← Chapters

ငိုတတ်တဲ့ကလေး နို့စို့ရသည်

Vol. 49 Ch. 729

ငိုတတ်တဲ့ကလေး နို့စို့ရသည်

Vol. 49 Ch. 729

“လယ်သမားတွေကို ရင်းနှီးမြုပ်နှံ ခိုင်းရမှာလား..”

ကျန်းလွေ့ချန်း၏ မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်သွားသည်။ သူစိတ်ရှုတ်ပေပြီ။ မည်သို့ ဖြစ်လာမည်ကို မသိနိုင်တော့ ချေ။

“ဘာလို့ လယ်ယာတွေ ရင်းနှီးမြုပ်နှံလို့ မရရမှာလဲ.. လယ်ယာတိုင်းမှာ တစ်ဦးချင်း ပိုင်ဆိုင်မှု ရှိပြီးသားမို့လား.. မြေဧရိယာ၊ ထုတ်လုပ်မှု၊ ရိတ်သိမ်းမှု အားလုံးက စီးပွားရေးအတွက် တန်ဖိုးရှိတယ်.. ဘာပဲဖြစ်ဖြစ် ဒီလယ်ယာတွေက နိုင်ငံတော်ပိုင်လေ.. တစ်ဦးချင်းပိုင်မှ မဟုတ်တာ.. သူတို့ သီးနှံတွေကို တောင်သူတွေ ရင်းနှီးမြုပ်နှံမှု အရင်းအနှီးလို့ ယူဆလို့ရတယ်လေ.. ပိုင်တာ့စန်း အုပ်စုမှာ ကုန်ကြမ်းဝယ်ဖို့ ကြေငွေး သုံးစရာ မလိုတော့ဘူးပေါ့..”

“မဟုတ်သေးပါဘူး.. လယ်တွေက ရိတ်သိမ်းပြီး ကောက်ပဲသီးနှံတွေနဲ့ ရင်းနှီးမြုငပ်နှံရင် နိုင်ငံတော်က လယ်တွေကို ဘယ်လို လည်ပတ်ပါ့မလဲ.. လယ်သမားတွေကို ပြန်မပေးနိုင်တော့ဘူးလေ.. နိုင်ငံတော်က လယ်သမားတွေအပေါ် အကြွေးတင်နေစေချင်တာလား..”

အတွင်းရေးမှူး လျို ကြားဖြတ်မေးလိုက်သည်။

“အဲ့ဒါက နိုင်ငံတော် လယ်ယာနဲ့ မြေယာ ပြန်လည် ထူထောင်ရေး ဝန်ကြီးဌာနရဲ့ ပြဿနာလေ.. သူတို့ တွေ့းပေ့စေပေါ့.. ဝန်ကြီးဌာနက ဗဟို အစိုးရ၊ ဘဏ်ချေးငွေ.. ထောက်ပံ့ကြေး အဲ့လိုမျိုးတွေ ရနိုင်တယ်လေ.. ဒီကိစ္စ ခင်ဗျားတို့ ပိုသိမှာပါ.. အစိုးရ လယ်မြေတွေက ပထမနှစ် ရိတ်သိမ်းတာကိုပဲ ရင်းနှီးမြုပ်နှံဖို့ သုံးမှာ.. ဒုတိယနှစ်ကနေ စပြီး ကုန်ပစ္စည်းတွေ ရောင်းရမယ်.. ကုန်ကြမ်း ပို့ကုန်တွေတွေ၊ ပိုင်တာ့စန်း အုပ်စုရဲ့ စဦး အရင်းအနှီးအတွက်လဲ စိတ်ပူစရာ မလိုဘဲ ပါဝင်ပစ္စည်းနဲ့ ပတ်သက်ပြီး အလုံအလောက် ထောက်ပံ့ပေးနိုင်လိမ့်မယ်..”

ကျန်းလွေ့ချန်း စီးကရက်တစ်လိပ် မီးညှိလိုက်သည်။ အတွင်းရေးမှူးလျိုသည် စီးကရက်ကို လက်နှစ်ဖက်ဖြင့် မီးညှိပေးပြီး ကျန်းလွေ့ချန်း အနားမှာ ပြန်ခွာလိုက်သည်။

ဖုန်းယွီမှာ သူတို့နှစ်ကို စိုက်ကြည့်လိုက်သည်။ ထို(၂)ယောက်မှာ အတွေးကိုယ်စီ နက်နေကြသဖြင့် လျစ်လျူရှုထားလိုက်သည်။

သူ့ယခင်ဘဝ စတော့ပွဲစား ဖြစ်စဉ်တွင် ဆေးလိပ် အလွန်အကျွံ သောက်သူလည်း ဖြစ်သည်။ ယခုမူ စီးကရက် အနံ့အား မည်သည့်အတွက် မခံနိုင်ရသနည်း။ ဆေးလိပ်သောက်သူ (၂)ယောက်ကြား နေရသည်မှာ နှိပ်စက် ညှဉ်းပန်း ခံနေရခြင်းနှင့် တူနေပေသည်။

နောက်တစ်ခေါက် လာလည်ပါက ဆေးပြင်းလိပ် ယူလာရပေလိမ့်မည်။ ၎င်းတို့ စီးကရက်သောက်ပါက မိမိ ဆေးပြင်းလိပ် သောက်ရပေမည်။ မည်သူ ခံနိုင်ရည်ရှိမည်နည်း သိချင်ပေသည်။

စီးကရက်သောက်ပြီးနောက် ကျန်းလွေ့ချန်း ခေါင်းမော့ကာ ဖုန်းယွီကို ကြည့်ကာ..

“ကျန်တဲ့ငွေတွေကိုရော ဘယ်လို ဖြေရှင်းမလဲ..”

“အထက် လူကြီးတွေကို သတင်းပို့လိုက်လေ.. လောင်ကျင်းပြည်နယ်က တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံး စိုက်ပျိုးရေး ပြည်နယ် ဖြစ်လာတော့မှာကို.. စိုက်ပျိုးရေးဆိုတာ တရုတ်နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ လယ်ယာလုပ်ငန်း နယ်မြေလေ.. ခင်ဗျားတို့အားလုံး စိုက်ပျိုးရေးလုပ်ငန်းရဲ့ နောင်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းခင်းမှုပဲလေ.. ဗဟိုအစိုးရက ပံ့ပိုးပေးရမှာ မဟုတ်ဘူးလား..”

ဖုန်းယွီ မျက်လုံးပြူးပြလိုက်သည်။ အထက်လူကြီးများထံမှ ငွေရယူခြင်းမှာ မိမိထံမှ ပေးရခြင်းထက် ပိုကောင်းပေ သည်။

“ငါတို့က ရန်ပုံငွေတောင် ထုတ်စရာမလိုပဲ အဆိုပြုချက် တစ်ခုနဲ့ ဒီကုမ္ပဏီ ထူထောင်နိုင်မယ်လို့ မင်းပြောနေ တာလား..”

ကျန်းလွေ့ချန်းပါ မျက်လုံးပြူးကျယ်သွားသည်။

“ဘာ ထူးခြားလို့လဲ.. ကျုပ် ခင်ဗျားကို အကြံပေးနေတာလေ.. လိမ်နေတယ်များ ထင်နေလား.. အစိုးရက ရန်ပုံငွေ မပေးသင့်ဘူးလား.. ဒီကုမ္ပဏီက ရှေ့ပြေး စီမံကိန်း တစ်ခုလေ.. ရှေ့ပြေးစီမံကိန်းတွေဆိုတာ တိုင်ပြည် ရန်ပုံငွေ.. အစိုးရ ပေါ်လစီနဲ့ ပံ့ပိုးမပေးသင့်ဘူးလား.. ပြီးတော့ ဒါက အခွံသက်သက် ကုမ္ပဏီ မဟုတ်ဘူး.. ကျုပ်တို့မှာ ဖြန့်ဖြူးရေး လမ်းကြောင်းတွေလဲ ထူထောင်ထားပြီးသား..”

“ဘယ်အချိန်ကတည်းက ဖြန့်ဖြူးရေး လမ်းကြောင်း စလုပ်ထားတာလဲ..”

ကျန်းလွေ့ချန်း စိတ်ရှုတ်သွားသည်။ သူတို့အနေဖြင့် ပိုင်တာ့စန်းအုပ်စုကိုပင် မစတင်ရသေးဘဲ ဖြန့်ဖြူးရေး လမ်းကြောင်း တည်ဆောက်ပြီးဖြစ်ကြောင်း ပြောနေသည်လော။ အထက်လူကြီးများကို လိမ်ခိုင်းနေသည်လော။

ဖုန်းယွီ သူ့ရင်ဘတ်သူ ပုတ်ပြကာ..

“ပိုင်တာ့စန်းရဲ့ ထုတ်ကုန်မှန်သမျှ ကျုပ်တာဝန်ယူပါ့မယ်.. ပိုင်တာ့စန်း အုပ်စုရဲ့ အမြတ်အစွန်းအတွက်လဲ အာမခံတယ်.. ထုတ်ကုန်တွေက အရည်အသွေးပြည့်မီတဲ့ ထုတ်ကုန်တွေ ဖြစ်နေသရွေ့ စင်ပေါ်တင်ထားရုံမဟုတ်ဘဲ ငွေပေး ငွေယူတွေလဲ ပြန်လာလိမ့်မယ်.. တံဆိပ်အတွက်လဲ အခမဲ့ ကူညီပေးမယ်..”

ဖုန်းယွီ ကျန်းလွေ့ချန်းအား ပြူးကြည့်ကာ ဆက်လက်၍..

“ကျုပ် အရမ်း ကူညီထားတာလေ.. မြန်မြန် ချီးကျူးပေးလေ..”

သို့တိုင်အောင် ကျန်းလွေ့ချန်းမှာမူ မျက်လုံးများ စုံမှိတ်ထားပေသည်။

“ထုတ်ကုန်အားလုံး မင်းတာဝန်ယူမှာလား.. ကုမ္ပဏီရဲ့ ဖြန့်ဖြူးရေးကို မင်း ထိန်းချုပ်မှာလား.. ဒါက ကုမ္ပဏီရဲ့ အသက်သွေးကြောလေ.. မင်းလက်ထဲ ဘယ်လိုလုပ် ထည့်ပေးနိုင်မှာလဲ..”

“ဟား…. ခင်ဗျားတို့က ကိုယ်တိုင် ဖြန့်ဖြူးရေး လမ်းကြောင်း ထူထောင်ချင်ကြတာလား.. ခင်ဗျားတို့ကို အချိန်(၃)နှစ် ပေးရင်တောင် အခု ကျုပ်ရဲ့ ဖြန့်ဖြူးရေးလမ်းကြောင်းရဲ့ (၅၀)ရာခိုင်နှုန်း မထိရောက်နိုင်ဘူး.. ကျုပ်က ဥရောပနဲ့ အမေရိကန်လိုမျိုးထိ ပြည်ပတင်ပို့နိုင်တယ်.. ခင်ဗျားတို့ လုပ်နိုင်မှာလား.. ခင်ဗျားတို့တွေက အရှေ့မြောက်ပြည်နယ်ကနေ ထုတ်ကုန်တွေ ရောင်းရင် အဆင်ပြေနိုင်မယ် ထင်နေကြလိမ့်မယ်.. စောစောက ပြောခဲ့တဲ့ နို့ထွက်ပစ္စည်းလို ထုတ်ကုန်တွေ လောင်ကျင်း ပြည်နယ်မှာပဲ ရှိတယ် ထင်နေလား..”

ဖုန်းယွီ လက်ပိုက်ထားလိုက်သည်။ ဖြေချိတ်ကာ ရည်ရွယ်ချက်ရှိရှိ လှုပ်နေလိုက်သည်။ သူ့မျက်နှာတွင် စိတ်အနှောက် အယှက်ပေးသည့် အကြည့်များဖြင့် ပြည့်နေသည်။

ကျန်းလွေ့ချန်း တိတ်ဆိတ်နေသည်။ ဖုန်းယွီပြောသည်မှာ အမှန်ပင်။ ပြည်နယ် အစိုးရတွင် ဖုန်းယွီ၏ ဖြန့်ဖြူးရေး လမ်းကြောင်း ရှိနေပါက လောင်ကျင်း၏ စီးပွားရေးသည် တရုတ်နိုင်ငံ၏ အကောင်းဆုံးထဲမှ တစ်ခုဖြစ်လာ လိမ့်မည်။ သူအနေဖြင့်မူ ရုရှားနှင့်ပင် ခိုင်မာသော ကုန်သွယ်မှုဆက်ဆံရေး မထူထောင်နိုင်ပေ။

ဖုန်းယွီ၏ ထိုင်ဟွာ ကုန်သွယ်ရေးသည်မှာ မတူချေ။ အခြားသော လယ်ယာထွက်ကုန်များထက် ရုရှားနိုင်ငံသို့ ပြည်နယ်တစ်ခုလုံး၏ စုစုပေါင်း ပို့ကုန်ကိုကြည့်ပါက ထိုင်ဟွာ ကုန်သွယ်ရေး တစ်ခုတည်းကိုပင် မနှိုင်းယှဉ်နိုင်ချေ။

ဖုန်းယွီသည် အချိန်တိုအတွင်း နောက်ဆုံးထွက်ကုန်များကို တရုတ်နိုင်ငံနှင့် နိုင်ငံတကာတွင် အမြဲရောင်းချ နေသည်။ ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် ထိုသို့ မလုပ်နိုင်ချေ။ ထို့အပြင် ဖုန်းယွီ၏ အကူအညီရပါက ကုမ္ပဏီသည် ရောင်းအားအတွက် ပြဿနာမရှိကြောင်း အထက်လူကြီးများကို ပြောနိုင်ပေသည်။ စက်ရုံများ တည်ထောင်ကာ ထုတ်လုပ်မှု စတင်ရန်သာ လိုအပ်ပေသည်။

“ငါတို့တွေ ရောင်းချမှုအပိုင်းအတွက် စိတ်ပူစရာ မလိုပေမယ့်.. ဒီကိစ္စကို အထက်လူကြီးတွေ သဘောတူပါ့မလား.. ရန်ပုံငွေ နည်းနည်းလေး ခွင့်ပြုရင်ရော..”

ကျန်းလွေ့ချန်း ထပ်မေးလိုက်သည်။

“ငိုတတ်တဲ့ကလေး နို့စို့ရတယ် ဆိုတာ ကြားဖူးလား.. အထက်လူကြီးတွေဆီက ရန်ပုံငွေ ရဖို့ဆိုရင် ခင်ဗျား အဆက်အသွယ်တွေ အပေါ် မူတည်တယ်လေ.. အဆက်အသွယ်တွေ ဆိုတာလဲ ခင်ဗျားတို့ အပေါ်ပဲ မူတည်တာ.. ပြည်နယ်အစိုးရ ခေါင်းဆောင်တွေဆိုတာ အထက်အရာရှိတွေနဲ့ အဆက်အသွယ်ရှိကို ရှိရမယ်.. အကြံပြုချက်ကို ဘယ်လို တန်ဆာဆင်ရမယ်.. ဘယ်လိုပုံဖော်မလဲ ဆိုတဲ့ အပေါ် မူတည်တယ်..”

ငိုတတ်သည့်ကလေး နို့စို့ရသည်လော။ ဤသည်က မည်သို့နည်း။

ကျန်းလွေ့ချန်း ထိုအချက်ကို လေးလေးနက်နက် စဉ်းစားပြီးနောက် ဖုန်းယွီ ပြောသလိုသာပင်။ ပုံမှန်အားဖြင့် အထက်အရာရှိများနှင့် ၎င်းတို့၏ ဆက်ဆံရေးကို အသုံးမချပါက ဗဟိုအစိုးရမှ ထုတ်ပြန်သော အခွင့်အရေးရှိသည့် မူဝါဒများ ရရှိမည် မဟုတ်ချေ။ သို့ရာတွင် ထိုဥပမာသည် ရိုင်းလွန်းပေသည်။

ထို့အပြင် အကြံပြုချက်အတွက် ပုံလှလှ ရေးဆွဲနိုင်သည်လော။ အထက်အရာရှိများကို ဂျင်းထည့်ရမည်လော။

“ဗဟိုအစိုးရဌာန အသီးသီးနဲ့ ဆက်သွယ်လိုက်မယ်လေ… အကြံပြုချက်ကို ဘယ်လို ရေးရမလဲ..”

ကျန်းလွေ့ချန်း ထပ်မေးပြန်သည်။

“ဒါ ခင်ဗျားတို့နဲ့ပဲ ဆိုင်တာလေ.. ကျုပ်က အဲ့ကုမ္ပဏီကို စီမံခန့်ခွဲမယ့်လူလဲ မဟုတ်ဘူး.. ခင်ဗျားတို့အတွက် အဲ့ အဆိုပြုချက် ရေးပေးဖို့ မလိုဘူးမို့လား.. ခင်ဗျားတို့တွေ ကျုပ်ကို ရှယ်ယာ နည်းနည်းလောက်တော့ ပေးသင့်နေပြီ..”

“ဆုတောင်းလေ.. အကြံပြုချက် ရေးဖို့အတွက်နဲ့ ရှယ်ယာ လိုချင်နေတာလား.. မင်း အရမ်းချမ်းသာနေပြီးသားကို ဒါတွေ လွှတ်ထားလိုက်စမ်းပါ..”

ကျန်းလွေ့ချန်း အပြစ်တင်လိုက်သည်။ ဖုန်းယွီသည် နှစ်စဉ်နှစ်တိုင်း ငွေအမြောက်အများ လှူဒါန်းနေသဖြင့် ငွေကြေးလောဘကြီးသည်ဟု ယူဆ၍ မရချေ။ သို့ရာတွင် ထိုကောင်သည် အမြတ်အစွန်းရှိသည့် မည်သည့် လုပ်ငန်းမဆို ရှယ်ယာလိုချင်ကာ အခွင့်အရေးယူရန် ကြိုးစားတော့သည်။

“ကြည့်လေ.. ကျုပ်တို့မှာ ကွာခြားချက်ရှိတယ်.. ခင်ဗျား အကြံပြုချက်ကို ဘယ်လို ရေးရမယ်မှန်းတောင် မသိသလို ကုမ္ပဏီ ဘယ်လိုလည်ပတ်မယ်မှန်းတောင်း မသိဘူး.. ကျုပ်ကပဲ အဲ့အကြံအစည်တွေ ပေးခဲ့ရတယ်.. တခြားနိုင်ငံ တွေမှာဆို အဲ့လိုမျိုးကိစ္စ အထူးသီးသန့် အခကြေးငွေနဲ့ အတိုင်ပင်ခံ ကုမ္ပဏီရှိတယ်ဆိုတာ သိတယ်မို့လား… ဈေးအရမ်းကြီးတယ်နော်.. တောင်ပိုင်းဒေသမှာရှိတဲ့ အတိုင်ပင်ခံ ကုမ္ပဏီတွေ ဘာလို့ မခေါ်တာလဲ.. လစာတွေဆို တစ်ချို့ကုမ္ပဏီတွေက အထွေထွေမန်နေဂျာတွေထက်တောင် ပိုများသေးတယ်..”

“ဒါ မဖြစ်နိုင်ဘူး.. အထက်အရာရှိတွေက ဒီကုမ္ပဏီမှာ အစုရှယ်ယာရှင်တွေထဲက တစ်ယောက်ယောက်ဆို အဲ့ အထက်အရာရှိတွေ သဘောတူမယ် ထင်လား..”

“ကျုပ်က ဘာမှမရဘဲ အလကား လုပ်ပေးရမယ်ပေါ့လေ.. အစ်ကိုလျို.. ခင်ဗျား ခေါင်းဆောင်ကို ကြည့်စမ်းပါအုံး.. သူသာ စီးပွားရေးလုပ်ရင် သူ့မှာ မိတ်ဆွေ တော်တော် ပေါမှာ သေချာတယ်..”

ဖုန်းယွီ အတွင်းရေးမှူး လျိုအား တိုင်တည်လိုက်သည်။

အတွင်းရေးမှူးလျို ပြောစရာ စကားမဲ့သွားသည်။ မန်နေဂျာ ဖုန်းမှ မိမိအား တိုင်တည်နေပေသည်။ မိမိ ခေါင်းဆောင် အကြောင်း မိမိအား မည်သည့်အတွက် လာတိုင်နေသနည်း။ သူ့နောက်ကွယ်တွင် ပြောမည်ဆိုပါက သင့်တော်ပေလိမ့်အုံးမည်။ မိမိအား ဒုက္ခပေးရန် လုပ်နေသည်လော။

“မင်း ငါတို့ကို ဒီအဆိုပြုချက် ကူညီရင်.. ထိုင်ဟွာ စားသောက်ကုန် ကုမ္ပဏီကို ထောက်ပံ့ပေး နည်းနည်း ပေးမယ်.. ဒါဆို အဆင်ပြေလား..”

ကျန်းလွေ့ချန်း ဒေါသတကြီး ပြန်ပြောလိုက်သည်။

“အာ… အဲ့လိုမှ နည်းနည်း ဟုတ်သွားတာ.. အစ်ကိုလျို.. အခုစပြီး ကျုပ်ပြောသမျှ မှတ်စု ရေးထားလိုက်တော့..”

ကျန်းလွေ့ချန်း၏ ကတိစကား ကြားသည့်အခါ ဖုန်းယွီ နေရထိုင်ရ ပိုကောင်းသွားသည်။

-------*****--------

All Chapters