← Chapters

အခန်း (၁၃၈)

Vol. 10 Ch. 138

အခန်း (၁၃၈)

Vol. 10 Ch. 138

ပတ်ဝန်းကျင်ရှိ မိစ္ဆာအလောင်းနှင့် သွေးအလောင်းတို့ကို သတ်ဖြတ်နေ၏။ သူမတို့၏‌ နံဘေး မြေပြင်ပေါ်တွင် ဖန်ကျန်း၏ မပြည့်စုံတော့သည့် အလောင်းဟာ လဲလျောင်းနေ၏။ သို့ပေမယ့် ချန်ကျီနှင့် ချန်အန်းတို့ဟာ ရှိမနေတော့ပါ။

“ဒုတိယညီမ… သတိထား”

ထိုအချိန်၌ လျန်ချန်းရွှယ်၏ မျက်နှာက ဖြူရော်သွားပြီး မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။ သူမ၏ ပုံစံဟာ သက်တောင့်သက်သာ မရှိလှပေ။

တြိဂံပုံ အခင်းအကျင်း၏ ထောင့်တစ်ခုဟာ ရုတ်တရက် လစ်ဟာသွားပြီး လျန်ချန်းယုနှင့် လျန်ချန်းပင်တို့၏ ဖိအားဟာ ရုတ်တရက် တိုးလာခဲ့သည်။ ခဏတာအတွင်း မိစ္ဆာအလောင်းနှင့် သွေးအလောင်းတို့ဟာ သူမတို့ကို ဝန်းရံလာခဲ့၏။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်၏ ပုံစံက ပြောင်းလဲသွားသည်။ သူမတို့ဟာ သူ့ကို ငွေ၂၀၀၀၀လျန် ပေးရပေဦးမည်။

“ဘဇ်၊ ဘဇ်၊ ဘဇ်”

သက်ခြွေဓါးအတွင်းသို့ အစိမ်းနုရောင် သက်ရှည်အစစ်အမှန်ချီနှင့် ရွှေရောင် သန့်စင်သောယန် ဗာဂျရာအစစ်အမှန်ချီတို့ ဝင်ရောက်သွား၏။ ဓါး၏ ကိုယ်ထည်က လျှင်မြန်စွာ တုန်ခါလာခဲ့သည်။

“ဆွစ်”

ငွေရေခဲကဲ့သို့ ဓါးဟာ ရုတ်တရက် ဓါးအိမ်မှထွက်လာပြီး ဓါးပျံတစ်ခုအဖြစ် ဟန်ကျောက်က ပစ်လိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ ခြေထောက်အောက်၌ အတွင်းအားတို့ ထွက်ပေါ်လာပြီး ခြေထောက်ဆောင့်ကာလိုက်ရာ မြေပြင်တွင် ချိုင့်ငယ်တစ်ခု ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ဟာ ရှေ့သို့ ထွက်ခွာသွားပြီး ပျံသန်းနေသည့် သက်ခြွေဓါးကို အမှီလိုက်၏။

တစ်ချိန်တည်းတွင် ညာဘက်လက်က ဓါးရိုးကို ကိုင်ဆွဲလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ အဆုံးမသတ်နိုင်သည့် ဓါးချီများနှင့် အစစ်အမှန် ချီများ၏ သယ်ဆောင်ခြင်းကို ခံရပြီး မြေပြင်ကိုယှက်ကာ ပျံသန်းခဲ့သည်။

“ဘုန်း”

ဓါးချီက လေကို ထိုးခွဲကာ ဟန်ကျောက်၏ ပတ်ဝန်းကျင်တွင် သုံးပါးသော အနှစ်သာရအားတို့ လှည့်လည်နေ၏။ အနီးအနားရှိ မိစ္ဆာအလောင်းများနှင့် သွေးအလောင်းများကို လွင့်စင်ထွက်သွားစေသည်။

လျန်ညီအစ်မ သုံးယောက်တို့ဟာ မှင်သက်နေကြ၏။ ဝတ်စုံဖြူနှင့် ချောမော့သည့် လူငယ်၏ ဓါးပျံနှင့်အတူ စီးဆင်းလာပုံကို တွေ့လိုက်ရသည်။ သူဟာ ဓါးနှင့် တစ်သားတည်း ရှိသည့်အလား ရှိ၏။

ဓါးပျံဟာ အလွန်တိုတောင်းသည့် အချိန်လေးအတွင်းတွင် ဆယ်မီတာကျော်ကို ဖြတ်ကျော်လာခဲ့သည်။ သူမတို့၏ ရှေ့တွင် ချက်ချင်းပင် ပေါ်လာခဲ့၏။

ဓါးပျံဖြတ်သန်းလာသည့် တည့်မတ်သည့် မျဉ်းတစ်လျှောက်ရှိ မိစ္ဆာအလောင်းနှင့် သွေးအလောင်းကောင်တို့ဟာ မြေပြင်ပေါ်သို့ လဲကျကုန်ပြီး ပြန်မထနိုင်ကြ‌ပေ။

“ဒါက… သခင်လေးလား.. ရှင်က”

သေမျိုးလောကသို့ သက်ဆင်းလာသည့် နတ်ဘုရားအလား ဟန်ကျောက်ကို ကြည့်ကာ လျန်ချန်းယု၏ မျက်လုံးများက လင်းလက်သွားသည်။

ဒီအချိန် သူဟာ ထူးခြားမှု သတ္တဝါများ၏ ဝန်းရံမှုကို ဖျက်ဆီးလိုက်ရုံမက သူမ၏ သတိတရား အားလုံးတို့ကိုပါ ဖျက်ဆီးပစ်လိုက်သည်။

“ရှင်က.. သခင်လေးစုန့်လား”

အမျိုးသမီး သုံးယောက်တို့၏ အံ့ဩနေသည့် အသွင်များကို ကြည့်ကာ သူ၏ ချောမောသည့် မျက်နှာကို ထိကိုင်ကြည့်ပြီးနောက် ဟန်ကျောက်ဟာ ချက်ချင်းပင် တုံ့ပြန်လာခဲ့သည်။

ခုနက နတ်ဆိုးနှင့် အားကုန် တိုက်ခိုက်ခဲ့ရာ သူ၏ ရုပ်ဖျက်မှုတို့ ကျရှုံးသွားသည့် ပုံပါ။ ယခုအချိန်၌ မျက်နှာဖုံးလည်း မဝတ်ထားရာ သူ၏ မူလရုပ်ရည်ဟာ ပေါ်လာခဲ့၏။

“ဟုတ်ပါတယ်”

ဟန်ကျောက်က ခေါင်းညှိတ်ကာ ဓါးကို လွှဲယမ်းလိုက်သည်။ ချီများ ထွက်ပေါ်လာပြီး အမျိုးသမီး သုံးယောက်တို့ကို ဝန်းရံနေသည့် များပြားလှသည့် မိစ္ဆာအလောင်းများဟာ ခုတ်ပိုင်းခံလိုက်ရသည်။

“ဒါဆို.. ဒါက သခင်လေးစုန့်ရဲ့ အစစ်အမှန် ရုပ်ရည်ပေါ့” လျန်ချန်းရွှယ်က ဟန်ကျောက်ကို မှင်သက်စွာ ကြည့်သည်။

သူဟာ မူလက စုန့်ချွေထက်ပင် ပိုမိုချောမောကာ ယောကျားဆန်နေ၏။ ထို့အပြင် များစွာ ငယ်ရွယ်သွားပြီး ကြည့်ရတာ အသက်၂၀လောက်သာ ရှိသေးသည့်ပုံပါ။

“ဒုတိယညီမ”

လျန်ချန်းယုက အော်ကာ ငိုင်တိုင်နေသည့် ဒုတိယညီမကို သတိပေးလိုက်သည်။ လက်ထဲရှိ လေစွမ်းအင်မြားကို တင်လိုက်၏။

“ကျွန်တော်ရှင်းလိုက်မယ်”

ဟန်ကျောက်က သက်ခြွေဓါးကို ပြန်ထည့်ကာ စမ်းကြည့်ရန် တာဆူနေပြီး ဖြစ်သည့် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ဆွဲထုတ်သည်။ တစ်ဖက်ရှိ မိစ္ဆာအလောင်းအုပ်ဆီသို့ ပြေးဝင်သွား၏။

မိစ္ဆာအလောင်းနှင့် သွေးအလောင်းများကို သတ်ဖြတ်ခြင်းမှ ရရှိသည့် ယင်စွမ်းအင်များဟာ များပြားခြင်း မရှိပေမယ့် မဆိုးလှဟု ဆိုရပေမည်။ ဖြုန်းတီးလို့မရပေ။

ထူးခြားမှုကို နောက်ကြိမ် ထပ်မံကြုံတွေ့ရန် လွယ်ကူခြင်း မရှိပါ။

“အာ…”

ဟန်ကျောက်၏ မိစ္ဆာအလောင်းများကို ဟင်းရွက်ကန်စွန်းရွက် ဖြတ်သည့်နှယ် သတ်ဖြတ်နေပုံအား‌ တွေ့ရပြီးနောက် လျန်ချန်းယုဟာ မနေနိုင်ပဲ မှင်သက်သွားခဲ့သည်။

တကယ်တော့ သူမတို့ဟာ ထူးခြားမှုအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမှာ မိစ္ဆာအလောင်းနှင့် သွေးအလောင်းများကို သတ်ဖြတ်ခြင်းဖြင့် ဒီဗိုင်းလက်နက်အတွက် ယင်စွမ်းအင် စုပ်ယူနိုင်ရန် ဖြစ်သည်။

သို့ရာတွင် ယင်စွမ်းအင်၏ စုစည်းနေမှုဟာ သူမတို့ ထင်ထားသည်ထက် ကျော်လွန်နေ၏။ မိစ္ဆာအလောင်း အရေအတွက်ဟာ အလွန်အကျူး များပြားနေခဲ့သည်။

သူမတို့အနေနှင့် ပိုမိုများပြားသည့် ယင်စွမ်းအင်များကို စုပ်ယူချင်ပေမယ့် သက်လုံအားဟာ ကုန်ခမ်းပေတော့မည်။ ယခုအချိန်၌ စုန့်ချွေက လာရောက်ရှင်းလင်းပေးရာ အဆင်ပြေသွားသည်။

မကြာခင် ဟန်ကျောက်ဟာ မိစ္ဆာအလောင်းနှင့် သွေးအလောင်း ၁၀၀ကျော်တို့ကို သတ်ဖြတ်ခဲ့၏။

“သခင်လေးစုန့်.. ကျေးဇူးပြုပြီး ကျွန်မတို့သုံးယောက်ကို ကာကွယ်ပေးပါ။ ကျွန်မတို့တွေ အံ့ဖွယ်သုံးပါးမြားကို အသုံးပြုပြီး တံခါးကို ပစ်ဖွင့်ချင်လို့ပါ။ ဒီနေရာကနေ ထွက်လို့ရအောင်”

လျန်ချန်းယုက ရှေ့သို့တက်ကာ ပြောသည်။

“ကောင်းပါပြီ”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ သူဟာ အတွင်းအားအချို့ကို ချန်ထားနိုင်မည်ဖြစ်ရာ ရက်ရက်ရောရောပင် သဘောတူ၏။

ရိုးရိုးသားသား ပြောရလျှင် သူဟာ အတွင်းအားအများကြီးကို အသုံးမပြုခဲ့ရပေ။ ထို့ကြောင့် သူ၏သက်လုံဟာ အလွန်ကောင်းနေဆဲ ရှိ၏။ နောက်ထပ်တစ်ရက်လောက် တိုက်ခိုက်နိုင်ပါသေးသည်။

ညီအစ်မသုံးယောက်တို့က တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းကပ်ကာ လျန်ချန်းရွှယ်က လေးတင်ဟန်ပြုသည်။

သူမတို့၏ မြားများဟာ အတူတူ စုစည်းလာပြီး လေ၊ ရေခဲနှင့် မိုးကြိုးစွမ်းအားတို့ ပါဝင်သည့် မြားတံတစ်ချောင်း စုစည်းလာပြီး တံခါးဝသို့ ချိန်ရွယ်လိုက်သည်။

သုံးရောင်ခြယ်သက်တန့်မြားတံဟာ လေကို ခွင်းသွား၏။ မျက်စိတစ်မှိတ် အတွင်းတွင် လျှင်မြန်စွာ ကျယ်ပြန့်လာပြီး အချင်း ၅မီတာလောက် ရှိသည့် ကြီးမားသည့် အလင်းလုံးကြီး သုံးခုအဖြစ် ပြောင်းလဲသွားသည်။

ရွှေနှင့်အနီရောင် ပူလောင်သည့် လေဟာ ပတ်ဝန်းကျင်ကို ပေါက်ကွဲထွက်သွား၏။

“ဘုန်း”

ကမ္ဘာတုန်မတတ် မြည်ဟည်းသံနှင့်အတူ အလင်းလုံးဟာ ပျက်ပြယ်သွားသည်။ တံခါးလည်း လုံးဝ ပျောက်ကွယ်သွား၏။ ပတ်ဝန်းကျင်ရှိ မြေဟာ အနက်နီရောင် ပြောင်းသွားသည်။

အလယ်တွင် ချော်ရည်ကဲ့သို့ အရည်များပင် ပေါ်လာ၏။ အနီရောင် အရည််များ စုစည်းနေသည့် နုန်းမြေတစ်ခုနှယ် ရှိနေသည်။

“ဖာခ့်”

ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ဤသည်မှာ ဒီဗိုင်းလက်နက်၏ စစ်မှန်သည့် စွမ်းအားလေလား။

ပြီးပြည့်စုံသည့် သုံးပါးသော အနှစ်သာရအားကို မဆိုထားနှင့် သူ့အနေနှင့် သုံးမှတ်မူလပြန်အတတ်ကို ကျင့်ကြံပြီးလျှင်တောင် ဒီမြားချက်ကို ထိပ်တိုက်ကြုံရပါက သေဆုံးလောက်ပါသည်။

“အရမ်းကို စွမ်းအားကြီးသည့် ပိုက်ဆံရှိ ညီအစ်မသုံးဖြစ်သည်။ ကောင်းကောင်းဖမ်းဆုပ်ရန် အကြံပေး၏”

ချက်ချင်းပင် အချက်ပေးစာသားတစ်ခု ပေါ်လာခဲ့သည်။

“သခင်လေးစုန့်.. အခင်းအကျင်း ယာယီ ပျက်စီးသွားတုန်း ကျွန်မတို့ မြန်မြန်ထွက်ကြမယ်”

လျန်ချန်းရွှယ်၏ အားနည်းသည့် အသံက ထွက်ပေါ်လာ၏။ အမျိုးသမီးသုံးယောက်ဟာ မြေပြင်ပေါ်သို့ အားနဲစွာ ပြိုလဲကုန်ကြပြီး မျက်နှာများက ဖြူရော်နေပါသည်။

ဟန်ကျောက်ဟာ သတိလည်လာပြီးနောက် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဓါးကို ပြန်သိမ်းလိုက်သည်။

အမျိုးသမီး သုံးယောက်အကြားသို့ ခုန်ဝင်ကာ လျန်ချန်းရွှယ်၏ အင်္ကျီကော်လံကို ညာလက်နှင့်ကိုင်ကာ သူမကို သူ၏နောက်ကျောသို့ ပစ်လိုက်သည်။

လျန်ချန််းယုနှင့် လျန်ချန်းပင်တို့၏ သွယ်လျသည့် ခါးများကို ဖက်၏။ ထို့နောက် လှုပ်ရှားမှုအတတ်ကို အသုံးပြုကာ အတွင်းအားနှင့် အစစ်အမှန်ချီတို့ ထွက်ပေါ်လာခဲ့သည်။ ၁၀မီတာကျော် ခုန်ထွက်ကာ အသက်တစ်ကြိမ်ရှူစာအတွင်း တံခါးမှ ထွက်ခွာသွား၏။

သူ၏ခန္ဓာကိုယ်ဟာ လေထဲရှိ အမြင့်၁၀မီတာကျော်တွင် ရှိနေပါသည်။ သို့ပေမယ့် သူဟာ အောက်မှလာသည့် ကြောက်စရာကောင်းသည့် အပူကို ခံစားရဆဲ ရှိသည်။

ကံကောင်းစွာပင် အတွင်းအားက ခန္ဓာကိုယ်နှင့် သူနှင့် ထိစပ်နေသည့် ညီအစ်မသုံးယောက်တို့ကို ကာကွယ်ထားသည်။

သုံးယောက်တည်း ရှိ၍သာ တော်တော့သည်။ နောက်တစ်ယောက်သာ အပိုထပ်ပေါင်းလာပါက သူ့အနေနှင့် မည်သည့်နေရာတွင် ထားရမည်ကို သိတော့မည်မဟုတ်ပေ။

သူဟာ နောက်သို့ လှည့်ကြည့်သည်။ လျှင်မြန်စွာ ပြန်ကောင်းလာနေသည့် တံခါးကို တွေ့ရ၏။ ပူလောင်သည့် အနီရောင်မြေဟာ အခိုးအငွေ့များ ထွက်ပေါ်လာပြီး အလယ်ရှိ ပေါက်ကွဲသွားသည့် အပေါက်ဆီသို့ စုစည်းကာ ပြုပြင်ပေးသည်။

“နေကြဦး”

ထိုအချိန်၌ စံအိမ်အတွင်းဘက်မှ အော်သံနှစ်ခု ထွက်ပေါ်လာ၏။ ချန်ကျီနှင့် ချန်အန်းတို့ဟာ အသက်ရှင်ဆဲ ရှိကြသည်။

သူတို့ဟာ အပြီးတိုင် ပြန်ကောင်းပြီးခြင်း မရှိသေးသည့် အပေါက်ကို အခွင့်ကောင်းယူကာ ထွက်ပြေးလာကြသည်။ နှစ်ယောက်သားဟာ စုတ်စုတ်ပြတ်ပြတ် ရှိနေ၏။

All Chapters