← Chapters

အခန်း (၁၄၁)

Vol. 10 Ch. 141

အခန်း (၁၄၁)

Vol. 10 Ch. 141

“အမျိုးသမီးတို့.. စိတ်မပူပါနဲ့.. ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော့ရဲ့ တောင်းဆိုချက်လေး တစ်ခုပါပဲ။ အသက်ကယ်ထားတယ်ဆိုပြီး ပြန်ပေးဆပ်ခိုင်းတဲ့ သဘောမျိုး မဟုတ်ပါဘူး။ နောက်ပြီး ခင်ဗျားတို့လည်း ကျွန်တော့ကို လုံလောက်တဲ့ ဝန်ဆောင်ခကို ပေးချေပြီးပါပြီ။ အဲ့ကိစ္စက အကြွေးရှင်းပါတယ်”

ဟန်ကျောက်က ရှင်းပြသည်။

ဤသည်မှာ နှစ်ဖက်လုံး အနိုင်၊ အနိုင် အခြေအနေ မဟုတ်ပါက ဒီသဘောတူညီချက်ဟာ အဓိပ္ပာယ် မဲ့နေမှာပါ။

လျန်ချန်းယုက ခဏတာ စဉ်းစားပြီးနောက် တိတ်ဆိတ်နေသည့် လျန်ချန်းပင်ကို ကြည့်သည်။ လျန်ချင်းပင်က အနည်းငယ် ခေါင်းညှိတ်၏။

“ကောင်းပါပြီ။ ကျွန်မတို့တွေ သဘောတူတယ်”

လျန်ချန်းယုက လေးနက်စွာ ပြောသည်။

“ကျေးဇူးပါ”

ဟန်ကျောက်က မတ်တပ်ရပ်ကာ လက်သီးနှစ်ဖက်ကို မိုးသည်။ မနေနိုင်ပဲ လျန်ချန်းပင်ကို ကြည့်မိ၏။ ညီအစ်မသုံးယောက်တို့ အကြားတွင် အမှန်တကယ် ဆုံးဖြတ်ချက် ချနိုင်သူမှာ သူမဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

“သခင်လေးဟန်.. အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ပြောရရင် ကျွန်မတို့တွေ ရှင့်ကို ကျေးဇူးတင်သင့်တာပါ။ နှစ်ကြိမ်တောင် ကယ်တင်ခဲ့တာလေ။ ငွေလျန် အနည်းငယ်က အသက်ကယ်ကျေးဇူးကို ဘယ်ချေနိုင်မှာလဲ”

လျန်ချန်းယုက မတ်တပ်ရပ်ကာ ပြန်လည် ဂါဝရပြု၏။ လျန်ချန်းရွှယ်ကို ကြည့်သည်။

“ကျွန်မတို့မှာ ရှင့်အတွက် ပေးစရာရှိတယ်”

လျန်ချန်းရွှယ်က အပြုံးတစ်ခုနှင့် ပြောသည်။ သူမဟာ သူမ၏ ဖောင်းနေသည့် ရင်ဘတ်အတွင်းမှ ငွေသတ္တု စာရွက် သုံးရွက်တို့ကို ထုတ်ကာ လက်နှစ်ဖက်နှင့် ပေးသည်။

ဟန်ကျောက်က နွေးနေဆဲရှိသည့် စာရွက်များကို ပဟေဋိဖြစ်စွာ ယူလိုက်သည်။

“ဒါက”

“ဒါက ကျွန်မတို့ လျန်မိသားစုရဲ့ လျှို့ဝှက်အတတ်ပါ.. စိတ်ဝိညာဉ်သုံးပါး မြားကျမ်းလို့ ခေါ်တယ်။ ဒီကျမ်းရဲ့ အကြီးမားဆုံးစွမ်းအားကို ထုတ်လွှတ်ဖို့အတွက် အံ့ဖွယ်သုံးပါးမြားနဲ့ အသုံးပြုရပေမယ့် ဒီကျမ်းကိုယ်တိုင်ကကို နက်နဲတဲ့ လေးအတတ်နဲ့ သိုင်းသမားတစ်ယောက်ဆီက ခွဲထွက်လာခဲ့တာ။ သခင်လေးဟန်ရဲ့ ပါရမီနဲ့ဆို အသုံးဝင်လောက်မှာပါ”

လျန်ချန်းရွှယ်က ရှင်းပြသည်။

သူမတို့သုံးယောက်ဟာ ဟန်ကျောက်၏ အသက်ကယ်ကျေးဇူးကို ပြန်ပေးရန်အတွက် သီးသန့် ဆွေးနွေးခဲ့ကြ၏။ စဉ်းစားကြည့်ပြီးနောက် ဒီဗိုင်းလက်နက်အပြင် သူမတို့ပိုင်ဆိုင်သည့် အဖိုးတန်ဆုံး အရာမှာ စိတ်ဝိညာဉ်သုံးပါး မြားကျမ်း ဖြစ်သည်။

ငွေကြေးကဲ့သို့ လောကီပစ္စည်းများကိုတော့ ဟန်ကျောက်အနေနှင့် ဂရုမစိုက်လောက်ပါ။ ထိုအချိန်၌ ပိုက်ဆံကို လက်ခံခဲ့ခြင်းမှာ သူ့ဆီတွင် မကောင်းသည့် ရည်ရွယ်ချက်တို့ မရှိကြောင်းကို ပြသလို၍သာ ဖြစ်ပေလိမ့်မည်။

ထိုကျမ်းကို လက်လွှဲပေးမည့် ဆုံးဖြတ်ချက်ကိုတော့ ညီမသုံးက သူ၏ စကားလုံးများကို ကြည့်ကာ သုံးသပ်ပြီး သူမတို့အပေါ် မကောင်းစိတ်ရှိမရှိ စမ်းသပ်ချက်အောင်မြင်မှသာလျှင် ချခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ဟန်ကျောက်ဟာ အမှန်တကယ်ကို တော်ဝင်ဆန်သည့် လူဖြစ်ကြောင်းကို အချက်အလက်များက သက်သေပြလာခဲ့သည်။

မဟုတ်ပဲ သူဟာ သူမတို့ကို အသက်ကယ်ကျေးဇူးအား အတင်း ပြန်ပေးခိုင်းကာ သဘောတူစေပါက သုံးယောက်သားဟာ သေချာပေါက် သဘောတူမှာ ဖြစ်ပေမယ့် ဤသည်မှာ လုံးဝ အကျိုးအမြတ်အတွက် လဲလှယ်မှုသက်သက်သာ ဖြစ်သွားမှာပါ။

“အဲ့လိုဆိုရင်လည်း ငြင်းဆန်ရင် ရိုင်းရာကျနေတော့မယ်” ဟန်ကျောက်က လေးနက်စွာ ပြောသည်။

အမျိုးသမီး သုံးယောက်တို့ဟာ သူမတို့၏ လျှို့ဝှက်ချက်ကို ပေးလာခဲ့ကတည်းက သူမတို့ဟာ အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ကြတာ သိသာပါသည်။ သူကလည်း ထိုပစ္စည်းကို လက်ခံလိုက်ရာ နှစ်ဖက်ရှိ ဆက်ဆံရေးဟာ ပိုမိုနက်ရှိုင်းလာခဲ့၏။

“ဒါက ကျွန်တော် ကာကွယ်စေလိုတဲ့ လူသုံးယောက်ရဲ့ အသေးစိတ် အချက်အလက်တွေပါ"

ဟန်ကျောက်က စိတ်ဝိညာဉ်သုံးပါး မြားကျမ်းကို ဆန်မာရုအိတ်ငယ် အတွင်းသို့ ထည့်ပြီးနောက် လူပုံဆွဲထားသည့် စာရွက်သုံးခုတို့ကို ပေးသည်။

“ရှလင်၊ လုယီနဲ့ ကျောက်ယွမ်ထု”

အမျိုးသမီးသုံးယောက်တို့ကို အချက်အလက်များကို သေသေချာချာ စစ်ဆေးကြည့်သည်။

“မစ္စတာဟန်.. ဒီမစ်ရှက ရှင့်ရဲ့ ချစ်သူလား မသိဘူး”

လျန်ချန်းရွှယ်က ရုတ်တရက် မေးသည်။

“ဟုတ်ပါတယ်”

ဟန်ကျောက်က ဖြေ၏။

“ရှင်သူမကို လက်ထပ်မှာလား”

လျန်ချန်းရွှယ်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ဟုတ်ပါတယ်. သူမက ကျွန်တော့ရဲ့ ဇနီးတစ်ယောက် ဖြစ်လာမှာပါ..”

ဟန်ကျောက်က ခေါင်းညှိတ်ကာ ထပ်ပေါင်းပြောသည်။

ဇနီးများထဲမှ တစ်ယောက်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီလောကဟာ မယားပြိုင်ယူသည့် စနစ်ကို ပုံမှန်သာသတ်မှတ်ရာ သူ့အနေနှင့် ကြိုက်သလောက်ကို လက်ထပ်နိုင်ပါသည်။

ပြီးခဲ့သည့်ဘဝက သူပြောခဲ့သည့် စကားအရ စစ်မှန်သည့် လွတ်လပ်မှုမှာ လုပ်ချင်တာကို လုပ်နိုင်ခြင်းဖြစ်ပြီး မလုပ်ခြင်းတာကို မလုပ်ရခြင်း ဖြစ်သည်။ ဒီလောကကြီးတွင် သန်မာသူဟာ အမှန်တကယ်ကို လုပ်ချင်တာ လုပ်နိုင်၏။

ဟန်ကျောက်ဟာ သူ၏ နှလုံးသားအတိုင်း အရာအားလုံးကို လုပ်မှာပါ။ စိတ်ရှင်းလင်းစွာ နေနိုင်ရန်သာ မျှော်လင့်၏။

“ကျွန်မနားလည်ပါပြီ.. ဒီကိစ္စကို ကျွန်မတို့တာဝန် ထားပါ”

လျန်ချန်းရွှယ်၏ မျက်ခုံးများက ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။

“ကျေးဇူးပါ"

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။

“ဒီကိစ္စကို အတည်ပြုပြီးပြီဆိုတော့ ကျွန်တော်ပြန်ပြီး သူတို့ကို အသိပေးလိုက်ပါဦးမယ်။ အရင်ဆုံး သွားပါတော့မယ်။ ကျွန်တော် မထွက်ခွာခင်မှာ လာခဲ့ပါဦးမယ်”

“မစ္စတာဟန်… ကျွန်မရှင့်ကို လိုက်ပို့မယ်”

လျန်ချန်းရွှယ်က ဟန်ကျောက်ကို တည်းခိုဆောင်မှ လိုက်ပို့ပြီးမှ အခန်းထဲသို့ ပြန်ခဲ့၏။

“ဒီသခင်လေးဟန်က မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ပဲ”

လျန်ချန်းယုက ပြောသည်။

“ဖြစ်နိုင်တာက နောင်မှာ လျန်မိသားစုကို ပြန်လည်တည်ဆောက်ရင် သူ့ရဲ့ အကူအညီ လိုရင်လိုမှာ”

“ညီမသိသားပဲ”

လျန်ချန်းရွှယ်က ဂုဏ်ယူစွာ ကြည့်သည်။

“ဒီသခင်လည်းဟန်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ခွန်အားကို ပိုင်ဆိုင်ထားတယ်။ နောင်မှာ သေချာပေါက် နိုင်ငံတစ်ဝှမ်း ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ”

“အင်း”

လျန်ချန်းပင်က ခေါင်းညှိတ်သည်။ ဤသည်မှာ အမျိုးသမီးသုံးယောက်တို့၏ ညီညွှတ်သော အမြင်ဖြစ်၏။

လျန်မိသားစုဟာ ပျက်စီးသွားပြီး ဖြစ်သည်။ သို့ပေမယ့် လျန်မိသားစု၏ အသန်မာဆုံး ဒီဗိုင်းလက်နက်ဖြစ်သည့် အံ့ဖွယ်သုံးပါးမြားဟာ ရှိနေသေး၏။ သူမတို့ထဲမှ တစ်ယောက်သာ လက်နက်သခင် ဖြစ်လာပါက လျန်မိသားစုဟာ ပြန်လည်ဦးမော့လာမှာပါ။

သူမတို့အနေနှင့် လုပ်ဆောင်နိုင်ခြင်း မရှိလျှင်တောင် သူမတို့၏ မျိုးဆက်များ လုပ်ဆောင်နိုင်လောက်၏။

လျန်ချန်းယု၏ အတွေးက အလွန်ရိုးရှင်းသည်။ ဒီသခင်လေးဟန်ဟာ ယုံကြည်ထိုက်သူ ဖြစ်၏။ ဒုတိယညီမဟာ သူ့ကို သဘောကျနေပါသည်။ သူဟာ ဆန္ဒရှိပါက အလွန်ဆုံး ဒုတိယညီမကို သူ့နောက်သို့ လိုက်ခိုင်းလိုက်မည် ဖြစ်သည်။

ဖြစ်နိုင်တာက နောက်မျိုးဆက်ဟာ သူတို့၏ အံ့ဩစရာ ကောင်းသည့် ပါရမီကို တစ်ပြိုင်နက် အမွေဆက်ခံနိုင်လောက်၏။

တစ်လအကြာ၌..

ကျားယွမ်မြို့မှ မိုင်တစ်ရာအကွာရှိ ထူထဲသည့် တောအုပ်အတွင်းတွင် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားနေ၏။ သူ့ကိုယ်သူ ရဲရှောင်ချိုင်အဖြစ် ရုပ်ဖျက်ထားသည့် ဟန်ကျောက်ဟာ လက်ထဲတွင် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ကိုင်ကာ ရှေ့ရှိ အုပ်စိုးသူမိသားစု သုံးယောက်တို့ကို ခိုင်မာစွာ ဖိနှိပ်ထားပါသည်။

သူဟာ သုံးပါးသော အနှစ်သာရအားကိုပင် အသုံးပြုခြင်း မရှိပေ။ တောင်ခွဲဆေဘာအားနှင့် တောင်ဖြိုလက်သီးအားတို့ကို ပေါင်းစပ်ကာသာ အတွင်းအားထုတ်လွှတ်ပြီး တစ်ဖက်လူသုံးယောက်ကို ဆက်တိုက် ခုတ်ပိုင်းနေသည်။

“အား..”

“လင်းမိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး” ဟန်ကျောက်ဟာ အုပ်စိုးသူ မိသားစု မျိုးဆက်သုံးယောက်တို့၏ အရူးအမူး တိုက်ခိုက်မှုများကို ကာထား၏။

နောက်ဆုံးတွင် အနက်ရောင်အလွှာဟာ ဆေဘာဓါးချက်ဖြင့် ကုန်ခမ်းလာခဲ့သည်။ သူတို့ခန္ဓာကိုယ်ထဲရှိ သွေးချီများဟာ ခြောက်သွေ့အောင် စုပ်ယူခံရပြီး ဆန္ဒမရှိစွာ မြည်တမ်းရင်းက သေဆုံးကုန်ကြ၏။

“ကလန်”

ဟန်ကျောက်ဟာ ဆေဘာကို ဓါးအိမ်အတွင်းသို့ ထည့်ကာ အလောင်းကို စနစ်ကျစွာ ရှာသည်။

တိုက်ပွဲအတွင်းတွင် ရန်သူများ၏ ပိုင်ဆိုင်မှုများ ထိခိုက်မှု မရှိစေရန် သူဟာ သူ၏ဆေဘာကို သူတို့၏ ဦးခေါင်းများ၊ လည်ပင်းများ၊ လက်ချောင်းခြေချောင်းများ၊ ခန္ဓာကိုယ်အောက်ပိုင်းတို့ကိုသာ ချိန်ရွယ်ခုတ်ပိုင်းခဲ့၏။

ဘာပဲဖြစ်ဖြစ် အုပ်စိုးသူမိသားစု မျိုးဆက်အားလုံးတွင် ဆန်မာရုအိတ်ငယ်ကဲ့သို့ ရတနာမျိုး ပိုင်ဆိုင်မထားပေ။

စီရင်စုမြို့တော်သို့ စိတ်အေးချမ်းစွာ သွားနိုင်စေရန် သူဟာ သက်ရှည်ဂိုဏ်းမှ တပည့်များနှင့် အနီးအနားရှိ အုပ်စိုးသူ မိသားစု မျိုးဆက်များကို နှစ်လတာအောင် ရှာဖွေကာ ရှင်းလင်းပစ်ခဲ့သည်။

“ဟန်”

အုပ်စိုးသူ မိသားစုမှ ပထမမျိုးဆက် နှစ်ယောက်တို့ဆီမှ ဘဏ်စာရွက်အချို့ကိုသာ ရလာခဲ့သည်။ သို့ပေမယ့် တတိယမြောက် တစ်ယောက်ကို ရှာလိုက်ချိန်၌ ဆန်မာရုအိတ်ငယ် တစ်ခုကို တွေ့ရ၏။

All Chapters