အခန်း (၁၃၉)
Vol. 10 Ch. 139
သူတို့၏ ရင်ဘတ်၊ လက်နှင့် ပေါင်များတွင် သွေးများ စွန်းနေသည်။ အချို့ ဒဏ်ရာများဆိုလျှင် ချည်နှောင်ခြင်း အားဖြင့်ပင် လျှင်မြန်စွာ ပြန်ကောင်းနိုင်ခြင်း မရှိသေးပေ။
အားပြတ်စွာဖြင့် မြေပြင်ပေါ်တွင် လဲကျနေသည့် လျန်ညီအစ်မ သုံးဦးတို့ကို ကြည့်ကာ သူတို့၏ မျက်လုံးများက ထူးဆန်းသွားသည်။ မနေနိုင်ပဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြ၏။
“မလာကြနဲ့”
တစ်ဖက်လူနှစ်ဦး၏ ကောင်းသောလာခြင်းမျိုး မဟုတ်သည့် ပုံကို တွေ့ရပြီးနောက် လျန်ချန်းယုက ကြိုးစားကာ မတ်တပ်ထရန် လုပ်သည်။ ရပ်တန့်ရန် အော်လိုက်၏။
တစ်ချိန်တည်းတွင် သူမဟာ သွေးမျိုးဆက် စွမ်းအားကို အသက်သွင်းဟာ လက်ထဲရျိ လေစိတ်ဝိညာဉ်မြားကို စုစည်းလိုက်သည်။
ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က ရှေ့သို့တက်သည်။ ဘောစိမမအား ထိခိုက်အောင်လုပ်ခြင်းမှာ ဖအေကို သတ်ခြင်းနှင့် တူ၏။
“စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”
လျန်ချန်းယု၏ တိုက်ခိုက်ရန် ခွန်အားရှိသေးရန် ပေါ်ပုံကို တွေ့ရပြီးနောက် ချန်အန်းဟာ ရပ်တန့်သွားပြီး အနည်းငယ် တုံ့ဆိုင်းသွားပုံပါ။
သူဟာ သူမတို့၏ ခန္ဓာကိုယ်များပေါ်မှ ဒီဗိုင်းလက်နက်များကို လုယူချင်သော်လည်း တစ်ဖက်လူသာ အတင်း သွေးစတေးမှု ပြုလုပ်ပါက သူတို့ပါ အတူတူ သေဆုံးရမှာပါ။
ထို့အပြင် တစ်ဖက် အမျိုးသမီးသုံးယောက်၏ ဒီဗိုင်းလက်နက်များဟာ သူတို့ထက် များစွာ ပိုမိုသန်မာ၏။ အလွန် သိသာလွန်းသဖြင့် သူတို့ကိုယ်ပေါ်ရှိ အတုအယောင် ဒီဗိုင်းလက်နက် အပိုင်းအစများကို အကြောက်တရားတို့ပင် ထွက်ပေါ်လာစေသည်။
ကြည့်ရတာ သူမတို့တွင် ရှိသည်မှာ အပိုင်းအစ မဟုတ်ပဲ ပြီးပြည့်စုံသည့် အတုအယောင် ဒီဗိုင်းလက်နက် ဖြစ်ပုံပါ။
ချန်ကျီက ဟန်ကျောက်၏ အဖြူရောင်အင်္ကျီနှင့် ခါးရှိ အနက်ရောင်အိတ်ကို လက်ညှိုးထိုးကာ မျက်မှောင်ကြုတ်သွားသည်။
“ရှင်က စုန့်ချွေလား… ချန်ကျွင်းရဲ့ ဆန်မာရုအိတ်က ဘာလို့ ရှင့်ဆီမှာ ရောက်နေတာလဲ”
“နတ်ဆိုးနဲ့အတူတူ သူသေသွားခဲ့တာ”
ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။
“လီဇက်ချပ်ဝတ် နတ်ဆိုးငယ်လေး တစ်ကောင်က ချန်ကျွင်းလို သွေးကြောနှစ်ခု အထွတ်အထိပ်အဆင့်က လူတစ်ယောက်ကို သတ်နိုင်မှာလား။ ငါတို့ကို ငတုံးလို့ ထင်နေတာလား။ မင်း.. ရည်ရွယ်ချက်ရှိရှိနဲ့ ရုပ်ဖျက်ပြီး ငါတို့အဖွဲ့ထဲကို ဝင်လာခဲ့တယ်။ မပြောပြနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိရမယ်”
ချန်အန်း၏ ပုံစံက မဲမှောင်သွား၏။
“အဲ့ဒါတော့ အမှန်ပဲ”
ဟန်ကျောက်က လက်နှစ်ဆက်ကို ဆန့်သည်။
“မင်းလို သေမျိုးသိုင်းသမားတစ်ယောက်က မသေပဲ ဘယ်လိုလုပ်ပြီး ချန်ကျွင်းက သေသွားနိုင်မှာလဲ.. မင်းသူ့ကို အလစ်တိုက်ခိုက်တာမလား.. ဆန်မာရုအိတ်ကို ငါ့ကိုပြန်ပေး”
ချန်အန်းက လက်ထဲရှိ ဆေဘာဓါးကျိုး၏ ဓါးရိုးကို ကိုင်ကာ တိုက်ခိုက်ရန် ပြင်သည်။
“ေကာင်းပြီ”
ဟန်ကျောက်က သူ၏ခါးရှိ ဆန်မာရုအိတ်ကို ယူကာ ပစ်ပေးလိုက်သည်။
ချန်အန်းဟာ မှင်သက်သွား၏။ ခဏတာအတွင်း တုံ့ပြန်နိုင်ခြင်း မရှိပဲ ဖြစ်သွားသည်။ နောက်မှ ဆန်မာရုအိတ်ကို အမြန်ဖမ်းရ၏။
စုန့်ချွေကို အလွန် ကြောက်တတ်မည်ဟု ထင်မထားခဲ့ပေ။ ဒီအချိန်၌ သူတို့လည်းပဲ ခွန်အားတို့ ကုန်ခမ်းနေကြောင်းကိုပင် သတိမထားမိတော့ပေ။
ချန်အန်းဟာ အိတ်ကို နေရာမှာတင် စစ်ဆေး၏။ အတွင်းထဲရှိ ရှိနေဆဲဖြစ်သည့် အတုအယောင် ဒီဗိုင်းလက်နက် အပိုင်းအစကို တွေ့ရသည်။ ချက်ချင်းပင် စိတ်သက်သာရာ ရသွား၏။
ထို့နောက် အသံနိမ့်စွာ ပြောသည်။
“ငွေ၁၀၀၀၀လျန် ပျောက်နေတယ်”
“ချန်အန်း.. နင်လွန်မလာနဲ့”
လျန်ချန်းရွှယ်က ပြော၏။ သူမဟာ ယခုကဲ့သို့ အရှက်မဲ့သူတစ်ယောက်ကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပေ။
“ထားလိုက်ပါ”
ဟန်ကျောက်က လျန်ချန်းရွှယ်ကို လက်ဝှေ့ယမ်းကာ ချန်အန်းကို ပြုံးပြသည်။
“မင်းအမြင်များ.. မှားတာများလား”
“ငါက ဘယ်လိုလုပ်ပြီး…”
ချန်အန်းက နှာခေါင်းရှုံ့သည်။ သူ၏ စကားဆုံးတော့မည့် အချိန်၌ မြေအိုးတစ်ခု အရွယ်ရှိသည့် လက်သီးတစ်လုံးဟာ သူ၏မြင်ကွင်းအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်လာခဲ့၏။
“ဘုန်း”
ကျယ်လောင်သော အသံနှင့်အတူ သုံးပါးသော အနှစ်သာရအား လွှမ်းခြုံနေသည့် လက်သီးချက်ဖြင့် ချန်အန်း၏ ဦးခေါင်းဟာ ဖရဲသီးသဖွယ် ပေါက်ကွဲထွက်သွား၏။
သန့်စင်သောယန် အစစ်အမှန်ချီကို အသက်သွင်းထားရာ သူဟာ ခန္ဓာကိုယ်၏ ချည်နှောင်အားကို အသုံးပြုကာ ပြန်ကောင်းအောင်ပင် လုပ်နိုင်ခြင်း မရှိတော့ပေ။ နေရာမှာတင် သေဆုံးသွားခဲ့၏။
“ငါမင်းတို့ကို အခွင့်အရေး အများကြီး ပေးထားခဲ့တာကို” ဟန်ကျောက်က လက်သီးကို ရုတ်ကာ သက်ပြင်းချသည်။
“အားး”
ချန်အန်း၏ ရုတ်တရက် အသတ်ခံရမှုကို ကြည့်နေသည့် ချန်ကျီက ထိတ်လန့်တကြား အော်၏။ ဟန်ကျောက်၏ အကြည့်က သူမဘက်သို့ လှည့်လာပုံကို တွေ့ရသောအခါ တောင့်တင်းသည့် အပြုံးတစ်ခုကို ဖော်ထုတ်သည်။
သူမ၏ စိတ်ဟာ ပြေးလွှားနေ၏။ သို့ပေမယ့် မည်သည်ကို ပြောရမည်နည်းဟု မသိပဲ ဖြစ်နေလေသည်။
“ငါဘာလို့ မသေခဲ့လဲ ဆိုတာကို နင််သိပြီလား”
ဟန်ကျောက်က ချန်ကျီကို ကြည့်ကာ တောက်ပစွာ ပြုံးသည်။ သူ၏ သွားများဟာ တောက်ပနေ၏။ ချန်ကျီက အကြိမ်ကြိမ် ခေါင်းညှိတ်သည်။ သူမက ပြောတော့မည့်အချိန်၌ ဟန်ကျောက်က ရုတ်တရက် ရွေ့လျားသည်။
“မသတ်ပါနဲ့..”
“ခရက်”
အရိုးအက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ ချန်ကျီဟာ တောင်းပန်မှုတို့ ရပ်တန့်သွားသည်။ သူမ၏ လည်ပင်းထက်ရှိ ဦးခေါင်းဟာ ပျောက်ကွယ်သွားပြီး ဖြစ်ကာ ရင်ဘတ်ကို ပြင်းထန်လွန်းသည့် လက်ဝါးအားက ဝင်ရောက်လာ၏။ သန့်စင်သောယန် အစစ်အမှန်ချီက သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အလွှာကို ချက်ချင်းပင် ဖျက်ဆီးသွားသည်။
“နင်တို့လည်း မြင်တာပဲ.. သူတို့တွေငါ့ကို အတင်းဖိအားပေးတာ”
ဟန်ကျောက်က နောက်ကိုလှည့်ကာ ငိုင်တိုင်နေသည့် ယု၊ ရွှယ်နှင့် ပင်း ညီအစ်မ သုံးဦးတို့ကို ကြည့်သည်။ အကူအညီမဲ့စွာ လက်ကိုဆန့်၏။
သူဟာ လူကောင်းတစ်ယောက် မဟုတ်ပေမယ့် အပြစ်မဲ့သူများကို သတ်ဖြတ်မည်မဟုတ်ပေ။ အကြောင်းပြချက်တစ်ခု ရှိရန် လိုအပ်၏။ တစ်ခုခု လုပ်ပါက အသိစိတ်ဟာ ရှင်းလင်းနေရန် လိုအပ်ပါသည်။
“သတ်တာကောင်းတယ်”
လျန်ချန်းရွှယ်က လက်ခုပ်တီးကာ ပြုံးသည်။ ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က ရှေ့သို့ လျှောက်လာ၏။
“ရပ်လိုက်”
လျန်ချန်းယု၏ ခန္ဓာကိုယ်က တင်းကြပ်သွားသည်။ သူမဟာ လက်ထဲရှိ မြားကိုမြှောက်ပြီး ခဏတာ တုံ့ဆိုင်းသွား၏။ သို့ပေမယ့် ဟန်ကျောက်အား ချိန်ရွယ်ခြင်း မပြုပေ။
ထိုအချိန်၌ ဟန်ကျောက်က သူမဆီသို့ လက်ဆန့်လာခဲ့သည်။
“အား..”
လျန်ချန်းယုဟာ ထိတ်လန့်သွား၏။
“တာဝန်ပြီးပြီ.. ဝန်ဆောင်ခလေး”
ဟန်ကျောက်က အပြုံးတစ်ခုဖြင့် ပြောသည်။
“ဘုတ်”
လေစိတ်ဝိညာဉ်မြားဟာ မြေပြင်ပေါ်သို့ ကျဆင်းသွား၏။
လျန်ချန်းယု “…”
လျန်ချန်းရွှယ် “…”
လျန်ချန်းပင် “…”
“အစ်မ.. ဘာကိုစောင့်နေတာလဲ။ မြန်မြန်ပေးလိုက်လေ” လျန်ချန်းရွှယ်က လျန်ချန်းယု၏ ဂါဝန်အနားစကို ဆွဲကာ ပြောသည်။
“အိုး၊ အိုး..”
လျန်ချန်းယုက မှင်သက်စွာ ခေါင်းညှိတ်၏။ ခဏတာအတွင်း သူမဟာ တည့်မတ်စွာ စဉ်းစားနိုင်ခြင်း မရှိပဲ ဖြစ်နေပါသည်။
ဟန်ကျောက်၏ လေးနက်သည့် အသွင်ကို ကြည့်ကာ သူမကို သတ်ဖြတ်ပြီး ရတနာများကို လုယူတော့မည်ဟု ထင်သွားခဲ့တာပါ။ သို့ပေမယ့် တစ်ဖက်လူက အခကြေးငွေ တောင်းနေခြင်း ဖြစ်မည်ဟု ထင်မထားခဲ့ပေ။ အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှ၏။
“သခင်လေးစုန့်.. ဒီမှာပါ… ဒါက ကျွန်မရှင့်ကို ကတိပေးထားတဲ့ ငွေ၂၀၀၀၀လျန်ပါ”
လျန်ချန်းယုက များပြားလှသည့် ဘဏ်စာရွက်များကို အထပ်လိုက်ထုတ်ကာ ဟန်ကျောက်အတွက် အရွက်၂၀၀ကို တစ်ခါတည်း ရေပေးသည်။
ဟန်ကျောက်က ဘဏ်စာရွက်များကို ယူကာ သူမလက်ထဲရှိ ကျန်ရှိသည့် ဘဏ်စာရွက်များကို ကြည့်သည်။ သူ၏လက်ကို ရုတ်သိမ်းခြင်း မပြုနိုင် ဖြစ်နေ၏။
“သခင်လေးစုန့်”
လျန်ချန်းယုက သူ့ကို ကြောင်တောင်စွာ ကြည့်သည်။
“ရှင်ကျွန်မတို့ကို ဒီတစ်ခါလည်း ကယ်ခဲ့ပြန်ပြီ။ အခုဆို အသက်ကို ကယ်ခဲ့တာ နှစ်ကြိမ်ရှိပြီ။ ကျွန်မတို့အပေါ် ရှင့်ကျေးဇူးတွေ များလှပါတယ်”
ဟန်ကျောက်၏ အပြုံးက ပိုမိုကာပင် တောက်ပလာခဲ့သည်။
“သခင်လေးစုန့်.. ကျွန်မတို့ကို ရှင်ဘယ်လို ပြန်ပေးစေချင်လဲ မသိဘူး”
လျန်ချန်းရွှယ်က သူ့ကို ဆွဲဆောင်မှုရှိစွာ ကြည့်သည်။
“ပိုက်ဆံပိုပေးစေချင်တယ်”
ဟန်ကျောက်က ပြတ်သားစွာ ပြောသည်။
“အာ…”
လျန်ချန်းရွှယ်၏ ပုံစံက အေးခဲသွားပြီး ရုတ်တရက် နေရာမှာတင် ကျောက်ရုပ်ဖြစ်သွာားသည်။
“အမ်…”
လျန်ချန်းယု၏ မျက်နှာက ချက်ချင်းပင် နာကျင်သွားသည်။ သူမ၏ နှုတ်ခမ်းလွှာက မြင့်တက်လာ၏။ ထို့နောက် အတင်း ပြန်လည်ဖိနှိပ်လိုက်သည်။
“သခင်လေးစုန့်.. ဒီတစ်ကြိမ် လာခဲ့တာ ကျွန်မ ဒီပိုက်ဆံတွေပဲ ယူလာခဲ့တယ်။ ရှင့်ကို အကုန်ပေးမယ်”
လျန်ချန်းယုက ပိုက်ဆံအားလုံးတို့ကို ဟန်ကျောက်၏ လက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် မျက်နှာလှည့်သွား၏။ သူမ၏ ပုခုံးများက တုန်နေပါသည်။
“ဒါပဲလား”
ဟန်ကျောက်ဟာ ထိုအဓိကစကားလုံးကို ခံစားလိုက်ရသည်။ ဘဏ်စာရွက်များကို အိတ်ထဲသို့ ထည့်၏။ သူက လက်သီးနှစ်ဖက်ကို မိုးကာ မိန်းကလေးသုံးယောက်တို့အား ပြောသည်။
“အမျိုသမီးတို့.. ကျွန်တော့ရဲ့ တကယ့်နာမည်က ဟန်ကျောက်ပါ။ ကျောက်နက်မြို့ရဲ့ မြို့တွင်းပိုင်းမှာ နေပါတယ်။ နောင်မှာ ဒီလိုမျိုး ငှားရမ်းလိုတာတွေ ရှိရင် ကျောက်နက်မြို့ကိုလာပြီး ကျွန်တော့ကို ရှာလို့ရပါတယ်”
“ကောင်းပါပြီ”
လျန်ချန်းပင်က ခေါင်းညှိတ်သည်။ တစ်ယောက်ဟာ နက်ရှိုင်းစွာ နာကျင်သွားပြီး တစ်ယောက်ဟာတော့ ရယ်ချင်မှုကို ဖိနှိပ်ထားရ၏။
“ဟုတ်… ကံမကုန်ရင် ပြန်ဆုံကြတာပေါ့.. ဒါနဲ့.. ဒီနေရာမှာ နတ်ဆိုးတစ်ကောင် ပေါ်လာခဲ့တယ်။ ဖြစ်နိုင်တာက သူ့မှာ အဖော်တွေ ရှိနေနိုင်တယ်။ ခင်ဗျားတို့ အရင်ဆုံး ထွက်သွားတာ ကောင်းလိမ့်မယ်။ ကျွန်တော်လည်း သွားပါဦးမယ်”
အမျိုးသမီး သုံးယောက်တို့၏ လှုပ်ရှားနိုင်ခြင်း ရှိသေးသည့် ပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ပြုံးသည်။ အစစ်အမှန်ချီကို အသုံးပြုကာ ချန်ကျီနှင့် ချန်အန်းတို့၏ ဆန်မာရုအိတ်ငယ်များကို စုပ်ယူလိုက်၏။ ထို့နောက် နောက်သို့လှည့်ကာ တင့်တယ်ကာ ထွက်ခွာသွားသည်။
“ဟန်ကျောက်..”
လျန်ချန်းပင်က ညင်သာစွာ ရေရွတ်သည်။
ဒီဗိုင်းဓါးစံအိမ်မှ ထွက်ခွာသွားပြီးနောက် ဟန်ကျောက်ဟာ ရှုံပအဖြစ် ရုပ်ဖျက်ပြီး ကျောက်စိမ်းလေမြို့သို့ သွားရောက်ကာ ရွှေ၁၀၀၀လျန်အား လဲလှယ္၏။
“စနစ်.. ပိုက်ဆံထည့်မယ်”
“လက်ရှိကျန်ငွေ- ရွှေ၁၀၄၀လျန်”
“အချက်ပေးအပိုင်းအစ ၈၀ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား”
“တစ်ကြိမ် ပေါင်းစပ်ရန်အတွက် အချက်ပေးအပိုင်းအစ ၇၀နှင့် ရွှေ၁၈၀လျန်ကို လိုအပ်သည်”
“နတ်ဆိုးကြီး သတ်ဖြတ်ခြင်းဘုရင် ဒီဗိုင်းဓါးစံအိမ်ကို သွားမှာဆိုတော့ ကျားယွမ်မြို့ရဲ့ ထူးခြားမှုမှာ ဘယ်သူမှ မရှိလောက်ဘူး။ စမ်းကြည့်တာပေါ့”
ဟန်ကျောက်၏ စိတ်က ရွေ့လျားသွားသည်။
“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မယ်”
“အသက်၂၁နှစ်တွင် သင်သည် ဒီဗိုင်းဓါးစံအိမ်သို့ သွားရောက်ကာ ဝိညာဉ်အဆီအနှစ်လုံးအား များပြားလှသည့် ယင်စွမ်းအင်များ စုပ်ယူစေ၏။ အန္တရာယ်မှလည်း အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့သည်”
“နောက်တစ်နေ့တွင် သင်သည် ကျားယွမ်မြို့သို့ သွားရောက်ကာ ထိုနေရာရှိ ထူးခြားမှုကို ရှာတွေ့သည်”
"သင်သည် နတ်ဆိုးကြီး ကောင်းကင်မိစ္ဆာဘုရင်နှင့် တွေ့ကြုံပြီး အရှင်ဖမ်းဆီးခြင်းကို ခံခဲ့သည်”
“အသက်၂၅နှစ်တွင် လူမဆန်သည့် စမ်းသပ်မှုများအား လေးနှစ်တာ ခံရပြီးနောက် သင်သည် သေဆုံးခဲ့၏”
“ဒမ်း… ကျားယွမ်မြို့မှာ နတ်ဆိုးကြီးတစ်ကောင် ငါ့ကို စောင့်နေတာလား။ မင်းမှာ အစွမ်းရှိရင် စောင့်နေလိုက်.. အလွန်ဆုံး ငါက ရှောင်နေရုံပဲ”
အစမ်းရှင်သန်မှု အတွင်းရှိ အချက်အလက်များကို ကြည့်ကာဟန်ကျောက်ဟာ တိတ်တဆိတ် ကျိန်ဆဲမိသည်။
“၁။ ပါရမီကို ရရှိသည်(ရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်များကို ရရှိသည်”
“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ ၈၆၀လျန်”
“ဟန်”
“ပါရမီကို ယူလို့ရတာလား”
“တစ်”
လက်ရှိအချိန်၌ အဆင့်မြင့်သည့် ပါရမီတို့ ရလာနိုင်ရန် ဖြစ်နိုင်ချေရှိပုံကို တွေးမိပြီးနောက် သူက ခဏတာ စဉ်းစားပြီး ရွေးချယ်မှု ပြုလိုက်သည်။
“ပါရမီအား ရရှိသည်- ပြန်လည်မွေးဖွားလာသည့် ဆေးသူတော်စင်”
“ပြန်လည်မွေးဖွားလာသည့် ဆေးသူတော်စင်- ခရမ်းရောင်ပါရမီ- ဆေးပညာ ပါရမီဟာ ကိုးဆ တိုးလာခဲ့သည်။ အဆင့်နိမ့်နှင့် အလယ်အလတ် ဆေးလုံးများကို သန့်စင်ရာ၌ အောင်မြင်နိုင်ချေဟာ ၂၀%နှင့် ၁%တို့ အသီးသီး တိုးလာ၏။ အဆင့်နိမ့်နှင့် အလယ်အလတ် ဆေးလုံးများကို သန့်စင်ခြင်းအား လုံးဝ ပိုင်နိုင်ပြီးပါက အဆင့်မြင့်အဆင့် ဆေးလုံးကို သန့်စင်နိုင်မည့် အခွင့်အရေး ၁%ရှိသည်(လေ့ကျင့်ပျိုးထောင်ရင်းဖြင့် လိမ္မော်ရောင် ပါရမီသို့ မြှင့်တင်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ အနီရောင်ဖြစ်သည်)"
“ပြန်လည်မွေးဖွားလာသည့် ဆေးသူတော်စင်”
ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ဤသည်က တကယ့်ကို ချိန်ကိုက် ရောက်လာသည်ပင်။ ဆိုလိုသည်ကား သူဟာ ဆေးလုံးများကို ကိုယ့်ဘာသာ သန့်စင်နိုင်ပြီဟု ဖြစ်၏။
အခြား ဆေးလုံးများက ဘာမှမဖြစ်ပေ။ သို့ပေမယ့် ဗာဂျရာအတတ်ကို အဆင့်ချိုးဖျက်ခြင်းနှင့် ပက်သက်သည့် မီးတောက် ရိုးတွင်းချဉ်ဆီ သန့်စင်ခြင်း ဆေးမှာတော့ အလွန်လိုအပ်၏။
စွမ်းရည်မှတ်များကို အသုံးပြုပင်လျှင် အဆင့်ချိုးဖျက်စဉ်၌ သူဟာ လူမဆန်သည့် နာကျင်မှုမျိုးကို ခံစားရဆဲ ဖြစ်သည်။ တတိယအဆင့် ပြီးပါက စတုတ္ထနှင့် ပဥ္စမအဆင့်တို့ ရှိဦးမှာလည်း ဖြစ်သည်။ အဆင့်ချိုးဖျက်ချိန်၌ ခံစားရသည့် နာကျင်မှုအချိန်ဟာ တစ်မိနစ်ကို ကျော်လွန်လာပါက သူဟာ နာကျင်လွန်း၍ ရူးမသွားနိုင်ဘူးဟု အာမခံနိုင်ခြင်း မရှိပါ။
အစမ်းရှင်သန်မှု အတွင်းတွင် ကျီမိသားစုမှ ရရှိလာသည့် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးများမှာ အခြေခံအားဖြင့် အဆင့်နိမ့်အဆင့်များသာ ဖြစ်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဆေးဖော်စပ်ခြင်းဟာ များပြားလှသည့် အရင်းအမြစ်များကို လိုအပ်သောကြောင့် ဖြစ်၏။
ကျီမိသားစုတွင် နှစ်ပေါင်းများစွာ အထူး ပျိုးထောင်ခဲ့သည့် ဆေးပညာရှင်တစ်ယောက် ရှိလျှင်တောင် အလယ်အလတ်အဆင့်ရှိ အထူးဆေးလုံး တစ်မျိုးဖြစ်သည့် မီးတောက် ရိုးတွင်းခြင်ဆီသန့်စင်ခြင်း ဆေးလုံးကို သန့်စင်ရာ၌ အောင်မြင်နိုင်ချေဟာ ၃၀%သာ ရှိပါသည်။ ထို့အပြင် ဤသည်မှာ အလွန်မြင့်မားနေပြီးဖြစ်သည့် ရာခိုင်နှုန်း ဖြစ်၏။
“ငါသာ ပါရမီကို မြှင့်တင်အောင် ဆေးလုံးတွေကို ဆက်တိုက် သန့်စင်ပြီး နောက်ပိုင်းမှာ အဆင့်မြင့်အဆင့် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးကို ဖန်တီးနိုင်ရင် အဆင့်ချိုးဖျက်ဖို့ ပိုလွယ်သွားမှာပဲ”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ ဥပမာအားဖြင့် ကျောက်နက်မြို့၊ ကျောက်စိမ်းလေမြို့နှင့် ကျားယွမ်မြို့ကဲ့သို့ နေရာများတွင် ဆေးပညာရှင်များ ပေါက်ဖွားလာနိုင်ခြင်း မရှိပေ။
လုယီ၏ စကားအရ စီရင်စုမြို့မှ အဖွဲ့အစည်းကြီးများတွင်သာ ဆေးပညာရှင်များ ရှိကြပါသည်။ အကြောင်းမှာ အစောပိုင်း ကုန်ကျမှုဟာ အလွန် မြင့်မားလှပြီး ပြန်ရမည်မှာ ရေရာခြင်း မရှိသောကြောင့် ဖြစ်၏။
သို့ရာတွင် ဟန်ကျောက်တွင်တော့(ပြန်လည်မွေးဖွားလာသည့် ဆေးသူတော်စင်) ပါရမီ ရှိပါသည်။ သူဟာ ဆေးပညာ၏ အစောပိုင်းအဆင့်များရှိ အတွေ့အကြုံစုဆောင်းမှုကို ကြီးစွာ လျော့ကျစေနိုင်၏။
ဤသည်မှာ ပထမဆုံးအကြိမ် အဆင့်နိမ့်အဆင့် ဆေးလုံးများကို သန့်စင်ရာ၌ အောင်မြင်နိုင်ချေ ၂၀% ရှိပြီး ဖြစ်သည်နှင့် တူညီပါသည်။ အခြားလူများသာ သိပါက ချက်ချင်းပင် သူ့ကို အရှင်ဖမ်းကာ အပိုင်းပိုင်းဖြတ်ပြီး သုတေသန ပြုလုပ်လောက်ပါသည်။
“ပိုက်ဆံရှာဖို့ နည်းလမ်းရပြီ”
ဟန်ကျောက်က မနေနိုင်ပဲ ပြုံးသည်။ သို့ရာတွင် ထိုသို့ဆိုပါက သူ့အနေနှင့် စီရင်စုမြို့တော်သို့ အမြန်သွားရန် လိုအပ်ပါပြီ။ မဟုတ်ပါက ယခုကဲ့သို့ နေရာလေးတွင် ဆေးပညာရှင်များကို ရှာတွေ့ရန် ဖြစ်နိုင်ခြင်း မရှိပေ။ ဆေးဖော်မြူလာ မရှိပဲ မည်ကဲ့သို့ ဆေးလုံကို သန့်စင်မည်နည်း။
‘အစမ်းရှင်သန်ခြင်းထဲက အတိုင်းဆို မကြာခင်မှာ လုယင်ရွှမ်းဆီက စာရောက်လာတော့မယ်။ ပြီးရင် လုယီအစား စီရင်စုမြို့တော်ကို ငါသွားပြီး သိုင်းပညာ အကယ်ဒမီမှာ လေလာနိုင်မယ်’
ယွမ်ကန်းကောင်တီ၏ သိုင်းပညာ အဖွဲ့အစည်းများထဲမှ ထိပ်တန်းတစ်ခု ဖြစ်သည့်အလျှောက် သိုင်းအကယ်ဒမီဟာ ဂိုဏ်းနှင့် မိသားစုများကဲ့သို့ အလွန် တင်းကြပ်ခြင်း မရှိပါ။ သူ့အတွက် လျှို့ဝှက်စွာ ဖွံ့ဖြိုးရန် အဆင်ပြေ၏။
ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ ကျောက်နက်မြို့ဆီသို့ ပြန်ခဲ့သည်။ သူဟာ မထွက်ခွာခင်တွင် အကျိုးအမြတ်များကို အများဆုံးဖြစ်အောင် လုပ်ကာ အချို့ ပြဿနာများနှင့် လျှို့ဝှက် အန္တရာယ်တို့ကို ရှင်းလင်းရပေမည်။