← Chapters

အခန်း (၁၃၆)

Vol. 10 Ch. 136

အခန်း (၁၃၆)

Vol. 10 Ch. 136

ဟန်ကျောက်ဟာ လက်ဝါးနှစ်ဖက်ဖြင့် ရိုက်လိုက်သည်။ ကြောက်စရာကောင်းသည့် အတွင်းအားဟာ ပျံ့နှံ့လာပြီး သူ၏ လက်ဝါးတစ်ဝိုက်တွင် အနက်ရောင် မီးခိုးများကဲ့သို့ ဝဲဂယက်တစ်ခု ပေါ်လာခဲ့သည်။

“ဘုန်း”

ကျယ်လောင်သော အသံနှင့်တူ ဟန်ကျောက်၏ လက်ဝါးနှစ်ဖက်ဟာ နတ်ဆိုး၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွား၏။ လွင့်စင်ထွက်သွားပြီး တံခါးတွင် လူပုံသဏ္ဍာန် အပေါက်တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် တံခါးရှိ အပေါက်ဟာ လျှင်မြန်စွာ ပြန်ကောင်းလာခဲ့၏။

ထိုပုံကို တွေ့ရပြီးနောက် အနီးဆုံးဖြစ်သည့် ချန်ကျွင်း၏ ပုံရိပ်က လက်ခနဲဖြစ်သွားပြီး ပြေးဝင်သွားသည်။ အခြားလူများ တံခါးဝသို့ ရောက်ရှိချိန်၌ အားလုံးဟာ နောက်ကျသွားပြီ ဖြစ်၏။

“ငါတို့တွေ ဘာလုပ်ကြမလဲ”

ဖန်ကျန်း၏ ပုံစံက ဖြူရော်သွားသည်။

“ဘာကြောက်စရာရှိလဲ။ ချန်ကျွင်းနဲ့ဆို နတ်ဆိုးကို မြန်မြန်ဆန်ဆန်ပဲ သတ်ဖြတ်နိုင်ပါ။ ငါတို့တွေ ဒီမှာ တအောင့်လောက် တောင့်ထားရုံပဲ ရှိတယ်”

ချန်အန်းက ဂရုမစိုက်စွာ ပြောသည်။

“နတ်ဆိုးစွမ်းအင်နယ်မြေ- လက်ရှိ လေဟာနယ်နှင့် ပေါင်းစပ်ကာ ဖွဲ့စည်းထားသည့် အမှီအခိုကင်းသည့် လေဟာနယ်တစ်ခု ဖစ်သည်။ နေရာတိုင်းတွင် နတ်ဆိုးစွမ်းအင်တို့ဖြင့် ပြည့်နှက်နေ၏။ ထိန်းချုပ်သူကို မသတ်ပါက သင်သည် ထွက်ခွာနိုင်မည် မဟုတ်ပေ”

ဟန်ကျောက်ဟာ သူ၏ မြင်ကွင်းတို့ ဝေဝါးသွားသည်ဟု ခံစားရသည်။ မြေအောက် ဂူတစ်ခု၏ အတွင်းတွင် ပေါ်လာခဲ့၏။

“ဝေါ့.."

ဒီအချိန်၌ မူလက ၁မီတာကျော်သာ ရှိခဲ့သည့် လီဇက်ချပ်ဝတ်နတ်ဆိုးဟာ ၃မီတာကျော်သည့် လူ့ဘီလူးလေးသဖွယ် ဖြစ်လာပြီး ဖြစ်သည်။ အသားများ ရောထွေးနေသည့် အပြာရောင် သွေးများကို အန်ထုတ်လိုက်၏။ အတွင်းပိုင်း အင်္ဂါများ ပါလာသည်လား မသိပေ။

“မင်း.. လူသားကောင်.. ငါရုပ်ဖျက်ထားတာကို မင်းမြင်နိုင်တာလား”

“မင်းက လီဇက်ချပ်ဝတ် နတ်ဆိုးငယ်တစ်ကောင် မဟုတ်ဘူးလား”

ဟန်ကျောက်နှင့်အတူ မြေအောက်ဂူအတွင်းတွင် ပေါ်လာသည့် ချန်ကျွင်းက အသံပြုသည်။

ရှေ့ရှိ လီဇက်ချပ်ဝတ် နတ်ဆိုးဟာ သွေးကြောနှစ်ခု အထွတ်အထိပ်ရှိ ပုဂ္ဂိုလ်တစ်ယောက်နှင် နှိုင်းယှဉ်နိုင်သည့် အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်သည်။ နတ်ဆိုးများ၏ စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်နှင့် ပေါင်းလိုက်ပါက အဆင့်တူသည့် သူပင်လျှင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

“ဆွစ်”

နတ်ဆိုးဟာ ရုတ်တရက် တိုက်ခိုက်လာ၏။ သူဟာ ချန်ကျွင်းကို လစ်လျူရှုကာ ဟန်ကျောက်ကို တစ်ခါတည်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ နတ်ဆိုးတစ်ကောင်နှင့် လူတစ်ယောက်တို့ဟာ အနီးကပ်တိုက်ပွဲကို ဆင်နွှဲကြ၏။ သူတို့ဟာ လက်ရည်တူသည့်နှယ် ရှိနေကြသည်။

“ဘုန်း၊ ဘုန်း..”

ပတ်ဝန်းကျင်ရှိ နံရံများနှင့် မြေပြင်တို့ဟာ တိုက်ပွဲ၏ အားလှိုင်းရိုက်ခတ်မှုဖြင့် အကြိမ်ကြိမ် ထိခိုက်ကုန်ကြသည်။ ကြီးမားသည့် အပေါက်ကြီးများ ပေါ်ပေါ်လာ၏။

ဖုန်မှုန့်များ၊ သဲများနှင့် ကျောက်စရစ်ငယ်များဟာ အရပ်မျက်နှာ အားလုံးတို့တွင် လွင့်ပျံနေကြသည်။

“ဒီကောင်လေးက ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်က သိုင်းသမားလား”

ချန်ကျွင်းက နတ်ဆိုးနှင့် လက်ရည်တူသည့် ဟန်ကျောက်ကို ကြည့်သည်။ မနေနိုင်ပဲ သူ၏မျက်လုံးများက ပြူးကျယ်သွား၏။

ဒီကောင်လေးဟာ နတ်ဆိုးကဲ့သို့ပင် စဉ်းလဲလှပါသည်။ ခွန်အားကို ဖုံးကွယ်ထား၏။

“စုန့်ချွေ.. အရွယ်ရောက်ပြီးတဲ့ လီဇက်ချပ်ဝတ် နတ်ဆိုးက အရမ်းသန်မာတယ်။ ငါ ဒီဗိုင်းလက်နက်ကို အသက်သွင်းချင်တယ်။ မင်းငါ့ကို အချိန်ဆွဲထားပေး”

ချန်ကျွင်းဟာ ပုံမှန်အရှည်၏ သုံးပုံတစ်ပုံသာ သုံးပုံတစ်ပုံသာ ရှိသည့် ဆေဘာကျိုးတစ်ခုကို ထုတ်ကာ ဟန်ကျောက်ကို ညွှန်ကြားသည်။

သူ၏လက်ထဲရှိ ဆေဘာအကျိုးဟာ ခရမ်းရောင် အလင်းအား စုစည်းနေ၏။ ဓါးသွားကို ရင်ဘတ်ရှေ့တွင် အလျားလိုက်ထားကာ နတ်ဆိုးနှင့် လူသားတို့ကို လွှမ်းခြုံထားသည်။

သူဟာ အစကတည်းက နှစ်ယောက်လုံးကို သတ်ဖြတ်ရန် စီစဉ်ထားခြင်း ဖြစ်၏။ ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိ လူတစ်ယောက်၏ သွေးဟာ အတုအယောင် ဒီဗိုင်းလက်နက် အပိုင်းအစများအတွက် ကြီးမားသည့် အာဟာရဖြစ်သည်။ ဖြုန်းတီးလို့ မရပေ။

သို့ရာတွင် ဟန်ကျောက်ဟာ သူ၏အသံကို ကြားလိုက်သည်နှင့် ရုတ်တရက် နတ်ဆိုးနှင့် လက်ဝါးချင်းရိုက်ကာ လူကွဲသွားကသည်။

နတ်ဆိုး၏ လှံက လားရာပြောင်းကာ ချန်ကျွင်းကို တိုက်ခိုက်၏။

“စောက်ရူးကောင်.. မင်းသေချင်နေတာလား.. မင်း..”

ချန်ကျွင်းဟာ နတ်ဆိုး၏ တိုက်ခိုက်မှုကို ရှောာင်ရင်းမှ ဟန်ကျောက်ကို ကျိန်ဆဲသည်။

“ဘုန်း”

ချန်ကျွင်း၏ ကျိန်ဆဲမှုဟာ ရုတ်တရက် ရပ်တန့်သွားသည်။ ဦးခေါင်းတစ်လုံးဟာ ကောင်းကင်တွင် လွင့်စင်ထွက်သွား၏။ နတ်ဆိုး၏ ထက်မြသည့် လက်သည်းများက ဖမ်းလိုက်သည်။

“မင်း.. မင်းက လီဇက်ချပ်ဝတ် နတ်ဆိုး မဟုတ်ဘူး။ ရွှေချပ်ဝတ်ပဲ…”

ချန်ကျွင်းဟာ ထက်မြသည့် ဆူးချွန်များဖြင့် ဖုံးလွှမ်းနေသည့် နတ်ဆိုးကို ကြည့်သည်။ အံ့ဩစွာဖြင့် ဒေါသထွက်မိ၏။

ဤသည်မှာ သွေးကြောသုံးခုဆင့်ရှိ စွမ်းအားကြီး နတ်ဆိုးတစ်ကောင် မဟုတ်ပေဘူးလား။ ဘယ်လိုလုပ်ပြီး ယခုမျှအထိ ကောက်ကျစ်ရသနည်း။

“ခရက်၊ ခရက်”

နတ်ဆိုးဟာ ချန်ကျွင်းကို စဉ်းစားရန် အချိန်အများကြီး မပေးပါ။ ဦးခေါင်းကို ထက်မြသည့် သွားများဖြင့် ပြည့်နှက်နေသည့် သူ၏ပါးစပ်တွင်းသို့ တစ်ခါတည်း ပစ်ထည့်ကာ ပါးစပ်အပြည့် ဝါးစားသည်။ ထို့နောက် ခန္ဓာကိုယ်ကိုပါ ဝါးစား၏။

“မင်းကို ကြည့်ရတာ မအံ့ဩတဲ့ပုံပဲ.. သူ့ကို ဘာလို့မကယ်တာလဲ.. သူသာ သူ့ရဲ့ဒီဗိုင်းလက်နက်ကို အသုံးပြုနိုင်ရင် ငါ့ကို တိုက်ခိုက်နိုင်မလး မသိနိုင်ဘူးလေ “

နတ်ဆိုးဟာ တည်ငြိမ်နေသည့် ဟန်ကျောက်ကို ကြည့်ရင်းက နှလုံးသား၌ အခုန်မြန်သွားသည်။ နားမလည်ဟန်ဆောင်ကာ မေး၏။

“နားညည်းဖို့ကောင်းတဲ့ ယင်ကောင်လိုကောင်သေတာ မကောင်းဘူးလား”

ဟန်ကျောက်က ပြုံးသည်။ ဖြူဖွေးသည့် သွားများ ပေါ်လာ၏။

သူက ပြောရင်းနှင့် ခါးရှိ ကံကြမ္မာဖြတ်တောက်ခြင်းဆေဘာနှင့် သက်ခြွေဓါးတို့ကို ထုတ်သည်။

“မင်းရဲ့ လက်ဝါးအား ဒီလောက်ကြောက်ဖို့ကောင်းတာကို.. အခု ငါ့ကိုခုခံဖို့ ဆေဘာနဲ့ဓါးကို သုံးမလို့လား” နတ်ဆိုးဟာ မှင်သက်သွား၏။

“မင်းလာပြီး စမ်းကြည့်လေ”

ဟန်ကျောက်က ပြုံးသည်။ စကားပြောနေရင်းနှင့် သူ၏ ခန္ဓာကိုယ်တွင် သွေးချီများ မြင့်တက်လာ၏။ တစ်ချိန်တည်းတွင် နှလုံးသားထဲ၌ ရေရွတ်လိုက်သည်။

“စနစ်”

“အချက်ပေးအပိုင်းအစ ၇၅ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုသလား”

“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”

“မောက်မာတဲ့ကောင်…”

နတ်ဆိုးက ဒေါသတကြီး အော်၏။

သို့ပေမယ့် သူဟာ တိုက်ခိုက်ခြင်း မပြုပါ။ ရှေ့ရှိ ဝတ်စုံဖြူနှင့် ကောင်စုတ်ဟာ သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့၏။ စကားပြောရင်း အချိန်ဆွဲကာ သူ၏ဝမ်းဗိုက်ဟာ စားသုံးလိုက်သည့် အုပ်စိုးသူမိသားစု မျိုးဆက်ကို လျှင်မြန်စွာ အစောချေနေပါသည်။ ဒဏ်ရာများကို ကုစား၏။

“၂ကိုရွေးတယ်”

“စွမ်းရည်မှတ်- ၃၂”

“လက်ရှိကျန်ငွေ- ရွှေ၄၀လျန်”

ဟန်ကျောက်ဟာ စွမ်းရည်မှတ် ၃၂မှတ်ကို ပေါင်းထည့်ရန် အလျှင်လိုခြင်း မရှိပါ။ သူ၏ ခွန်အားဟာ နတ်ဆိုးထက် သာလွန်ပြီးဖြစ်၏။

ထို့အပြင် ပထမဆုံး တွေ့သည်နှင့် ဒဏ်ရာအပြင်းအထန် ရသွားအောင် တိုက်ခိုက်ထားသေးသည်။ တိုက်ခိုက်ပြီး တစ်ဝက်၌ နတ်ဆိုးက သူ၏ခွန်အားအပြည့်ကို အသုံးပြုပြီးပြီဟု ထင်မှသာ အမှတ်များကို ထည့်ပေါင်းရပေမည်။

ဒီနတ်ဆိုးဟာ ရှင်းလင်းစွာပင် စကားပြောသည့် အချိန်ကိုယူကာ ချန်ကျွင်း၏ ခန္ဓာကိုယ်အား အစာချေပြီး ဒဏ်ရာများကို ကုသနေ၏။ သူ့ဆီမှ ဖုံးကွယ်နိုင်မည်ဟု ထင်နေလားမသိပေ။

သူဟာ ညစ်ပက်ရာ၌ အရမ်းမထူးချွန်သော်လည်း ဝှက်ဖဲများကို အမြဲတမ်း ဖုံးကွယ်ထားမှု၌ တော်ပါသည်။ ယခုအချိန်၌ ဟန်ကျောက်ဟာ ဒီနတ်ဆိုးကို လူသားမျိုးနွယ်၏ ကြောက်ဖို့ကောင်းပုံအား ပြသရပေမည်။

“ဆွစ်”

လူတစ်ယောက်နှင့် နတ်ဆိုးတစ်ကောင်တို့ တစ်ပြိုင်နက် ရွေ့လျားလိုက်ကြသည်။

“လူသားကောင်စုတ်.. ငါ့ရဲ့ ဒဏ်ရာကုသမှုကို မင်းအချိန်မှီ မတားဆီးခဲ့ဘူး။ ဒါက မင်းအတွက် နောင်တရစရာ ဖြစ်လာစေရမယ်”

နတ်ဆိုးက အရိုင်းဆန်စွာ ရယ်၏။ သူ၏ လက်အဆုံးမှ ဓါးနှင့်တူသည့် အရိုးဓါးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ခန္ဓာကိုယ်ဟာ လေပွေတစ်ခုကဲ့သို့ မြင့်မားသည့် အမြန်နှုန်းဖြင့် လည်ပတ််လာ၏။ သူဟာ ဟန်ကျောက်၏ ကြောက်စရာကောင်းသည့် အတွင်းအားကို တိုက်ရိုက် ထိရဲခြင်းမရှိပေ။

“ကလန်၊ ကလန်၊ ကလန်”

ဆေဘာနှင့် ဓါးတို့ဟာ နတ်ဆိုး၏ အရိုးဆူးများကို ခုတ်ပိုင်းပြီး မီးပွင့်များ ထွက်ပေါ်လာစေ၏။

ထိုအချိန်၌ နတ်ဆိုးက ရုတ်တရက် တိုက်ခိုက်မှုကွင်းပြင်မှ ခုတ်ထွက်သွားကာ အော်ပြောသည်။

God Genzo:

All Chapters