← Chapters

ရှုချန်ယို၏ လွှမ်းမိုးချုပ်ကိုင်ခြင်း

Vol. 49 Ch. 725

ရှုချန်ယို၏ လွှမ်းမိုးချုပ်ကိုင်ခြင်း

Vol. 49 Ch. 725

ဖုန်းယွီသည် ပြည်နယ်တွင်း အခြားဒေသများမှ ယန္တရားစက်ရုံငယ်များ ဝယ်ယူမှုနှင့် ပတ်သက်၍ ဖူကွမ်းကျန့်အား ပြောလိုက်သည်။ ဖူကွမ်းကျန်းမှလည်း ထိုအကြံအစည်းကို အားတက်သရော ထောက်ခံခဲ့သည်။

ပမ့်မြို့တော် ယန္တရားကုမ္ပဏီ၏ ဘစဏ္ဍာရေး အစီရင်ခံစားများကိုလည်း မြင်တွေ့ခဲ့ရပြီး အပိုပစ္စည်းများသည် ၎င်းတို့၏ လည်ပတ်မှု ကုန်ကျစရိတ်တွင် အစိတ်အပိုင်းကြီးကြီး တစ်ခုဖြစ်ကြောင်း သိထားသည်။ ထိုအစိတ်အပိုင်း များ ထုတ်လုပ်သည့် နည်းပညာသည် မြင့်မားခြင်းမရှိသည့်အပြင် ထူးခြားသော ပစ္စည်းများနှင့် နည်းပညာများ မလိုအပ်ချေ။ လုပ်အားကုန်ကျသည့် အလုပ်တစ်ခုသာဖြစ်သည်။

ထိုစက်ရုံငယ်များကို ဝယ်ယူခြင်းဖြင့် ပြည်နယ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်စေသည့် အကျိုးခံစားခွင့် ရရှိပေလိမ့်အုံးမည်။ ထို့အပြင် ထိုင်ဟွာ ကုန်တိုက်သည် ၎င်းတို့လိုချင်သည် မြေကွက်(၂)ခုကိုလည်း ဝယ်ယူနိုင်ကာ ပမ့်မြို့တော် ဈေးကွက်တွင် လုံခြုံ ခိုင်မာမှု ရှိစေပေသည်။ ဝေါမာ့ခ်နှင့် လမ်းဆုံတို့သည် ပမ့်မြို့တော်သို့ ရောက်လာသည့်အခါ ထိုင်ဟွာကုန်တိုက်နှင့် ယှဉ်နိုင်မည် မဟုတ်တော့ချေ။

တရုတ်နိုင်ငံ၏ ကုန်တိုက်လုပ်ငန်းကို လက်ဝါးကြီးအုပ်ရန်မှာ ထိုင်ဟွာကုန်တိုက် လုပ်ငန်းစု၏ အိပ်မက်ဖြစ်သည်။ ကုမ္ပဏီတွင် ဗျူဟာမြောက် ရန်ပုံငွေ သုံးစွဲရခြင်းမျိုး မရှိသေးချေ။ ထိုင်ဟွာ ကုန်တိုက်များ၏ ရောင်းအား ကောင်းမွန်သော်လည်း ငွေသားလည်ပတ်မှု မြင့်မားရန် လိုအပ်သေးသည်။ ဘဏ်များမှ ချေးငွေများ မြင့်မြင့်မားမား ရနိုင်သော်လည်း ၎င်းတို့သည် တရုတ်ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီး ဖြစ်ကြောင်း မပြောရဲသေးချေ။

ထိုင်ဟွာကုန်တိုက် အချို့တွင် ငွေဆုံးရှုံးပါက ၎င်းတို့ အမှတ်တံဆိပ်အပေါ် သက်ရောက်မှု သိသာပေလိမ့်မည်။ စားသုံးသူများသည် ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုအပေါ် ယုံကြည်မှု ဆုံးရှုံးသွားမည် ဖြစ်သည်။

ထို့ကြောင့် ထိုင်ဟွာ ကုန်တိုက် လုပ်ငန်းစု၏ လာမည့်နှစ်ပိုင်းအတွင်း ရည်ရွယ်ချက်မှာ အဆင့်(၂)နှင့်အထက် ရောက်ရှိ၍ လက်ဝါးကြီးအုပ်ထားရန် ဖြစ်သည်။ ၎င်းတို့သည် လမ်းဆုံနှင့် ဝေါ့မာ့ခ် တို့ကို အဓိက နေရာများ မရရှိစေရန် တားဆီးချင်ကြသည်။

ဖုန်းယွီသည် ပမ့်မြို့တော် ဈေးကွက်ကို ထိန်းချုပ်ရန် ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုကို ကူညီခဲ့သည်။ ဖူကွမ်းကျန့် အား ဒေသတွင်း အစိုးရများ၏ ပံ့ပိုးကူညီမှု ရရှိစေရန် အခြားပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းများကိုလည်း သုံးနိုင် ကြောင်း လမ်းပြပေးခဲ့သည်။

နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရနေသရွေ့ မည်သည့်ဘကမှ ငြင်းဆန်မည် မဟုတ်ချေ။

ဖုန်းယွီ ပြည်နယ်အစိုးရမှ ထွက်သွားပြီးနောက် ရှုချန်ယိုသည် ထိုအကြံပြုချက်ကို ဆွေးနွေးရန် အစည်းအဝေးတစ်ခု လုပ်ခဲ့သည်။ အခြားစက်မှုလုပ်ငန်းများ စောင့်ဆိုင်းနိုင်သော်လည်း စက်ယန္တရားကုမ္ပဏီများကို ဦးစွာ ဖြေရှင်းရပေမည်။

စက်ရုံငယ်များ ပေါင်းစည်းပြီးနောက် ပမ့်မြို့တော် ယန္တရားကုမ္ပဏီ၏ ဝန်ထမ်းများဖြစ်သွား ပေလိမ့်မည်။ ၎င်းတို့ ဝန်ထမ်းများ အားလုံးပေါင်းပါက (၁၀၀၀၀)ကျော်ရှိ၍ ပမ့်မြို့တော် ယန္တရားကုမ္ပဏီသည် တရုတ်နိုင်ငံတွင် အကြီးဆုံး စက်ယန္တရား ထုတ်လုပ်သူ ဖြစ်လာတော့သည်။

ရှုချန်ယိုသည် ထိုအချက် တစ်ခုတည်းဖြင့်ပင် အထက်အရာရှိများထံမှ အကျိုးဆောင်အမှတ် တောင်းနိုင်ပေသည်။ သို့ဖြစ်၍ ဤကိစ္စ အရင်ဆုံး လုပ်ကိုင်ရပေမည်။

နောက်တစ်နေ့တွင် ရှုချန်ယိုသည် ပြည်နယ်တစ်ခုလုံးရှိ စက်ယန္တရား စက်ရုံအကြီးအကဲများနှင့် တွေ့ဆုံနိုင်ရေး ပြောလိုက်သည်။ သူ့ဆုံးဖြတ်ချက်အား အမြန်ဆုံး ကြေငြာချင်နေသည်။

ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ကန့်ကွက်မှုများ ရှိခဲပေသည်။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြောင်းလဲရေး အဆိုပြုချက်သည် နိုင်ငံပိုင် ပစ္စည်းများ ရောင်းချခြင်းနှင့် တူညီသည်ဟု ခံစားရ၍ ဖြစ်သည်။

ဤစက်ယန္တရား ကုမ္ပဏီ အများစုသည် ငွေရှာနိုင်နေဆဲ ဖြစ်ပြီး လိုအပ်သော အသေးအဖွဲ ပြောင်းလဲမှုများ ပြုလုပ် ပါက အဆင်ပြေသွားမည်ဖြစ်သည်။ စက်ယန္တရား စက်ရုံများအားလုံးကို ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီသို့ မည်သည့်အတွက် ရောင်းချရမည်နည်း။ ကုမ္ပဏီ၏ အကြီးမားဆုံး ရှယ်ယာရှင်မှာ တစ်ဦးတည်း ဖြစ်ပေသည်။

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းသည် ဗဟိုအစိုးရတွင် ဆေးနွေးရမည့် ပြဿနာ တစ်ရပ် ဖြစ်သည်။ လူတော်တော် များများသည် ဤသည်မှာ နိုင်ငံတော် ပိုင်ဆိုင်မှုများ စွန့်လွှတ်လိုက်ခြင်းဟု ဝေဖန်ကြပေသည်။

ရှုချန်ယိုမှ ကန့်ကွက်သည့် အရာရှိများကို မေးလိုက်သည်။ ဤလှုပ်ရှားမှုသည် မည်သည့်အတွက် အစိုးရနစ်နာသနည်း။ ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီကို ကြည့်ရပေမည်။ အခြား ရှယ်ယာရှင်များ၊ နည်းပညာ အသစ်များ မရှိပါက ၎င်းတို့သည် လက်ရှိအနေအထားအထိ ကြီးထွားလာမည်လော။ ၎င်းတို့၏ စိုက်ပျိုးရေးသုံး စက်ပစ္စည်းများသည် တရုတ်နိုင်ငံတွင် အဆင့်အမြင့်ဆုံး ဖြစ်သည်။ ၎င်းတို့ ဆိုင်ကယ်များ အလွန်ရောင်းအား ကောင်းပေသည်။ မော်တော် ဆိုင်ကယ်များထုတ်လုပ်ပြီးနောက် ကုမ္ပဏီမှ ကားများ ဆက်လက် ထုတ်လုပ်သည်။ ဖော နှင့် စိုက်စ် တို့ကို မကြာမီ ကျော်တက်သွားပေတော့မည်။

ဤကုမ္ပဏီ ပေးဆောင်သော အခွန်များသည် ယခင် ပမ့်မြို့တော် စက်ယန္တရား စက်ရုံထက် များစွာ ပိုပေသည်။ ကုမ္ပဏီသည် အလုပ်သမား များစွာအတွက် အလုပ်အကိုင်များ ပေးနိုင်ပေသည်။ ကုမ္ပဏီတွင် ပမ့်မြို့တော်၏ ရှယ်ယာပိုင်ဆိုင်မှု နည်းသွားနိုင်သော်လည်း ၎င်းတို့၏ ရှယ်ယာများမှ ရရှိသည့် အမြတ်ဝေစုမှာ ယခင်ကထက် အဆများစွာ ပိုများပေသည်။

ထို့အပြင် ဗဟိုအစိုးရသည် လူမှုဖူလုံရေး အာမခံကို အကောင်အထည် ဖော်ချင်နေပေသည်။ ကုမ္ပဏီများဘက်မှ မတတ်နိုင်သည့်အခါ ပြည်နယ်အစိုးရ၎င်းျ ထိုလူမှုဖူလုံရေး စီမံချက်အား မည်သို့ အကောင်အထည် ဖော်နိုင်မည်နည်း။ ထိုကိစ္စအတွက် မည်သူ တာဝန်ယူမည်နည်း။

နိုင်ငံပိုင် လုပ်ငန်းများ ရောင်းချခြင်းသည် အလုပ်သမားများကို ရောင်းချခြင်း မဟုတ်ပေ။ ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီသည် ပုဂ္ဂလိက ကုမ္ပဏီ သီးသန့် မဟုတ်ချေ။ ဖက်စပ်လုပ်ငန်းအဖြစ် သတ်မှတ်နိုင်ပေသည်။ ဗဟိုအစိုးရ မှလည်း ဖက်စပ်ကုမ္ပဏီများကို တွန်းအားပေးလျှက် ရှိပေသည်။ ဤနည်းအားဖြင့် ကုမ္ပဏီများ အားလုံးသည် လူမှုဖူလုံရေး အာမခံကို ပေးချေနိုင်ကာ ပိုမိုမြန်ဆန်စွာ တိုးတက်လာနိုင်ပေသည်။ ဝန်ထမ်းများသည်လည်း လုပ်ခ လစာ မြင့်မားစွာ ရနိုင်ကြပေလိမ့်မည်။ ဤသည်က မည်သည့်အတွက် ကောင်းကျိုးမဖြစ်သနည်း။

အလုပ်သမားတိုင်းသည် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်ပေသည်။ ထိုကုမ္ပဏီများကို ရောင်းစားပါက ထိုအလုပ်သမားများသည် ပို၍ကောင်းမွန်သည့် ဘဝကို ပိုင်ဆိုင်နိုင်ပေသည်။ အနာဂတ် လုံခြုံမှု ရှိလာလိမ့်မည်။ ထို အကြံပြုချက်မှာ မည်သည့်နေရာ၌ အမှားပါသနည်း။

လူမှု ဖူလုံရေး အာမခံ ကိစ္စ ပေါ်ပေါက်လာသည့်အခါ ထိုကိစ္စများသည် ဖြေရှင်းနိုင်မည့် နည်းလမ်းမရှိချေ။ ရှုချန်ယို၏ အကြံပြုချက်သည် ထိုနိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ လူမှုဖူလုံရေး အာမခံကို အမှန်တကယ် ဖြေရှင်းနိုင်ပေသ်။

အကယ်၍ ဤနိုင်ငံပိုင်လုပ်ငန်းများသည် လူမှုဖူလုံရေး အာမခံအတွက် ပေးဆောင်နိုင်ပါက ပြည်နယ်အစိုးရသည် အခြားကုမ္ပဏီများကို ငွေပေးချေရန် တွန်းအားပေးနိုင်ပေလိမ့်မည်။ ထိုကုမ္ပဏီများသည် လူမှုဖူလုံရေး အာမခံအတွက် ပေးဆောင်လာနိုင်ပေသည်။ ကျန်စက်ရုံများ ပေးဆောင်ချိန် မည်သည့်အတွက် မပေးဆောင် နိုင်မည်နည်း။

ယခုအချိန်တွင် ကုမ္ပဏီ အများအပြားသည် လူမှုဖူလုံရေး အာမခံ ပေးဆောင်ခြင်းကို ကန့်ကွက်ရန် စုဖွဲ့နေကြပေပြီ။ အငြိမ်းစား အလုပ်သမားများအား အစိုးရမှ စောင့်ရှောက် ပေးစေလိုပြီး ငွေကြေးတစ်ပြားမှ မသုံးချင်ကြချေ။ ဤသည်မှာ ဒေသန္တရ အစိုးရအတွက် အကြီးမားဆုံး ခေါင်းကိုက်ရမှု တစ်ခု ဖြစ်သည်။

အကြံပြုချက်သည် ထိုအဖွဲ့များကို ဖြိုခွင်းက အစိုးရ၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ အကယ်၍ အစိုးရသည် လူမှုဖူလုံရေး အာမခံကြေးများကို ပိုမိုစုဆောင်းနိုင်ပါက အောင်မြင်မှု တစ်ခု ရမည်ဖြစ်ပြီး ချေးငွေ ပိုမိုရနိုင်မည် ဖြစ်သည်။ ကုမ္ပဏီများမှ ငွေကြေးကောက်ခံခြင်း ပါဝင်သော ထိုမူဝါဒကို မပြောဘဲ မူဝါဒအတွက် ရလဒ်ကောင်းများ ရရှိစေရန် ဒေသန္တရ အစိုးရအား အကျိုးဆောင် စေခဲ့သည်။

ရှုချန်ယိုသည် စိုးမိုးနိုင်လွန်းသူ ဖြစ်သည်။ ဤအကြံပြုချက်ကို ချက်ချင်း အတည်ပြုကာ ကန့်ကွက်မှုများ အားလုံးကို ဟန့်တားနိုင်ခဲ့သည်။ အကြံပြုချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ချင်နေပေသည်။ ပြည်နယ် အစိုးရသည် ပြည်နယ် တစ်ခုလုံးရှိ စက်မှု လုပ်ငန်း အများအပြားကို ပြန်လည်ဖွဲ့စည်းရန် အစီအစဉ် တစ်ရပ်ကိုလည်း ချမှတ်ရပေလိမ့်မည်။ ပြည်နယ်သည် စီးပွားရေး တိုးတက်ရန်အတွက် ပြိုင်ဆိုင်မှုကောင်းသည့် ကုမ္ပဏီ အနည်းငယ် ထူထောင်ရမည် ဖြစ်သည်။

ပြည်နယ်အစိုးရ အမှတ်(၂)မှာမူ မကျေနပ်ချေ။ ရှုချင်ယို သည် သူ့အလုပ်ကို အနှောက်အယှက် ပေးနေပေသည်။ သို့ရာတွင် ရှုချင်ယိုသည် လောင်ကျင်း ပြည်နယ် တစ်ခုလုံး၏ အကြီးအကဲ ဖြစ်သဖြင့် သူဘာမှ လုပ်၍ မရချေ။ ထို့အပြင် သူကိုယ်တိုင်လည်း ထိုအကြံအစည်ကို တစ်ကြိမ်တစ်ခါမှ မတွေးဘူးခဲ့ချေ။

ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ အဓိကရှယ်ယာရှင်မှာ ပမ့်မြို့တော် နိုင်ငံပိုင် ပိုင်ဆိုင်မှု ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေး ကော်မရှင်ဖြစ်နေသဖြင့် ဆေးဝါးစက်ရုံများ ပေါင်းစည်းရန်အတွက် ကန့်ကွက်စရာ မရှိချေ။

သို့ရာတွင် ခေါင်းဆောင်များအားလုံးသည် ရှုချန်ယိုအနေဖြင့် သူ့အကြံအစည်ကို အမြန်ဆုံး အကောင်အထည်ဖော် လိမ့်မည်ဟု ထင်မထားမိချေ။ အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြေငြာရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံကို ခေါ်ယူ တွေ့ဆုံခဲ့သည်။

ထိုအကြံပြုချက်ကို ဒေသန္တရာ အစိုးရနှင့် စက်ရုံများအားလုံးမှ ခေါင်းဆောင်များ ကန့်ကွက်ကြသည်။ မြို့တော် အစိုးရများသည် အခွန်အနည်းငယ်သာ ရလိမ့်မည်ဟု ခံစားရပြီး စက်ရုံ အလုပ်ရုံ ခေါင်းဆောင်များသည် ၎င်းတို့၏ ရာထူးနေရာများ ဆုံးရှုံးရမည်ကို စိုးရိမ်နေကြသည်။ စက်ရုံများ ဝယ်ယူသွားပါက ၎င်းတို့သည် စက်ရုံ အကြီးအကဲ အဖြစ် ဆက်လက် ရှိနေနိုင်အုံးမည်လော။ အခွင့်အာဏာ ဆက်လက် ဆုပ်ကိုင်ထားနိုင်မည်လော။

“ခံစားခွင့်တွေအားလုံး ရှင်းပြပြီးတာတောင် ကန့်ကွက်ချင်နေကြတုန်းလား.. သက်ဆိုင်ရာ အစိုးရရဲ့ အခွန်အခတွေ သေချာ ရှင်းပြပြီးပြီလေ.. စက်ရုံတွေရဲ့ ဝင်ငွေတွေ အရင်ကထက် အများကြီး ပိုတိုးလာမယ်.. အခွန်ရာခိုင်နှုန်းလဲ တစ်နှစ်တော့ နည်းသွားမယ်.. အရင်ကနဲ့စာရင် အခွန်ငွေဆိုတာထက် အလုပ်သမားတွေရ လစာတွေ ပိုတိုး လာမယ်.. လူမှုဖူလုံရေး အာမခံ မူဝါဒကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်ကုမ္ပဏီ တွေကို ဖိအားပေးဖို့ ဒါကို ဥပမာအနေနဲ့ သုံးလို့ရတယ်လေ..”

ရှုချန်ယို စားပွဲကို စောင့်ကန်ကာ မေးခွန်းထုတ်လိုက်သည်။

ဤနိုင်ငံပိုင် လုပ်ငန်းများကို ရောင်းချခြင်းသည် ထိုဒေသန္တရ အစိုးရများ၏ ဝင်ငွေအပေါ် သက်ရောက်မှု ရှိကြောင်း ရှုချန်ယို သိထားပေသည်။ နောက်ဆုံးတွင် အစိုးရပိုင် လုပ်ငန်းများသည် ထိုအစိုးရများအတွက် ဝင်ငွေ အရင်းအမြစ် တစ်ခုဖြစ်သည်။ အချို့သော အစိုးရများသည် ၎င်းတို့၏ ကောင့်များ ရှင်းရန်ပင် ထိုလုပ်ငန်းများကို အသုံးပြုခဲ့ ကြသည်။

သို့ရာတွင် ထိုစက်ရုံများကို ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီနှင့် ပေါင်းစည်းခြင်းသည် ပြည်နယ် တစ်ခုလုံးအတွက် အကျိုးရှိမည် ဖြစ်သည်။ ရှုချန်ယိုသည် ဤပေါင်းစည်းခြင်းမှ ရာထူးတိုးခြင်းကို မရခဲ့လျှင်ပင် ဒေသအတွင်းရှိ လူတိုင်းအတွက် အထောက်အကူ ဖြစ်စေမည့် အရာတစ်ခု လုပ်ပေးနိုင်ခဲ့မည် ဖြစ်သည်။

“မင်းတို့ကို ငါနောက်ဆုံးစကား ပြောလိုက်မယ်.. မင်းတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး.. ဒါ အမိန့်ပဲ.. ပြည်နယ် အစိုးရ အဖွဲ့က ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီနဲ့ သဘောတူညီမှု ရပြီးပြီ.. ဒီ အစည်းအဝေးပြီးရင် ဒေသဆိုင်ရာ အစိုးရတွေဆီ စာပို့လိုက်မယ်.. ကလန်ကဆန် လုပ်မယ့်သူမှန်သမျှ အပြစ်လေးခံရမှ လာအပြစ်မတင်နဲ့..”

-------*****--------

ဘ

All Chapters