အခန်း (၁၄၈)
Vol. 10 Ch. 148
ဆန်မာရုအိတ်အတွင်းသို့ ထည့်ထားပါက မည်သည့် အန္တရာယ်မှ မရှိလျှင် အရာအားလုံး အဆင်ပြေပါပြီ။
“ဘာမှမဖြစ်လောက်ပါဘူး.. ပုံထဲကငါက တကယ့်ရုပ်အသွင်မှ မဟုတ်တာ”
ဟန်ကျောက်ဟာ အနည်းငယ် တည်ငြိမ်လာပြီးနောက် ရေရွတ်၏။
“စနစ်”
“အချက်ပေးအပိုင်းအစ ၁၅၀ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်မည်လား”
“တစ်ကြိမ် ပေါင်းစပ်ရန် အချက်ပေးအပိုင်းအစ ၇၀နှင့် ရွှေ၁၈၀လျန်ကို ကုန်ကျမည်..”
“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”
“အသက်၂၁နှစ်တွင် သင်သည် သိုင်းပညာအကယ်ဒမီသို့ ထွက်ခဲ့၏။ ယွမ်ကန်းကောင်တီမြို့သို့ သင်္ဘောပေါ်တွင် ဒေါသရေနဂါး လူဆိုးဂိုဏ်းမှ အဖွဲ့သားများနှင့် တွေ့ဆုံခဲ့သည်”
“လူငယ်တစ်ယောက်၏ သင့်ရင်ဘတ်ကြွက်သားများကို ထိတို့မှုကြောင့် သင်သည် သူ့ကို သတ်လိုက်၏။ တစ်ချိန်တည်းတွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသည့် ခန်းမသခင်လင်းကို သတ်ဖြတ်ခဲ့သည်”
“အရေးမကြီးတဲ့ အချက်အလက်တွေကို အရမ်းကြီး အသေးစိတ်လုပ်မနေနဲ့” အစပိုင်းတွင် ပြသလာသည့် အချက်ပေးချက်များကို ကြည့်ကာ ဟန်ကျောက်က မနေနိုင်ပဲ ပြောဆို၏။
“အခြားလူများကို ဒုက္ခမရောက်စေရန် သင်သည် သင်္ဘောပေါ်မှ ခုန်ချကာ ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်”
“ကမ်းသို့ ရောက်ခါနီးတွင် ဒေါသရေနဂါးဂိုဏ်း၏ ဒုခေါင်းဆောင်နှစ်ဦးတို့ မှီလာခဲ့၏။ နှစ်ယောက်လုံးဟာ ချီတစ်ဆင့် စစ်ဘုရင်များ ဖြစ်ကြသည်”
“သင်သည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ကာ အရေးနိမ့်ခြင်း မရှိခဲ့ပေ။ သို့ပေမယ့် ထိုနှစ်ယောက်ဟာ ပူးပေါင်းအတတ်၌ ထူးချွန်ပြီး ခဏတာအတွင်း သင်ဟာ ရှောင်ထွက်သွားနိုင်ခြင်း မရှိပဲ ဖြစ်နေလေသည်”
“ပိုမိုပိုမိုကာ များပြားသည့် ဒေါသရေနဂါး အဖွဲ့သားများ၏ ရောက်ရှိလာမှုကို တွေ့ရပြီးနောက် သင်သည် ခွန်အားအပြည့်ကို ထုတ်ဖော်ကာ ဒဏ်ရာချင်းလဲခဲ့သည်။ သင်သည် သူတို့နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့၏။ သို့ပေမယ့် သင်လည်း ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သည်။ မြင်ကွင်းမှ လျှင်မြန်စွာ ထွက်ပြေးခဲ့၏”
“လုံခြုံမှုရှိစေရန် သင်ဟာ စီရင်စုမြို့တော်ဆီသို့ မသွားခဲ့ပေ။ အဲ့ဒီအစား ကုန်တန်းတစ်ခုနှင့် လိုက်ကာ ကျောက်နက်မြို့သို့ ပြန်ခဲ့သည်” “လဝက်ကြာပြီးနောက် ကျောက်နက်မြို့သို့ ရောက်ရှိပြီး ရှလင်နှင့် တွေ့၏။ သင်သည် ရှအိမ်တော်တွင် ဒဏ်ရာကုသရန် နေခဲ့သည်”
“ရှလင်ဆီမှ ဆန်မာရုအိတ်ငယ်တစ်ခုကို ရရှိပြီးနောက် သင်သည် ကျောက်စိမ်းတံဆိပ်ပြားကို အတွင်းထဲသို့ ထည့်ကာ မြေမြှုပ်ပစ်လိုက်သည်”
“သင်၏ ဒဏ်ရာများကို အမြန်ဆုံး ပြန်ကောင်းနိုင်စေရန် ရှလင်၏ အကြံပေးချက်ကို နားထောင်ကာ သူမ၏ အစေခံချွမ်ထောင်နှင့် ကျင့်ကြံမှု ပြုခဲ့သည်။ သင်သည် လွမ်ဖီးနစ်ကျင့်စဉ်ကို အသုံးပြုကာ ဒဏ်ရာကုသမှုကို အရှိန်မြှင့်ခဲ့သည်။ ထို့နောက် ရှဟယ်၊ ချုံကျုနှင့် တုန်ကျင်းတို့ပါ ပါဝင်လာခဲ့သည်”
“တစ်လကြာပြီးနောက် သင်၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခဲ့သည်”
“သင်၏ ကြိုးစားအားထုတ်မှုအောက်တွင် ရှလင်သည် သူမ၏ တတိယအဆင့် သွေးချီချိုးဖျက်မှုကို ပြီးပြည့်စုံစေခဲ့ပြီး အတွင်းအားကို ဖမ်းဆုပ်နိုင်တော့မှာပါ’
“ကျောက်စိမ်းတံဆိပ်ပြားဟာ သင့်ကို သက်ရောက်မှု ဘာမှမရှိခဲ့ပေ”
“ထိုကြောင့် သင််သည် ဆန်မာရုအိတ်ကို ပြန်ဖော်ကာ စီရင်စုမြို့တော်သို့ ထွက်ခဲ့သည်”
“စီရင်စုမြို့ရှိ ချီလင်အဆင့်ပြဇယားနှင့် ချန်ကောင်းကင် ဇယားတို့အကြောင်းကို သိရှိပြီးနောက် အတွေးလွန်ခဲ့ခြင်း ဖြစ်ကြောင်းကို သင်နားလည်လိုက်သည်”
“အသက်၂၅နှစ်တွင် သင်၏ နတ်ဆိုးဖင်းအားဟာ အကန့်အသတ်ကို ချိုးဖျက်တော့မှာပါ။ ထို့ကြောင့် ထူးခြားမှုကို ရှာဖွေကာ လုံလောက်သည့် ယင်စွမ်းအင်တို့ စုပ်ယူရန် သင်ဆုံးဖြတ်လိုက်သည်”
“သုံးလကြာပြီးနောက် သင်သည် ယွမ်ကန်းကောင်တီ၏ လက်အောက်ရှိ ကျင်းထိုင်မြို့၏ အနီးအနားတွင် ထူးခြားမှုကို ရှာတွေ့ခဲ့သည်”
“သင်ည် ထူးခြားမှုအတွင်းသို့ ဝင်ရောက်ကာ ကျင့်ကြံ၏။ နတ်ဆိုးဖင်းအားဟာ အကန့်အသတ်ကို ချိုးဖျက်ကာ သုံးပါးသော အနှစ်သာရအားဟာ ပြီးပြည့်စုံလာခဲ့သည်။ သင်၏ ခွန်အားဟာ ကြီးစွာ တိုးတက်လာခဲ့၏”
“ထိုအချိန်၌ ကြီးမြတ်သော သတ်ဖြတ်ခြင်း နတ်ဆိုးဘုရင် ပေါ်လာခဲ့သည်”
“သင်သည် သေဆုံးခဲ့သည်”
ဟန်ကျောက်ဟာ မှင်သက်သွား၏။ ထူးခြားမှုများ အားလုံးကို အဘယ်ကြောင့် နတ်ဆိုးကြီးများ စောင့်ကြပ်နေရသနည်း။ ထိုနတ်ဆိုးများဟာ မည်သည်ကို လုပ်ရန် ကြိုးစားနေသနည်း။
“ကြည့်ရတာ ငါ့ရဲ့ခွန်အား ကြီးကြီးမားမား မမြင့်တက်သေးခင်မှာ ထူးခြားမှုတွေကို သွားလို့မရဘူးပဲ”
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
တကယ်တော့ ဒီအစမ်းရှင်သန်မှု မတိုင်ခင်တွင် သူဟာ ထူးခြားမှုကို သွားရှာရန် မည်သည့် စိတ်ကူးမှ မတွေးခဲ့၏။ အစမ်းရှင်သန်ခြင်း အတွင်းရှိ လိုအပ်ချက်အပေါ်သာ လုံးဝအခြေခံပြီး စွန့်စားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“စွန့်စားလိုစိတ်ကြီးတဲ့ ငါလို့ မပြောရဘူး.. တကယ့်ပြင်ပမှာတော့ ပိုပြီး သတိကြီးအောင် နေရမယ်”
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
“၁။ ပါရမီကို ရရှိသည်(ရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်ကို ရရှိသည်”
“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ၆၈၀လျန်”
“ရွေးချယ်လို့ ရပြန်ပြီလား”
ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ဒီအတောအတွင်းတွင် သူဟာ အများကြီး အစမ်းရှင်သန်မှု မပြုခဲ့ပေ။ ပါရမီဟာ ဆက်တိုက် နှစ်ကြိမ်တောင် ရွှေးချယ်နိုင်ခဲ့သည်။
ဖြစ်နိုင်တာက ဟန်လင်းနှင့် ဟန်ချန်တို့ဟာ အမှန်တကယ်ကို သူ့ကို ကာကွယ်နေသည်လား။ ဒါမှမဟုတ် နောက်ဆုံးတွင် သူ၏ ကံတရားတို့ မြင့်တက်လာသည်လား။
“အဖေ… အစ်ကိုကြီး.. နောက်ဘဝကျရင် ခင်ဗျားတို့ကို ကျွန်တော် အင်မော်တယ်တွေ ဖြစ်စေမယ်ဗျာ။ ကျွန်တော့ကို ကံကောင်းမှုအချို့ ချေးပါ”
ဟန်ကျောက်က လက်ဝါးနှစ်ဖက်ကို အတူတူစုကာ ဆုတောင်းသည်။
ထိုအချိန်၌ သူ၏ဦးခေါင်းထက်ရှိ ရေခဲတေးသီငှက်အဖြစ် ပြောင်းလဲထားသည့် ယုနျန်က သူ့ကို ကြောင်တောင်စွာ ကြည့်သည်။ အစ်ကိုဟန်ဟာ ရေပေါ်တွင် ပြေးရင်းက လက်အုပ်ချီထားလေသည်။ ဘာလုပ်နေခြင်း ဖြစ်သနည်း။
“ဒီကောင်လေးက ဘာဖြစ်တာလဲ… ဘယ်လောက် ရယ်ဖို့ကောင်းတဲ့ ပုံစံလဲ… ငါ့ကို ရယ်သေအောင် လုပ်နေတာလား”
ယုရွှမ်ကျီက မနေနိုင်ပဲ ရယ်သည်။ ဒီအချိန်၌ သူမဟာ ပထမဆုံး နိုးထစဉ်က အေးစက်မှုများ ရှိမနေတော့ပါ။
“တစ်”
ဟန်ကျောက်က ရေရွတ်လိုက်သည်။
“ပါရမီ- လူတစ်ယောက် ပြောင်းလဲခြင်းတစ်ထောင်အား ရရှိခဲ့သည်။
“လူတစ်ယောက်ပြောင်းလဲခြင်းတစ်ထောင်- ရွှေအဆင့် ပါရမီ။ နေ့စဉ်နေ့တိုင်းတွင် အံ့ဩမှုအသစ်များ ရရှိလာပြီး ကျပန်းပေါ်လာသည့် အခွင့်အရေးနှစ်ခု ရှိသည်။” “သင်သည် ထိုအထဲမှတစ်ခုကို ရွေးချယ်ကာ ရွေးချယ်လိုက်သည့် သတ္တဝါ ဖြစ်လာနိုင်သည်။
“လူသားများ၊ နတ်ဆိုးများနှင့် အရာဝတ္ထုများစွာတို့ ပါရှိသည်”
“ပြောင်းလဲမှု၏ အချိန်အကန့်အသတ်ဟာ ၂နာရီဖြစ်သည်။ စောစီးစွာလည်း ပြန်လည်ရုတ်သိမ်းနိုင်၏။ တိုက်ခိုက်သည့်အချိန်တွင် ပြောင်းလဲမှုဟာ အတင်း ဖယ်ရှားခံရမည်”
“ပြောင်းလဲချိန်၌ သင်သည် ပြောင်းလဲလိုက်သည့် သတ္တဝါ၏ အမွေအနှစ် စွမ်းအားကို အမွေဆက်ခံရနိုင်သည်။ သို့ပေမယ့် သင်၏ အကန့်အသတ်ထက် ကျော်လွန်သည့် စွမ်းအားမျိုးကို အသုံးပြုနိုင်ခြင်း မရှိပေ။
“တစ်ဖက်လူက နင့်ထက် အဆင့်ကြီး နှစ်ဆင့် ပိုမြင့်ပါက သင်၏ ပြောင်းလဲမှုကို မြင်နိုင်လိမ့်မည်”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ ဖြစ်နိုင်တာက မိသားစု သုံးယောက်လုံး၏ ကံကောင်းခြင်းအားလုံးကို သုံးလိုက်မိသည်လား။
“ငါ ကံကောင်းခြင်းနတ်ဘုရားရဲ့ဝင်ပူးတာ ခံရတာလား”
“၁။ ကံကြမ္မာစတာဂျင်(ရေအေးအမျိုးအစား ငါးတစ်မျိုးဖြစ်သည်။ ၎င်း၏ကံဟာ အလွန်ကောင်း၏။ ကံကြမ္မာစတာဂျင်ကို တွေ့ရသည့် သက်ရှိဟာ ကံကောင်းသူဖြစ်၏။ သို့ပေမယ့် ကံကြမ္မာစတာဂျင်၏ သက်တမ်းဟာ အလွန်တိုတောင်းသည်။ ၂နာရီသာ ရှိ၏”
“၂။ အိမ်သာကျောက်တုံး(နာမည်အတိုင်းပင် ဖြစ်သည်။ ၎င်းဟာ အနံ့ဆိုးးကာ မာကျော၏)”
“…”
စနစ်မျက်နှာပြင်မှ အချက်အလက်များကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ဘာပြောရမည်မသိ ဖြစ်သွားသည်။ ထိုရွေးချယ်မှုများဟာ အသုံးမဝင်သည့် ပုံပါ။ တကယ်တော့ အမှန်တကယ်ကို အသုံးမဝင်လောက်ပါသည်။
သို့ရာတွင် ပြန်လည်တွေးကြည့်ပြီးနောက်…
‘ဒါက သက်ဆိုင်ရာ အချိန်မှာ ထွက်ပြေးတဲ့ ဒီဗိုင်းစကေးတစ်ခုအဖြစ် ထားလို့ရတယ်’
သူ့ထက် အဆင့်ကြီးနှစ်ဆင့် ပိုမိုမြင့်မားသူများဟာ ပြောင်းလဲမှုကို မြင်နိုင်လေသည်။ တစ်နည်းအားဖြင့် ယခုအချိန်၌ သူပြောင်းလဲပါက သိုင်းးသူတော်စင်များသာ သူ၏ ပြောင်းလဲမှုကို မြင်နိုင်ပေလိမ့်မည်။
ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိပြီးလျှင်တော့ မြင်တွေ့နိုင်ရန် အစစ်အမှန် လက်နက်သခင်(သို့) ဒီဗိုင်းစွမ်းအား သိုင်းနတ်ဘုရားတို့ ဖြစ်လာရန် လိုအပ်ပါသည်။
“တစ်”
ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဟန်ကျောက်က နံပါတ်တစ်ကို ရွေးလိုက်၏။