← Chapters

နှုတ်ဆက်ခဲ့ပါတယ် တက္ကသိုလ်ကြီးရေ

Vol. 49 Ch. 735

နှုတ်ဆက်ခဲ့ပါတယ် တက္ကသိုလ်ကြီးရေ

Vol. 49 Ch. 735

ဇူလိုင်လဖြစ်ပြီး ဖုန်းယွီ တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ဘွဲ့လက်မှတ်ရလိုက်သည်မှာ သူ၏ ကျောင်းသားများ နေ့ရက် ကုန်ဆုံးသွားသည့် ပြယုတ်ပင်။

ဖုန်းယွီသည် အတန်းများ ရှောင်ကာ သူစိတ်ဝင်စားသည့် သင်ခန်းစာများကိုသာ တက်ရောက်ခဲ့သည်။ အချို့သော သင်ခန်းစာများအတွက် သင်ခန်းစာ တစ်ခုမျှပင် မတက်ခဲ့ချေ။ သို့ရာတွင် တက္ကသိုလ် ကျောင်းသား ဘဝမှ မထွက်ခွာ ချင်သေး။

ဖုန်းယွီသည် သူ့အတန်းဖော်များနှင့် တွဲလေ့သိပ်မရှိချေ။ သူသည် အခန်းဖော်များအား အလေးထား ဆက်ဆံခဲ့သော်လည်း အလွန်ရင်းနှီးသော သူငယ်ချင်းများအဖြစ် သတ်မှတ်၍မရချေ။ သို့ရာတွင် ၎င်းတို့အားလုံးနှင့် လမ်းခွဲလိုက်သည့်အခါ ဖုန်းယွီမှာ ဘော်ဒါဆောင်တွင် နေရခြင်းကို ပြန်လွမ်းနေမိသည်။

ဖဲရိုက်၊ ဘောလုံးကန်၊ စားသောက်၊ အတူသွား အတူကစားခဲ့ကြသည်။

ဖုန်းယွီ (၂)ဘဝ နေခဲ့ရသည်။ ယခင်ဘဝက သူစိမ်းဖြစ်ခဲ့သူများမှာ ယခုမူ ရင်းနှီးသူများ ဖြစ်ခဲ့ရသည်။

ဖုန်းယွီသည် သူ့အခန်းဖော်များနှင့် တွေ့ဆုံရန် လွယ်ကူကြောင်း သိသော်လည်း အများစုမှာ ပေကျင်းတွင် နေကြမည် ဖြစ်သည်။ ထို့အပြင် ဖုန်းယွီသည် အချိန်ပို များစွာရှိပေသည်။ သို့တိုင်အောင် တစ်ခန်းတည်းတွင် အတူနေရသည်နှင့် မတူချေ။

လူတိုင်းကိုယ်စီ လုပ်ငန်းခွင့် စတင်ဝင်ရောက်ပြီးနောက် မိတ်ဆွေအသစ်များနှင့် စိတ်ပါဝင်စားမှု ရှိလာပေလိမ့်မည်။ ယခင်ကကဲ့သို့ ရင်းနှီးတော့မည် မဟုတ်ချေ။

အချို့သော ဘွဲ့ရကျောင်းသားများသည် မထွက်ခွာခင် တက်ရောက်ခဲ့ဖူးသည့် သင်ခန်းစာ အခန်းများ၊ စားသောက်ဆိုင်များ စသည်တို့ကို နောက်ဆုံး အနေဖြင့် အမှတ်တရ ကြည့်တတ်ကြသည်။

အခန်းဖော်များကို နှုတ်ဆက်ပြီးနောက် ဖုန်းယွီသည် အနီးအနားရှိ တိုက်ခန်းဆီသို့ ကားမောင်းသွားလိုက်သည်။ သူသည် နောင်တွင် ထိုတိုက်ခန်းသို့ ပြန်လာနိုင်မည် မဟုတ်သော်လည်း ရောင်းလိုက်မည် မဟုတ်ချေ။ ဤသည်မှာ ကောင်းမွန်သည့် ရင်းနှီးမြုပ်နှံမှု တစ်ခုလည်း ဖြစ်ပေသည်။ ထိုတိုက်ခန်း၏ တန်ဖိုးသည် (၁၀)နှစ်အကြာတွင် အဆများစွာ မြင့်တက်လာ ပေလိမ့်မည်။

ဖုန်းယွီသည် မထွက်ခွာမီ နောက်ဆုံးအနေဖြင့် သူ့သူငယ်ချင်းများနှင့် ကျောင်းကို သွားကြည့်ရှုခဲ့သည်။ ၎င်းတို့အားလုံး အိပ်မက်ကိုယ်စီ အကောင်အထည်ဖော်ကာ နောင်တွင် ပျော်ရွှင်စွာ နေထိုင်နိုင်မည်ဟုသာ မျှော်လင့် ရပေတော့မည်။

လူသားတိုင်းတွင် ဘဝရည်မှန်းချက်များ ရှိကြသည်။ ဖုန်းယွီသည် သူ့ကုမ္ပဏီတွင် အလုပ်လုပ်ရန် စိတ်ဝင်စား ကြသလားဟု သူ့အခန်းဖော်များကို မေးဖူးပေသည်။ သို့တိုင်အောင် အားလုံးမှ ခေါင်းခါကြသည်။

သူတို့အားလုံး ကျောင်းတက်နေစဉ်အတွင်း အပြင်ထွက်၍စားကြတိုင်း ဖုန်းယွီသာ ငွေရှင်းပေးတတ်သည်။ ဖုန်းယွီသည် သုံးမကုန်အောင် ချမ်းသာသည်ဟု ပြောထားသဖြင့် ကျန်လူများ လု၍ ငွေချေခြင်း မလုပ်ကြခြင်းပင်။ သူတို့အနေဖြင့် မိဘများ ငွေကြေးကုန်ကျမှု သက်သာစေရန် နေထိုင်သင့်သည် မဟုတ်ပေလော။ လမ်းဘေးမှ စားစရာ တစ်ခုခု ဝယ်ကျွေးလျှင်ပင် ကျေနပ်ကြမည် ဖြစ်သည်။

အချိန်အတော်ကြာသည့်အခါ ဖုန်းယွီ၏ အခန်းဖော်များအားလုံး ဖုန်းယွီအား ကူညီငွေရှင်းရန် မကြိုးစားကြတော့ ချေ။ အတူတူ သွားစားကြသည့်အချိန်တိုင်း သူတို့ စာချင်သည်ကိုသာ မှာ၍ စားကြတော့သည်။ သို့တိုင်အောင် ဖုန်းယွီမှ သူ့ကုမ္ပဏီတွင် အလုပ်လုပ်ခိုင်းသည့်အခါတွင်မူ အခန်းဖော်များ ငြင်းဆိုလိုက်သည်။

၎င်းတို့အား ညစာကျွေးသည်မှာ တစ်ကန့်ဖြစ်ပြီး ဖုန်းယွီအတွက် အလုပ်လုပ်ရသည်က တစ်ကန့် ဖြစ်သည်။

ဖုန်းယွီသည်လည်း ၎င်းတို့ကို အတင်းမတိုက်တွန်းချေ။ နောင်တွင် အခက်အခဲ တစ်စုံတစ်ရာ ကြုံလာပါက သူနှင့်လာတွေ့ရန်သာ မှာလိုက်သည်။

“မန်နေဂျာဖုန်း… ဘယ်လိုရောက်လာတာလဲ..”

“ရှိတ တက္ကသိုလ်မှာ သူ့(လီန)ကိုသွားခေါ်လိုက်..”

လီန၏ ဘွဲ့နှင်းသတင် အခန်းအနား ပြီးသွားပေပြီ။ သို့ရာတွင် တက္ကသိုလ်၌ ဘွဲ့လွန်အတန်း ဆက်တက်မည် ဖြစ်သည်။

ဖုန်းယွီသည် ဘွဲ့လွန်အတန်း ဆက်လက်တက်ရောက်ခြင်းမှာ လီနအတွက် ကောင်းကျိုးဖြစ်ကြောင်း တစ်ခါတစ်ရံ ခံစားရသည်။ မည်သို့ပင် ဖြစ်စေ ဖုန်းယွီအနေဖြင့် သူ့အား အနိုင်ကျင့်၍ မရချေ။

*********

“နင် စိတ်မရွှင်ပါလား.. ကျောင်းပြီးလို့ ဝမ်းနည်းနေတာလား..”

ဖုန်းယွီ လီနအား ပြန်ကြည့်ကာ..

“ငါ့ကိုများ အဲ့လို စိတ်ခံစားလွယ်တဲ့လူလို့ ထင်နေလား..”

သူ့ ယခင်ဘဝတွင် ငွေကြေးပွဲစား တစ်ယောက်အနေဖြင့် ခံစားချက်များကို ကောင်းကောင်း ထိန်းချုပ်နိုင်ပေသည်။ သူ၏ ဆုံးဖြတ်ချက်များတွင် ခံစားချက်များ လွှမ်းမိုးသွားပါက အရာအားလုံး ဆုံးရှုံးသွားရပေလိမ့်မည်။ သူ့ယခင်ဘဝမှ အရာအားလုံး ဆုံးရှုံးလိုက်ရသကဲ့သို့ပင်။

ဖုန်းယွီတွင်လည်း တစ်ကိုယ်ရည် စိတ်ခံစားချက်များ ရှိနေသည်။ သို့ရာတွင် ဖုန်းယွီအနေဖြင့် ကျောင်းပြီးသွားသည့် အတွက် စိတ်ဓာတ်ကျနေစရာ မလိုကြောင်း ခံစားရသည်။ နောင်တစ်ချိန် တစ်ယောက်နှင့် တစ်ယောက် ပြန်မတွေ့ နိုင်တော့သည်လည်း မဟုတ်ချေ။

လီနမှာ စိတ်ပြောင်းသွားရန် ကြိုးစားသည့်အနေဖြင့် ဖုန်းယွီ၏ ပါးနှစ်ဖက်ကို ဖြစ်ညှစ်လျှက် အပြင်ဘက်အထိ ဆွဲခေါ်လာရင်း..

“ဒါဆို ငါ့ကို ပြုံးပြလေ..”

ဖုန်းယွီ ပြောစရာ စကားမဲ့သွားသည်။ ဤသည်က မိမိအား ပြုံးပြစေသည့် ပုံစံလော။

“သွားရအောင်လေ.. ဒီနေ့ ဘာစားချင်လဲ..”

လီန ခနမျှ စဉ်းစားကာ..

“ကျန့်ပမ်းကောကျီ စားချင်တယ်..”

ဖုန်းယွီ သူ့နှာခေါင်းသူ ဖြစ်လိုက်ကာ..

“ဒီထက် ပိုကောင်းတာ ပြောလို့ရသားပဲကို.. နင့်ဘေးက လူက တရုတ်ပြည်မှာ အချမ်းသာဆုံး သူဌေးဖြစ်နေပြီ.. နောက် (၂)နှစ်လောက်ဆို အာရှမှာတောင် အချမ်းသာဆုံး ဖြစ်တော့မှာ.. နင်က ချန့်ပမ်းကောကျီကို အတူတူ စားစေချင်နေတာလား..”

“ဝိုး… နင်အရမ်းတော်တာပဲ.. နင်က တရုတ်ပြည်မှာ အချမ်းသာဆုံးလား.. မနှစ်က ငါ့ကို မပြောဘူးနော်.. ကျန့်ပမ်းကောကျီပဲ အခုစားချင်တာ.. အရှေ့ဘက်ထောင့်မှာ အဘွားတစ်ယောက် ဖွင့်ထားတဲ့ လမ်းဘေးဆိုင် လေးတစ်ခု ရှိတယ်.. လုပ်ပါ.. ငါနဲ့အတူ လိုက်စားစမ်းပါ..”

လီနသည် ပြောရင်းဖြင့် ဖုန်းယွီ၏ လက်မောင်ကို ဆွဲခါလှုပ်ရမ်းလိုက်သည်။ ထိုအခါ ဖုန်းယွီမှ..

“ကျန်းပမ့် တွန်းလှည်းမြင်တာနဲ့ ရှေ့တည့်တည့်မှာ ရပ်လိုက်..”

မိန်ကျစ်ကောင်းမှာ ခေါင်းညိတ်ပြရင်း နောက်ဘက်ထိုင်ခုံတွင် ဖြစ်ပျက်နေသမျှ မမြင်ချင်ယောင် ဆောင်ထားလိုက်သည်။ လျိုကျစ်ကန်းမှ သူ့ကို မေးခွန်းမထုတ်ဘဲ မြင်သမျှ လျစ်လျူရှုနေရန်သာ မှာထားသည်။ သူ့အလုပ်မှာ မန်နေဂျာဖုန်းအား ကားမောင်းပေးရန်နှင့် အကာအကွယ်ပေးရန်သာ ဖြစ်သည်။ ထိုကဲ့သို့ လုပ်နိုင်သရွေ့ သူ့လစာသည် တပ်ခွဲမှူးဟောင်းထက်ပင် ပိုများနိုင်ပေသည်။

ထိုမုန့်လှည်းလေးမှာ ရိုးရာအစားအစာ တစ်ခုဖြစ်သည့် ကျန့်ပမ်းကောကျီ ရောင်းချပေသည်။ မုန့်ချောင်းကို ကြက်ဥ တစ်လုံးထည့်ထားသည့် ခရင်မ် တစ်ခုကဲ့သို့သာပင်။ ငရုတ်သီး သို့မဟုတ် အာလူး အခွံခွာထားသည် အသားများပင် မပါချေ။ အလွန်သေးပေ၏။ ဖုန်းယွီသည် ဝမ်သောင်ကျွင်းကဲ့သို့ အစားမက်သူ မဟုတ်၍ ဝပြဲနေလိမ့်မည် မဟုတ်ချေ။

“အဖွားဝမ်.. ကျန့်ပမ်ကောကျီ (၃)ခု လိုချင်တယ်.. (၂)ခုကို ကြက်ဥ ထည့်ပေး.. ကြီးကြီး လုပ်ပေးနော်..”

လီနာသည် ဖုန်းယွီလက်အား ကိုင်ဆွဲထားရင်း မုန့်များ မှာနေပေသည်။

လီနသည် ထိုဆိုင်ရှင်၏ အမည်ကိုပင် သိထားသည်လော။ ဤနေရာသို့ ပုံမှန်လာနေကျ ဖြစ်ရပေလိမ့်မည်။ ကျန့်ပမ်ကောကျီသည် အလွန် အရသာရှိနေသည်လော။ ထိုအကြောင်း မည်သည့်အတွက် မိမိမသိခဲ့ရသနည်း။

လီန ဖုန်းယွီနှင့် လျှောက်သွားစဉ် တစ်ကိုက် ကိုက်ကြည့်ရာ အရင်အတိုင်းသာပင်။ အရသာမရှိဟု မဆိုလိုချေ။

သို့ရာတွင် ဖုန်းယွီသည် လီန ပျော်ရွှင်စွာ စားနေသည်ကို မြင်ရသည့်အတွက် ကျန့်ပမ်ကောကျီ၏ အရသာသည် ပိုကောင်းလာသည်ဟု ခံစားလိုက်ရသည်။ မိန်ကျစ်ကောင်းမှာမူ ယခင်အတိုင်းသာ။ ကျန့်ပမ် တစ်ခုလုံးကို တစ်မိနစ်အတွင်း အပြီးစားကာ ပါးစပ် သုတ်လိုက်သည်။ ထို့နောက် ဖုန်းယွီနှင့် မနီးမဝေးတွင်နေရာ ပတ်ဝန်းကျင်ကို ကြည့်နေလိုက်သည်။

“ကောင်းလား..”

ကားပေါ်သို့ ပြန်ရောက်သည်အခါ ဖုန်းယွီအား လီန မေးလိုက်သည်။

“သိပ်တော့ မစားချင်ဘူး.. နင်ဒီကို ခနခန ရောက်တာလား.. ကျန့်ပမ်ကောကျီကို တော်တော်ကြိုက်လား..”

“အင်း.. ငါ့အဖွားက ငါ့ကို ကျန့်ပမ်ကောကျီ လုပ်ကျွေးဖူးတယ်.. ဒီဆိုက်က အရသာနဲ့ အတူတူပဲ.. ငါ ဒီဆိုင်လေး တွေ့တော့ ခနခန လာစားဖြစ်တယ်..”

“ကောင်းပြီလေ.. နောက်လဲ နင်မှာ စားလို့ရအောင် ငါတို့ ခနခန လာကြတာပေါ့..”

“ခနခန လာစားရမှာလား.. မစားဘူး.. ဒီလို အရသာကြီး ငါမကြိုက်ပါဘူး.. အဲ့ဒါ နင့်ကြောင့်လေ.. နင်ပဲ ငါ့ကို ကောင်းကောင်း စားပစ်တာ..”

“ဟား.. ဟား.. ဟား… ငါပဲ မှားပါတယ်.. ဗိုက်မဝသေးဘူး.. တစ်ခုခု သွားစားရအောင်..”

လီနလည်း ဖုန်းယွီအနား ကပ်ကာ တိုးတိုးလေးဖြင့်..

“ငါလဲ ဗိုက်မဝသေးဘူး.. ငါ့ ကျန့်ပမ်က နင့်ထက်သေးတယ်.. ဟိုရှေ့မှာ မုန့်ဆိုင်ရှိတယ်.. မုန့်သွားစားရအောင်.. ချောကလက် ကိတ်စားရသလိုပဲ..”

“ကောင်းပြီလေ.. နင်ကြိုက်ရင် နင့်အတွက် မုန့်တိုက်တစ်ခုလုံး ဝယ်ပေးမယ်..”

လီနနှင့် အတူရှိနေခြင်းကြောင့် ဖုန်းယွီမှာ ဘွဲ့ယူပြီး စိတ်ခံစားချက်များအားလုံး မေ့သွားတော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters