← Chapters

အခန်း (၁၄၆)

Vol. 10 Ch. 146

အခန်း (၁၄၆)

Vol. 10 Ch. 146

လူအုပ်၏ အနောက်ဘက် မီတာတစ်ရာ အကွာတွင် အထက်တန်းကျသည့် စားသောက်ဆိုင်တစ်ဆိုင် ရှိသည်။

ဒီအချိန်၌ ငါးထပ်မြောက်ရှိ သီးသန့်ခန်းတစ်ခုတွင်….

“ချီယွင်ထန်… ဖင်းသုံးဆင့် သိုင်းသူတော်စင်… သူက မြွေအဆင့် ခြောက်က အဆင့်မြင့်အဆင့် အတုအယောင် ဒီဗိုင်းလက်နက်သခင် ရှောင်ဟန်ကို သတ်နိုင်တာလား"

အစိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ဝိုင်အိုးကို လက်ထဲတွင် ကိုင်ရက်သားနှင့် ပြတင်းပေါက်ကို မှီကာ ထိုင်နေ၏။ သူဟာ သေရည်သောက်ရင်းမှ ချန်ကောင်းကင် အဆင့်ပြဇယားကြောင့် သက်ပြင်းချသည်။

ထိုလူ၏ နောက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ ရှိ၏။ သုံးယောက်သားဟာ စားပွဲဝိုင်းတွင် ထိုင်နေကြသည်။

ပြတင်းပေါက်ရှိ လူကဲ့သို့ပင် သူတို့အားလုံးဟာ အသက်နှစ်ဆယ်ကျော်လောက်သာ ရှိကြပံု‌ေပါ်သည်။ သူတို့တွင် ထူးကဲသည့် အသွင်အပြင်များ ရှိကာ ဆန်းကြယ်သည့် နောက်ခံမှ လာကြကြောင်း သိသာ၏။

“အဲ့တော့ဘာဖြစ်လဲ… သူက အုပ်စိုးသူ မိသားစု မျိုးဆက်တစ်ယောက်ဆိုတာ ရှင်းနေတာပဲ။ ဒါပေမယ့် သွေးမျိုးဆက်ရဲ့ အားသာချက်နဲ့ ဒီဗိုင်းလက်နက်ကို လုံးဝစန့်လွှတ်ပြီး ကောင်းကင်သူတော်စင်ဂိုဏ်းမှာ သိုင်းပညာ သင်ကြားခဲ့တယ်။ သိုင်းသူတော်စင်က သူ့ရဲ့ အဆုံးသတ်ပဲ”

စားပွဲဝိုင်းတွင် ထိုင်နေသည့် လူငယ်က မနှစ်မြို့စွာ ပြောသည်။

“အမှန်ပဲ။ ချီယွင်ထန်ရဲ့ ပါရမီနဲ့ နောက်ခံနဲ့.. သူသာ သိုင်းပညာလမ်းစဉ်ကို မလျှောက်လှမ်းရင် အသက်၁၀၀မတိုင်ခင်မှာ သွေးမျိုးဆက် နိုးထမှု လေးကြိမ်ကို ပြီးမြောက်ဖို့ အခွင့်အရေးရှိပြီး အစစ်အမှန် လက်နက်သခင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာမှာ။ အဲ့ဒီအပြင် စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက်သာ လုံးဝ နိုးထလာရင် ဒဏ္ဍာရီဆန်တဲ့ ဒီဗိုင်းစွမ်းအားအဆင့်ထက် နိမ့်ကျမှာ မဟုတ်ဘူး။ သူက အရှိတရားကို ပစ်ပယ်ပြီး အိပ်မက်ဆန်တဲ့ မဟုတ်တာနောက်ကို လိုက်နေတာ။ တကယ့်ကို တုံးအတယ်”

လူငယ်၏ဘေးရှိ လှပသည့် မိန်းမပျိုက သံယောာင်လိုက်ကာ ပြောသည်။

ထိုအချိန်၌ စကားမပြောရသေးသည့် နောက်ထပ် အမျိုးသမီးက မတ်တပ်ရပ်ကာ ဝတ်စုံစိမ်းနှင့် လူဆီသို့ လျှောက်သွားသည်။

သူမဟာ ပါးလွှာသည့် အစိမ်းနုရောင် ပိုးချည်ဝတ်စုံကို ဝတ်ဆင်ထားသည်။ စကတ်ကို ခါးတွင် တင်းကြပ်စွာ စည်းနှောင်ထားပြီး နူးညံ့သည့် ရင်မို့ဟာ မြင့်မားကာ ဝိုင်းဆက်သည်။ အမျိုးသမီးငယ်တစ်ဦး၏ ဆွဲဆောင်မှုနှင့် ပြည့်နှက်နေ၏။

သို့ပေမယ့် သူမ၏ ချောမွေ့သည့် မျက်နှာဟာ သန့်ရှင်းစွာသာ ရှိနေ၏။ သူမကို အနှိုင်းမဲ့သည့် အလှတစ်ပါးဟု မဆိုနိုင်ပေမယ့် သူမ၏ ကိုယ်ဟန်ဟာ ချောမောမှုနှင့် တင့်တယ်မှုတို့ဖြင့် ချမ်းသာသည့် မိသားစုမှ သခင်မလေးတစ်ပါးနှယ် ရှိနေတော့သည်။

“ယောကျား.. ဒီရှောင်ဟန်က အားမနည်းပေမယ့်.. သူက ရှင့်ထပ် တစ်ဆင့်မက နိမ့်ပါးပါသေးတယ်။ ချီယွင်ထန်က စွမ်းအားကြီးရင်တောင် ရှင့်ပြိုင်ဘက်ဖြစ်မှာမ ဟုတ်ဘူး။ ဘာလို့ ဒီလို အမြင်မရှိတဲ့ လူတစ်ယောက်ကို ဂရုစိုက်နေတာလဲ”

ဝတ်စုံစိမ်းနှင့် အမျိုးသမီးက လက်ကိုဆန့်ကာ လူငယ်၏ ပုခုံးထက်သို့ တင်သည်။ သူမဟာ သူမယောကျားကို နှစ်သိမ့်နေခြင်း ဖြစ်ပေမယ့် အုပ်စိုးသူ မိသားစုတစ်ခု၏ သွေးကြီးမွေးကြီး နိုင်မှုဟာ စကားလုံးများတွင် သိသာစွာ ပြသနေပါသည်။

“ဟုတ်တယ်။ အစ်ကိုချုံရှောင်က ချန်ကောင်းကင် အဆင့်ပြဇယားထဲမှာ ပါဝင်ဖို့ စိတ်မရှိလို့သာ မဟုတ်ရင် ဒီလူတွေ လောကမှာ ထင်ရှားဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး”

“သခင်လေးယုသာ အဆင့်ပြဇယားထဲကို ဝင်ရင် ထိပ်ဆုံးငါးယောက်ကို သူတစ်ခါတည်း စိန်ခေါ်နိုင်လောက်တယ်”

အခြားနှစ်ယောက်ကလည်း ပြော၏။ မြှောက်စားမှုတို့ဖြင့် ပြည့်နှက်နေသည်။

ယုချုံရှောင်က ချန်ကောင်းကင်အဆင့်ပြဇယားကို မှင်သက်စွာ ကြည့်သည်။ သူ၏ အကြည့်ဟာ နောက်ဆုံးတွင် နံပါတ်တစ်နေရာရှိ ချောင်ရွှမ်၌ ရပ်တန့်သွား၏။

စာကလေးဟာ ငန်းတစ်ကောင်၏ ရည်ရွယ်ချက်ကြီးမားမှုကို မည်ကဲ့သို့ သိနိုင်မည်နည်း။ အခြားလူများကို အထင်သေးစွာ ပြောလေလေ သူတို့ဟာ မောက်မာကာ ပညာမဲ့သူများ၏ အသွင်နှင့် ပိုတူလေဖြစ်သည်။

ယုချုံရှောင်၏ စိတ်မကပ်ဖြစ်နေပုံကို တွေ့ရပြီးနောက် ဝတ်စုံစိမ်းနှင့် အမျိုးသမီး၏ မျက်လုံးများက အနည်းငယ် စိုးရိမ်သွား၏။ ညင်သာစွာ ပြောသည်။

“ယောကျား… ရှင်.. သိုင်းပညာအပေါ်ကို လက်မလျှော့နိုင်သေးဘူးလို့တော့ မပြောနဲ့နော်”

ယုချုံရှောင်က ခေါင်းကိုလှည့်ကာ ဇနီးဖြစ်သူ၏ သန့်စင်ကာ လှပသည့် မျက်နှာကို ကြည့်သည်။ သူမ၏ နူးညံ့သည့် လက်များကို ကိုင်၏။ ဒီလက်များဟာ သူ၏ အိပ်မက်များကို အဆုံးသတ်စေခဲ့သည့် လက်များဖြစ်သည်။

“ယွင်ယု.. အများကြီး လျှောက်မတွေးပါနဲ့.. ကိုယ်က အချိန်ရဲ့ မြန်ဆန်မှုကို သက်ပြင်းချမိရုံပါ။ အခုဆိုရင် ငါ့အသက်က ၄၂နှစ်တောင် ရောက်နေပြီ။ အရင်တုန်းက… နင့်ကို စတွေ့စဉ်တုန်းက အသက်၁၄နှစ်ပဲ ရှိသေးတယ်”

ယုချုံရှောင်က နွေးထွေးစွာ ပြုံးသည်။ သူဟာ ရှင်းလင်းစွာပင် တင့်တယ်ကာ ထူးချွန်သည့် သခင်လေးတစ်ယောက် ဖြစ်၏။ သူ၏ မျက်လုံးများကသာလျှင် ခက်ခဲမှုများစွာကို ဖြတ်ကျော်ခဲ့ပုံ ပေါ်ပြီး အပျံသင်စ လူငယ်တစ်ယောက်နှင့် ခြားနားခြင်းအား ပြသနေသည်။

ချောင်ယွင်ယုဟာ သူမယောကျား၏ အပြုံးကို ကြည့်ကာ နှလုံးသားထဲတွင် နာကျင်စွာ ခံစားလိုက်ရသည်။

အရင်တုန်းက သူ့ကို စတင်တွေ့စဉ်တွင် သူဟာ ဒေသငယ်လေးမှ လူငယ်တစ်ယောက်သာ ဖြစ်၏။ သာမန်လူတစ်ယောက်သာ ဖြစ်လေသည်။

သို့ပေမယ့် သူဟာ အသက်၂၄နှစ်တွင် ချီလင်အဆင့်ပြဇယား၌ ချီတစ်ဆင့် စစ်ဘုရင်တစ်ယောက်အဖြစ် စာရင်းဝင်နိုင်ခဲ့သည်။ သုံးနှစ်တွင်းတွင် ထိပ်တန်းဆယ်ယောက်သို့ ဝင်ရောက်ခဲ့ပြီး နောက်ဆုံးတွင် အလယ်ပိုင်းစီရင်စု၏ ထူးခြားနယ်မြေ စမ်းသပ်ပွဲတွင် ကောင်းကင်သို့ ထိုးတက်ကာ အုပ်စိုးသူမိသားစု မျိုးဆက်များကို ဖိနှိပ်ပြီး ထိပ်တန်းသုံးယောက်သို့ တစ်ခါတည်း ဝင်ရောက်ခဲ့သည်။

ထိုအချိန်၌ သူ၏ အထိန်းအကွပ်မဲ့စွာဖြင့် ဝင့်ကြွားသည့် အပြုံးဟာ သူမကို ဖမ်းစားခဲ့သည်။ ချောင်ယွင်ယုဟာ ဒီဘဝတွင် ဒီလူကိုသာ လက်ထပ်နိုင်တော့မည်ဟု ခံစားရ၏။

နောက်ဆုံးတွင် နည်းလမ်းမျိုးစုံကို ဖြတ်ကျော်ဟာ သူ့ကို ချောင်မိသားစု အတွင်းသို့ လက်ထပ်ဝင်ရောက်ရန် အကြပ်ကိုင်မှု တစ်ဝက်ဖြင့် လက်ခံစေခဲ့သည်။ ဝေနိုင်ငံ၏ နံပါတ်တစ် မိသားစု၏ သားမက်တစ်ယောက် ဖြစ်လာခဲ့၏။

သူမ၏ အကူအညီနှင့် သူဟာ ကောင်းကင်သို့ ပျံတက်ပြီး လူတိုင်း၏ ထိပ်ဖျားတွင် ရပ်တည်နိုင်မည်ဟု တွေးထားခဲ့တာပါ။

မထင်မှတ်စွာပင် လက်ထပ်ပြီးနောက် သူ၏ မြင့်မားသည့် စိတ်ဆန္ဒတို့ လုံးဝ ပျောက်ဆုံးသွားပြီး ကျောက်စိမ်းကဲ့သို့ ညင်သာလာခဲ့သည်။

စိတ်ဝိညာဉ်သားရဲ၏ သွေးမျိုးဆက်ကို သန့်စင်ကာ ဒီဗိုင်းလက်နက်တစ်ခု ရလာခြင်းမှာ လူပေါင်းများစွာ အိပ်မက်ကြသည့် ဖြတ်လမ်းတစ်ခု ဖြစ်သည်။ ဖြစ်နိုင်တာက ဤသည်ကို သူဆန္ဒမရှိတာလား…

ဤသည်မှာ သာမန်လူများ ဆယ်ဘဝတိုင်အောင် ကြိုးစားသည့်တိုင် မရောက်ရှိနိုင်သည့် အမြင့်တစ်ခု ဖြစ်သည်။

သူ့တွင်… ကျေနပ်မှုမရှိသည့် တစ်ခုခုများ ရှိနေ၍လား။

“ယောကျား… ကျွန်မ ရှင့်ကို ကူညီပေးမယ်…”

ချောင်ဝမ်ယုက ယုချုံရှောင်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်သည်။ သူ့ကို အားပေးခြင်းလား(သို့) သူမကိုယ်သူမ အားပေးခြင်းလား မသိပေ။

“ကောင်းပါပြီ”

ယုချုံရှောင်၏ မျက်နှာပေါ်တွင် ညင်သာသည့် အပြုံးကာ ရှိနေဆဲ ရှိ၏။

ဆယ့်ခြောက်နှစ် ကြာပြီးပါက သူဟာ အသက်၅၈နှစ်သို့ ရောက်မည်ဖြစ်သည်။ အရှေ့ပိုင်း အောင်နိုင်ခြင်း တိုက်ကြီး၏ ဓါးပြိုင်ပွဲဟာ သူ၏ ဘဝတွင် နောက်ဆုံးနှင့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။ အသက်၆၀ ပြည့်ပြီးသည်အထိ ချန်ကောင်းကင်အဆင့်ပြ ဇယားသို့ မဝင်နိုင်လျှင် သူဟာ ချန်ကောင်းကင်နန်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေးအား ဆုံးရှုံးရမှာ ဖြစ်၏။

ထိုသို့ဆိုပါက ချောင်မိသားစု၏ ကြိုးကိုင်မှုကို သေချာပေါက် လက်ခံရမည် ဖြစ်သည်။ သူဟာ စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက်အား သန့်စင်ခြင်းနှင့် သွေးမျိုးဆက် အသုံးပြုသူတစ်ယောက် ဖြစ်လာခြင်း(သို့) ဒီဗိုင်းလက်နက်တစ်ခုကို ရရှိကာ အစစ်အမှန် လက်နက်သခင်တစ်ယောက် ဖြစ်လာခြင်းသာ ရွေးချယ်ရပေလိမ်မည်။

ထိုသို့ဆိုပါက သူ၏ သိုင်းနတ်ဘုရား ဖြစ်လာရန် အခွင့်အရေးကို လုံးဝ ဆုံးရှုံးကာ ကောင်းကင်သူတော်စင် ဂရိုတိုကောင်းကင်သို့ ဝင်ရောက်ရန် အခွင့်အရေးအား လုံးဝ လက်လွှတ်ရမှာ ဖြစ်သည်။ သူ့တွင် လွတ်လပ်မှု မရှိပါက သေဆုံးခြင်းက ပိုကောင်းပါသည်။

“ကြည့်လိုက်ဦး… ချီလင်အဆင့်က ပြောင်းလဲပြန်ပြီ”

ထိုအချိန်၌ ကွင််းထဲတွင် နောက်ထပ် အော်သံများ ပေါ်လာပြန်၏။

“ချီမိသားစုပဲ လာပြန်ပြီ”

“စိတ်ဝိညာဉ်စောင့်ရှောက်သူ.. ငွေအစောင့် ချီရွှမ်းမင်.. ကောင်းကင်စီရင်စု၏ ချီမိသားစုမှ လာသည်။ ချီတစ်ဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်ပြီး အဆုံးမဲ့ကောင်းကင် စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းဓါးသိုင်းကို ကျင့်ကြံ၏”

“၂၃၇…. ၉၇”

“ဒီချီရွှမ်းမင်က ဘယ်လို မကောင်းဆိုးရွားမျိုးလဲ.. ချီတစ်ဆင့် စစ်ဘုရင်က ထိပ်ဆုံး၁၀၀ထဲကို ဝင်နိုင်တာလား”

“ချီလင်အဆင့်ရဲ့ ထိပ်ဆုံး၁၀၀ထဲမှာ အားအနည်းဆုံးက ချီသုံးဆင့် စစ်ဘုရင်မလား။ ဒါမှမဟုတ် သွေးမျိုးဆက် နိုးထမှု ဒုတိယဆင့်က လူတွေပဲ။ ထိပ်တန်း မိသားစုက သွေးကြောငါးခု ချည်နှောင်ခြင်း အဆင့်က လူတွေလည်း ရှိတယ်”

“သူက အဆင့်၁၄၀ကို တစ်ခါတည်းကျော်တက်ခဲ့တယ်။ ကြောက်ဖို့ကောင်းလိုက်တာ”

ယုချုံရှောင်ဟာ အသံ၏ လားရာကို ကြည့်လိုက်၏။ ဘယ်ဘက်ရှိ ကျောက်တိုင်ပေါ်တွင် တောက်ပသည့် အစိမ်းအရောင်အလင်းတစ်ခုကို တွေ့ရသည်။

All Chapters