အခန်း (၁၄၇)
Vol. 10 Ch. 147
ချီရွှမ်းမင်၏ ကိုယ်ရေးအကျဉ်းရှိ ပုံနှင့် နာမည်တို့ဟာ ကောင်းကင်သို့ ထိုးတက်နေသည့် ထက်မြသည့် ဓါးနှယ် ရှိနေ၏။ အဆင့်ပြဇယား၏ အောက်ချေမှ တည့်မတ်စွာ မြင့်တက်လာခဲ့သည်။
‘ချီယွင်ထန်နဲ့ ချီရွမ်းမင်က ဘာလို့ တစ်နေ့တည်းမှာ အဆင့်တက်အောင် လုပ်ကြတာလဲ.. ဒါက တိုက်ဆိုင်တာပဲလား.. ဒါမှမဟုတ် အခြား အဓိပ္ပာယ် ရှိတာလား’
ယုချုံရှောင်က ချီလင်ဇယား၏ နံပါတ်၂၉၅ကို ကြည့်သည်။
အမည်မသိ၊ အရင်းအမြစ်မသိ၊ သိုင်းပညာမသိ၊ အဆင့်- ခွန်အားသန့်စင်ခြင်းအဆင့်..
‘ဒီလူနှစ်ယောက်က နာမည်ကြီးချင်လို့ လုပ်မယ့်လူတွေတော့ မဟုတ်ဘူး… ဒါမှမဟုတ်.. တမင် အာရုံများအောင် လုပ်နေတာလား’
‘ငါပဲ အတွေးလွန်တာလား’
ချီလင်အဆင့်နှင့် ချန်ကောင်းကင်အဆင့်တို့၏ ပြောင်းလဲမှုဟာ ဝေနိုင်ငံ၏ စီရင်စု ၁၂ခုလုံးရှိ ကောင်တီမြို့များ အားလုံးတွင် ဖြစ်ပွားခဲ့သည်။
တစ်ဖက်တွင်… လှေအတွင်း၌ ဟန်ကျောက်ဟာ သူ၏ရှေ့ရှိ ကျောက်စိမ်းတံဆိပ်ပြားကို ကြောင်တောင်စွာ ကြည့်သည်။
“ဒါက ဘာလဲဟ”
ကုန်းပတ်ပေါ်ရှိ ဒေါသရေနဂါး လူဆိုးဂိုဏ်း၏ အဖွဲ့သားများဟာ ထိတ်လန့်နေကြသည်။ ကုန်းပတ်ရှိ လူပုံသဏ္ဍာန် အပေါက်မှတစ်ဆင့် သူတို့၏ မောက်မာသည့် ခန်းမသခင်လင်းဟာ အသတ်ခံလိုက်ရပြီ ဖြစ်ကြောင်းအား နားလည်လိုက်သည်။
“ခန်းမသခင်လင်း အသတ်ခံလိုက်ရပြီ”
“အကူအညီတောင်းကြ.. ဆွစ်.. ဘန်း..”
တိမ်ခွင်းမြားတစ်စင်းဟာ ကောင်းကင်သို့ ပျံတက်သွားပြီး ပေါက်ကွဲထွက်သွား၏။ မှက်နက်ရောင် ရေနဂါးတစ်ကောင်၏ ပုံဟာ ပေါ်လာပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားသည်။
ထိုအချိန်၌ ဟန်ကျောက်ဟာ အလောင်းဆီမှ ပစ္စည်းများကို ယူငင်ပြီးဖြစ်ကာ ခန်းမသခင်လင်းဟာ ကျောက်စိမ်းတံဆိပ်ပြား တစ်ခုနှင့် ပိတ်ဆံအိတ်တစ်ခုကို သယ်ဆောင်လာကြောင်းအား နားလည်လိုက်သည်။
“ဆန်မာရုအိတ် တစ်ခုတောင် မရှိတဲ့ နောက်ထပ် လူဆင်းရဲတစ်ယောက်ပဲ။ လျှို့ဝှက်ကျမ်းတွေဘာတွေ သယ်တဲ့ အလေ့အကျင့်ကောင်းတောင် မရှိဘူး”
ဟန်ကျောက်ဟာ နှလုံးသားထဲမှ ကျိန်ဆဲ၏။ သူက အပေါက်မှ ခုန်တက်ကာ ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားသည်။
လူတိုင်းနီးပါးဟာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြ၏။
“ပြေးကြ”
ထိုပုံကို တွေ့ရပြီးနောက် ဒေါသရေနဂါး လူဆိုးဂိုဏ်းမှ အဖွဲ့သားများဟာ တုံ့ဆိုင်းခြင်းမရှိပဲ ပင်လယ်အတွင်းသို့ ခုတ်ဆင်းပြီး အောက်ရှိ အမြန်သင်္ဘောပေါ်သို့ ကူးခတ်ကြသည်။
အနက်ရောင်အိတ်ကို ကိုင်ဆောင်သည့် အခြားဂိုဏ်းသားလူငယ်လည်း ပင်လယ်ထဲသို့ ခုန်ချတော့မှာပါ။ ဟန်ကျောက်ဟာ ကုန်းပတ်ကို လေဟုန်စီးခြေထောက်ဖြင့် ပုတ်ကာ တစ္ဆေတစ်ကောင်ကဲ့သို့ သူ့ကို ဖမ်းမိသွားသည်။
လူငယ်၏ ခန္ဓာကိုယ်ဟာ လေထဲတွင် ရှိနေပြီး ခြေများ၊ လက်များကို ယက်ကာ ရုန်းထွက်ချင်နေသည်။ သို့ပေမယ့် ဟန်ကျောက်ဟာ သူ၏ ကော်လံကို ဆွဲပြီး ကြက်တစ်ကောင်ကဲ့သို့ သင်္ဘောပေါ်သို့ ပြန်တင်လိုက်၏။
“ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ”
သူဟာ အကြိမ်ကြိမ် ဦးချတောင်းပန်၏။
ခန်းမသခင်ကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်ခဲ့သည့် ပုဂ္ဂိုလ်အား ရင်ဆိုင်ရချိန်၌ သူဟာ ခြိမ်းခြောက်ဖို့ပင် ဝံ့ရဲခြင်းမရှိပဲ တစ်ခါတည်း တောင်းပန်၏။
ဒေါသရေနဂါးဂိုဏ်းတွင် တစ်ဖက်လူကို သတ်ဖြတ်နိုင်သည့် ကျွမ်းကျင်သူများ ရှိပေမယ့် လက်ရှိ သူ၏ သေဆုံးမှုကို သက်ရောက်မည်မဟုတ်ပေ။
ဟန်ကျောက်ဟာ တစ်ဖက်လူကို လစ်လျူရှုပြီး ညာဘက်လက်ကို လက်သည်းသဖွယ် ကွေးကာ အစစ်အမှန်ချီဖြင့် စုပ်လိုက်သည်။ အဝတ်အိတ်ကို လက်ထဲသို့ စုပ်ယူလိုက်၏။ ဖွင့်လိုက်ပြီးနောက် အတွင်းရှိ ငွေ၂၀တန် ငွေတုံးကို ယူကာ ထည့်လိုက်သည်။
“ကလန်”
ထို့နောက် အိတ်ကို လူငယ်၏ရှေ့သို့ ပစ်ပေးလိုက်၏။
“အိတ်ကိုကောက်လိုက်”
လူငယ်၏ မှင်သက်နေဆဲရှိသည့် ပုံကို တွေ့ရပြီးနောက် ကြမ်းပြင်ပေါ်ရှိ ပိုက်ဆံအိတ်ကို ညွှန်ပြကာ ပြောသည်။
“ဟုတ်ကဲ့.. ဟုတ်ကဲ့”
လူငယ်ဟာ မှင်သက်နေဆဲ ရှိ၏။ သို့ပေမယ့် နာခံစွာဖြင့် အဝတ်အိတ်ကို ကောက်ယူလိုက်ဆဲပင်။
ဟန်ကျောက်ဟာ လူငယ်၏ အင်္ကျီကော်လံကို ဆွဲကာ သူ့ကို မြစ်အတွင်းသို့ လွှင့်ပစ်လိုက်၏။
ဒေါသရေနဂါးဂိုဏ်းဟာ နဂါးတောမြစ်တွင် ကောင်းမွန်သည့် ဂုဏ်သတင်းရှိပါသည်။ ခုနက လူငယ်၏ သူ၏ရင်ဘတ်ကို ထိကာ ဆန်မာရုအိတ်ငယ်ကို ထုတ်ယူသွားမှုကြောင့်သာ မဟုတ်ပါက သူဟာ မည်သူ့ကိုမှ သတ်ဖြတ်ပြီး ပြဿနာအဖြစ်ခံမည် မဟုတ်ပါ။
“ဘွမ်း”
လူငယ်ဟာ ရေထဲသို့ ကျဆင်းသွားပြီးနောက် အတင်းကူးခတ်ကာ အမြန်သင်္ဘောပေါ်သို့ အဝတ်အိတ်နှင့်အတူ ရောက်ရှိသွားသည်။
ဟန်ကျောက်က နောက်သို့လှည့်ကာ ကြည့်၏။ သင်္ဘောပေါ်ရှိ လူတိုင်းက သူ့ကို ထိတ်လန့်စွာ ကြည့်ကြသည်။
“ဒုက္ခရောက်ပြီ.. ဒုက္ခရောက်ပြီ… ဒေါသရေနဂါးဂိုဏ်းရဲ့ တိမ်ခွင်းမြား ထွက်သွားတာနဲ့ အနီးအနားက ကျွမ်းကျင်သူတွေ ချက်ချင်း ရောက်လာကြမှာ”
သင်္ဘောပိုင်ရှင်က ငိုယိုကာ ဟန်ကျောက်ကို မျက်စပစ်သည်။
ဒေါသနေရေနဂါး အဖွဲ့သားတစ်ယောက်ကို သတ်ဖြတ်ခြင်းဟာ ကပ်ဘေးတစ်ခု ဖြစ်သည်။ ကံကောင်းစွာပင် တစ်ဖက်လူဟာ ဆက်လက်သတ်ဖြတ်ခြင်း မပြုပဲ သူ၏ပိုက်ဆံကိုသာ ပြန်ယူခဲ့၏။ မဟုတ်ပါက သူတို့ပါ ဒုက္ခရောက်မှာပါ။
လူသတ်သမားသာ ထွက်ပြေးသွားပါက ဒေါသရေနဂါးဂိုဏ်း၏ လုပ်ပုံကိုင်ပုံနှင့် သူတို့လို သာမန်လူများကို ပြဿနာရှာတော့မည် မဟုတ်ပေ။
ဟန်ကျောက်က သင်္ဘောပိုင်ရှင်ကို ကြည့်သည်။ သူဟာ သင်္ဘောအစွန်းကို နင်းကာ လူးလွန့်နေသည့် နဂါးတောမြစ်အတွင်းသို့ ခုန်ချသွား၏။
အစစ်အမှန်ချီနှင့် အတွင်းအား တစ်စိတ်တစ်ပိုင်းကို ခြေထောက်အောက်တွင် စုစည်းကာ လေဟုန်စီးခြေထောက်ကို အသုံးပြုပြီး ရေမျက်နှာပြင်ကို အသာထိသည်။ သူဟာ မြစ်ပြင်ပေါ်တွင် မြေပြင်ညီ၌ကဲ့သို့ ပြေးလွှားနေပြီး ကမ်းစပ်ဆီသို့ ထွက်ခဲ့၏။
သင်္ဘောရှိ ခရီးသည်များ၏ မျက်လုံးများက ပြူးကျယ်နေ၏။ မြစ်၏ လေပြင်းဟာ အေးစက်မှုကို သယ်ဆောင်လာသည်။ သူ၏ အဖြူရောင်အဝတ်များဟာ တဖျက်ဖျက်ခတ်နေပြီး သူဟာ နတ်လုလင်တစ်ပါးကဲ့သို့ ရှိနေပါသည်။
လူငယ်ဟာ စိတ်လိုက်မာန်ပါ လုပ်တတ်သည်။ လမ်းတွင် မတရားမှုကို ကြုံရပါက ဒေါသထွက်ကာ သတ်ဖြတ်တတ်၏။ ဤသည်မှာ စာအုပ်အတွင်းရှိ အထိန်းအကွပ်ကင်းမဲ့သည့် ဓါးသမားများ၏ ဇာတ်လမ်းတွင်သာ ပါဝင်လေ့ရှိခဲ့သည်။ ဤသည်မှာ စစ်မှန်သည့် သိုင်းသမားတစ်ယောက်၏ ပြယုဒ်ဖြစ်၏။
“ဒီပစ္စည်းနဲ့ ငါဘာလုပ်ရမှာလဲ”
ဟန်ကျောက်ဟာ မြစ်ပြင်ပေါ်တွင် ပြေးလွှားနေရင်းမှ အစိမ်းရောင် တံဆိပ်များကို ထုတ်သည်။
ဒီနေရာဟာ ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့တော်နှင့် အလွန် နီးကပ်နေပါပြီ။ သူ၏ လက်ရှိအတွင်းအားနှင့် မြစ်ပြင်ပေါ်တွင် နေ့ဝက်လောက် ပြေးလွှားနိုင်၏။
ထို့အပြင် သူဟာ အလွန်ဆုံး တစ်နာရီအကြာတွင် ကမ်းပေါ်သို့ ရောက်နိုင်မှာ ဖြစ်သည်။ ဤသည်မှာ သင်္ဘော၏ အမြန်နှုန်းနှင့် တွက်ချက်ခြင်း ဖြစ်၏။
သူ၏ မြန်နှုန်းအပြည့်နှင့် ပြေးလွှားမှုဟာ နာရီဝက်ကျော်အတွင်းတွင် ကမ်းဆီသို့ ရောက်နိုင်မှာပါ။
သို့ရာတွင် ဒီအသစ်ရရှိလာသည့် ကျောက်စိမ်းတံဆိပ်ပြားဟာ ရတနာတစ်ခုနှင့် တူပေမယ့်.. သူ၏ ရုပ်ပုံကို တစ်ခါတည်း ထင်ဟပ်နိုင်လေသည်။ အနည်းငယ် ထူးဆန်း၏။
“ထားလိုက်ပါတော့.. ပြဿနာဆိုတာ ရှောင်နိုင်ရင် အကောင်းဆုံးပဲ”
ဟန်ကျောက်က ခဏတာ စဉ်းစားပြီးနောက် တံဆိပ်ပြားကို မြစ်ထဲသို့ လွှင့်ပစ်လိုက်သည်။
“ဘဇ်၊ ဘဇ်”
တံဆိပ်ပြားဟာ လူးလွန့်နေသည့် လှိုင်းတစ်ခုနှင့် ထိတွေ့ချိန်၌ ချက်ချင်းပင် အစိမ်းရောင်အလင်းတစ်ခု လင်းလက်လာပြီး ဟန်ကျောက်၏ လက်ထဲသို့ ပြန်လည်ပျံသန်းလာ၏။
“မင်းက ဘာကိုဆိုလိုတာလဲ.. ငါ့ကို တွယ်ကပ်နေမလို့လား”
ဟန်ကျောက်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။ သူဟာ ကျောက်စိမ်းတံဆိပ်ပြားကို ဆန်မာရု အိတ်ငယ်အတွင်းသို့ ပြန်ထည့်ကာ လည်ပင်းတွင် ချိတ်လိုက်သည်။
မြစ်ပြင်ကို ကြည့်၏။
“ဒီလိုသာသိရင် အပိုဆန်မာရု အိတ်တစ်လုံးလောက် သိမ်းထားပါတယ်”
သူက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ပြီးခဲ့တုန်းက သူဟာ အုပ်စိုးသူ မိသားစု မျိုးဆက်များစွာကို သတ်ဖြတ်ခဲ့ပြီး စုစုပေါင်း ဆန်မာရုအိတ်ငယ် သုံးခုကို ရရှိခဲ့သည်။ အကြီးဆုံးကိုသာ သူသိမ်းထားခဲ့ပြီး ကျန်သည့်နှစ်ခုကို ရှလင်အား ပေးလိုက်၏။
ကုန်သွယ်ရေး လုပ်ငန်းတွင် သူမအနေနှင့် ကိုယ်တိုင် လိုက်ပါဖို့လိုသည့် အဖိုးတန်ပစ္စည်းများ ရောင်းဝယ်မှုလည်း ရှိသည်။ ဆန်မာရုအိတ်နှင့် ဆိုပါက ပိုမိုသင့်တော်ကာ လုံခြုံပေလိမ့်မည်။
“အရင်ဆုံး အစမ်းရှင်သန်မှု လုပ်ကြည့်တာပေါ့”
ဟန်ကျောက်က စဉ်းစားသည်။ ဒီပစ္စည်းသာ သူ၏အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါက ဒီဆန်မာရုအိတ်အား လွှင့်ပစ်ရန် နှမြောလွန်းလျှင်တောင် ကျောက်စိမ်းတံဆိပ်ပြားကြောင့် လွှင့်ပစ်မှာဖြစ်သည်။
အလွန်ဆုံး ကျောက်နက်မြို့သို့ ပြန်ကာ ရှလင်ဆီမှ အိတ်တစ်လုံး ပြန်တောင်းနိုင်၏။