အခန်း (၁၄၂)
Vol. 10 Ch. 142
ဒီအတောအတွင်းတွင် သူဟာ အုပ်စိုးသူမိသားစု မျိုးဆက် ၁၀ယောက်ကျော်ကို သတ်ဖြတ်ခဲ့သည်။ ဖြစ်လာနိုင်သမျှ အန္တရာယ်အားလုံးတို့ကို ရှင်းလင်းရန် ဖြစ်၏။ သို့ပေမယ့် ဒီတစ်ခုဟာ ပထမဆုံး ဆန်မာရုအိတ်ငယ် ဖြစ်၏။
ဟန်ကျောက်ဟာ အစစ်အမှန်ချီကို လှည့်လည်ပြီး အိတ်ကိုဖွင့်ကာ စစ်ဆေးကြည့်ရန် ပြင်ဆင်ချိန်၌ ရုပ်တရက် ရပ်တန့်သွားပြီး မတ်တပ်ရပ်ကာ သူ၏အနောက်
ဘက်ရှိ ထူထဲသည့် တောအုပ်သို့ ကြည့်သည်။
ဝတ်စုံဖြူနှင့် ချောမောသည့် လူငယ်တစ်ယောက် လျှောက်ထွက်လာ၏။ သူဟာ အသက်၂၀လောက်သာ ရှိပြီး ခါးတွင် ကျောက်စိမ်းရောင် ဆန်မာရုအိတ်ငယ် တစ်ခုကို ချိတ်ဆွဲထားသည်။
“အရမ်းသန်မာလွန်းတယ်”
ဟန်ကျောက်ဟာ အံ့ဩသွား၏။
သူ၏ အစစ်အမှန်ချီမှ ယူဆောင်လာသည့် စွမ်းအားကြီးမားသည့် အကြားအာရုံနှင့်ပင် သူဟာ တစ်ဖက်လူ၏ သွေးချီလှိုင်းများမှာ မီးပြင်းဖိုအတွင်းရှိ အပူလှိုင်းများကဲ့သို့ ရှိနေကြောင်းကို ခံစားနိုင်ပါသည်။
“ချီတစ်ဆင့် စစ်ဘုရင် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သည်။ သူသည် အတွင်းနှင့်အပြင် နှစ်မျိုးစလုံးကို လေ့ကျင့်၏။ သူ၏ အစစ်အမှန်ချီနှင့် အတွင်းအားတို့ဟာ ဒြပ်စင်ငါးခုမှ တစ်ခုဖြစ်သည့် မီးဓါတ်နှင့်အတူ နှလုံးသားအတွင်း၌ ပေါင်းစပ်သွားသည်။ သူဟာ စွမ်းအားကြီးမား၏။ သင့်အပေါ်တွင် မည်သည့် မကောင်းသည့် ရည်ရွယ်ချက်မှ မရှီပေ”
ထိုအချိန်၌ ဟန်ကျောက်၏ ရှေ့တွင် စနစ်၏ အချက်ပေးမှုတစ်ခု ပေါ်လာ၏။
“ညီအစ်ကို.. စိတ်မလှုပ်ရှားပါနဲ့… ကျွန်တော့နာမည်က ချီရွှမ်းမင်ပါ။ ကျွန်တော်က စိတ်ဝိညာဉ် စောင့်ရှောက်သူတွေထဲက ငွေအစောင့်ပါ။ ယွမ်ကန်းကောင်တီမှာ ပြဿနာဖြစ်စေတဲ့ ချူနိုင်ငံရဲ့ အုပ်စိုးသူမိသားစု မျိုးဆက်တွေကို လိုက်လံသတ်ဖြတ်ဖို့ အမိန့်ရထားခဲ့တာ။ မင်းအခု သတ်လိုက်တဲ့ လူတစ်စုက ငါ့ပစ်မှတ်တွေထဲက တစ်ခုပဲ”
ဟန်ကျောက်၏ သတိကြီးသွားသည့် ပုံကို တွေ့ရပြီးနောက် ချန်ရွှမ်းမင်က ကြင်နာစွာ ပြုံးသည်။
“လက်စသတ်တော့ အစ်ကိုချီကို.. ကျွန်တော်က ရဲရှောင်ချိုင်ပါ”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ပြန်လည်နှုတ်ဆက်သည်။
အစမ်းရှင်သန်ခြင်း အတွင်းရှိ အဖြစ်အပျက်များကို ပြန်ပြောင်းစဉ်းစား၏။ သို့ရာတွင် အစမ်းရှင်သန်ခြင်း အတွင်းတွင် ချီရွှမ်းမင်ကို အလွန် စွမ်းအားကြီးမည်ဟု ပြသခြင်း မရှိပေ။
‘ချီ… ဖြစ်နိုင်တာက..
ကျီပိုင်ဝေ ပြောခဲ့တဲ့ ကြီးမြတ်တဲ့ မျိုးရိုးနာမည် ငါးခုထဲက တစ်ခုလား’
တစ်ဖက်လူဟာ ထိုမိသားစုထဲက မဟုတ်လျှင်တောင် သူ၏ အသက်အရွယ်နှင့် ချီတစ်ဆင့် စစ်ဘုရင်အဆင့်သို့ ရောက်ရှိနေပုံကို ကြည့်ခြင်းအားဖြင့် အဖွဲ့အစည်းကြီးတစ်ခုမှ ဖြစ်ကြောင်းကို ခန့်မှန်းကြည့်နိုင်ပါသည်။
“အစ်ကိုရဲက တကယ့်ကို ကျွမ်းကျင်တဲ့လူပဲ။ ခုနက ဆေဘာထုတ်ပုံကို ကျွန်တော်တွေ့ခဲ့တယ်။ ကြည့်ရတာ ဆေဘာဆန္ဒကို နားလည်သဘောပေါက်ပြီး ဖြစ်တဲ့ပုံပဲ။
ဒီလို အသက်အရွယ်နဲ့ ဆေဘာဓါး လမ်းစဉ်မှာ ဒီလောက် ပေါက်မြောက်နိုင်တာ တကယ့်ကို လေးစားဖို့ကောင်းတယ်။ အစ်ကိုရဲက ဘယ်ဂိုဏ်းကလဲ မသိဘူး”
ချီရွှမ်းမင်က မေး၏။
ယခုကဲ့သို့ သေးငယ်သည့် နေရာတစ်ခုတွင် ရဲရှောင်ဟိုင်ကဲ့သို့ ဆေဘာကျွမ်းကျင်သူတစ်ယောက်ကို တွေ့ရမည်ဟု ထင်မထားခဲ့ပေ။
အရေးအကြီးဆုံးမှာ တစ်ဖက်လူဟာ သူနှင့် သက်တူရွယ်တူလောက်သာ ရှိခြင်း ဖြစ်သည်။ ထို့အပြင် ယွမ်ကန်းကောင်တီတွင် ရဲမိသားစုကို သူ့အနေနှင့် ကြားဖူးခြင်းမရှိပေ။
“ကျွန်တော်က ဘယ်ဂိုဏ်းကမှ မဟုတ်ဘူး။ လက်တစ်ဖက် အပြင်းအထန် ထိခိုက်ထားတဲ့ အဖိုးအိုတစ်ယောက်နဲ့ တွေ့ပြီး သူပဲ ကျွန်တော့ကို ဆေဘာအတတ်ကို နှစ်အနည်းငယ်လောက် သင်ပေးခဲ့တာ”
ဟန်ကျောက်ဟာ အဖြစ်အပျက်များကို စတင်ဖန်တီး၏။
တစ်ဖက်လူ၏ မည်သည့်ဂိုဏ်းကမှ မဟုတ်ပုံကို ကြားရပြီးနောက် ချီရွှမ်းမင်၏ မျက်လုံးများက ချက်ချင်းပင် လင်းလက်သွားပြီး ပြောသည်။
“အစ်ကိုရဲ.. ခင်ဗျားစိတ်ဝင်စားရင် ဘာလို့ စိတ်ဝိညာဉ်စောင့်ရှောက်သူ အဖွဲ့ထဲကို ဝင်ပြီး အင်ပါရီယာရုံတော်အတွက် ဘာလို့ အလုပ်မလုပ်တာလဲ။ အခုဆိုရင် သိုင်းပညာက ဆုတ်ယုတ်နေပြီး အမွေအနှစ်က ရှားပါးနေတယ်။ နက်နဲတဲ့ သိုင်းပညာ အများစုကို အုပ်စိုးသူမိသားစုတွေက ဖယ်ကြဉ်ထားတာ။ ခင်ဗျားသာ စိတ်ဝိညာဉ်စောင့်ရှောက်သူ အဖွဲ့ထဲကို ဝင်ရောက်ရင် ချီနဲ့ချောင် မိသားစုတွေရဲ့ ဒီဗိုင်းအတတ်နဲ့ မြင့်မြတ်စာအုပ်တွေကို ဖတ်ဖို့ အခွင့်အရေး ရလာမှာ။ ခင်ဗျားရဲ့ နာဂတ်က အတိုင်းအဆမဲ့လာမှာ”
“ဒါက… ကျွန်တော်က အမြဲတမ်း လွတ်လွတ်လပ်လပ်ပဲ နေတတ်တာ… ကြောက်ရတာက..”
ဟန်ကျောက်က တွန့်ဆုတ်သွားဟန် လုပ်သည်။
အစမ်းရှင်သန်ခြင်း အတွင်းတွင် တစ်ဖက်လူဟာ သူ့ကို လျှို့ဝှက်အစောင့်ထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်၏။ စိတ်ဝိညာဉ်စောင့်ရှောက်သူ မဟုတ်ပေ။ သူဟာ အချိန်တိုင်း မလွတ်မလပ် ဖြစ်နေမှာကို လိုချင်ခြင်းမရှိပေ။
“အစ်ကိုရဲ စိတ်မပူပါနဲ့… စိတ်ဝိညာဉ်စောင့်ရှောက်သူမှာ လျှို့ဝှက်အစောင့်လို့ခေါ်တဲ့ လက်အောက်ခံအဖွဲ့တစ်ခု ရှိနေသေးတယ်။ ခင်ဗျားသာ အဲ့ကို ဝင်ရောက်ရင် ဘာမလွတ်မလပ်မှ မဖြစ်တော့ဘူး”
ချန်ရွှမ်းမင်က ပြုံးသည်။
“ခင်ဗျားမှာ လျှို့ဝှက်အစောင့်ရဲ့ တာဝန်တွေကို လက်ခံဖို့ လွတ်လပ်ခွင့်ရှိတယ်။ ပြီးတော့ စိတ်ဝိညာဉ်အစောင့်တွေရဲ့ စွမ်းအားအကြီးဆုံး သတင်းအချက်အလက် စနစ်ကိုလည်း အသုံးပြုနိုင်မယ်။ လုံလောက်တဲ့ အကျိုးပြုမှတ်သာ ရှိရင် အထဲက ဘယ်ပစ္စည်းကိုမဆိုလည်း လဲလှယ်နိုင်တယ်။ စဉ်းစားပါဦး”
“ဒါဆိုရင်..”
ဟန်ကျောက်ဟာ တစ်ဖက်လူ၏ အနည်းငယ် ပိုမိုကာ စိတ်အားထက်သန်နေပုံကို ခံစားရ၏။ သို့ပေမယ့် မည်သည့် မကောင်းသည့် အကြံမစည်မှ မရှိသည့်ပုံပါ။
ခဏတာ စဉ်းစားပြီးနောက် သူက ခေါင်းညှိတ်၏။ “ကောင်းပါပြီ။ ကျွန်တော် လျှို့ဝှက်အစောင့်ထဲကို ဝင်ချင်တယ်”
“အစ်ကိုရဲက ပါးနပ်တဲ့လူဆိုတာကို ကျွန်တော်သိသားပဲ” ချီရွှမ်းမင်က ပြုံးသည်။ သူက လက်ဖဝါးအရွယ် အနက်ရောင် တံဆိပ်ပြားတစ်ခုကို သူ၏ ဆန်မာရုအိတ်ငယ် အတွင်းမှ ထုတ်ကာ ပစ်ပေးလိုက်သည်။
ဟန်ကျောက်က တံဆိပ်ပြားကို ဖမ်းလိုက်ပြီးနောက် အရှေ့ဘက်တွင် လျှို့ဝှက်ဟူသည့် စကားလုံးကို ရေးထားကြောင်းအား တွေ့ရသည်။ နောက်ကျောတွင်တော့ မှန်တစ်ချက်ကဲ့သို့ ချောမွတ်နေ၏။
“အစ်ကိုရဲ.. ဒါက လျှို့ဝှက်အစောင့်တွေရဲ့ တံဆိပ်ပြားပါ။ ဘာစာလုံးမှ မရှိတဲ့ဘက်မှာ အစစ်အမှန်ချီ(သို့) အတွင်းအားကိုသုံးပြီး နာမည်ရေးရတယ်”
ချီရွှမ်းမင်က ရှင်းပြသည်။
“ကောင်းပြီ”
ဟန်ကျောက်က အတွင်းအားကို သုံးကာ ရဲရှောင်ချိုင်ဟူသည့် နာမည်ကို ရေးလိုက်သည်။
“ဒါနဲ့ အစ်ကိုရဲ…. လျှို့ဝှက်အစောင့်တွေနဲ့ စိတ်ဝိညာဉ်စောင့်ရှောက်သူတွေရဲ့ ဌာနခွဲအားလုံးက စီရင်စုမြို့တော်ရဲ့ အလယ်မှာ ရှိတာ။ အရေးကြီးတဲ့ တာဝန်တွေကို လက်ခံတာ(သို့) လွှဲအပ်တာမျိုးဆို ဌာနတွေကို ကိုယ်တိုင်သွားဖို့လိုတယ်”
“တကယ်လို့ ကိုယ်ဘယ်သူဆိုတာကို မဖော်ပြချင်ရင်လည်း ရုပ်ဖျက်ပြီး(သို့) အငွေ့အသက် ဖုံးကွယ်ခြင်း မျက်နှာဖုံးကို လဲလှယ်ပြီး သွားလို့ရတယ်။ ပြီးတော့…”
ချီရွှမ်းမင်က လျှို့ဝှက်အစောင့်များနှင့် စိတ်ဝိညာည် စောင့်ရှောက်သူများ အကြားရှိ စည်းမျဉ်းအချို့ကို ရှင်းပြသည်။
“လိုအပ်တာတွေကို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုချီ… ကျွန်တော်တို့တွေ ကံမကုန်ရင် ပြန်ဆုံတာပေါ့။ အရင်ဆုံး ကျွန်တော် သွားပါဦးမယ်”
ဟန်ကျောက် လက်သီးနှစ်ဖက်ကို မိုးကာ ဦးညွှတ်သည်။ အုပ်စိုးသူ မိသားစု မျိုးဆက်သုံးယောက်ဆီမှ ရလာခဲ့သည့် ရတနာများကို သိမ်း၏။
“နောက်မှတွေ့တာပေါ့”
ချန်ရွှမ်းမင်က ပြုံးကာ ဟန်ကျောက်၏ ထွက်ခွာသွားမှုကို ကြည့်နေ၏။
တစ်ဖက်လူ၏ အငွေ့အသက်တို့ လုံးဝ ပျောက်ကွယ်သွားပြီးမှ ခါးရှိ ဆန်မာရုအိတ်ငယ်အား ပုတ်ကာ တစ်ပေလောက် ရှိသည့် ကြေးမှန်တစ်ခုကို ထုတ်လိုက်သည်။ သူ၏လက်ချောင်းကို ကိုက်ကာ မှန်ပေါ်တွင် သွေးတို့လိုက်ပြီး အစစ်အမှန်ချီနှင့် အတွင်းအားတို့ကို ထိုးသွင်းသည်။
အသက် ဆယ်ကြိမ်ရှူစာလောက် ကြာပြီးနောက် ကြေးမှန်အတွင်းတွင် ခန့်ညားသည့် အသက်သုံးဆယ်အရွဘ် လူကြီးတစ်ယောက် ပေါ်လာခဲ့သည်။
“အစ်ကိုကြီး”
ချီရွှမ်းမင်က လေးစားစွာ ပြောသည်။
“ရွှမ်းမင်… ဘာကိစ္စရှိလို့လဲ။ မိုင်ထောင်ချီ ပုံရိပ်ကို အသုံးပြုပြီး ဘာလို့ ငါ့ကို ခေါ်လိုက်တာလဲ”
မှန်ထဲရှိ လူက သိလိုစွာ မေးသည်။
“အစ်ကိုကြီး.. ကျွန်တော် ချူနိုင်ငံကနေ ထွက်ပြေးလာပြီး စီရင်စုမြို့တော်ရဲ့ အောက်က တိမ်စီရင်စုမှာ ပြဿနာဖြစ်စေတဲ့ အုပ်စိုးသူမိသားစု မျိုးဆက်တွေကို လိုက်နေတာ။ နောက်ဆုံးမှာ ရဲရှောင်ဟိုင်လို့ခေါ်တဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ့ရဲ့ပုံက အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲ။ ဒါပေမယ့် ဆေဘာဆန္ဒကို နားလည်သဘောပေါက်ထားတယ်”
ချီရွှမ်းမင်က ရှင်းပြသည်။
ထိုစကားကို ကြားရပြီးနောက် မှန်ထဲက လူက အနည်းငယ်ခေါင်းညှိတ်ကာ ပြောသည်။
“ဆေဘာဆန္ဒလား… ဒါက တကယ့်ကို ရှားတယ်”
“အဓိကအချက်က သူက သန့်စင်တဲ့ သိုင်းသမားတစ်ယောက်ပဲ။ သူပြောပုံအရဆို သူ့ရဲ့ ဆေဘာအတတ်ကို လက်တစ်ဖက်နဲ့ အဖိုးကြီးတစ်ယောက်ဆီက သင်ထားတာတဲ့။ အမှန်လားတော့ မသိဘူး။ ဒါပေမယ့် ဒီလူက ဘယ်အုပ်စိုးးသူ မိသားစုကမှ မဟုတ်ဘူးဆိုတာတော့ ကျွန်တော်သေချာတယ်”
ချီရွှမ်းမင်က ဆက်လက်ပြောသည်။
“အဲ့ဒီအပြင် သူက အစ်ကိုကြီးလိုပဲ။ ကျွန်တော့ရဲ့ ချီစူးစမ်းခြင်းအတတ်နဲ့ သူ့ကို မမြင်နိုင်ဘူး”
“မင်းဘယ်လိုထင်လဲ”
မှန်ထဲက လူက မျက်မှောင်ကြုတ်သွားသည်။
“အရှေ့ဘက် အောင်နိုင်ခြင်း တိုက်ကြီးရဲ့ ဓါးပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ သိုင်းသမားမျိုးဆက်တေ အရေးနိမ့်နေတယ်။ ဒီလူသာ မြင့်တက်နိုင်ရင် အခြေအနေကို ချိုးဖျက်ဖို့ အကူအညီကောင်းတစ်ခု ဖြစ်လာနိုင်တယ်”
ချီရွှမ်းမင်က လေးနက်စွာ ပြောသည်။
“သူ့မှာ ကောင်းကင်ဆေဘာသတ်ဖြတ်ခြင်း ဒီဗိုင်းကျမ်းကို သင်ယူနိုင်ဖို့ အလားအလာရှိလား”
မှန်ထဲရှိ လူ၏ ပုံစံက လေးနက်သွား၏။ ချီရွှမ်းမင်က စဉ်းစားပြီးနောက် ပြောသည်။
“စမ်းကြည့်တာပေါ့.. သူအောင်မြင်မှာလည်း ဖြစ်နိုင်တာပဲ။ ကောင်းကင်ဆေဘာ သတ်ဖြတ်ခြင်း ဒီဗိုင်းကျမ်းကို အဆုံးမဲ့ကောင်းကင် စိတ်ဝိညာဉ်သတ်ဖြတ်ခြင်း ဓါးသိုင်းနဲ့ ပေါင်းလိုက်ရင် လက်နက်သခင်တစ်ယောက်ကို အနိုင်ယူနို်ငတယ်။ ဖြစ်နိုင်တာက ချန်ကောင်းကင်နန်းတော်မှာ အုပ်စိုးသူမိသားစုတွေရဲ့ ဝန်းရံမှုကို ချိုးဖျက်ပြီး အသက်ရှင်ဖို့ အခွင့်အရေး ရလာမှာလည်း ဖြစ်နိုင်တယ်”
“ဟုတ်တယ်”
မှန်ထဲရှိ လူက ပြုံးကာ သဘောတူစွာ ခေါင်းညှိတ်သည်။ ထို့နောက် စကားပြောင်းသွား၏။
“ပြင်ဆင်ဖို့ ၁၆နှစ်အချိန် ကျန်သေးတယ်။ မင်းမှာ သူတော်စင်တစ်ယောက် ဖြစ်လာဖို့ ယုံကြည်ချက်ရှိလား”
“ဒါက ဒီဗိုင်းစွမ်းအားရဲ့ မဟာတာအိုနဲ့ သက်ဆိုင်နေတယ်။ မအောင်မြင်ရင် သေရမှာ”
ချီရွှမ်းမင်၏ မျက်လုံးများက လျှပ်စီးသဖွယ် ဖြစ်လာပြီး ရွှေရောင်အလင်းတို့ တောက်ပလာခဲ့သည်။
“ဘယ်လောက် ရည်ရွယ်ချက်ကြီးလိုက်လဲ”
မှန်ထဲက လူက ပြုံးကာ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ချီရွှမ်းမင်၏ မျက်နှာက ဖြူရော်သွား၏။ မိုင်ထောင်ချီပုံရိပ်ဟာ သူ့အပေါ် ကြီးမားသည့် စွမ်းအင်ကုန်ဆုံးမှု ဖြစ်စေ၏။
သူဟာ လူပေါင်းများစွာကို ရှာဖွေခဲ့သည်။ သို့ပေမယ့် ရဲရှောင်ချိုင်ဟာ မည်သည့်အုပ်စိုးသူ မိသားစုကမှ မဟုတ်ပဲ အသက်၂၀တွင် ဆေဘာဆန္ဒကို နားလည်သဘောပေါက်နိုင်သည့် တစ်ဦးတည်းသော လူဖြစ်၏။
ဒီလောကကြီးဟာ ကြီးမားပြီး ကိစ္စအားလုံးတို့ ပါဝင်နေကြသည်။ ဒီလောကကြီးဟာ အလွန်လည်း သေးငယ်ပြီး အုပ်စိုးသူ မိသားစုများဟာ သန့်စင်သော သိုင်းသမားတစ်ယောက် ဒီဗိုင်းစွမ်းအားအဆင့်သို့ ထပ်မံဝင်ရောက်မည်အား သည်းခံနိုင်ခြင်း မရှိပေ။
“အနှေးနဲ့အမြန် ငါတို့တွေ တူညီတဲ့ လူမျိုးတွေ ဖြစ်လာမယ်လို့ ငါယုံတယ်”
ချီရွှမ်းမင်က ညင်သာစွာ ရေရွတ်၏။