← Chapters

အခန်း (၁၃၇)

Vol. 10 Ch. 137

အခန်း (၁၃၇)

Vol. 10 Ch. 137

“ကောင်လေး.. မင်းက အရမ်းသန်မာတယ်။ မင်းရဲ့ အသက်အရွယ်နဲ့ ဒီလောက်သန်မာတဲ့ အတွင်းအားနဲ့ အစစ်အမှန်ချီကို ပိုင်ဆိုင်ထားတာ တကယ့်ကို ရှားတယ်။ အခု ငါ့ဆီမှာ အညံ့ခံဖို့ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ အဲ့လိုဆို မင်းရဲ့အသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ ငါ့ရဲ့ ခွန်အားအပြည့်ကို သုံးတော့မယ်”

“လေကြီးမနေနဲ့”

ဟန်ကျောက်က နှာခေါင်းရှုံ့ကာ ဆေဘာနှင့်ဓါးတို့ဖြင့် ခုတ်ပိုင်းလိုက်သည်။ ကြောက်စရာကောင်းသည့် အားက နတ်ဆိုးကို လွင့်ပျံထွက်သွားစေ၏။ ခန္ဓာကိုယ်ဟာ နံရံနှင့် ဝင်ဆောင့်ပြီး ဖုန်မှုန့်များကို လှိုင်းထသွားစေသည်။

“သေချင်နေတာ”

ဖုန်မှုန့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ကြီးမားသည့် အနက်ရောင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

မူလက ၃မီတာရှိသည့် နတ်ဆိုးဟာ ထပ်မံ မြင့်တက်လာပြန်၏။ ကြွက်သားများ၊ အရိုးများနှင့် အရေအပြာများဟာ ပြင်းထန်စွာ ကျယ်ပြန့်လာခဲ့သည်။

ခန္ဓာကိုယ်ဟာ ရောင်ကိုင်းလာသည့်အလား ချက်ချင်းပင် ၅မီတာကို ကျော်လွန်သွားသည်။ ခန္ဓာကိုယ်‌ပေါ်တွင် ကြေးခွံနှင့်တူသည့် ခရမ်းနက်ရောင် အချပ်များ အလွှာလိုက် ဖုံးလွှမ်းနေပြီး ကြည့်ရတာ စစ်စက်လက်နက်တစ်ခုသဖွယ် ကြောက်စရာကောင်းလှသည်။

“ဘုန်း”

နတ်ဆိုး၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးဟာ ရွေ့လျားလာခဲ့သည်။ သူဟာ ပိုမို မနှေးကွေးသွားရုံမက အမြန်နှုန်းဟာ သိသိသာသာ တိုးလာခဲ့သည်။ ဟန်ကျောက်ကို ထိုးကာ နံရံထဲသို့ ကျွံဝင်သွားစေ၏။

ကြီးမားသည့် နတ်ဆိုးဟာ ကလေးငယ်တစ်ယောက်သဖွယ် ဟန်ကျောက်ကို ငုံ့ကြည့်သည်။

“မင်း.. ခွန်အားကို တကယ် ဖုံးကွယ်ထားတာလား”

ဟန်ကျောက်ဟာ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ရင်းက နတ်ဆိုးကို ထိတ်လန့်စွာ ကြည့်သည်။ သူ၏ ကြောက်ရွံ့နေသည့် မျက်လုံးများက နတ်ဆိုးကို အရူးအမူး ထရယ်စေ၏။

“ဒါတွေအားလုံးကို ယုတ်မာတဲ့ လူသားတွေဆီကနေ သင်ထားတာပဲ။ အခု မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်။ မင်းသာ ဒူးထောက်ပြီး အညံ့ခံရင်.. ငါ…”

“ငါဟာ လူသားတစ်ယောက်အနေနဲ့ လူသားဆီမှာ ဘယ်တော့မှ အညံ့မခံဘူးလို့ ကျိန်ဆိုတယ်။ နောက်ဆုံးတိုက်ကွက်ကိုကြည့်”

ဟန်ကျောက်က အော်ကာ ခန္ဓာကိုယ်အတွင်း၌ အတွင်းအားကို မြင့်တက်လာခဲ့သည်။ ဆေဘာနှင့် ဓါးကိုမြှောက်ပြီး သေသည်အထိ တိုက်ခိုက်မည့် ပုံပါ။

ထိုပုံကို တွေ့ရပြီးနောက် နတ်ဆိုး၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူဟာ သတိလက်လွတ် လုံးဝမဖြစ်ပါ။

“ဘုန်း”

သူ၏ ကြီးမားသည့် ခြေထောက်ကြီးကို လှမ်းလိုက်၏။ မြေပြင်ဟာ လှုပ်ခါသွားသည်။

“ဘုန်း”

ထိုခြေနင်းချက်ဟာ ဟန်ကျောက်ကို ထိမှန်ခြင်း မရှိပေမယ့် ကြောက်စရာကောင်းလှသည့် အားလှိုင်းက သူ့ကို လွင့်စင်သွားစေသည်။

“ငါ..”

ဟန်ကျောက်ဟာ မြေပြင်ပေါ်မှ ယိုင်နဲ့စွာ ကြိုးစားထသည်။ ဆေဘာနှင့်ဓါးဖြင့် ခန္ဓာကိုယ်ကို ထောက်ပံ့ထားပြီး တည်ငြိမ်အောင် လုပ်နေရသည်။

“ဒီနတ်ဆိုးက တစ်ခုခုပဲ.. ငါ့ရဲ့ ခုခံမှုကိုတောင် ချိုးဖျက်တော့မလို့…. အမှတ်တွေ ထည့်ပေါင်းတာပေါ့”

ထိုအချိန်၌ နတ်ဆိုးက ထိုးလိုက်ပြန်၏။ ဟန်ကျောက်၏ ပိန်ပါးသည့် ပုံရိပ်လေးဟာ ထိုလက်သီး၏ ဖုံးလွှမ်းခြင်းကို တစ်ခါတည်း ခံလိုက်ရသည်။ သူဟာ ဆေဘာကိုသာ အားနည်းစွာ လွှဲယမ်းရ၏။

“သေလိုက်တော့… ငါမင်းကို… အား”

နတ်ဆိုး၏ နှုတ်ခမ်းပေါ်ရှိ ကောက်ကျစ်သည့် အပြုံးကာ ရုတ်တရက် ရပ်တန့်သွားသည်။ ဆေဘာနှင့်ဓါးမှတစ်ဆင့် အရင်ကထက် နှစ်ဆတိုင်အောင် ပိုမိုကြောက်ဖို့ကောင်းသည့် အတွင်းအားနှင့် အစစ်အမှန်ချီဟာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ရွှမ်း”

သူ၏ ဘယ်ညာ လက်သီးနှစ်ဖက်ဟာ ဆေဘာနှင့် ဓါးတို့၏ အလယ်မှ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ နောက်ဆုံးတွင် ဆေဘာနှင့်ဓါးတို့ဟာ သူ့လည်ပင်းကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားသည်။

“ဘုန်း”

ငါးမီတာရှိသည့် ခန္ဓာကိုယ်ကြီးဟာ ပြိုလဲသွားသည်။

“မင်း.. မင်း.. ငါ့ကို လှည့်စားတာလား… မင်းရဲ့ ခွန်အားကို…”

နတ်ဆိုး၏ ဦးခေါင်းဟာ မြေပြင်ပေါ်၌ လိမ့်ဆင်းနေ၏။ သူ၏မျက်နှာဟာ မယုံကြည်နိုင်စွာ ဖြစ်နေပါသည်။

“ဟန့်”

“ညစ်ပက်ချင်တာလား.. လူသားတွေကမှ အဲ့နေရာမှာ အတော်ဆုံးကွ”

ဟန်ကျောက်က နှာခေါင်းရှုံ့သည်။ သူဟာ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို နတ်ဆိုး၏ မျက်ခုံးနှစ်ခု အကြားသို့ ထိုးသွင်းလိုက်၏။ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးသွေးတို့ကို စုပ်ယူသည်။

“အရှင် သတ်ဖြတ်ခြင်းဘုရင်က ငါ့အတွက် လက်စားချေလိမ့်မယ်။ မင်းတို့တွေ..”

နတ်ဆိုး၏ အသံဟာ တစ်ဝက်တွင် ရပ်တန့်သွားခဲ့၏။

“စိတ်မပူနဲ့.. မင်းပြောတဲ့ သတ်ဖြတ်ခြင်းဘုရင်ရဲ့ ပြာကိုလည်း အနှေးနဲ့အမြန် ကြဲပေးမယ်.. သူမင်းကို အဖော်ပြုလို့ ရတာပေါ့”

ဟန်ကျောက်က အေးစက်စွာ ပြောသည်။ နတ်ဆိုး၏ ပုံပျက်နေသည့် ဦးခေါင်းကို အပိုင်းပိုင်းဖြစ်အောင် နင်းချေလိုက်၏။

ထို့နောက် နတ်ဆိုး၏ ခန္ဓာကိုယ်အတွင်းသို့ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ထိုးစိုက်ကာ အဆုံးမသတ်နိုင်အောင် များပြားလှသည့် သွေးချီများကို စုပ်ယူသည်။

ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဟာ နတ်ဆိုး၏ သွေးချီများကို လုံးဝ စုပ်ယူပြီးနောက် ဟန်ကျောက်ဟာ ဆေဘာမှလာသည့် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ခံစားရသည်။

“ကံကြမ္မာဖြတ်တောက်ခြင်းဓါး- စိတ်ဝိညာဉ်ကိရိယာ”

“အဆင့်- အဆင့်မရှိ”

“စိတ်ဝိညာဉ်ဓါတ်- ၅%(အဆင့်မြှင့်တင်နိုင်)”

“ဆေဘာဆန္ဒ- ၆%”

“သက်ရောက်မှု- သွေးဆာခြင်း အဆင့်၃”

စိတ်ဝိညာဉ်ဓါတ်နှင့် စိတ်ဆန္ဒတို့ဟာ ၃% တိုးလာခဲ့ပြီး သွေးဆာခြင်းဟာလည်း အဆင့်၃သို့ ရောက်ရှိသွားသည်။ ဟန်ကျောက်ဟာ ယင်ဖင်းလက်ဝါးကို လှည့်လည်ကာ လေဟာနယ်အတွင်းတွင် ရွေ့လျားနေသည့် နတ်ဆိုးစွမ်းအင်ကို ခံစားကြည့်သည်။

“အဆင့်၈ ယင်ဖင်းအား… အဆင့်၈ နတ်ဆိုးဖင်းအား”

“နတ်ဆိုးဖင်းအား- ယင်ဖင်းလက်ဝါးသိုင်း၏ ယင်ဖင်းအားမှ နတ်ဆိုးစွမ်းအင်ကို စုပ်ယူခြင်းဖြင့် ပြောင်းလဲသွားသည့် အဆင့်မြင့် အတွင်းအားဖြစ်သည်။ ၎င်းဟာ အစွန်းရောက်ယင်နှင့် မကောင်းမှု၏ အေးစက်သည့် ယင်အထူးသက်ရောက်မှုကို ထိန်းသိမ်းထားပြီး ယင်စွမ်းအင်နှင့် နတ်ဆိုးစွမ်းအင်တို့ကို အသုံးပြုနိုင်ကာ ကျင့်စဉ်ကို အရှိန်မြှင့်တင်ခြင်းနှင့် အရည်အသွေး တူညီသည့် ယန်စွမ်းအင်၊ မီးအတွင်းအားနှင့် အစစ်အမှန်ချီတို့အား ဖိနှိပ်ခြင်းတို့ လုပ်ဆောင်နိုင်သည်”

လေဟာနယ်အတွင်းရှိ နတ်ဆိုးစွမ်းအင် ၈၀၊ ၉၀%လောက်ကို စုပ်ယူပြီးနောက် ယင်ဖင်းအားဟာ ဆက်လက်တိုးတက်ခြင်း မရှိတော့ပေ။

သို့ပေမယ့် နတ်ဆိုးဖင်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထိုအချိန်၌ ဟန်ကျောက်ဟာ သုံးပါးသော အနှစ်သာရအား၏ မျှခြေပျောက်ဆုံးမှု လက္ခဏာရပ်များကို ခံစားလာရပြီး ကျန်ရှိသည့် နတ်ဆိုးစွမ်းအင်များကို စုပ်ယူခြင်းအား ရပ်တန့်လိုက်သည်။

မဲမှောင်သည့် မြေအောက်လေဟာနယ်ကို ကြည့်ကာ သူဟာ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို အသုံးပြုပြီး နတ်ဆိုး၏ အလောင်းကို ခွဲလိုက်သည်။

အတွင်းထဲတွင် ချန်ကျွင်း၏ အစာမချေရသေးသည့် အလောင်းကို တွေ့ရသည်။ အလောင်းဆီမှ ဆန်မာရုအိတ်ငယ်အား ယူလိုက်၏။ ထို့နောက် မြေပြင်ပေါ်ရှိ ဆေဘာဓါးကျိုးကို ယူကာ အိတ်အတွင်းသို့ ထည့်လိုက်သည်။

“နတ်ဆိုးစွမ်းအင် နယ်မြေမှ ထွက်ခွာရန် လက်ရှိအချိန်၌ စုစည်းနေသည့် နတ်ဆိုးစွမ်းအင်များကို ဖယ်ရှားပါ” စနစ်၏ အချက်ပေးသံက ပေါ်လာ၏။

ဟန်ကျောက်ဟာ သူ၏လက်ချောင်းများကို လက်သည်းသဖွယ် ကွေးညွှတ်လိုက်ပြီး အတွင်းအားကို စုစည်းလိုက်သည်။ ထို့နောက် လက်ကိုမြှောက်ကာ လေဟာနယ် အထက်ရှိ နတ်ဆိုးစွမ်းအင်များဆီသို့ ရိုက်ထုတ်လိုက်၏။

“ဘုန်း”

သုံးပါးသော အနှစ်သာရအားဟာ မိုးကြိုးပစ်သည့်နှယ် ထွက်ခွာသွားခဲ့သည်။ သန်မာသည့် လေက တိုက်ခတ်လာပြီး မီးခိုးရောင် နတ်ဆိုးစွမ်းအင်တို့ လျှင်မြန်စွာ ပျောက်ကွယ်သွား၏။

“နတ်ဆိုးဖင်းအားက အရမ်းသန်မာလွန်းတယ်။ သုံးပါးသော အနှစ်သာရကို အရင်ကလို မချောမွေ့စေတော့ဘူး။ ဒါပေမယ့် စွမ်းအားက ထပ်တိုးလာပြန်တယ်”

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

သူက သတိပြန်လည်လာပြီးနောက် ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်တို့ လုံးဝ ပျောက်ကွယ်သွားပြီး ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

သူရှိသည့် နေရာမှာလည်း မြေအောက်လှိုဏ်တစ်ခုမှ ပြောင်းလဲသွားပြီး ဒီဗိုင်းဓါးစံအိမ်၏ ဗဟိုရှိ ဓါးထုလုပ်ခြင်း ခန်းမအတွင်းသို့ ရောက်ရှိသွား၏။ ဒီနေရာတွင် ယင်စွမ်းအင်များစွာ ရှိပါသည်။ ဝိညာဉ် အဆီအနှစ်လုံးက စတင် စုပ်ယူ၏။

“ငါ အမြန်ဆုံး ထွက်သွားဖို့ လိုတယ်”

ဟန်ကျောက်ဟာ ဓါးထုလုပ်ခြင်း ခန်းမအတွင်းရှိ ယင်စွမ်းအင် အားလုံးတို့ကို စုပ်ယူပြီးအောင် စောင့်ပြီးနောက် တံခါးဆီသို့ အမြန်ပြေးသွားသည်။ သူဟာ လမ်းလျှောက်ရင်းနှင့် သတ်ဖြတ်သွား၏။

ခုနက အစမ်းရှင်သန်မှုတွင်လည်း သူဟာ နတ််ဆိုးကို အောင်မြင်စွာ သတ်ဖြတ်ခဲ့သည်။ နော်ကဆုံးတွင် ညနှောာင်းပိုင်း၌ သတ်ဖြတ်ခြင်းဘုရင် ရောက်ရှိလာပြီး တစ်ကွက်တည်းနှင့် သူဟာ နေရာမှာတင် သေဆုံးသွားခဲ့သည်။

အချိန်ကို ကြည့်ရတာ ၅နာရီ၊ ၆နာရီလောက် ကြာပါက ရောက်လာပေလိမ့်မည်။ သူဟာ ယင်စွမ်းအင်တို့ကို အမြန်ဆုံး စုပ်ယူပြီး ချက်ချင်း ဆုတ်ခွာမှာဖြစ်၏။ ဒီခရီးစဉ်တွင် သူဟာ လုံလုံလောက်လောက် အကျိုးအမြတ် ရရှိပြီး ဖြစ်သည်။

ကျိုကျိုးဟာ အဝင်ဝအနီးသို့ ရောက်ရှိလာပြီးနောက် လျန်မိသားစုမှ ညီအစ်မ သုံးဦးတို့၏ တစ်ယောက်ကိုယ်တစ်ယောက် ကျောပေးကာ တြိဂံပုံ အခင်းအကျင်းတစ်ခုကို ဖွဲ့စည်းထားခြင်းအား တွေ့လိုက်ရသည်။

သုံးယောက်သားဟာ အစိမ်း၊ ရွှေနှင့် အပြာရောင် မြားများကို ကိုင်ထားပြီး သန်မာသည့် လေ၊ မိုးကြိုးနှင့် ရေခဲစွမ်းအားတို့ သယ်ဆောင်လာသည့် မြားတံများကို ဆက်တိုက် ထုတ်လွှတ်နေကြသည်။

God Genzo:

All Chapters