အခန်း (၁၄၃)
Vol. 10 Ch. 143
“နဂါးနီလှံအပိုင်းအစ*၃- အလယ်အလတ်အဆင့် အတုအယောင် ဒီဗိုင်းလက်နက် အပိုင်းအစ- အရည်အသွေး လက်ခံနိုင်ရုံရှိသည်။ မြင့်မားစွာ စုစည်းထားသည့် ယင်စွမ်းအင်များ ပါဝင်သည်..”
ဟန်ကျောက်ဟာ လမ်းခရီးအား လှည့်ပတ်ကာဖြင့် ကျောက်နက်မြို့သို့ ပြန်ခဲ့သည်။ နောက်ဆုံးတွင် အုပ်စိုးသူ မိသားစု မျိုးဆက်၏ ဆန်မာရုအိတ်ငယ်အတွင်းမှ တတိယမြောက် နဂါးနီလှံ အပိုင်းအစကို ရှာတွေ့ခဲ့သည်။
သူက လှံအပိုင်းအစ သုံးခုတို့ကို ထုတ်လိုက်ရုံ ရှိသေးသည်။ ၎င်းတိုဟာ အတူတူ ပေါင်းစပ်သွားပြီး အလယ်အလတ် အတုအယောင် ဒီဗိုင်းလက်နက် အပိုင်းအစ ဖြစ်လာခဲ့သည်။ အတွင်းရှိ ယင်စွမ်းအင်မှာ ကြီးစွာ တိုးပွားလာ၏။
“အပိုင်းအစတွေ အားလုံးကို စုစည်းနိုင်ရင် အဆင့်မြင့်အဆင့် အတုအယောင် ဒီဗိုင်းလက်နက်တစ်ခု ဖြစ်လာမလားပဲ”
ဟန်ကျောက်က လက်ကိုဆန့်ကာ လှံကိုဆုပ်ကိုင်သည်။ ချက်ချင်းပင် လှံ၏ကိုယ်ထည်မှ အပူတစ်ခုဟာ လျှင်မြန်စွာ မြင့်တက်လာကြောင်းကို ခံစားရပြီး အားကောင်းသည့် ခုခံမှုတစ်ခု ပျံ့နှံ့လာခဲ့သည်။
“မင်းက ပုန်ကန်နေတာလား…”
ဟန်ကျောက်၏ ပုံစံက မဲမှောင်သွား၏။ သန့်စင်သောယန် သက်ရှည်အစစ်အမှန်ချီနှင့် သန့်စင်သောယန် ဗာဂျရာအစစ်အမှန်ချီတို့ကို လက်ဝါး၌ စုစည်းကာ လှံအတွင်းသို့ ထိုးသွင်းလိုက်သည်။
“ဘဇ်၊ ဘဇ်၊ ဘဇ်”
လှံဟာ ပြင်းထန်စွာ တုန်ခါလာ၏။ ခဏအကြာ၌ တောင်းပန်လာလေသည်။
“နောင်မှာ.. ငါ့ကို အကြိမ်တိုင်း ယင်စွမ်းအင် သုံးဆပိုပြီး ထောက်ပံ့ပေးရမယ်”
နဂါးနီလှံက သဘောတူပြီးမှ ဟန်ကျောက်ဟာ အစစ်အမှန်ချီ ထိုးသွင်းမှုကို ရပ်တန့်လိုက်၏။
ချန်မိသားစုမှ ရရှိခဲ့သည့် ဒီလှံနှင့် ဝိညာဉ်အဆီအနှစ်လုံး အတွင်းရှိ ယင်စွမ်းအင်တို့နှင့် သူ့အတွက် အစမ်းရှင်သန်ရန် သုံးကြိမ်လောက် လုံလုံလောက်လောက် ရလောက်ပါပြီ။
ထို့နောက် ဖြည်းညှင်းစွာ ပြန်လည်စုဆောင်းနိုင်၏။ ၎င်းကို အရံအဖြစ် အသုံးပြုပါက လုံးဝ အဆင်ပြေမှာပါ။ သူ့အနေနှင့် ဒီအချိန်အတွင်း ထူးခြားမှုများကို ရှာဖွေရန် မလိုအပ်ပါ။
ဟန်ကျောက်ဟာ နဂါနီလှံ အပိုင်းအစကို ဆန်မာရုအိတ်အတွင်းသို့ ထည့်လိုက်သည်။ သူ၏အကြည့်က သိုင်းပညာဇယားသို့ ကျရောက်သွား၏။
သိုင်းပညာများ….
သွေးစိတ်ဝိညာဉ်မူဝါဒ(ဒုတိယအဆင့် စတင်ခြင်းအဆင့် ၈၅%၊ အဆင့်မြှင့်တင်နိုင်)
အရိုးကျုံ့ခြင်းအတတ်(ပထမအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ ကောက်နုတ်နိုင်)
အငွေ့အသတ် ထိန်းချုပ်ခြင်းအတတ်(ပထမအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ ကောက်နုတ်နိုင်)
“ချီရွှမ်းမင်ရဲ့ စကားအရဆို လျှို့ဝှက်အစောင့်တွေ အနေနဲ့ သူတို့ကိုယ်သူတို့ ရုပ်ဖျက်ကြတာက ပုံမှန်ပဲ။ ဒါပမေယ့် ကျွမ်းကျင်သူအများစုက စီရင်စုမှာ စုစည်းနေကြတာ။ ဒီအရိုးကျုံ့ခြင်းအတတ်နဲ့ အငွေ့အသတ် ထိန်းချုပ်ခြင်း အတတ်နဲ့ပဲဆို ငါဘယ်သူလဲဆိုတာ ပေါက်သွားနိုင်တယ်” ဟန်ကျောက်က စဉ်းစားသည်။
“သွေးစိတ်ဝိညာဉ်မူအပေါ်ကို အားကိုးဖို့ လိုသေးတယ်”
ဒီအတောအတွင်းတွင် သူဟာ နတ်ဆိုးသားရဲအသား များစွာတို့ကို စားသုံးခဲ့၏။ တစ်ချိန်တည်းတွင် သူတို့၏ သွေးများကိုလည်း စားသုံးခဲ့သည်။
သွေးစိတ်ဝိညာဉ်မူဝါ၏ တိုးတက်နှုန်းမှာ ကြီးစွာ မြင့်တက်လာ၏။ သူဟာ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ပေတော့မည်။
သူ့ကိုယ်သူ ပိုမိုကောင်းမွန်စွာ ဖုံးကွယ်နိုင်ရန်အတွက် ရဲရှောင်ဟိုင်အဖြစ် ရုပ်ဖျက်ချိန်တွင် ခန္ဓာကိုယ်အတွင်းသို့ နတ်ဆိုးသားရဲသွေး အချို့ကိုပင် ပေါင်းစပ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သိုင်းသမားတစ်ယောက်၏ သွေးချီနှင့် အတွင်းအားတို့၏ အငွေ့အသက်ဟာ ဖုံးကွယ်ရန် အခက်ခဲဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ သွေးပေါင်းစပ်ခြင်းဟာ သူ၏ အငွေ့အသက်ကို အရင်းအမြစ်မှ ပြောင်းလဲနိုင်၏။
အတွင်းအားမှာတော့ သူတိုက်ခိုက်သည့် လူအားလုံးကို သတ်ဖြတ်ပစ်ပါက ပေါ်သွားစရာ မရှိပေ။
ထက်မြသည့် အာရုံခံမှုနှင့် ကျွမ်းကျင်သူအချို့ကို ကြုံရပါက သွေးချီမှတစ်ဆင့် သူ၏ ရုပ်ဖျက်ထားမှုကို မတိုက်ခိုက်ခင်တွင်ပင် သိသွားနိုင်ချေ ရှိသည်။ ထို့ကြောင့် သွေးချီ၏ အငွေ့အသက်ကိုတော့ ပြောင်းလဲဖို့လိုအပ်၏။
ထိုမှသာ ပေါ်သွားနိုင်ချေကို လျှော့ချနိုင်မည် ဖြစ်သည်။
“ငါ.. သွေးပေါင်းစပ်ခြင်း အထူးသက်ရောက်မှုကို တိုးမြှင့်ရမယ်”
သူဟာ နောင်တွင် ပိုမို၊ ပိုမိုကာ များသည့် သိုင်းပညာများကို ကျင့်ကြံမှာ ဖြစ်ပြီး အသုံးပြုရန် ရွေးချယ်စရာများစွာ ရှိမှာပါ။ ပေါ်သွားနိုင်ချေဟာ အလွန်နိမ့်ပါး၏။
ကောင်းကင်ဆေဘာစုန့်ချွေ၊ စိတ္တဇဆေဘာ ရဲရှောင်ချိုင်၊ အကြွင်းမဲ့ သုံးပါး ရှုံဘနှင့် အစရှိသဖြင့် ဖြစ်၏။
သူမကျင့်ကြံရသေးသည့် ကောင်းကင်မြစ်မိုး တန်ပြန်ဓါးသိုင်း၊ နဂါးနီအစစ်အမှန်အတတ်နှင့် စိတ်ဝိညာဉ်သုံးပါး မြားကျမ်းတို့လည်း ကျန်ပါသေးသည်။
တစ်ခုမှာဓါး၊ တစ်ခုမှာလှံ၊ တစ်ခုမှာမြား.. သူဟာ နာမည်တုများဖြင့် လူများကို ထပ်၍ပင် ပွားနိုင်သေး၏။ ထို့အပြင် လက်ဗလာသိုင်းသူတော်စင် ပါရမီကို မြှင့်တင်ရန်အတွက် သူဟာ လက်ချောင်းနှင့် လက်သည်းသိုင်းပညာတို့ကို လေ့လာရဦးမည် ဖြစ်သည်။ စုစုပေါင်း အမျိုးအစား ဆယ်ခုရှိသည့် ကျင့်စဉ်များ ရှိလာမှာ ဖြစ်၏။
ယခုအချိန်၌ ဒီလောကရှိ သိုင်းပညာ အမွေအနှစ်ဟာ ပြတ်တောက်နေပါသည်။ သိုင်းသမားများဟာ အဆင့်တူသည့် အုပ်စိုးသူ မိသားစု မျိုးဆက်များနှင့် ယှဉ်ပြိုင်လိုပါက ထိပ်တန်းအဆင့် ကျင့်စဉ်များကို ကျင့်ကြံရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် လုယင်ရွှမ်း ကျင့်ကြံသည့် အံ့ဩစရာကောင်းလှသည့် စွမ်းအားနှင် ကောင်းကင်ဖင်း နတ်ဆိုးအတတ် ဖြစ်သညသ်။
သို့ပေမယ့် ၎င်းကို ကျင့်ကြံရန် လူတစ်ယောက်ဟာ ဆန်းကြယ်သည့် ပါရမီအား ပိုင်ဆိုင်ထားရန် လိုအပ်သည်။ မဟုတ်ပါက အလယ်အလတ်အဆင့် ကျင့်စဉ်များစွာကို ထိပ်ဆင့်ရန် လိုအပ်၏။
လက္ခဏာရပ် မျိုးစုံ၏ အတွင်းအားများ ထပ်ဆင့်မှုနှင့်အတူ သူဟာ ကြုံတွေ့လာမည့် ရန်သူများကို ရင်ဆိုင်လာနိုင်မှာ ဖြစ်သည်။
ထို့အပြင် သုံးပါးသော အနှစ်သာရအားဟာ ထိုအဆင့်မြင့်အဆင့် ကျင့်စဉ်များမှ ရရှိလာသည့် အတွင်းအားထက် နိမ့်ကျလောက်မည် မဟုတ်ပါ။
အစစ်အမှန်ချီနှင့် ပူးပေါင်းကာ သုံးမှတ်မူလပြန်ခြင်း အတတ်အဖြစ်သို့လည်း မြင့်တက်နိုင်သေး၏။
ထိပ်တန်းအဆင့် ကျင့်စဉ်များဟာ ကျင့်ကြံရန် ခက်ခဲသည်။ အစမ်းရှင်သန်ခြင်း အတွင်းတွင် မဖျက်ဆီးနိုင်သော ဗာဂျရာဒီဗိုင်းအတတ်၏ အခြေခံ ကျင့်ကြံခြင်း နည်းလမ်းဟာ သူ့ကို အကြိမ်ပေါင်းများစွာ သေလောက်အောင် နာကျင်စေခဲ့၏။
သူ့တွင် စွမ်းရည်မှတ်များ ရှိကာ တကယ့်ပြင်ပရှိ ကျင့်ကြံမှုကို လျှင်မြန်စွာ တိုးမြင့်နိုင်စေသော်လည်း အဆင့်ချိုးဖျက်တိုင်းတွင် ကြောက်စရာကောင်းသည့် နာကျင်မှုတစ်ခုကို ခံစားရရာ ထိတ်လန့်မိဆဲ ဖြစ်သည်။
ထို့ကြောင့် သူ့အတွက်မူ ထိုအနည်းငယ် လွယ်ကူသည့် ကျင့်စဉ်များကို ကျင့်ကြံပြီး အရည်အသွေးဖြင့် အနိုင်မရနိုင်ပါက အရေအတွက်ကို မှီခိုကာ ရန်သူများကို နင်းချေပစ်မှာ ဖြစ်သည်။ ဤသည်မှာ ဒီအချိန်၌ သူ့အတွက် အသင့်တော်ဆုံး လမ်းစဉ်တစ်ခု ဖြစ်၏။
နောင်တွင် သူ၏ပါရမီ တိုးမြင့်လာလျှင်တော့ ပိုမိုများပြားသည့် လမ်းကြောင်းများကို ရွေးချယ်နိုင်ပါပြီ။
ရှေ့ရှိ ပုဂ္ဂိုလ်ကြီးများ တီထွင်ခဲ့သည့် ထိပ်တန်းကျင့်စဉ်များဟာ မည်မျှပင် စွမ်းအားကြီးမားစေကာမူ သူ့အတွက် သူဖန်တီးသည့် ကျင့်စဉ်များလောက် သင့်တော်ခြင်း ရှိမည်မဟုတ်ပါ။
“သိုင်းပညာများ- သက်ရှည်ကျမ်း(တတိယအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ ကောက်နုတ်နိုင်)”
“သက်တမ်း- ၂၁/ ၂၈၈”
“လုယင်ရွှမ်းရဲ့ နဂါးဟိန်းခန္ဓာက သူမအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုပဲ။ ဒါပေမယ့် ဒါက ငါ့အတွက် ကောင်းကင်ကို ထိုးတက်နိုင်မယ့် အခွင့်အရေးကောာင်းတစ်ခု ဖြစ်တယ်”
သူ၏ သက်တမ်းကို ကြည့်ကာ ဟန်ကျောက်က စဉ်းစားသည်။ ပြီးလျှင် သူဟာ စီရင်စုမြို့တော်ဆီသို့ သွားရောက်မှာ ဖြစ်၏။
ပထမဆုံး လုပ်ရမည်မှာ ဆေးလုံးများကို ဖော်စပ်ကာ “ပြန်လည်မွေးဖွားခြင်း ဆေးသူတော်စင်” ပါရမီ၏ ကျွမ်းကျင်မှုအား အမြန်ဆုံး မြှင့်တင်ရမည် ဖြစ်၏။ ထို့နောက် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးကို ဖော်ဆပ်ကာ စွမ်းရည်မှတ်များကို မှီခိုပြီး ဗာဂျရာအတတ်ကို မြှင့်တင်ရပေမည်။
အစမ်းရှင်သန်မှု အတွင်းတွင် သူဟာ ဗာဂျရာအတတ်ကို တတိယအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ကျင့်ကြံပြီးမှသာ ပါရမီကို အဆင့်မြင့်အဆင့်သို့ ရောက်ရှိနိုင်ရုံ ရ၏။
ထိုအခါမှသာ ကောင်းကင်ဖင်းနတ်ဆိုးအတတ်၏ လျှို့ဝှက်အတတ်ကို ကျင့်ကြံနိုင်ကာ စိတ်ဝိညာဉ်လုယူခြင်း အတတ်၏ ပထမအဆင့်ကို အောင်မြင်ခဲ့ပြီး လုယင်ရွှမ်း၏ ခန္ဓာကိုယ်အတွင်းမှ ယန်ချီများကို စုပ်ယူနိုင်ခဲ့၏။
သို့ရာတွင် တကယ့်ပြင်ပတွင် သူ့ဆီ၌ “အိုဇာတာကောင်းသူ” ၏ နှစ်ဆသက်ရောက်မှု ရှိပါသည်။ သူ၏ ပါရမီသာ အဆင့်မြင့်အဆင့်နှင့် နီးကပ်လာပါက အဆင့်မြင့်အဆင့်သို့ ရောက်ရှိနိုင်မှာ ဖြစ်သည်။
အစကတည်းက ယန်ချီဟာ သွေးချီနှင့် ဆက်စပ်နေ၏။ စိတ်ဝိညာဉ်လုယူခြင်း အတတ်၏ ပထမအဆင့်ဖြင့် လုယင်ရွှမ်း၏ နဂါးဟိန်းခန္ဓာကို လုယူနိုင်ခြင်း မရှိလျှင်တောင် ယင်ချီများကို စုပ်ယူရုံနှင် သူ၏ကျင့်ကြံခြင်းအတွက် အလွန် အကျိုးများမှာပါ။
ပေးရသည့် တန်ကြေးမှာ သူ့သက်တမ်း သုံးပုံနှစ်ပုံ ဖြစ်၏။ ဟန်ကျောက်ဟာ သက်ရှည်ကျမ်းကို အထူးထိန်းသိမ်းထားပြီး ကောက်နုတ်မှု မပြုသေးခြင်းမှာ စိတ်ဝိဉာဉ် လုယူခြင်း အတတ်၏ ပထမအဆင့်အား ပြီးမြောက်အောင် စောင့်စားနေခြင်းကြောင့် ဖြစ်သည်။