← Chapters

အခန်း (၁၄၄)

Vol. 10 Ch. 144

အခန်း (၁၄၄)

Vol. 10 Ch. 144

သက်ရှည်ကျမ်း၏ အံ့ဩစရာကောင်းလှသည့် သက်တမ်းတိုးမြှင့်ပေးမှုနှင့် စတုတ္ထအဆင့်ကိုသာ ကောက်နုတ်ပြီးပါက သူ့အနေနှင့် စိတ်ဝိညာဉ်လုယူခြင်း အတတ်ကြောင့် သက်တမ်း၂၀၀နီးပါးလောက် ကုန်ဆုံးခဲ့လျှင်တောင် သက်တမ်းအပို ရာဂဏန်း အနည်းငယ်လောက် ရလာမှာပါ။

“ထွက်ခွာဖို့ အချိန်ကျပြီ”

ဟန်ကျောက်ဟာ ခြံဝန်းဆီသို့ လျှောက်သွားပြီး ပြောင်းရွှေ့လာတာ တစ်နှစ်ပင် ပြည့်သေးခြင်းမရှိသည့် အိမ်ကိုကြည့်သည်။ မနေနိုင်ပဲ သက်ပြင်းချမိ၏။

ရဲကျန်းဒေသတွင်…

ဟန်ကျောက်ဟာ မရေမတွက်နိုင်သည့် အကြိမ်ပေါင်းများစွာ လျှောက်လှမ်းခဲ့သည့် သိုင်းကျောင်းဆီသို့ လမ်းပေါ်၌ လျှောက်လှမ်းနေ၏။ သူ၏ မျက်လုံးများကို မှိတ်ထားလျှင်တောင် တိကျစွာ လျှောက်နိုင်ပါသည်။

“ကောင်လေး.. ငါလည်း မင်းကို လာရှာတော့မလို့…. ဒါပေမယ့် မင်းက အရင်ငါ့ကိုလာရှာတယ်။ ကြည့်ရတာ ငါတို့တွေ တူညီတဲ့အရာတစ်ခုကို တွေးမိကြတာ ဖြစ်မယ်”

လုယီဟာ သိုင်းကျောင်းမှ လျှောက်ထွက်လာ၏။ ဟန်ကျောက်၏ လျှောက်လာပုံကို တွေ့ရပြီးနောက် လျှင်မြန်စွာ ချည်းကပ်သွားသည်။

“ဆရာ”

ဟန်ကျောက်က ဦးညွှတ်သည်။

“ဘာလဲ.. ဘာဖြစ်လို့ ရုတ်တရက် ဒီလောက်လေးလေးစားစား ဦးတွေဘာတွေ ညွှတ်နေတာလဲ။ မင်းရဲ့ ကိုယ်ပိုင်ဂိုဏ်း ထောင်တော့မှာလို့တော့ မပြောနဲ့နော်”

လုယီက ကြောင်တောင်စွာ မေးသည်။

“ဆရာ.. အဲ့လိုကြီး မစပါနဲ့”

ဟန်ကျောက်က နေရခက်စွာ ပြုံးသည်။

“ကြည့်ရတာ မင်းဆင့်တက်သွားပြန်ပြီ ထင်တယ်။ မင်းထွက်သွားတော့မှာလား”

လုယီ၏ မျက်ခုံးများက မြင့်တက်သွားသည်။

“ကျွန်တော် စီရင်စုမြို့တော်က သိုင်းပညာအကယ်ဒမီကို သွားပြီး လေ့လာမလို့။ အဲ့ဒါကြောင့် ဆရာ့ရဲ့ ခွင့်ပြုချက်လာတောင်းတာပါ”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။

သူဟာ သာမန်တပည့်တစ်ယောက် မဟုတ်ပေ။ နေချင်တိုင်းနေ ထွက်သွားချင်တိုင်း ထွက်သွားလို့မရပါ။ လုယီက သူ့အပေါ်တွင် ရင်းနှီးမြှုပ်နှံခဲ့သည့် အရင်းအမြစ်များဟာ သူပေးချေခဲ့သည့် သင်တန်းကြေးလေးထက် များစွာ ကျော်လွန်နေပြီး ဖြစ်၏။

သူတို့၏ ဆက်ဆံရေးဟာ သင်တန်းသားနှင့် ဆရာ မဟုတ်တော့ပဲ ဆရာတပည့်အရင်းများ ဖြစ်လာကြသည်။ ပြောရလျှင် ဟန်ကျောက်အနေနှင့် လုယီနှင့် ချက်ချင်း ဆွေးနွေးမှုပြုရန် လိုအပ်ပါသည်။

“ငါက ဘာများပြောလို့လဲလို့.. ဒီကိစ္စလေးပဲကို.. မင်းသွားချင်ရင် သွားပေါ့။ ငါက တားနိုင်မှာလား”

လုယီက လက်ကိုဝှေ့ယမ်းကာ ထူးမခြားနားစွာ ပြောသည်။

“ဆရာ.. တကယ်တော့.. ကျွန်တော်…”

ဟန်ကျောက်က ရှင်းပြလို၏။

“ဒီမှာ”

လုယီက ရုတ်တရက် စာနှစ်စောင်ကို သူ့အား ပေး၏။

“ဒါက”

ဟန်ကျောက်က မှင်သက်သွားသည်။

“ဒါက ယင်ရွှမ်းအတွက် စာပဲ။ သိုင်းပညာအကယ်ဒမီကို မင်းသွာားတဲ့အခါ ငါ့ကိုကူပြီး သူမကိုပေးပေး။ ဒါက ငါ့ကို ခရီးသွားပြီး အလုပ်ရှုပ်ရမှာကို သက်သာစေတယ်”

လုယီက ယင်ရွှမ်းအတွက်ဟု ရေးထားသည့် စာစောင်ကို လက်ညှိုးထိုးကာ ပြောသည်။

“ဒီစာစောင်ကရော”

ဟန်ကျော်က အဖုံးတွင် မည်သည့်စကားလုံးမှ မပါသည့် နောက်ထပ်စာစောင်ကို ကြည့်သည်။

“သိုင်းအကယ်ဒမီမှာ ငါ့ရဲ့ မိတ်ဆွေဟောင်းအချို့ ရှိပါသေးတယ်။ ငါတို့တွေ နောက်ဆုံးအကြိမ် တွေ့ရတာ နှစ်ပေါင်းတော်တော်ကြာပြီ။ ငါ့ကို ကူညီပြီး စာပေးပေးပါ” လုယီက တည်ငြိမ်စွာ ပြောသည်။

“သိုင်းအကယ်ဒမီကို ဝင်ရောက်ပြီးရင် မင်းရဲ့နောက်ခံကို ထုတ်ပြလိုက်။ တစ်ယောက်ယောက် မင်းကို လာရှာလိမ့်မယ်”

“မင်းရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ထူးကဲတယ်။ ဒါပေမယ့် ပါရမီက ညံ့ဖျင်းတယ်။ စီရင်စုမြို့တော်မှာ အရင်းအမြစ်တွေနဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေ များပြားပြီး ပါရမီရှင်တွေ မရှားပါဘူး။ ဒါ့ကြောင့် ထင်ပေါ်လာဖို့ဆိုတာ မလွယ်ကူဘူး”

“ဆရာ.. “

ဟန်ကျောက်၏ နှလုံးသားက နွေးထွေးသွားသည်။ ရှင်းလင်းစွာပင် ဤသည်မှာ ထောက်ခံစာတစ်ခု ဖြစ်၏။ အကူအညီတောင်းသည့် စာစောင်ဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။

“ကောင်းပြီ။ လုပ်မနေနဲ့.. မသိရင် ထွက်သွားဖို့ မလုပ်နိုင်တဲ့ ပုံစံနဲ့… အဲ့ဒါကြီးက ဟန်လုပ်တာများသွားပြီ”

လုယီက မနှစ်မြို့စွာ ကြည့်ပြီး ချက်ချင်းပင် စကားပြောင်းလိုက်သည်။

“ယွမ်ထုကို ပြောဖို့လည်း မမေ့နဲ့ဦး။ ရှလင်နဲ့လည်း ကိစ္စကို အတည်ပြုဦး… ယင်ရွှမ်း မင်းကိုကြိုက်အောင် လုပ်နိုင်တဲ့စွမ်းရည် မင်းမှာတကယ်ရှိရင်.. စိတ်မပူနဲ့.. နှစ်ယောက်စလုံးကို လက်ထပ်ပေါ့။ နောက်ဆုံးမှာ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှတော့ စိတ်ပျက်အောင် မလုပ်နဲ့။ မဟုတ်ရင် ငါမင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

“ဟုတ်ကဲ့ပါဆရာ”

“သိုင်းကျောင်းထဲကိုဝင်ပြီး နှုတ်ဆက်စကားတွေ ပြောမနေနဲ့တော့… မြန်မြန်သွားဖို့လုပ်တော့”

“ဟုတ်ကဲ့”

ဟန်ကျောက်က ဦးညွှတ်ကာ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ လမ်းလျှောက်ရင်းက မြစ်အပေါ်ရှိ တံခါးခုံးပေါ်သို့ ရောက်ရှိသွားသော် ဟန်ကျောက်ဟာ အရောင်လဲ့နေသည့် မြစ်ပြင်ကို ကြည့်မိသည်။ ခြေလှမ်းများက အလိုလို ရပ်တန့်သွား၏။

အဝေးတွင် လှေသမားဟာ တပ်ကိုကိုင်ကာ နေမင်းကို ကျောပေးလျှက် ရှည်လျားသည့် မြစ်ပြင်တစ်လွှားတွင် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဟန်ကျောက်ဟာ ဘေးလမ်းသို့ ပြန််လှည့်ကြည့်သည်။ လုယီဟာ နေရာမှာတင် ရပ်နေပြီး သူ့ကို လျှင်မြန်စွာ ထွက်ခွာရန် လက်ပြပါသည်။

ဟန်ကျောက်ဟာ ဆက်လက်နေမနေတော့ပေ။ တံခါးပေါ်မှ လျှင်မြန်စွာ လျှောက်ဆင်းသွာ၏။

နှစ်ရက်ကြာပြီးနောက်…

ဟန်ကျောက်ဟာ ရှလင်ကို နှုတ်ဆက်ပြီးနောက် ယုနျန်နှင့်အတူ တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။

တိမ်စီရင်စုတွင် ကောင်တီတစ်ရာကျော် ရှိပြီး ယွမ်ကန်းကောင်တီဟာ ထိပ်တန်းဆယ်ခုတွင် ပါဝင်သည်။ ယွမ်ကန်းကောင်တီ တစ်ခုတည်းပင်လျှင် သူ၏ ပြီးခဲ့သည့်ဘဝရှိ ပြည်နယ်တစ်ခုထက် ပိုမိုကြီးမား၏။

ဟန်ကျောက်ဟာ ကျောက်နက်မြို့၏ တောင်ဘက်ရှိ ကျားယွမ်မြို့သို့ သွားရောက်ကာ မြစ်ပြင်ကျယ်ရှိ ကုန်သွယ်လှေပေါ်သို့ တက်သည်။

မြစ်ရှည်ဟာ ကောင်းကင်စီရင်စုနှင့် တိမ်စီရင်စုတို့ အကြားတွင် စီးဆင်းနေ၏။ နှစ်ဖက်စလုံးရှိ သွားလာရေးလုပ်ငန်းကို အလွန် တွင်ကျယ်စေသည်။

ဒီနေရာဟာ စီရင်စုမြို့တော်မှ ကီလိုမီတာ ၃၀၀၀ကျော် ကွာဝေးပါသည်။ ဟန်ကျောက်အနေနှင့် တစ်နေ့လျှင် ကီလိုမီတာ ရာဂဏန်းချီကာ သွားလျှင်တောင် ရောက်ရှိရန် ငါးရက်ခြောက်ရက်လောက် အချိန်ယူရသည်။

ထို့အပြင် ဆက်တိုက် ခရီးသွားခြင်းဟာ အနည်းငယ် ပင်ပန်း၏။ ထို့ကြောင့် သူဟာ လမ်းတစ်လျှောက်တွင် ရှုခင်းများကို ကြည့်ကာ အပန်းဖြေရင်း ခရီးဆက်ရန် ရွေးချယ်ခဲ့သည်။

ဤနည်းအားဖြင့် သူဟာ မြစ်ပြင်ပေါ်တွင် ခုနစ်ရက်ကြာ ကုန်လွန်ခဲ့သည်။ တစ်နာရီအတွင်းတွင် ယွမ်ကန်းကောင်တီ၏ မြို့တော်စီသို့ ရောက်ပေတော့မည်။

“လောကကြီးနဲ့ နှိုင်းယှဉ်ရင် လူသားတွေရဲ့ ခွန်အားဆိုတာ တကယ့်ကို သေးမွှားလွန်းတယ်”

ဟန်ကျောက်ဟာ ကုန်းပတ်တွင် ရပ်ကာ အဆုံးမသတ်နိုင်သည့် မြစ်ပြင်ကျယ်ကို ကြည့်သည်။ မနေနိုင်ပဲ သက်ပြင်းချမိ၏။

ဖြစ်နိုင်တာက ဒီဗိုင်းစွမ်းအားကို ရရှိခြင်း(သို့) ပိုမိုမြင့်မားသည့် အဆင့်များကိုပင် ရရှိနိုင်မှသာလျှင် သက်ရှိအားလုံးတို့ကို အမြင့်မှ ကြည့်နိုင်ပေလိမ့်မည်။

“သင်္ဘောရပ်မယ်.. အားလုံး ထွက်လာကြ”

ထိုအချိန်၌ သင်္ဘောပိုင်ရှင်က ကုန်းပတ်ပေါ်တွင် ရပ်ကာ အတွင်းသို့ ရုတ်တရက် အော်လိုက်သည်။

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားပြီး နောက်ကျောဘက်မှ လျှင်မြန်စွာ ချည်းကပ်လာနေသည့် သင်္ဘောငယ်ကို ကြည့်၏။

သင်္ဘောရွက်ပေါ်တွင် တူညီသည့် နဂါးနက်တစ်ကောင်ပုံကို ဆွဲထားသည်။ သေသေချာချာ ကြည့်ပါက ဦးခေါင်းများပေါ်တွင် ဦးချိုများ ပါရှိခြင်း မရှိပေ။ ၎င်းဟာ ရေနဂါးဖြစ်သည်။

“ဘာဖြစ်တာလဲ..”

“ဓါးပွလား”

သင်္ဘောအတွင်းရှိ လူများဟာ တစ်ယောက်ပြီးတစ်ယောက် ကုန်းပတ်ပေါ်သို့ တက်လာကြသည်။ လူများအကြား တီးတိုးစွာ မေးမြန်းကြ၏။ မြင်ကွင်းက ချက်ချင်းပင် ဆူလာခဲ့သည်။

“မင်းတို့အားလုံး ပါးစပ်‌ေတွပိတ်ထားကြ။ မဟုတ်တာ မပြောနဲ့.. သူတို့က ဒေါသရေနဂါး လူဆိုးဂိုဏ်းကပဲ။ မင်းတို့သာ ပိုက်ဆံပေးရင် ကျန်တာအားလုံး အဆင်ပြေတယ်”

သင်္ဘောပိုင်ရှင်က ကျယ်လောင်စွာ အော်လိုက်သည်။

ဒေါသရေနဂါးဂိုဏ်းဟူသည့် အသံကို ကြားရပြီးနောက် လူတိုင်းဟာ တိတ်ဆိတ်သွားကြ၏။ သူတို့ဟာ မြစ်ရှည်နှင့် ရင်းနှီးကာ ဒေါသရေနဂါးဂိုဏ်းအကြောင်းကို သိကြပါသည်။

ထိုဂိုဏ်းဟာ မြစ်နှစ်ဖက်လုံးရှိ ကောင်တီများစွာကို အုပ်စိုးကြ၏။ မြစ်တစ်လွှားတွင် သွားလာကြသည့် ကုန်သင်္ဘောအားလုံးဟာ သူတို့ကို ဆက်ကြေးပေးရန် လိုအပ်သည်။

ဒေါသရေနဂါးဂိုဏ်းကလည်း မြစ်တစ်လွှားတွင် တည်ငြိမ်မှုကို ထိန်းသိမ်းပေး၏။ ကုန်သင်္ဘောများဟာ ဓါးပြများထံမှ သူတို့၏ ကာကွယ်မှုကို ခံရသည်။ အပြင်ဘက်တွင် လူတိုင်းဟာ ပိုက်ဆံပေးကာ ငြိမ်းချမ်းမှုကို ဝယ်ယူလိုကြသည်။

“ကလန်”

ဒေါသရေနဂါး လူဆိုးဂိုဏ်း၏ အမြန်သင်္ဘောဟာ ကုန်သင်္ဘောဆီသို့ လျှင်မြန်စွာ ချည်းကပ်လာ၏။ လူဆိုးဂိုဏ်း၏ အဖွဲ့သားများဟာ သံချိတ်နှင့် ကြိုးများကို သင်္ဘောအစွန်သို့ ပစ်လိုက်ကြသည်။ ကျွမ်းကျင်စွာဖြင့် သင်္ဘောကြီးပေါ်သို့ တက်လာကြ၏။

All Chapters