← Chapters

အခန်း (၁၅၀)

Vol. 10 Ch. 150

အခန်း (၁၅၀)

Vol. 10 Ch. 150

ဟန်ကျောက်ဟာ လက်ကိုင်ပုဝါ တစ်ခုကို ထုတ်ပြီး ယုနျန၏ ခန္ဓာကိုယ်မှ ရွှံ့များကို သုတ်ပေးသည်။ ထို့နောက် မြေပုံကို ထုတ်ကာ လားရာကို ကြည့်ပြီး မြစ်မှ ထွက်ခွာ၏။

တစ်နာရီကြာပြီးနောက် သူဟာ ယွမ်ကန်းကောင်တီ၏ အပြင်ဘက်သို့ မူလရုပ်ရည်နှင့် ရောက်ရှိလာခဲ့သည်။

မီတာ၄၀လောက် မြင့်မားကာ ထူထဲသည့် မြို့ရိုးကို ကြည့်ကာ မနေနိုင်ပဲ ပြောစရာစကား မဲ့သွားမိ၏။ တစ်ချက်ကြည့်လိုက်သည်နှင့် ၎င်းဟာ ဆယ်ထပ်တိုက်တစ်ခုမက မြင့်မားလှသည်ဟု ခံစားရသည်။ နှစ်ဖက်ကို လုံးကို တွေ့မြင်နိုင်ခြင်း မရှိပေ။

သို့ရာတွင် ဒီလောကရှိ သိုင်းသမားများနှင့် အုပ်စိုးသူ မိသားစု မျိုးဆက်များအတွက် မီတာ၄၀ဟာ အရမ်းကြီး မြင့်မားခြင်း မရှိပေ။ ဒီမြို့ရိုးဟာ ခွန်အားသန့်စင်ခြင်းအဆင့်အောက်ရှိ သိုင်းသမားများကိုသာ ကာကွယ်နိုင်လောက်၏။

သူ၏ စွမ်းအားကြီးမားသည့် အမြင်နှင့် ဟန်ကျောက်ဟာ မြို့ရိုးပေါ်ရှိ ချပ်ဝတ်နက်နှင့် စစ်သည်များ၊ ဒူးလေးကြီးများကို တွေ့မြင်နိုင်ပါသည်။

ထိုဒူးလေးကြီးများကို သာမန် အတွင်းအား အကာအကွယ်လွှာနှင့် သိုင်းသခင်များပင် ထိပ်တိုက် ခံနိုင်ရည်ရှိမည် မဟုတ်ပါ။

“စီရင်စုမြို့လို့ မပြောရဘူး”

ဟန်ကျောက်ဟာ သက်ပြင်းချမိ၏။ လူအုပ်နှင့် လိုက်ကာ ကျယ်ဝန်းသည့် မြို့ဂိတ်ဆီသို့ ဖြတ်သန်းခဲ့သည်။

“ဒါက အရမ်းကို ကြီးလွန်းတယ်”

ဤသည်မှာ ဟန်ကျောက်၏ ပထမဆုံးအကြိမ် ယခုကဲ့သို့ ကြီးမားသည့် မြို့ကြီးကို ဒီလောကတွင် မြင်ဖူးခဲခြင်း ဖြစ်သည်။

လမ်းများက ကျယ်ပြန့်ကာ သန့်ရှင်း၏။ ကျောက်နက်မြို့တွင် မြင့်မားသည်ဟု ယူဆနိုင်သည့် အဆောက်အအုံများဟာ ဒီနေရာရှိ နေရာတိုင်းတွင် တွေ့မြင်နိုင်ပါသည်။ ကြီးမားမြင့်ထည်သည့် အဆောက်အအုံကြီးများကို အစီအရီ တွေ့နိုင်၏။

လုယီ၏ စကားအရ ယွမ်ကန်းစီရင်စုမြို့ကို အပြင်ပိုင်းနှင့် အတွင်းပိုင်းဟူ၍ ခွဲခြားထားသည်။ ဈေးနေရာများကို ကြည့်ခြင်းအားဖြင့်.. ဆိုလိုသည်ကား အပြင်ပိုင်းပင်လျှင် အလွန် စည်ကားနေပြီး ဖြစ်၏။

ဒီနေရာတွင် ဒေသခံ ၂မီလီယံနီးပါး ရှိပါသည်။ ပြီးခဲ့သည့် ဘဝရှိ ရှေးခေတ်ကို မဆိုထားနှင့် ခေတ်သစ်၌ပင်လျှင် မြို့ကြီးတစ်မြို့ဟု ယူဆနိုင်၏။

ဤသည်မှာ စီရင်စုမြို့တော်၏ နံဘေးရှိ ရွာများနှင့် ရပ်ကွက်များကို ထည့်မတွက်သေးပေ။ မဟုတ်ပါက စုစုပေါင်း သန်းနှင့်ချီသည့် လူများ ရှိဦးမှာပါ။

ဆန်းကြယ်သည့် စွမ်းအားများ ရှိပေမယ့် နည်းပညာမရှိသည့် မြို့တစ်မြို့ဟာ လူပေါင်းများစွာကို ထောက်ပံ့ထားရခြင်းမှာ နေ့စဉ်နေ့တိုင်း ထုတ်လုပ်လာမည့် အမှိုက်ပင်လျှင် စိတ်ကူး၍ မရနိုင်အောင် ရှိသည်။

ဟန်ကျောက်ဟာ ဖြတ်သွာားဖြတ်လာ မိန်းမပျိုတစ်ယောက်ကို ခေါ်ကာ လားရာအား မေး၏။

လက်ရှိအချိန်၌ သူဟာ မြို့ပြင်ပိုင်းရှိ လုံချွမ်ဒေသသို့ ရောက်နေပါသည်။ ၎င်းဟာ ယွမ်ကန်း စီရင်စုမြို့တော်၏ တောင်ဘက်ဂိတ်တွင် ရှိသည်။

သိုင်းပညာ အကယ်ဒမီရှိသည့် ကွမ်းလင်ဒေသဟာ အရှေ့ဘက်ဂိတ်အနီးတွင် ရှိ၏။ ကြည့်ရတာ မျဉ်းဖြောင့်အတိုင်း သွားပါက အနီးဆုံးဖြစ်သည်။ သို့ပေမယ့် မိန်းမပျို၏ စကားအရ အရင်ဆုံး မြို့တွင်းပိုင်းသို့ ဝင်ရောက်ကာ မြို့တွင်းပိုင်း၏ အရှေ့ဘက်ဂိတ်မှ ပြန်ထွက်ပြီးမှ သိုင်းပညာအကယ်ဒမီဆီသို့ သွားရောက်ခြင်းဟာ အမြန်ဆုံး ဖြစ်၏။

“ကျေးဇူးပါ”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ကျေးဇူးတင်ပြီးနောက် မြို့တွင်းပိုင်းသို့ ထွက်ခဲ့သည်။ မြို့တွင်းပိုင်း၏ တောင်ဘက်ဂိတ်ကို ဖြတ်သန်းပြီးနောက် ချန်ချွမ်ဒေသသို့ ရောက်ရှိသည်။

ထိုအချိန်၌ သူဟာ ကွင်းပြင်တစ်ခုကို ဖြတ်သန်းမိ၏။ ကွင်းပြင်အလယ်တွင် ကြီးမားသည့် ကျောက်တိုင်ကြီးနှစ်ခု ရှိကြောင်းကို နားလည်လိုက်သည်။

လူအုပ်စုဟာ ကျောက်တိုင်နှစ်ခုအား ဝန်းရံနေကြ၏။ သူ၏ အမြင်အာရုံနှင့် ကျောက်တိုင်ပေါ်ရှိ လူပုံများနှင့် စကားလုံးများကို တွေ့မြင်နိုင်ပါသည်။

“ချန်ကောင်းကင်အဆင့်ပြဇယား..”

“ချီလင်အဆင့်ပြဇယား..”

ဟန်ကျောက်ဟာ သူ၏ ကျောက်စိမ်းတံဆိပ်ပြားကို စဉ်းစားမိလိုက်သည်။ အနည်းငယ် ချည်းကပ်သွားပြီးနောက် လူအုပ်နောက်မှ ကျောက်တိုင်နှစ်ခုကို စူးစမ်းကြည့်၏။

“နံပါတ်၂၉၅.. အမည်မသိ၊ အရင်းအမြစ်မသိ၊ သိုင်းပညာမသိ.. ခွန်အားသန့်စင်ခြင်းအဆင့်”

ဟန်ကျောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ချီလင်အဆင့်၏ အောက်ခြေနားတွင် သူ၏ ရုပ်ဖျက်ထားသည့် ပုံကို တွေ့ရ၏။

ကျောက်စိမ်းတံဆိပ်ပြားကို ကြည့်လိုက်ရုံဖြင့် သူ၏ အဆင့်ကို သိနေ၏။ တကယ့်ကို ကြောက်စရာကောင်းလှသည်။

ကံကောင်းစွာပင် ထိုတံဆိပ်ပြားဟာ သူ၏ ရုပ်ဖျက်မှုကို မြင်နိုင်လောက်သည့် အတိုင်းအတာအထိတော့ မရောက်ပေ။ သူ၏ အမည်၊ အရင်းအမြစ်နှင့် သိုင်းပညာတို့ကို လေထဲမှ အလိုလို သိရှိရန် မဖြစ်နိုင်လောက်ပါ။

“ဟန်”

ရုတ်တရက် ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။ လက်တစ်ဖက်ဟာ သူ၏ဘေးမှ မြင့်တက်လာပြီး ပုခုံးပေါ်သို့ ရောက်ရှိလာ၏။ မည်သည့် ခွန်အားမှ မထုတ်ထားသလို၊ မည်သည့် အတွင်းအားကိုမှလည်း လှည့်ပတ်ထားခြင်း မရှိပေ။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ တန်ပြန်တိုက်ခိုက်ခြင်း မပြုပါ။ လက်ကြီးတစ်ဖက်ဟာ သူ၏ပုခုံးကို ပုတ်လာခဲ့၏။

“ညီအစ်ကို.. ခင်ဗျားက လူသစ်လား”

ဟန်ကျောက်က လှည့်ကြည့်လိုက်ပြီးနောက် ရွှင်လန်းသည့် မျက်လုံးများနှင့် နူးညံ့သည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ကို အပြုံးတစ်ခုနှင့် ကြည့်နေ၏။

“ခင်ဗျားက ဘယ်လိုသိတာလဲ”

ဟန်ကျောက်က တည်ငြိမ်စွာ မေးသည်။

“ချင်ချွမ်ဒေသကို ကျွန်တော် ဖြတ်သွားတိုင်မှာ ချီလင်အဆင့်နဲ့ ချန်ကောင်းကင်အဆင့်ကို လာကြည့်လေ့ ရှိတယ်။ တစ်နေ့မှာ ဒီအထဲမှာ ပါဝင်လာဖို့လည်း မျှော်လင့်တယ်။

ဒါ့ကြောင့် အနီးအနားက ဒီကျောက်တိုင်တွေကို လာကြည့်လေ့ရှိသူတွေနဲ့ ရင်းနှီးနေပြီ။ ခင်ဗျားရဲ့ ရုပ်ရည်က တစ်ချက်ကြည့်တာနဲ့ မမှတ်မိနိုင်စရာ မဟုတ်ဘူးလေ" တစ်ဖက်လူက ရင်းနှီးစွာ ပြောသည်။

“ကျွန်တော် တကယ်ပဲ အခုမှ စီရင်စုမြို့တော်ကို ရောက်ဖူးတာ။ သိုင်းအကယ်ဒမီကို သွားပြီး တစ်ယောက်ယောက်ကို ရှာမလို့.. ဖြစ်နိုင်ရင် သိုင်းအကယ်ဒမီမှာလည်း နေချင်တာ”

ဟန်ကျောက်က ခေါင်းညှိတ်သည်။

“တိုက်ဆိုင်လိုက်တာ.. ကျွန်တာ်လည်း သိုင်းပညာအကယ်ဒမီမှာ လေ့လာနေတာပဲ”

လူငယ်က ပြုံးကာ ပြောသည်။

“ဒါနဲ့… ကျွန်တော့ကိုယ်ကျွန်တော် မိတ်ဆက်ဖို့ မေ့နေတာ.. ကျွန်တော့နာမည်က ယန်ပိုင်ချွမ်ပါ။ မြို့တွင်းပိုင်းက ယန်မိသားစုရဲ့ တပည့်တစ်ယောက်ပါ။ အကယ်ဒမီက လူတိုင်းက ကျွန်တော့ကို စီရင်စုမြို့ရဲ့ အကုန်သိသူလို့ ခေါ်ပါတယ်။ ကျွန်တော်မသိတာ ဘာမှမရှိဘူး”

တစ်ဖက်လူ၏ ဂုဏ်ယူသည့် လေသံကို ကြားရပြီးနောက် ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောသည်။

“ကျွန်တော်က ဟန်ကျောက်ပါ။ အစ်ကိုယန်ကို တွေ့ဆုံပါတယ်”

“ကောင်းပါပြီ။ ကောင်းပါပြီ”

ယန်ပိုင်ချွမ်က ဟန်ကျောက်၏ သိတတ်မှုကို တွေ့ရပြီးနောက် ပိုမိုတောက်ပစွာ ပြုံးသည်။ ဟန်ကျောက်၏ ပုခုံးကို ပုတ်ကာ မနေနိုင်ပြ ဟန်ထုတ်၏။

“ညီလေးဟန်.. မင်းဘယ်သူ့ကို ရှာချင်တာလဲ… သိုင်းအကယ်ဒမီမှာ လူပေါင်းထောင်ချီရှိတယ်။ ဒါပေမယ့် မင်းစကားတစ်ခွန်း ပြောလိုက်တာနဲ့ ငါမင်းကို တစ်နာရီအတွင်း ရှာပေးနိုင်တယ်”

“ကျွန်တော်ဒီကိုလာတာ စီနီယာအစ်မတစ်ယောက်ကို လာရှာတာပါ။ သူမနာမည်က လုယင်ရွှမ်းလို့ ခေါ်ပါတယ်”

ဟန်ကျောက်က ပြုံးသည်။

“ဘယ်သူ..”

ယန်ပိုင်ချွမ်၏ လေသံက မြင့်တက်သွား၏။ သူဟာ ဟန်ကျောက်၏ ပုခုံးပေါ်မှ လက်ကိုရုတ်ကာ သူ့ကို လေးနက်စွာ ကြည့်သည်။

“ဘာဖြစ်လို့လဲ.. ကျွန်တော့ရဲ့ စီနီယာအစ်မနဲ့ ပက်သက်ပြီး တစ်ခုခုမှားတာများ ရှိလို့လား”

ဟန်ကျောက်က သိလိုစွာ မေး၏။

လုယီ၏ စကားအရ လုယင်ရွှမ်းမှာ သူနှင့် ပြဿနာမတက်ခင်က အလွန်နာခံသည့် မိန်းကလေးဖြစ်သည်။ အစမ်းရှင်သန်မှု အတွင်းတွင်တော့ လုယင်ရွှမ်း၏ ပုံစံဟာ ရှင်းလင်းစွာပင် အများကြီး ပြောင်းလဲခဲ့၏။

“နေပါဦး… ငါဒီဇာတ်ကွက်ကို ပုံပြင်စာအုပ်တွေထဲမှာ အများကြီး တွေ့ဖူးတယ်။ လူငယ်တစ်ယောက်က ဇနပုတ်ကနေပြီး မြို့ကြီးကို စေ့စပ်ထားတဲ့ မိန်းကလေးကို ရှာဖို့ ထွက်လာခဲ့တယ်။ ကောင်းကင်က ချီးမြှောက်ခြင်းကို ခံရတဲ့ ပါရမီရှင် မိန်းကလေးပေါ့။ နောက်ဆုံးမှာ တစ်ဖက်လူက နှလုံးသားမဲ့စွာနဲ့ စေ့စပ်မှုကို ဖျက်သိမ်းတယ်”

“ကံကောင်းတဲ့ အတွေ့အကြုံတွေ အများကြီး အပြီးမှာ လူငယ်က နောက်ဆုံးမှာ လောကကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တယ်။ အရင်တုန်းက စေ့စပ်မှုကို ဖျက်သိမ်းခဲ့တဲ့ ပါရမီရှင်မိန်းကလေးကတော့ လူအုပ်ထဲမှာ ပျောက်ကွယ်သွားတာ ကြာပြီဖြစ်သွားရော။ နောင်တရဖို့တောင် နောက်ကျကုန်ရော”

ယန်ပိုင်ချွမ်က အသံနိမ့်စွာ ပြောသည်။ သူဟာ အရာအားလုံးကို ထိုးဖောက်မြင်ရသည့်နှယ် ရှိ၏။

All Chapters