← Chapters

ဗျူဟာ ‘၁၆၈”

Vol. 49 Ch. 730

ဗျူဟာ ‘၁၆၈”

Vol. 49 Ch. 730

ဖုန်းယွီ၏ ယခင်ဘဝတွင် မည်သည့် အကြံပြုချက်(စီမံချက်/စီမံကိန်း)မှ မရေးခဲ့ဖူးချေ။ သို့ရာတွင် အင်တာနက်မှ ထိုသို့သော စာတမ်းမျိုးပေါင်း များစွာ ဖတ်ဖူးပေသည်။ အစီအစဉ် တစ်ခုခုကို အစိုးရမှ ကြေငြာသည့်အခါတိုင်း မြေပြင်ရှိ ၎င်းတို့ဝန်ထမ်းများသည် အလားတူ အကြံပြုချက်များ ထွက်ပေါ်လာမည်ကို သတိပြုမိကာ စိတ်ဝင်စားစရာ ကောင်းပေသည်။ တူညီသော အကြံပြုချက် မတင်သွင်းပါက ဗဟိုအစိုးရကို မထောက်ခံသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ဥပမာအားဖြင့် ပိုးလမ်းမ စီးပွားရေး ခါးပတ်နှင့် (၂၁)ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမဟုလည်း လူသိများသည့် ခါးပတ်လမ်း စတင်မှုပင်။ သိပ္ပံနှင့် ပညာရေးတွင် တရုတ်နိုင်ငံကို အားကောင်းစေမည့် မဟာဗျူဟာ၊ တရုတ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ အနောက်တိုင်း ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၊ အရှေ့မြောက်ဒေသ ပြန်လည် ရှင်သန်ရေး အစီအစဉ်၊ စက်မှုထွန်းကားရေး ဗျူဟာသစ်၊ မြို့ပြ ဗျူဟာများ၊ လူ့စွမ်းအား အရင်းအမြစ် မဟာဗျူဟာနှင့် တရုတ်နိုင်ငံ ပြန်လည် အားကောင်းစေခြင်း စသည်တို့ ရှိပေသည်။

ထိုနည်းဗျူဟာများထဲတွင် ‘၁၆၈’ဗျူဟာကို ဖုန်းယွီ၏ ဦးနှောက်ထဲတွင် စွဲမြဲနေပေသည်။ ဤသည်မှာ အစိုးရ တစ်ရပ်၏ ဆောင်ပုဒ်ဖြစ်သည်။ အစီအစဉ်တွင် ရည်မှန်းချက်(၁)ခု၊ အဓိကမဏ္ဍိုင် (၆)ခုနှင့် အရေးကြီး စီမံကိန်း (၈)ခု ပါဝင်ပေသည်။ ဒေသန္တရ အစိုးရများစွာသည် ထိုဆောင်ပုဒ်ကို ရွာများအထိပင် တူညီသော အစီအစဉ်များ ထားရှိကြပေသည်။

ယခုမူ ထိုအစီအစဉ်ကို အကြံပြုခြင်း မရှိသေးချေ။

“ကျွန်ုပ်တို့ လောင်ကျင်း ပြည်နယ်သည် ပိုင်တာ့စန်းအုပ်စု တည်ထောင်ရန် အဆိုပြုခဲ့သည်.. ဤကုမ္ပဏီကို အောင်မြင်စေရန်အတွက် ကျွန်ုပ်တို့သည် ‘၁၆၈’ မဟာဗျူဟာ စီမံကိန်း ကို အကောင်အထည် ဖော်ခဲ့ပေသည်”

“ဟမ်.. ဘာအစီအစဉ်.. ‘၁၆၈’မဟာဗျူဟာ စီမံကိန်း ဟုတ်လား..”

ကျန်းလွေ့ချန်း ကြားဖြတ် ပြောလိုက်သည်။ ထိုအစီအစဉ်အကြောင်း တစ်ခါမှ မကြားဖူးချေ။ ဤသည်ကို မည်သို့ ပေါ်လာသနည်း။

ဖုန်းယွီသည် ကျန်းလွေ့ချန်းအား ဘုကြည့်ကြည့်ကာ..

“ခင်ဗျား… ကျုပ်ဆက်လုပ်ရမှာလား..”

“အေးပါ.. အေးပါ.. ဆက်ပြော.. ဆက်ပြော.. မင်း ပြောပြီးမှ ငါမေးတော့မယ်..”

“’၁၆၈’ မဟာဗျူဟာ စီမံကိန်းကို ရည်မှန်းချက်(၁)ချက်.. အဓိက မဏ္ဍိုင် (၆)ခု.. အရေးကြီး စီမံကိန်း (၈)ခုဖြင့် ဖွဲ့စည်း ထားပါတယ်..”

ကျန်းလွေ့ချန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ ဆောင်ပုဒ်တစ်နှင့် ပိုတူနေပေသည်။ မည်သို့ ပေါ်လာသနည်း။ သူသည် လက်တွေ့ကျသည့် လူတစ်ယောက်ဖြစ်ပြီး အနှစ်သာရမရှိသော ထိုဆောင်ပုဒ်မျိုး အလွန်မုန်းတီးပေသည်။ အမျိုးသားများသည် လှပသည့် ကြွေးကြော်သံများဖြင့် တက်လာသော်လည်း မည်သည့် ရလဒ်မှ မရှိမှုမျိုးကို မုန်းတီးပေသည်။

ကျန်းလွေ့ချန်းသည် အစိုးရ အစီရင်ခံများ ရေးသည့်အခါ ကြွေးကြော်သံများကို သင့်တင့်ယုံသာ သုံးတတ်သည်။ ရည်မှန်း တစ်ခုသာ ချမှတ်ပြီး ရည်မှန်းချက်ကိုသာ ဦးတည်ထားသည်။ မကြာခဏ ဆိုသလို ရည်မှန်းချက်ထက် ပိုလုပ်တတ်မိပေသည်။ ဤသည်ကပင် သူ့အလုပ်မဟုတ်ပေလော။

ဖုန်းယွီ’ ‘၁၆၈ မဟာဗျူဟာ စီမံကိန်း’သည် နောက်ထပ် လေထဲမှ ကြွေးကြော်သံ တစ်ခုပေလော။ ယခု သူသည် မည်သည့်အသက်အရွယ်နည်း။ အထက်လူကြီးများသည် ကြွေးကြော်သံများကို စိတ်မဝင်စားချေ။

“ဤ စီမံချက်၏ ရည်ရွယ်ချက်မှာ စိုက်ပျိုးရေးလုပ်ငန်း ကူးသန်းရောင်းဝယ်ရေးဖြစ်သည်.. ပိုင်တာ့စန်း အုပ်စုကို (၁၀)နှစ်အတွင်း ခိုင်မာကာ ပြိုင်ဆိုင်မှု မြင့်မားသည့် ကုမ္ပဏီ တစ်ခု ဖြစ်လာစေရေး ရည်ရွယ်ပါသည်.. တရုတ်နိုင်ငံ၏ ခေတ်မီ စိုက်ပျိုးရေး ကဏ္ဍတွင် စံပြကုမ္ပဏီ ဖြစ်လာရန်နှင့် နိုင်ငံတကာ ဈေးကွက်တွင် ဩဇာ လွှမ်းမိုးမှုရှိနိုင်ရေး ကြိုးစားချက်ဖြစ်သည်..”

အမ်…။ ကျန်းလွေ့ချန်းမှာ ၎င်းသည် ဆောင်ပုဒ်တစ်ခုအဖြစ် ခံစားမိသော်လည်း ဤဆောင်ပုဒ်မှာ အောင်မြင်နိုင်ပုံ ပေါ်နေပေသည်။ ပိုင်တာ့စန်း အုပ်စုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါက ကုမ္ပဏီသည် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အားကောင်းလာပေလိမ့်မည်။ ခေတ်မီစိုက်ပျိုးရေး လုပ်ငန်းတို့တွင် နိုင်ငံတော် တစ်ခုလုံး၏ စံနမူနာပြ ဖြစ်လာမည်မှာ သေချာပေသည်။ သို့ရာတွင် နိုင်ငံတကာ ဈေးကွက်တွင် ဩဇာလွှမ်းမိုးနိုင်ရေးကိုမူ သံသယ ရှိနေဆဲပင်။

မလုံလောက်၍ ယုံကြည်ချက်မရှိခြင်းမျိုး မဟုတ်ချေ။ ကျန်းလွေ့ချန်း သည် အခြားနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်ဖူးပေသည်။ ကနေဒါ၊ အမေရိကန်၊ ဩစတြေးလျ အစရှိသည့် နိုင်ငံများကဲ့သို့ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုသည် နောက်ကျကန်နေသေးပေသည်။

သို့ရာတွင် ကျန်းလွေ့ချန်းသည် ထိုစာကြောင်းကို အချိန်အတော်ကြာ စဉ်းစားမိလိုက်သည်။ ထိုထုတ်ပြန်ချက်ဖြင့် အထက်အရာရှိများထံမှ ခွင့်ပြုချက်ရရှိရေး အခွင့်အလမ်း တိုးစေပေလိမ့်မည်။

“ထိုရည်မှန်းချက် ရောင်ရန် အဓိက မဏ္ဍိုင်(၆)ခုမှာ နွားနှင့် ကြက်မွေးမြူရေးမဏ္ဍိုင်၊ စပါးစိုက်ပျိုးထုတ်လုပ်ရေး မဏ္ဍိုင်၊ လယ်ယာထွက်ကုန် ထုတ်လုပ်ရေး မဏ္ဍိုင်၊ စိုက်ပျိုးရေး သူတေသန မဏ္ဍိုင်…..”

ဖုန်းယွီ ရုတ်တရက် ရပ်သွားသည်။

“အဓိက မဏ္ဍိုင် (၆)ခုဆို.. ဘာလို့ (၄)ခုထဲ ဖြစ်နေတာလဲ… နောက်(၂)ခုက ဘာလဲ..”

အတွင်းရေးမှူးလျို မော့ကြည့်ကာ မေးလိုက်သည်။

ဖုန်းယွီ စိတ်ထဲမှ တွေးလိုက်မိသည်။ ထိုနှစ်ယောက်သည် မည်သို့နည်း။ အကယ်၍ သူတို့သည် ကျောင်းအတွက် ဘွဲ့ယူစာတမ်း မပြုစုခဲ့ရပါက ထို ပထမ မဏ္ဍိုင် (၄)ခုပင် မရနိုင်ချေ။

သို့ရာတွင် မိမိမှာ မည်သူနည်း။ နောက်ထပ် မဏ္ဍိုင် (၂)ခုမပြောနဲ့ မဏ္ဍိုင်(၂၀)ဆိုလျှင်ပင် ရနိုင်သေးသည်။ သို့ရာတွင် စဉ်းစားရန် အချိန်လိုပေသည်။

“လက်ဖက်ရည် မရှိတော့ဘူးလား..”

“မန်နေဂျာဖုန်း.. ကျေးဇူးပြုပြီး တန်းလန်းကြီး ရပ်မထားလိုက်ပါနဲ့.. မဏ္ဍိုင် (၆)ခု ပြီးအောင် ပြောလို့ မရဘူးလား.. ဟုတ်ပါပြီ ကျုပ် မင်းအတွက် လက်ဖက်ရည် အခုပဲ သွားယူလိုက်မယ်..”

အတွင်းရေးမှူးလျို ဖုန်းယွီ၏ လက်ဖက်ရည်ခွက်ကို ယူကာ ရုံးခန်းအတွင်းမှ ထွက်သွားပြီး ဖုန်းယွီမှာမူ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ နောက်ပိုင်းတွင် အရေးကြီး စီမံကိန်း (၈)ခု ဖော်ထုတ်ရအုံးမည်။

“မန်နေဂျာဖုန်း.. မင်းအတွက် လက်ဖက်ရည်.. တော်တော် ပူတယ်နော်.. မဏ္ဍိုင် (၆)ခု ဆက်သွားတော့မလား.. ပြီးရင် အေးမှာနဲ့ ကွက်တိပဲ..”

အတွင်းရေးမှူးလျို အမြန် ပြန်လာခဲ့သည်။ ထိုင်လိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ဘောပင် ကောက်ကိုင်လိုက်သည်။

“ကျန်နေတဲ့ မဏ္ဍိုင်(၂)ခုက ထောက်ပံ့ပို့ဆောင်ရေး မဏ္ဍိုင်နဲ့ ဂေဟစနစ် စိုက်ပျိုးရေး မဏ္ဍိုင်တွေ..”

ဖုန်းယွီသည် ထိုအဖြေထွက်လာသည့်အတွက် မိမိကိုယ်မိမိ သဘောကျသွားသည်။ မိမိ ထက်မြက်သည် မဟုတ်ပေလော။

“အရေးကြီး စီမံကိန်း (၈)ခုကရော..”

အတွင်းရေးမှူးလျို မှတ်စုကို ချရင်း မေးလိုက်လိုက်သည်။

“စီမံကိန်း (၈)ခုမှ သစ်တောလုပ်ငန်း မြှင့်တင်ရေး စီမံကိန်း၊ အရပ်သားများအား လေ့ကျင့်သင်ကြားရေး စီမံကိန်း၊ စက်ယန္တရား အဆင့်မြှင့်တင်ရေး စီမံကိန်း၊ အစားအသောက် အဆင့်မြှင့်တင်ရေး စီမံကိန်း၊ မြို့ငယ် အဆင့်မြှင့်တင်ရေး စီမံကိန်း၊ နိုင်ငံပိုင် လုပ်ငန်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ မြေအသုံးချမှု စီမံကိန်းနှင့် အကြီးစား စိုက်ပျိုးရေး စီမံကိန်းတို့ ဖြစ်သည်..”

ဖုန်းယွီ အရေးကြီး စီမံကိန်း (၈)ခု စရင်း ပြောနေစဉ် လက်ချောင်းများဖြင့် လိုက်ရေတွက်နေပေသည်။ နောက်ဆုံးတွင် စီမံကိန်း (၈)ခု တွေး၍ ရသွားသည်။

“မန်နေဂျာဖုန်း ကျုပ်နားမလည်တာတစ်ခုရှိတယ်.. သစ်တောလုပ်ငန်း မြှင့်တင်ရေး စီမံကိန်းဆိုတာ ဘာကို ပြောတာလဲ..”

အတွင်းရေးမှူး လျို မေးလိုက်သည်။

“သစ်တောကို စက်မှုလုပ်ငန်း အဖြစ် တိုးမြှင့်လို့ရတယ်.. ထင်းရှူးစေ့ ဒါမှမဟုတ် မှိုတွေကို သစ်တောထဲက ရတာလေ.. သစ်တွေရော.. သစ်ဆိုရင် သာမန် ဆောက်လုပ်ရေး ပစ္စည်းဖြစ်တဲ့အပြင် ပရိဘောဏ လုပ်တဲ့နေရာ မှာလဲ သုံးလို့ရတယ်.. ပြည်နယ် အစိုးရက ပိရိဘောဂ အမှတ်တံဆိပ် တစ်ခု ထူထောင်နိုင်ရင် အမြတ်အစွန်းလဲ ရလာမှာပဲ..”

အတွင်းဝန်လျိုသည် အိမ်ဆောက်ပစ္စည်းများနှင့် ပရိဘောဂများ ရေးမှတ်ရင်း ဆက်မေးလိုက်သည်။

“အရပ်သားတွေ လေ့ကျင့်သင်ကြားရေး စီမံကိန်းကရော ဘယ်လိုလဲ.. ပိုင်တာ့စန်း အုပ်စုနဲ့ ဘယ်လိုဆိုင်တာလဲ..”

“နိုင်ငံတော်က လယ်တွေအားလုံးကို ကုမ္ပဏီထဲ သွင်းခွင့်ပေးမယ်ဆိုရင် တောင်သူတွေကို ပညာပေးဖို့ အရမ်း အရေးကြီးတယ်လေ.. စာမတတ်တဲ့ လယ်သမားတွေမှ အများကြီးရှိသေးတယ်.. ပြည်သူတွေ ပညာရေး မြှင့်တင်ဖို့ အစိုးရရဲ့ မူဝါဒဆိုလဲ ဟုတ်တယ်.. ပိုင်တာ့စန်း အုပ်စုက တာဝန်ကျေတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ရမှာပေါ့..”

ဖုန်းယွီ ဒေါသတကြီး စပြောလာသည်။

သို့ရာတွင် ကျန်းလွေ့ချန်းနှင့် အတွင်းရေးမှူးလျိုတို့မှာ ဖုန်းယွီစကားများကို အဓိပ္ပါယ်ရှိသည်ဟု မခံစားရချေ။ ဖုန်းယွီအပေါ် ပညာရေးအတွက် လှူဒါန်းခြင်းကို နှစ်သက်သူအဖြစ်သာ မြင်ထားသည်။

“ဒါဆို မြို့ငယ် အဆင့်မြှင့်တင်ရေး စီမံကိန်းကရော.. အဲ့စီမံကိန်းရဲ့ အကြောင်းအရင်းကဘာလဲ..”

“ကြည့်လေ.. ပြည်နယ် လယ်ယာနဲ့ယှဉ်ရင် လူဦးရေ အရမ်းနည်းတယ်.. မြေကွက်ကြီး တစ်ခု ရှိပေမယ့် လူဦးရေး (၁)သိန်းကနေ (၂)သိန်းလောက်ပဲ ရှိတာ.. တစ်ချို့ ပြည်နယ်က လယ်မြေတွေမှာ လူ(၁)သိန်းလောက် ရှိတော့ မြေနည်းနည်းလေးကို ခွဲပေးလို့လွယ်တယ်.. လူဦးရေနည်းတာက ကျုပ်တို့အတွက် ကြီးထွားမှုကို ကန့်သတ်ထားပြီး စီမံခန့်ခွဲဖို့ ခက်လိမ့်မယ်.. ခေတ်မီ အရင်းအမြစ်တွေ ဖြုန်းတီးရာရောက်တယ်လေ.. ဘယ်မြေတွေမှာ ကွန်ကရစ်လမ်း မရှိရဘူးလို့ ဘယ်သူပြောလဲ..”

ကျန်းလွေ့ချန်း ခေါင်းညိတ်လိုက်သည်။ ဤသည်က ကောင်းသည့် အချက်တစ်ချက် ဖြစ်သည်။ ဗဟိုအစိုးရသည် ယခင်ကလည်း အလားတူ အကြံပြုချက်များ ရခဲ့ဖူးပေသည်။ သို့ရာတွင် အစိုးရသည် ရွေ့ပြောင်း နေထိုင်သူ အများအပြားကို ရွှေ့ပြောင်းနိုင်ရေး ငွေကြေးမသုံးချင်သဖြင့် အထောင်အထည် မဖော်နိုင်သေးချေ။ ဆောက်လုပ်ရေး လုပ်ငန်းအတွက် မည်သူ ပေးချေမည်နည်း။

ဖုန်းယွီ၏ အစီအစဉ်မှာ ပိုင်တာ့စန်းအုပ်စုမှ ဤသည်ကို နောင်တွင် တာဝန်ယူခွင့် ပေးရန် ဖြစ်သည်။ သို့ရာတွင် ကုမ္ပဏီမှ အလွန်ကုန်ကျပေလိမ့်မည်။

“အားလုံး မှတ်ထားပြီးပြီလား.. ကျုပ်ပေးထားတဲ့ အချက်တွေအပေါ်မှာ ခင်ဗျားတို့ အကုန်ကျခံနိုင်ရမယ်.. တစ်ခုတော့ သတိထား.. အားသာချက်တွေကို အသေးစိတ်ဖော်ပြပြီး ကနဦးရင်းနှီးမြုပ်နှံမှု မြင့်မားတာတွေအတွက် အားနည်းချက် တစ်ခု၊ နှစ်ခုလောက် ပြပေးလိုက်.. ဒီ အဆိုပြုချက်က တစ်ဖက်သတ် လွန်လွန်ကဲကဲ မဖြစ်အောင်လဲ ဂရုစိုက်ရမယ်.. ကျန်တာတွေတော့ သင်ပေးစရာ မလိုတော့ဘူးထင်တာပဲ..”

ဖုန်းယွီ သူ့လက်ဖက်ရည်ခွက် ကောက်ယူကာ သောက်လိုက်သည်။ ကျန်းလွေ့ချန်းနှင့် အတွင်းဝန်လျို သူ့ကိုကြည့် နေကြောင်း မြင်လိုက်ရသည့်အခါ ဂုဏ်ယူနေမိသည်။ မိမိ အလွန်ထက်မြက်ပေသည်။

-------*****--------

All Chapters