လယ်မြေတွေ ရင်းနှီးမြုပ်နှံပါစေ…
Vol. 49 Ch. 728
ဖုန်းယွီ ယခင်ဘဝတွင် ပိုင်တာ့စန်း အုပ်စုသည် ပြည်နယ် လယ်ယာနှင့် မြေယာ ပြန်လည် ထူထောင်ရေး ဗျူရိုမှ တည်ထောင်သည့် လုပ်ငန်း တစ်ခုဖြစ်သည်။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကြီးများကို တည်ထောင်ရန် ရှေ့ပြေး စီမံကိန်း တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ လုပ်ငံစုကြီးများ၏ အုပ်ချုပ်မှုပုံစံကို တုပရန် ကြိုးစားနေ ပေသည်။ လုပ်ငန်းစုကြီးများသည် နိုင်ငံတကာတွင် ပြိုင်ဆိုင်မှု ရှိရှိလာမည်ဟု ခံစားရ၍ ဖြစ်သည်။ ရှေ့ပြေး စီမံကိန်းတွင် ရှိသည့် ကုမ္ပဏီများအားလုံးကို နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည်။ နောက်ပိုင်းတွင် ကုမ္ပဏီများကို အကြီးမားဆုံး အစုရှယ်ယာရှင်အဖြစ် အစိုးရနှင့် အစုရှယ်ယာရှင်များ အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။
ပိုင်တာ့စန်း အုပ်စုသည် ပြည်နယ် လယ်ယာမြေနှင့် မြေယာ ပြန်လည် ပြင်ဆင်ရေးဗျူရိုလက်အောက်ရှိ ဌာနအားလုံး အုပ်စုအကျိုး သက်ရောက်သည်ဟု ယူဆနိုင်ပေသည်။ ၎င်းတို့၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ လယ်မြေများအားလုံး ပေါင်းစပ်ကာ ဤကုမ္ပဏီ တည်ထောင်ခဲ့သည်။ ပြည်နယ် လယ်ယာနှင့် မြေယာ ပြန်လည် ထူထောင်ရေး ဗျူရိုအောက်ရှိ ဌာနခွဲရုံးများသည် ၎င်းတို့ လက်အောက်ရှိ ဌာနခွဲများကို ကုမ္ပဏီများအဖြစ် တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီသည် အဓိကရည်မှန်းချက်မှာ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ထုတ်ကုန်များပင်။
တရုတ်နိုင်ငံသည် ထိုကုမ္ပဏီတွင် ပမာဏ များစွာ ရင်းနှီးမြုပ်နှံခဲ့သည်။ ထိုကုမ္ပဏီအတွက် ကြွေးမြီးအချိုး အလွန်များ ပေသည်။ သို့ရာတွင် စာရင်းသွင်းပြီးနောက် ပို၍ကောင်းမွန်လာအောင် ပြောင်းလဲခဲ့သည်။ ထိုကုမ္ပဏီ သည် လယ်သမားများအားလုံး၏ ပျမ်းမျှ ဝင်ငွေ တိုးစေပေသည်။ အောင်မြင်သည်ဟု ယူဆရပေလိမ့်မည်။ တရုတ်နိုင်ငံတွင် အထင်ရှားဆုံး စိုက်ပျိုးရေး ကုမ္ပဏီ ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပို့ကုန် တိုးမြှင့်နိုင်ခဲ့သည်။
သို့ရာတွင် ပိုင်တာ့စန်း အုပ်စုကို (၁၉၉၈)ခုနှစ် နောက်ပိုင်းတွင် တည်ထောင်ခဲ့ပြီး (၂၀၀၀)ပြည့်နှစ် နောက်ပိုင်းတွင် လုံးဝ ထင်ရှားလာသည်။ ထိုကာလ အကြား၌ ကုမ္ပဏီသည် အမှားအယွင်း များစွာ ရှိခဲ့ပေသည်။ ပိုင်တာ့စန်း အဖွဲ့ကို အစောကတည်းမှ ဖွဲ့စည်းထားသည်ကို ဖုန်းယွီ အလွန်အံ့ဩသွားရသည်။
ဤသည်က လမ်းကြောင်း လွဲမှားမှုပင်။ သမိုင်းသည် မူလလမ်းကြောင်းသို့ ပြန်လည် ရောက်ရှိနိုင်ပါတော့မည်လော။
“ဒီနာမည် ဘယ်သူပေးတာလဲ..”
ဖုန်းယွီ မေးလိုက်သည်။
ကျန်းလွေ့ချန်းက အတွင်းရေးမှူးလျိုအား ကြည့်လိုက်သည်။ အတွင်းရေးမှူး လျို ရှက်ရွံ့စွာဖြင့်..
“အဲ့နာမည်ကို ကျုပ်ပေးလိုက်မိတာပါ.. ခေါင်းဆောင်တွေကလဲ နာမည်ကောင်း တစ်ခုလို့ ပြောကြတယ်.. ကျုပ်တို့ လောင်ကျင်း ပြည်နယ်က နောင်မှာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး စပါးကျီကြီး ဖြစ်လာလိမ့်မယ်လို့ ကျုပ်ထင်တယ်လေ..”
ဖုန်းယွီ လက်မထောင်ပြလိုက်ရင်း..
“မှန်တယ်.. ကျုပ်တို့ အောင်မြင်မှာသေချာတယ်..”
ထို့နောက် ဖုန်းယွီ ကျန်းလွေ့ချန်းအား ကြည့်လိုက်သည်။ ထိုမေးခွန်းများအတွက်ဖြင့် ကျန်းလွေ့ချန်းသည် ဖုန်းယွီအား မည်သည့်အခါတွင်မှ ခေါ်ယူလိမ့်မည် မဟုတ်ချေ။ အခြား တစ်ခုခု ရှိရပေလိမ့်မည်။ ထိုင်ဟွာ သီးနှံထုတ်လုပ်ရေး ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်လို၍လော။
အစိုးရနှင့် ဖက်စပ်တည်ထောင်ရာတွင် ကောင်းကျိုး ဆိုးကျိုးများ ရှိပေသည်။ ဖုန်းယွီသည် ဤသည်ကို သေချာ စဉ်းစားရန် လိုအပ်ပေသည်။ အရေးအကြီးဆုံးမှာ ထိုဖက်စပ် လုပ်ငန်းတွင် မည်သူဆုံးဖြတ်ချက် ချမည်နည်း။ ကောင်းမွန်သော ဆုံးဖြတ်ချက် ချနိုင်သူသည်သာ ကုမ္ပဏီအား မလိုလားအပ်သော အန္တရာယ်များကို ရှောင်ရှားရန်နှင့် အမြတ်အစွန်း တိုးပွားစေရန် အကူအညီ ပေးနိုင်ပေသည်။ သို့ရာတွင် ညံ့ဖျင်းသည့် ခေါင်းဆောင်သည် ထိုကုမ္ပဏီကို အချိန်အတွင်း ဒေဝါလီ ခံနိုင်ပေသည်။
ကျန်းလွေ့ချန်းသည် ဖုန်းယွီ မည်သည့်စကားမှ ဆက်မပြောတော့သည်ကို တွေ့လိုက်ရသဖြင့်..
“ငါတို့တွေ လုပ်ငန်းစုကြီးတစ်ခု ထူထောင်ဖို့ စဉ်းစားနေတယ်.. မင်းပြောသလိုပဲ စိုက်ပျိုးရေး ကဏ္ဍအားလုံးမှာ အကျိုးတူ လုပ်ချင်တယ်.. ငါတို့ ပြည်နယ်မှာ ပိုင်တာ့စန်း ပိုင်ကျိုးလိုမျိုး အမှတ်တံဆိပ် ကောင်းတွေ ရှိတာပဲလေ.. သမိုင်းကြောင်းလဲ ရှည်တယ်.. ငါတို့မှာ ပေါင်အမှတ်တံဆိပ် ပဲငါးပိလဲ ရှိတယ်.. အဲ့အမှတ်တံဆိပ်ကလဲ ဆယ်စုနှစ်နဲ့ ချီပြီး သမိုင်းရှိတာပဲ.. တခြား နို့မှုန့် စက်ရုံတွေလဲ ရှိသေးတယ်.. ဆန်စပါး အမျိုးအစားဆိုရင် ဝူချန် ထုတ်ကုန် အမျိုးအစား (၁၀၀)ကျော်တောင်ရှိနေပြီ.. ရှေးခေတ်က မင်းဧကရာဇ်တွေအတွက် အထူးစိုက်ပျိုး ထုတ်လုပ်နိုင်တဲ့ တခြား အမှတ်တံဆိပ်တွေတောင် ရှိသေးတယ်..”
ဖုန်းယွီ ခေါင်းညိတ်ကာ..
“ဒါဆိုရင်………”
“ပြီးတော့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ငါတို့မှာ လုံလောက်တဲ့ ရန်ပုံငွေ မရှိဘူး..”
ကျန်းလွေ့ချန်း ပြောလိုက်သည်။
ကျန်းလွေ့ချန်းသည် အစိုးရ၏ အစီအစဉ်များ အကြောင်း ပြောလာကတည်းမှ ဖုန်းယွီသည် လိုအပ်သော ရန်ပုံငွေ အကြောင်း တွေးနေခြင်းပင်။ ပြည်နယ် အစိုးရအနေဖြင့် အကြံဉာဏ် တစ်ခုတည်း အာရုံစိုက်လိုပါက လုံလောက်သော ရန်ပုံငွေ ရှိရပေလိမ့်မည်။ သို့ရာတွင် အရာအားလုံး တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ရန် ယွမ် (၁၀)ဘီလီယံပင် မလောက်နိုင်ချေ။
ဖုန်းယွီ၏ ယခင်ဘဝတွင် ပိုင်တာ့စန်း အုပ်စုသည် မည်သို့ စတင်ခဲ့သနည်း။ ၎င်းတို့သည် လယ်ယာမြေများကို ရင်းနှီးမြုပ်နှံခွင့်ပေးကာ ကုမ္ပဏီ၏ အစုရှယ်ယာများနှင့် အခြားယူနစ်များကို ဗျူရိုမှ ပိုင်ဆိုင်ပေသည်။ နှစ်စဉ် ရောင်းအား (၁၀၀)ဘီလီယံကျော်ရှိသည့် ယွမ် ဘီလီယံပေါင်းများစွာ တန်ဘိုးရှိသည့် ကုမ္ပဏီကို တည်ထောင်ခဲ့သည်။
နိုင်ငံတော် လယ်ယာများ၏ အထင်ရှားဆုံးသော ပိုင်ဆိုင်မှုသည်ကာ မည်သို့နည်း။ မြေယာ၊ လယ်သမား၊ သီးနှံ။ ဆိုလိုသည်မှာ ပိုင်တာ့စန်း အုပ်စုတွင် ကိုယ်ပိုင် ကုန်ကြမ်းများ ရှိပေသည်။ ဤသည်မှာ ကုမ္ပဏီ၏ အကြီးမားဆုံး ပိုင်ဆိုင်မှု ဖြစ်သည်။
လယ်များ မရှိပါက ကုမ္ပဏီ ကြီးပွားနိုင်မည် မဟုတ်ချေ။ (၁၀)ဘီလီယံ ရင်းနှိးမြုပ်နှံမှုသည် ထိုကုမ္ပဏီကို ယခုတည်ထောင်ရန် မလုံလောက်တော့ချေ။ လုံလောက်လျှင်လည်း ကြီးထွားမှုသည် ဖုန်းယွီ၏ ယခင်ဘဝနှင့် မတူနိုင်တော့ပေ။ စွန့်စားရမှု များလွန်းသဖြင့် ဖုန်းယွီအနေဖြင့် ရင်းနှီးမြုပ်နှံရန် မလိုလားချေ။
“ဒီကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံဖို့ ကျုပ်ကို ဖုန်းခေါ်လိုက်တာလား.. စောစောက ပြောလိုက်တဲ့ လုပ်ငန်း တော်တော် များများကို အကောင်အထည် ဖော်ချင်ရင် (၁၀)ဘီလီယံနဲ့ လောက်မှာ မဟုတ်ဘူး.. ကုမ္ပဏီရဲ့ ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်ဖို့အတွက် ကျွမ်းကျင်မှုတွေ သုံးဖို့ စီစဉ်ထားတယ်.. ဒါပေမယ့် ပမာဏ တိုးလာရင် ရင်းနှီးမြုပ်နှံမှုတွေ တိုးလာမယ်.. နောက်ပြီးတော့ ခင်ဗျားတို့ အားလုံး အစီအစဉ်အားလုံးကို အတူတူ အကောင်အထည် ဖော်ဖို့ စီစဉ်နေတာ.. ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံဖို့ အလားအလာ မမြင့်ဘူး..”
ဖုန်းယွီ ခေါင်းခါလိုက်သည်။
ကျန်းလွေ့ချန်း ထိတ်လန့်သွားမိသည်။
“ဒီကိစ္စ မင်းအကြံပေးတာလေ.. မင်းက အခု အန္တရာယ် များနေပြီလို့ ဘယ်လိုများ ပြောလိုက်တာတုန်း.. မင်း ငါတို့ကို ဂျင်းထည့်ပြီး အကြံပေးတာလား..”
ဖုန်းယွီ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။
“ခင်ဗျားတို့ ဘာလို့ အဲ့လောက် စိတ်ပူနေကြတာလဲ.. ကျုပ်က ရင်းနှီးမြုပ်နှံမှာ မဟုတ်ဘူးလို့ပဲ ပြောတာလေ.. ဒါပေမယ့် ခင်ဗျားတို့အတွက် အဖြေမရှိဘူးလို့ မပြောပါဘူး.. တကယ့် အဖြေက ခင်ဗျား ရှေ့မှာတင်ရယ်..”
ကျန်းလွေ့ချန်း လှည့်ပတ် ကြည့်မိလိုက်သည်။ ဖြေရှင်းချက်သည် သူတို့ရှေ့တွင် ရှိနေသည်လော။ အဖြေကို မည်သည့်အတွက် မမြင်နိုင်ကြသနည်း။
ဖုန်းယွီ မတ်တပ် ထရပ်ကာ နံရံပေါ်ရှိ မြေပုံသို့ လျှောက်သွားလိုက်သည်။ လောင်ကျင်း ပြည်နယ် မြေပုံကို ညွှန်ပြကာ..
“လာပါအုံး.. ဒါ ကျုပ်တို့ ရှိတဲ့နေရာနဲ့ တခြားပြည်နယ်တွေ ကြားမှာ ဘာတွေ ကွာလဲ..”
ကျန်းလွေ့ချန်းမှ..
“ငါတို့ မြေတွေက တခြားပြည်နယ် တွေထက် မြေဩဇာ ပိုကောင်းတာလား..”
ဖုန်းယွီ ခေါင်းခါကာ အတွင်းရေးမှူးလျို အားကြည့်လိုက်သည်။ အတွင်းရေးမှူ လျိုသည် မြေပုံကို ကြည့်ကာ..
“အဲ့ဒါ ကျုပ်တို့ သမိုင်း ကြောင်းလား.. ကျုပ်တို့မှာ တခြားပြည်နယ်တွေထက် လယ်မြေတွေ ပိုများနေတာလား..”
“မင်းပြောတာ မှန်တယ်.. ကျုပ်တို့ ပြည်နယ်နဲ့ တခြားပြည်နယ်တွေကြား အကြီးမားဆုံး ကွာခြားချက်က လယ်တွေပဲ..”
“အဲ့လယ်မြေတွေကို ဘယ်လို အသုံးချရမှာလဲ.. လယ်တွေကို ဌာန (၂)ခုရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတဲ့အပြင် အမြတ်အစွန်း အများစုကို အထက်အရာရှိတွေစီ လွှဲပေးနေရတယ်.. ပြည်နယ် အစိုးရက ရာခိုင်နှုန်း နည်းနည်းပဲ ရတာ.. ငါတို့ ပြည်နယ်ရဲ့ GDP (စုစုပေါင်း ပြည်တွင်းထုတ်ကုန်) မှာတောင် ထည့်မတွက်ထားဘူး..”
ကျန်းလွေ့ချန်း ဒေါသတကြီး ပြန်ဖြေလိုက်သည်။
“ခင်ဗျားတို့တွေ ဒီကုမ္ပဏီကို တည်ထောင်ချင်တာက လယ်ယာမြေတွေကရတဲ့ အမြတ်အစွန်းတွေကို ပြည်နယ်က ရချင်တာမို့လား.. ဒါဆို ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ပေးမယ်.. ခင်ဗျားတို့အားလုံး ပြည်နယ်အတွင်းမှာ အမြတ်အစွန်း အများစု ရမယ့်အပြင် အထက်အရာရှိတွေရဲ့ ပံ့ပိုးမှုတောင် ရနိုင်သေးတယ်..”
ဖုန်းယွီ ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
ကျန်းလွေ့ချန်း မျက်လုံးများ ပြူးသွားရတော့သည်။ ၎င်းတို့ ပစ်မှတ်သည် ထိုမျှ ထင်ရှားနေသည်လော။ သို့ရာတွင် ခေါင်းညိတ်ယုံမှ လွှဲ၍ အဖြေရှာမရချေ။ ဖုန်းယွီသည် မည်သည့်အတွက် ဤမျှ ယုံကြည်မှု ရှိနေသနည်း။ သူ့အဖြေသည် သေချာပေါက် အလုပ်ဖြစ်နိုင်မည်လော။
“ခြံတေဆွရဲ့ အကြီးဆုံး တန်ဖိုးက ဘာလဲ.. ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန်ကလွဲရင် ဘာတန်ဖိုးမှ မရှိဘူး.. ကုန်ကြမ်း ထုတ်လုပ်တဲ့ နေရာတစ်ခုပဲ.. ကုန်ကြမ်း ထုတ်လုပ်မှု အမြတ်အစွန်းက ပြုပြင်ထားတဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်ရင် အများကြီး သက်သာတယ်ဆိုတာ အားလုံး သိလောက်မှာပါ.. ကျုပ်တို့ရဲ့ ထိုင်ဟွာ အာမခံဆီ ကိုပဲကြည်လိုက်.. အဓိက ပါဝင်ပစ္စည်းက ပဲပိစပ်ပဲ.. ကျန်တာတွေကို တိရစ္ဆာန် အစာအဖြစ် လုပ်လိုက်တယ်.. ဆီရောင်းရတာနှင့် နှိုင်းယှဉ်ရင် အရမ်းသက်သာတယ်.. တခြား အမှတ်တံဆိပ်တွေရော အတူတူပဲ..”
“မှန်တယ်.. ငါတို့ အဲလိုလုပ်ချင်တာ..”
ကျန်းလွေ့ချန်း ပြန်ဖြေလိုက်သည်။ ဖုန်းယွီ ဤသည်ကို မည်သည့်အတွက် ပြောနေသနည်း။
“အခုအချိန်မှာ ခင်ဗျားတို့ အခက်အခဲက ရန်ပုံငွေပဲ.. ခင်ဗျားမှာ စက်ရုံတည်ဆောက်ဖို့ ရန်ပုံငွေ ရှိတယ်.. ဒါပေမယ့် ကုန်ကြမ်းဝယ်ဖို့ မလုံလောက်ဘူးမို့လား.. တစ်ဖက်မှာလဲ ပြည်နယ်တွင်း လယ်ယာပိုင်တဲ့ လယ်သမားတွေ သူတို့ ရိတ်သိမ်းတဲ့ အပိုင်းကို အစိုးရဆီ လွှဲပေးရမှာဆိုတော့ တခြားလူကို ရိတ်သိမ်းခွင့် မပေးချင်ကြဘူး.. ဒေသန္တရာ အစိုးရကို မယုံကြဘူး..”
“အဖြေက ရှင်းရှင်းလေးရယ်.. လယ်သမားတွေကို ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံခွင့် ပေးလိုက်..”
-------*****--------