ပူးပေါင်းခြင်း
Vol. 49 Ch. 722
ကျန်းလွေ့ချန်း အလွန်စိတ်လှုပ်ရှားနေပေသည်။ အတွင်းဝန်ရှုထက် ပို၍ ပြန်သားခြင်းကြောင့် မဟုတ်ချေ။ ပမ့်မြို့တော၏ လူဦးရေသည် လောင်ကျင်း ပြည်နယ် တစ်ခုလုံး၏ (၂၆)ရာခိုင်နှုန်း ခန့်သာ ရှိသော်လည်း အခွန်ငွေမှာမူ ပြည်နယ်တစ်ခုလုံး၏ (၄၃)ရာခိုင်နှုန်း ကျော်သောကြောင့်ပင်။
ဆိုလိုသည်မှာ ပြည်နယ်အတွင်း ကျန်မြို့များသည် ပမ့်မြို့တော် အောင်မြင်မှုအတိုင်း မအောင်မြင်နိုင်ချေ။ ထို့အပြင် ပမ့်မြို့တော်သည် အစီအစဉ် သတ်မှတ်ထားသည့် မြို့တစ်မြို့ဖြစ်ပြီး ကျန်မြို့များထက် ပိုမို လွတ်လပ်ခဲ့သည်။ ၎င်းတို့သည် ပြည်နယ်အစိုးရမှ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ဆုံးဖြတ်ချက် တော်တော်များများ ချမှတ်နိုင်ခြင်း သို့တည်းမဟုတ် အထက်အရာရှိများထံ တင်ပြခွင့်ပြုချက် တောင်းခံရခြင်းမျိုး မရှိဘဲ ဆုံးဖြတ်ချက် ချနိုင်ပေသည်။
လူမှုဖူလုံရေး အာမခံနှင့်ပတ်သက်၍ ခံနိုင်ရည်လျှော့ချရန် ကုမ္ပဏီများသည် ၎င်းတို့ အလုပ်သမားများ၏ လစာတိုးမြှင့်ခွင့်ပြုရန် ဖုန်းယွီ ပြောထားပေသည်။ သို့မှသာ ထိုမူဝါဒကို အကောင်အထည်ဖော် ဆောင်နိုင်မှု တိုးတက်လာလိမ့်မည်။ ပမ့်မြို့တော်သည် ထိုနည်းလမ်း အသုံးပြုနိုင်ပေသည်။
ပမ့်မြို့တော်သည် ကုမ္ပဏီများ၏ အာမခံနှင့် လူမှုဖူလုံရေး အာမခံ (၂)ခုစလုံး ပူးတွဲ အကောင်အထည် ဖော်နိုင် ပေသည်။ ပမ့်မြို့တော် စက်မှုလုပ်ငန်းများသည် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာသည်။ တရုတ်ပြည်၏ ကျန်မြို့များထက် သာလွန်နေပြီ ဖြစ်သည်။
ပမ့်မြို့တော် ယန္တရားကုမ္ပဏီ၊ ပမ့်မြို့တော် ဆေးဝါးစီမံကိန်း ကုမ္ပဏီ၊ ပမ့်မြို့တော် အိမ်သုံးပစ္စည်း ကုမ္ပဏီနှင့် အထည်အလိပ်စက် စသည့် ထူးခြားသော ရလဒ်များ ရှိခဲ့ပေသည်။
ပမ့်မြို့တော်သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး ဒေသန္တရအစိုးရသည် ရန်ပုံလုံလောက်အောင်ပင် များစွာ ရရှိခဲ့သည်။
သို့ရာတွင် အတွင်းဝန်ရှုမှာမူ ဆုံးဖြတ်ချက် မချနိုင်ချေ။ လောင်ကျင်း ပြည်နယ်တွင် ဆင်းရဲမွဲနေဆဲ ဒေသ များစွာ ရှိနေပေသည်။ ကုမ္ပဏီတော်တော်များများ ကောင်းမွန်စွာ မလည်ပတ်နိုင်သေးပဲ ဆက်လက်ရှင်သန်နိုင်ရေး ရုန်းကန် နေရပေသည်။
ရုန်းကန်နေရသည့် ကုမ္ပဏီများမှ ကောက်ခံသည့် အခွန်ငွေမှာ အလွန်နည်းပေသည်။ အကယ်၍ အတွင်းဝန်ရှုသည် ဖုန်းယွီ၏ အလုပ်သမားများကို စိတ်အေးချမ်းသာစေရန်နှင့် လူမှုဖူလုံရေး အာမခံ မူဝါဒကို ဖိအားပေးလိုက်ပါက ပြဿနာများစွာ ရှိလာပေလိမ့်မည်။ ထိုကုမ္ပဏီများမှ ပေးဆောင်သော အခွန်များ ယခင်ကထက် အလွန်နည်းပါး သွား ပေလိမ့်မည်။ ထိုအခါ ပြည်နယ် အစိုးရသည် အခြားစီမံကိန်းများအတွက် လုံလောက်သည့် ဘဏ္ဍာငွေ ရှိတော့မည် မဟုတ်ချေ။
အခြားစီမံကိန်း အသုံးစရိတ်များဖြင့် မူဝါဒတစ်ခုကို အကောင်အထည် ဖော်ရန်မှာမှု အောင်မြင်သည်ဟု ယူဆနိုင်ပါ မည်လော။
အကောင်းဆုံး ဖြေရှင်းချက်မှာ ပြည်နယ်တစ်ခုလုံး၏ စီးပွားရေး တိုးမြှင့်ရန် ဖြစ်သည်။ လူတိုင်း ငွေပိုရှာနိုင်ပါက ပြဿနာရှိမည် မဟုတ်တော့ချေ။ သို့တိုင်အောင် ပြောလွယ်သလောက် အလုပ်ခက်ပေသည်။
ကျန်းလွေ့ချန်းနှင့် အတွင်းဝန်ရှုတို့ (၂)ယောက်စလုံး တွေးနွံနစ်နေချိန်၌ ဖုန်းယွီမှာမူ ပေါ့ပါးစွာဖြင့် လက်ဖက်ရည် သောက်နေပေသည်။ စကားများများ ပြောလိုက်ရသဖြင့် ခံတွင်းခြောက်နေပေပြီ။
ကျန်းလွေ့ချန်းသည် ဖုန်းယွီ၏ အကြံပြုချက်ကို လိုက်ပါဆောင်ရွက်ပါက အတွင်းဝန်အတွက် အခက်အခဲရှိကြောင်း ပြောပြနိုင်ပေသည်။ ဖုန်းယွီသည် အတွင်းဝန်ရှုအား နှစ်သိမ့်ပေးစေချင်းသော်လည်း ထိုကောင်မှာ လက်ဖက်ရည်ကို ပျော်ပျော်ကြီး သောက်နေပေသည်။ ထိုကိစ္စကို ဖုန်းယွီ အစပြုခဲ့သည်ကို သတိရလိုက်ပြီး အတွင်းဝန်ရှု၏ ပြဿနာကို ဖြေရှင်းပေးနိုင်လောက်ပေသည်။
ဖြေရှင်းချက်ရှိသော်လည်း မိမိတို့အား ထုတ်မပြောချင်သည်လော။ ဒုက္ခရောက်နေသည်ကို မြင်ရသည်အား ကြိုက်နေသည်လော။
“အဟမ်း…”
ကျန်းလွေ့ချန်း လည်ချောင်းရှင်းလိုက်သည်။ ဖုန်းယွီအား အရိပ်အမြွက်ပြ၍ အဖြေကိုအမြန်ဆုံး ပြောစေချင် ပေသည်။
“ဖုန်းယွီ.. မင်း ဒီကိစ္စ ပြောလာမှတော့ အဖြေရှာသင့်ပြီ မို့လား..”
“မှန်ပါတယ်.. အဲ့ကုမ္ပဏီတွေရဲ့ ဝင်ငွေကို တိုးပေးရုံနဲ့ သူတို့အလုပ်သမားတွေရဲ့ လစာတိုးပေးနိုင်မယ်လေ..”
သေသင့်သောကောင်ပင်။ အဖြေကို ရှင်းရှင်းလင်းလင်း မပြောပေ။ မိမိသိချင်သည်မှာ ထိုကုမ္ပဏီများ၏ ဝင်ငွေ တိုးရန် မည်သို့လုပ်ရမည်နည်း။
ဖုန်းယွီသည် ကျန်းလွေ့ချန်း ဒေါသထွက်နေသည်ကို မြင်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အလွယ်ဆုံး ဖြေရှင်းချက် တစ်ခုရှိပါတယ်.. ဒါပေမယ့် အတွင်းဝန်ရှု အဲ့ကိစ္စ ဖယ်ရှားနိုင်မလားဆိုတာတော့ ကျုပ်လဲ မသိဘူး.. အဲ့ဖြေရှင်းချက်က လူတော်တော်များများကို စော်ကားရာ ရောက်လိမ့်မယ်..”
အတွင်းဝန်ရှု မျက်မှောင်ကြုတ်ကာ ဖုန်းယွီအား ကြည့်လိုက်သည်။
“သူတစ်ပါး စော်ကားရမှာ မကြောက်ပါဘူး.. လူတိုင်း ကျေနပ်အောင်တော့ လုပ်မပေးနိုင်ဘူးလေ.. အဲ့ဖြေရှင်းချက်က ပြည်သူတွေအတါက် ကောင်းကျိုး လုံလောက်မယ်.. တခြားမြို့တွေကို စော်ကားမယ်ဆိုတာ ဘာကို ပြောချင်တာလဲ..”
ထိုကုမ္ပဏီများ၏ ဝင်ငွေတိုးလာပါက အခြားမြို့များ ပျော်သင့်ပေသည်။ ၎င်းတို့သည် ထိုကုမ္ပဏီများထဲမှ အခွန်ပိုမို ရနိုင်မည်ဖြစ်ပြီး ထိုအခွန်ငွေများကို နောက်ထပ် စီမံကိန်းများအတွက် အသုံးချနိုင်မည် ဖြစ်သည်။ ဤသည်က ၎င်းတို့မြို့၏ အောင်မြင်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ပေလိမ့်မည်။ ၎င်းတို့ မည်သည့်အတွက် စိတ်အနှောက်အယှက် ဖြစ်မည်နည်း။
ဖုန်းယွီ အတွင်းဝန်ရှုကို ဖြေရှင်းချက် မပေးချေ။ အတွင်းဝန်ရှုအား….
“အတွင်းဝန်ရှု.. ကျုပ်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ဘယ်လိုထင်လဲ.. ကျုပ်ထုတ်ကုန်တွေ ဘာလို့ အမြတ် အစွန်းရနေလဲ.. သုံးစွဲသူတွေ ဘာလို့ ပိုပိုကြိုက်နေကြလဲ..”
အတွင်းဝန်ရှုမှ..
“မင်း ပစ္စည်းတွေရဲ့ အရည်အသွေး၊ ဒီဇိုင်းတွေ ၊ ကြော်ငြာတွေကြောင့် ဖြစ်ကောင်း ဖြစ်နိုင်မလား..”
“ခင်ဗျား ပြောခဲ့တာတွေအားလုံး အကြောင်းအရင်းရဲ့ တစ်စိတ်တစ်ပိုင်းတွေပဲ.. ဥပမာ ပြောရရင် ကျုပ်တို့ရဲ့ ရေငွေ့ ထိန်းစကပ်နဲ့ အရွက်မဲ့ ပန်ကာတွေ.. အပြင်ပန်း ဒီဇိုင်းက အသစ်အဆန်း မဟုတ်ပေမယ့် ကျုပ်တို့ရဲ့ ထုတ်ကုန် အရည်အသွေးကို လိုက်လုပ်နိုင်တဲ့ တခြား အမှတ်တံဆိပ်တွေရှိတယ်.. ကျုပ်တို့ ကြော်ငြာ အရေအတွက် လျော့ချပြီး တာတောင် ထုတ်ကုန်တွေ ရောင်းအား ကောင်းနေတုန်းပဲ.. ကျုပ်တို့ ရောင်းပေးတဲ့ ဈေးနှုန်းက တခြားအမှတ် တံဆိပ်တွေထက် ပိုမြင့်တယ်.. ဒီတော့ ဘာကြောင့်လဲ..”
ဖုန်းယွီ ဆက်ပေးလိုက်သည်။ ကျန်းလွေ့ချန်းမှ ကြားဖြတ်၍..
“အမှတ်တံဆိပ်…”
ဖုန်းယွီ ကျန်းလွေ့ချန်းအား သဘောကျသွားသည့် ပုံစံဖြင့်..
“မှန်တယ်… အဲ့ဒါ အမှတ်တံဆိပ်ရဲ့ အကျိုးသက်ရောက်မှုပဲ.. အမှတ်တံဆိပ် အကျိုးသက်ရောက်မှုက ဘာကို ပြောချင်တာလဲဆိုတာ ကျုပ်ရှင်းပြမယ်.. အဲ့ဒါ ကုမ္ပဏီတစ်ခုရဲ့ တန်ဖိုး တိုးချဲ့မှုလို့ ယူဆလို့ရတယ်.. အမှတ်တံဆိပ်က ထုတ်ကုန်တစ်ခုရဲ့ တန်ဖိုး တိုးစေတယ်လို့ ပြောချင်တာ..”
(#အမှတ်တံဆိပ် တစ်ခုအပေါ် ယုံကြည်မှုသည် တန်ဖိုးဖြစ်သည်)
အတွင်းဝန်ရှု သူပြောနေသည် အပြည့်အဝ နားမလည်သေးကြောင်း မြင်ရသည့်အခါ ဖုန်းယွီ ခနစဉ်းစားကာ ဥပမာ တစ်ခုပြောလိုက်သည်။
“ထုတ်ကုန် တစ်ခု ရှိတယ်ဆိုရင် ကုန်ပစ္စည်းပေါ်မှာ တင်သွင်းတဲ့ အမှတ်တံဆိပ် ကပ်လိုက်တာနဲ့ (၁၀)ရာခိုင်နှုန်း၊ (၂၀)ရာခိုင်နှုန်း.. ဒါမှမဟုတ် ဒီထက်ပိုပြီး ဈေးမြင့်နေရင်တောင် လူတော်တော်များများ အဲ့ပစ္စည်း ဝယ်ချင်နေကြတုန်းပဲ.. ဒါက လူတွေအနေနဲ့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းကို သဘောကျလို့ပဲ.. တရုတ်ပြည်တွင်းမှာ စိုက်ပျိုးရေး ထွက်ကုန်တွေ အများကြီး ပိုကောင်းတယ်.. ပမ့်မြို့တော် ယန္တရားကုမ္ပဏီနဲ့ တခြားကုမ္ပဏီတွေရဲ့ ထွန်စက်(၂)လုံး နှိုင်းယှဉ်လိုက်ရင် ဈေးနှုန်း ပိုမြင့်ပြီး၊ အရည်အသွေးပိုင်းမှာ ကွာခြားမှု သိပ်ရှိမှာ မဟုတ်ဘူး..
အဲ့ဒါ အမှတ်တံဆိပ်ရဲ့ အကျိုးသက်ရောက်မှုပဲ.. သုံးစွဲသူတွေက ကျုပ်တို့ရဲ့ အမှတ်တံဆိပ်အကြောင်း သိထားတယ်.. ကျုပ်တို့က နာမည်ကြီး အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမှာ အကောင်းဆုံး နည်းပညာတွေရှိတယ်ဆိုတာ သူတို့သိနေတယ်.. ကျုပ်တို့ရဲ့ ရောင်းချပြီး နောက်ဆက်တွဲ ဝန်ဆောင်မှုတွေ သူတို့ ကြားထားတယ်.. ဘဲကင် အကြောင်း ပြောရရင် ချွမ်ကျွီသဲက ပျောင်ယီဖန့် ဘဲကင်ဆိုင်တွေထက် ဘာလို့ ဈေးကြီးတာလဲ.. ပျောင်ယီဖန့်က ချွမ်ကျွီသဲလောက် သမိုင်းကြောင်း မရှည်လို့ပဲ.. ပျောင်ယီဖန့်က ဘဲကင်တွေကို အဲ့ဆိုင်ရာ စားစရာစာရင်းမှာ တွေ့ရပေမယ့် မှာချင်မှ မှာမယ်.. ချွမ်ကျွီသဲမှာတော့ ဖောက်သည်တွေ မဖြစ်မနေ မှာကြတယ်..”
ကံကောင်းစွာဖြင့် ထိုအရာများကို ဖုန်းယွီ သိထားပေသည်။ သို့မဟုတ်ပါက အတွင်းဝန်ရှုအား ရှင်းပြရန် ခက်ပေလိမ့်မည်။ ဖုန်းယွီသည် အတွင်းဝန်ရှုကို စိတ်ရှုတ်စေသည့် ဥပမာများနှင့် စီးပွားရေး ဆိုင်ရာ ဗန်းစကား များကိုပင် ညှပ်သုံးခဲ့သည်။ အတွင်းဝန်ရှု၏ အသက်အရွယ်တွင် ထိုကိစ္စများကို ကျောင်းတွင် မလေ့လာဖူးခဲ့ချေ။ ဖုန်းယွီ သုံးနှုန်းခဲ့သည့် စကားလုံးများကို သူနားမလည်သော်လည်း ဥပမာကိုမူ နားလည်ပေသည်။
အတွင်းဝန်ရှု စိတ်အတွင်း၌ သက်ပြင်းချလိုက်သည်။ ဖုန်းယွီသည် ထိုမျှအထိ အောင်မြင်လာနိုင်သည်မှာ ကံအကျိုး ပေးကြောင့် မဟုတ်ချေ။ အမှန်တကယ် ကျွမ်းကျင်ပေသည်။ အတွင်းဝန်ရှုသည် ထိုအရာများကို တစ်ခါမှ မကြားဖူး ခဲ့ချေ။ ငယ်သားများနှင့် အကြံပေးများ အကြားအတွင် စီးပွားရေး ပညာရှင်များရှိပြီး ၎င်းတို့ အားလုံးကိုလည်း သိပေသည်။ ၎င်းတို့မှ ပို၍ လေးနက်သော ရှင်းပြချက်များပင် ပေးနိုင်ပေသည်။
သို့ရာတွင် အတွင်းဝန်ရှု ထိုအရာများအားလုံးကို နားမလည်နိုင်ကြောင်း ၎င်းတို့သိကာ အသိပညာအကြောင်း မပြောခဲ့ချေ။ သို့အတွင် အတွင်းဝန်ရှုသည် ဖုန်းယွီ၏စကားများကြောင်း သဘောကျသွားသည်။
“အဲ့ကုမ္ပဏီတွေကို သူတို့ရဲ့ အမှတ်တံဆိပ်တွေ ထူထောင်ဖို့ ပြောရမယ်လို့ မင်းပြောချင်တာလား.. ဘယ်ကနေ စသင့်လဲ..”
အတွင်းရေးမှူးရှု မေးလိုက်သည်။
“သူတို့အမှတ်တံဆိပ်တွေ ထူထောင်ဖို့က ခက်ခဲလွန်းတယ်.. အချိန်မလောက်ဘူး.. ကျုပ်တို့မှာ ခိုင်မာပြီးသာ အမှတ်တံဆိပ် တစ်ခု ရှိနေတာကို ဘာလို့ အသုံးမချရတာလဲ..”
“ငါတို့မှာ ခိုင်မာပြီးသား အမှတ်တံဆိပ် တစ်ခုရှိတယ်လား.. မင်းဘာကို ပြောချင်တာလဲ..
ဖုန်းယွီ ရယ်မောရင်း အတွင်းဝန်ရှုနှင့် ကျန်းလွေ့ချန်းတို့ (၂)ယောက်စလုံးကို ရင်းနှင်းပြီးသား စကားတစ်ခွန်း ပြောလိုက်သည်။
“ပေါင်းစည်းခြင်း…..”
-------*****--------