါ် မည်သည့်အာဃာတကိုမဆို ထုတ်ဖော်ခြင်းက သူ့ပြဿနာကို အမြစ်မှ ရှင်းထုတ်စေပြီး ယန်စုန့်၏ သူငယ်ချင်းများနှင့် မိသားစုကို အန္တရာယ်ဖြစ်စေနိုင်သည်။
ဒါကိုကြားတော့ တုကျန်းက ဖိအားထပ်မပေးတော့ဘဲ နူးနူးညံ့ညံ့လေး ပြုံးလိုက်ပြီး "ဒကာလေး၊ ငါမင်းကို သတ်ပစ်မှာ မဟုတ်ပါဘူး။ ဒီဆေးကို မျိုချလိုက်ရင် ဒကာလေးရဲ့ဒဏ်ရာတွေကို ကိုယ်တော် ကုသပေးပါ့မယ်။"
တုကျန်းသည် သူ့လက်ကိုလှန်လိုက်ပြီး အနက်ရောင်ဆေးပြားကို ထုတ်လိုက်သည်။
ယန်စုန့်က အံကြိတ်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားကာ “မင်း မြည်းဂတုံးကောင်… တကယ် အဆိပ်ပြင်းတာပဲ”
ယန်စုန့်က ငတုံးမဟုတ်ပါ။ ဤဆေးလုံးသည် အဆိပ်ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း သူနားလည်သည်။ မျိုချမိလျှင် တစ်သက်လုံး ခြယ်လှယ်ခြင်းခံရလိမ့်မည်။
ယန်စုန့်သည် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရန်သူတစ်ဦး သို့မဟုတ် နှစ်ယောက်ကို သူနှင့်အတူ ဆွဲခေါ်ကာ သေသည်အထိ တိုက်ခိုက်ရန် လိုလားသည်။
"ခေါင်းမာလိုက်တဲ့ အရူးလေး!"
တုကျန်း သက်ပြင်းချလိုက်ပြီး သူ့အကြည့်တွေက အေးစက်လာသည်။
"အစ်ကိုယန်၊ ဒုက္ခရောက်နေပြီထင်တယ်!"
ထိုအချိန်တွင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြီး နှစ်ဖက်စလုံး အံ့အားသင့်သွားကြသည်။
သစ်ပင်ကြီးတစ်ပင်အောက်တွင် ပျမ်းမျှအရပ်မြင့်သော လူငယ်တစ်ဦးသည် ကျဉ်းမြောင်းသော မျက်လုံးများနှင့် အေးစက်သောအမူအရာဖြင့် ရှေ့ကို တိုးလာသည်။ သူက စူးချန်ခုန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
စူးချန်ခုန်းသည် ယနေ့ ဂျင်ဆင်းမြို့တွင်ဖြစ်ပျက်ခဲ့သမျှကို မျက်မြင်တွေ့ခဲ့ပြီး ယန်စုန့်၏သရုပ်မှန်ကို မှတ်မိသွားခဲ့သည်။ ယန်စုန့်သည် ဒဏ်ရာပြင်းထန်စွာရကာ ထွက်ပြေးသွားပြီး တုကျန်းနှင့် ဘုန်းတော်ကြီးများနှင့်အတူ လိုက်ရှာနေသည်ကိုတွေ့သောအခါ သူနောက်သို့ မလိုက်လာမီ ခေတ္တတုံ့ဆိုင်းသွားခဲ့သည်။
စူးချန်ခုန်း ရောက်လာသည့် ပထမအချက်က သံနက်အိမ်တော်၏ အရေးကိစ္စကို သိရှိရန်နှင့် သူ ပို၍ပင် စိတ်အားထက်သန်နေခဲ့သည် ဒုတိယအချက်မှာ ကြီးမားသော ကသောင်းကနင်းဖြစ်စေခဲ့သော သံနက်အိမ်တော်တွင် အဆိပ်သင့်သည့် ဖြစ်ရပ်သည် ကြာနက်ဂိုဏ်း၏ လုပ်ရပ် ဟုတ်မဟုတ် သိရှိရန်ပင်။
"တကယ်တော့ အရင်ကပြောခဲ့တဲ့ ကျောက်ချင်းဟာ ကြာနက်ဂိုဏ်းဝင်တစ်ယောက်ပဲ။"
ထိုနေရာ၌ အချိန်အတော်ကြာနေခဲ့ပြီး စူးချန်ခုန်းသည် နှစ်ဖက်ကြား ထိပ်တိုက်ရင်ဆိုင်မှုကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။ စောစောက တုကျန်းထုတ်လိုက်တဲ့ အနက်ရောင် အဆိပ်ဆေးကို ကျောက်ချင်းဆီမှာလည်း သူတွေ့ခဲ့ရသည်။ ၎င်းက ကြာနက်ဂိုဏ်းက ၎င်း၏အဖွဲ့ဝင်များကို ထိန်းချုပ်ရန် အသုံးပြုသောအရာပင်။
"ညီလေးဝမ်?"
စူးချန်ခုန်း၏ ရုတ်ချည်း အသွင်အပြင်သည် ယန်စုန့်ကို အံ့အားသင့်သွားစေခဲ့သည် ။ စူးချန်ခုန်းဒီမှာ ပေါ်လာဖို့ သူ မမျှော်လင့်ထားပေ။
စူးချန်ခုန်းဆီသို့ တုကျန်း၏ အကြည့်များ ဖျတ်ခနဲ ရောက်သွားသောအခါ သူက ပြောလိုက်သည်။ "လူကလေး၊ မင်းက ဘယ်သူလဲ။ တခြားသူတွေရဲ့ ကိစ္စမှာ ဝင်မစွက်ဖက်ဘဲနဲ့ ဝေးဝေးနေဖို့ အကြံပေးတယ်။” စူးချန်ခုန်း ခေါင်းယမ်းလိုက်သည်။ သူ့ကိုယ်သူ လူထင်ပြပြီးနောက်တွင် သူ၏ ရက်စက်သော သဘောသဘာဝကြောင့် တုကျန်းကို အလွတ်ပေးရန် မဖြစ်နိုင်တော့ပေ။
"မင်းက ကြာနက်ဂိုဏ်းရဲ့ အဖွဲ့ဝင်လား။ ချင်းရွှေမြို့ အနီးတစ်ဝိုက်က မကြာသေးမီက ပလိပ်ရောဂါကို မင်းလုပ်ခဲ့တာပဲ မဟုတ်လား"
ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ စူးချန်ခုန်းက တိုက်ရိုက် မေးလိုက်သည်။
သူပြောပြီးသည်နှင့် ယန်စုန့် အံ့သြသွားလေ၏။ လူသေဆုံးမှုနှင့် ဒဏ်ရာအနာတရများသော ချင်းရွှေမြို့တွင် လတ်တလောပျံ့နှံ့နေသည့် ပလိပ်ရောဂါအကြောင်းကို သူသိသော်လည်း စူးချန်ခုန်း၏စကားများက ဤပလိပ်ရောဂါသည် ကြာနက်ဂိုဏ်းမှ တမင်တကာဖြန့်သည်ဟု ယုံကြည်နေပုံရသည်။
စူးချန်ခုန်း၏အမေးကို တုံ့ပြန်သည့်အနေဖြင့် တုကျန်း၏ မျက်နှာပေါ်ရှိ ယခင်က စွဲညို့ဖွယ်ကောင်းသော အမူအရာများ ပျောက်ကွယ်သွားကာ အေးစက်စက်အသွင်သို့ ပြောင်းလဲသွားသည်။
"လူကလေး... စကားလုံးတွေက မင်းကို ဘေးဒုက္ခတွေ ယူဆောင်လာနိုင်တယ်။ ငါမင်းကို အသက်ရှင်ခွင့် ပေးလို့မရတော့ဘူးထင်တယ်!" တုကျန်းသည် စူးချန်ခုန်းကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် အေးစက်မှုကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ စူးချန်ခုန်း၏ စကားများက တုကျန်းတွင် သတ်ဖြတ်လိုစိတ်ကို နှိုးဆွခဲ့သည်မှာ သိသာပါသည်။
"သတိထား၊ ဒီလူယုတ်မာကြီးက တော်တော် မြင့်မားတဲ့ သိုင်းပညာစွမ်းရည်းရှိတယ်။ သူက နတ်ဘုရား ခွန်အားနယ်ပယ်ကို ရောက်နေရုံသာမက သူ့ရဲ့အတွင်းအားကလည်း ငါ့ထက်တောင် ပိုမြင့်တယ်။"
ယန်စုန့်သည် စူးချန်ခုန်း သန်မာကြောင်း သတိပြုမိသော်လည်း စွမ်းအားကြီးသော ကြာနက်ဂိုဏ်းမှ တန်ခိုးကြီးသော နတ်ဆိုးဘုန်းကြီးနှင့် ရင်ဆိုင်ရသောအခါတွင် ရလဒ်နှင့်ပတ်သက်၍ မသေချာသေးကြောင်း သတိပေးလိုက်သည်။
စူးချန်ခုန်း၏ စကားများသည် တုကျန်းကို ရန်စမိသွားခဲ့ပြီး သူ့မျက်လုံးများသည် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေရာ စူးချန်ခုန်းကို အသက်ရှင်လျက် ထားရန် ဆန္ဒမရှပေ။
တုကျန်း၏ တုံ့ပြန်မှုကြောင့် စူးချန်ခုန်း၏ စိတ်ထဲမှ သံသယများဖြစ်သော သံနက်အိမ်တော်တွင် ရေအရင်းအမြစ် အဆိပ်သင့်ခြင်း အပါအဝင် ချင်းရွှေမြို့၏ ပိုင်နက်အတွင်းမှ ပလိပ်ရောဂါသည် မတော်တဆ မဟုတ်ဘဲ ကြိုးကိုင်ထားခြင်းဖြစ်ပြီး ကြာနက်ဂိုဏ်းက ဖြစ်နိုင်ချေရှိခြင်းတို့ ခိုင်မာသွားလေပြီ။
ဘာမှမလုပ်ခဲ့ဘဲနှင့် နာကျင်စွာ သေဆုံးသွားခဲ့ရသော သံနက်အိမ်တော်မှ လူအများအပြားကို ပြန်သတိရသောအခါ စူးချန်ခုန်း၏ ကိုယ်ပိုင်လူသတ်လိုစိတ်မှာ ဆူပွက်လာခဲ့သည်။ သူ့ရဲ့ လုံ့လဝီရိယရှိတဲ့ ကိုယ်ခံပညာကြောင့်သာ မဟုတ်ရင် သူလည်း သားကောင်ဖြစ်သွားပြီး စိတ်ပျက်လက်ပျက်နဲ့ သေဆုံးသွားနိုင်သည်။
"ခုတ်!"
တုကျန်းသည် သူ့ရှေ့တွင် အနက်ရောင် လူငယ်လေး၏ အမည်ကို မသိသောကြောင့် စူးချန်ခုန်းကိုသတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူက အနည်းငယ်ပင် ကဲ့ရဲ့ကာ လည်ပင်းတစ်ဝိုက်မှ ဆုတောင်းပုတီးစေ့တစ်ကုံးကို ချွတ်လိုက်သည်။
ဝှစ် ဝှစ် ဝှစ်
တုကျန်း၏ ခိုင်ခံ့သော ချီစွမ်းအင်ကို ဆုတောင်းပုတီးစေ့များတွင် ထည့်သွင်းလိုက်သည်။ သူ့လက်များကို အပြင်းအထန် တွန်းထုတ်လိုက်သဖြင့် နေရာတိုင်းတွင် ပြန့်ကျဲနေသော ဆုတောင်းပုတီးစေ့များသည် ကျည်ဆန်များကဲ့သို့ စူးချန်ခုန်းဆီသို့ ပစ်လွှတ်လိုက်သည်။ ၎င်းတို့ သယ်ဆောင်လာသော လေပြင်းသည် စူးရှသော လေခွင်းသံနှင့်အတူ လေထဲသို့ ထိုးဖောက်သွားလေ၏။
တစ်ခုခုကို သိနေပုံရတဲ့ လူငယ်ကို သတ်ဖို့အတွက် တုကျန်းဟာ စူးချန်ခုန်း ရှင်သန်ခွင့်ကို မပေးဘဲ သူ့ရဲ့ အပြင်းထန်ဆုံး နည်းပညာကို အသုံးပြုပြီး သူ့ရဲ့ ချီစွမ်းအင်အစစ်ကို အထွတ်အထိပ်ရောက်အောင် တွန်းပို့ခဲ့သည်။
တုကျန်း၏ စစ်မှန်သော ချီစွမ်းအင်မှ လှုံ့ဆော်ပေးသည့် ဆုတောင်းပုတီးစေ့တစ်ခုစီသည် အရိုးများကို ထိုးဖောက်ကာ အသားများကို စုတ်ပြဲစေနိုင်ပြီး သာမန်လူသားများ၏ တုံ့ပြန်မှုကန့်သတ်ချက်ထက် အရှိန်အဟုန်ဖြင့် ရွေ့လျားသွားသည်။
သို့သော် စူးချန်ခုန်းအတွက် ဆုတောင်းပုတီးစေ့တစ်ခုစီ၏ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဝူချင်းရှီ။ သစ်တောခွင်း သမင်ငယ်။
ပုတီးစေ့များ နီးကပ်လာသည်နှင့်အမျှ စူးချန်ခုန်းသည် နောက်မဆုတ်ဘဲ ရှေ့သို့ တိုးသွားကာ သစ်ရွက်လေးတစ်ရွက်တောင် မထိဘဲ ပြေးလွှားနေသည့် နတ်ဝိညာဉ်သမင်တစ်ကောင်ကဲ့သို့ လှုပ်ရှားနေသော အလှကို ပြသလျက် သူ့ခန္ဓာကိုယ်သည် အနည်းငယ် ယိမ်းနွဲ့သွားသည်။
သိမ်မွေ့သော ယိမ်းနွဲ့ဟန်ဖြင့် စူးချန်ခုန်းသည် သူ့ဆီသို့ ပစ်လွှတ်နေသော ဆုတောင်းပုတီးစေ့များကို ရှောင်တိမ်းနိုင်ခဲ့ပြီး သီသီလေး လွတ်သွားခဲ့သည်။
"ဒုတ် ဒုတ် ဒုတ် ဒုတ်"
စူးစူးဝါးဝါးအော်သံများကြားတွင် ဆုတောင်းပုတီးစေ့များသည် စူးချန်ခုန်း၏အနောက်ရှိသစ်ပင်များကို ထိမှန်သွားကာ တစ်ခုစီသည် ကြီးမားသောစွမ်းအားများဖြင့် ပေါက်ကွဲထွက်ကာ ပင်စည်အတွင်း လက်သီးအရွယ်အပေါက်များကို ချန်ထားခဲ့ရာ အသွေးအသားတစ်ကိုယ်လုံးနှင့် ထိမိပါက မည်ကဲ့သို့ ကြောက်စရာကောင်းသော ထိခိုက်မှုမျိုးဖြစ်မည်ကို မှန်းဆနိုင်ပါ၏...