အရင်းအနှီး အသုံးချမှု
Vol. 49 Ch. 731
အတွင်းဝန်ရှုသည် အစီရင်ခံစာကို လှန်ကြည့်လိုက်သည်။ စကားလုံးတိုင်းကို အလေးအနက်ထား ဖတ်လိုက်သည်။ အချို့သော စာကြောင်းများကို ထပ်ကာထပ်ကာပင် ဖတ်ဖူးနေပေသည်။ နာရီဝက်ခန့်အကြာတွင် ခေါင်းမော့ လာကာ..
“ ဒီအစီရင်ခံစာ ရေးလာတာလား..”
ကျန်းလွေ့ချန်း အနည်းငယ် ဦးညွှတ်၍..
“ဒါ ကျုပ်အတွင်းရေးမှူး ရေးပြီး နည်းနည်းလေးပဲ ပြင်ဆင်လာတာပါ.. လယ်ယာတွေကို ရင်းနှီးမြုပ်နှံပြီး ဖြန့်ဖြူးသူတွေကို အဆင့်မြှင့် ဆက်သွယ်တာမျိုး၊ အကြံဉာဏ်တော်တော်များများနဲ့ ဒီအဆိုပြုချက်ချက်မှာ ထည့်ထားတဲ့ ‘၁၆၈ မဟာဗျူဟာ စီမံကိန်းက ဖုန်းယွီဆီကပါ.. နည်းနည်းပဲ ပြင်ဆင်လိုက်ရတာပါ..”
ရှုချန်ယိုသည် ကျန်းလွေ့ချန်းအား သဘောကျပေသည်။ ဤသည်က ကျန်းလွေ့ချန်းနှင့် ပတ်သက်၍ သူနှစ်သက်သည့် အပိုင်းဖြစ်သည်။ အရည်အချင်းရှိ၍ မဟုတ်ချေ။ ရှုချန်ယိုသည် အစိုးရတွင် အရည်အချင်းရှိသူ များစွာနှင့် တွေ့ခဲ့ဖူးပေသည်။ ယခုတစ်ကြိမ် တရုတ်ပြည် အထက်တန်းလွှ အားလုံးနီးပါး အစိုးရထဲတွင် ပါဝင်ပေသည်။ ကျန်းလွေ့ချန်းသည် အမှန်အတိုင်းသာ ပြောတတ်ပြီး အခါးတစ်ယောက်ကို အသုံးချသည့် အလုပ်မျိုး မည်သည့်အခါတွင်မှ မလုပ်တတ်သဖြင့် ကျန်းလွေ့ချန်းအား နှစ်သက်ခြင်းဖြစ်သည်။
ဤသည်မှာ အရည်အချင်းပြည့်ဝသည့် အရာရှီများတွင် မရှိတတ်သည့် စရိုက်လက္ခဏာ တစ်ခုဖြစ်သည်။
ရှုချန်ယိုသည် ဤစရိုက်နှင့် လူတစ်ယောက် ထိပ်ဆုံးသို့ ရောက်သွားသည့်တိုင် ၎င်းတို့၏ မူလခံစားချက်ကို မေ့မည် မဟုတ်ကြောင်း ခံစားရသည်။ ၎င်းတို့သည် လူအများအတွက် စဉ်းစားတတ်ကြသည်။ ဤသည်ကပင် ရှုချန်ယို အနေဖြင့် ကျန်းလွေ့ချန်းအား စင်ပေါ်တင်ကာ ထောက်ခံပေးခဲ့မိခြင်းပင်။
“မင်းအဆိုပြုချက်က စုစုပေါင်း ရင်းနှီးမြုပ်နှံငွေက (၁၀)ဘီလီယံ လိုပြီး ရန်ပုံငွေအတွက် ဗဟိုအစိုးရဆီ မေတ္တာ ရပ်ခံထားတယ်.. ကျန်တဲ့ ပမာဏတွေ တိုးအုံးမယ်.. ဒါပေမယ့် အချိုးအစား ဘာလို့ မဖော်ပြထားတာလဲ..”
“ကျုပ်တို့ အချိုးအစားတွေ ထည့်လိုက်ရန် ဗဟိုအစိုးရဆီ ရန်ပုံငွေ ပိုတောင်းရမှာ.. ဒါပေမယ့် ဗဟိုအစိုးရက ဒီစီမံကိန်းအတွက် ရန်ပုံငွေ ထောက်ပံ့ပေးလာရင်တောင် ကုမ္ပဏီက ပြည်နယ်အစိုးရ လက်အောက်မှာ ရှိမှာ မဟုတ်တော့ဘူး.. ဗဟိုအစိုးရ လက်အောက် တိုက်ရိုက် ရောက်သွားလိမ့်မယ်.. ကျုပ်တို့က အမြတ်နည်းနည်းပဲ ရတော့မှာလို့ ဖုန်းယွီသတိပေးထားတယ်..”
ရှုချန်ယို ခေါင်းညိတ်လိုက်သည်။ ပိုင်တာ့စန်း အုပ်စု တည်ထောင်ခြင်းသည် လောင်ကျင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပြီး ဤအကြံအစည်ကို အကောင်အထည်ဖော်ခဲ့သည့် လောင်ကျင်းပြည်နယ် ဖြစ်သည်။ ဗဟိုအစိုးရထံ အရောက်မခံနိုင်ချေ။
“ငါ့မှာ မေးစရာ တစ်ခုရှိသေးတယ်.. ဗဟိုအစိုးရကိုသာ ငွေတောင်းနေတာ.. ဗဟိုအစိုးရက ကုမ္ပဏီမှာ ရှယ်ယာလိုချင်ရင် ဘယ်လိုလုပ်မလဲ..”
ရှုချန်ယို မေးလိုက်သည်။ ဗဟိုအစိုးရသည် ဤကုမ္ပဏီတွင် အစုရှယ်ယာဝင်ရန် အခိုင်အမာ ပြောလာပါက အမြတ်ငွေ အချို့အဝက် သူတို့ထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။
“ဗဟိုအစိုးရက နိုင်ငံတော် လယ်ယာနှင့် မြေယာ ပြန်လည် ထူထောင်ရေး ဝန်ကြီးဌာနရဲ့ အမြတ်အစွန်း ရမှာပေါ့.. ဒီအဆိုပြုချက်ကို ဒေသန္တရ အစိုးရရဲ့ ပံ့ပိုးမှု ပေးရမယ်.. ဗဟို အစိုးရက ကျုပ်တို့ကို ဘယ်လိုလုပ် ဖယ်ထုတ်လို့ရမှာလဲ.. စိုက်ပျိုးရေး ဝန်ကြီးဌာနကတော့ ဒီကုမ္ပဏီကို အားလုံးထိန်းချုပ်ဖို့ ကြိုးစားမှာ စိုးရိမ်ရတယ်.. ဒီကုမ္ပဏီက ကျုပ်တို့အတွက် အရေးကြီးတယ်ဆိုတာ သေချာ သိထားရမယ်..”
“ဦးဆောင်မှုအဖွဲ့ ဖွဲ့စည်းသင့်တယ်လို့ မင်းပြောနေတာလား..”
ဤသည်က တရုတ်အစိုးရ လုပ်လေ့ရှိသည့် ပုံစံပင်။ ဦးဆောင်အဖွဲ့သည် ခေါင်းဆောင် တစ်ဦးချင်းစီအား တာဝန်ခွဲဝေပေးမည် ဖြစ်ပြီး ပြည်နယ်အစိုးရသည် ဤကုမ္ပဏီအပေါ် အလေးအနက်ထားကြောင်း ကျန်လူများ သိမြင်နိုင်ရေး ပြရပေလိမ့်မည်။
“မဟုတ်ဘူး.. ဒီကုမ္ပဏီက အစုရှယ်ယာ ကုမ္ပဏီအဖြစ် နောင်ကျရင် စာရင်းဝင်သွားမှာ.. ကျုပ်တို့က လောင်ကျင်း ပြည်နယ်မှာ အကြီးဆုံး အစုရှယ်ယာရှင် ဆိုတော့ ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ခန့်အပ်ပိုင်ခွင့် ရှိသင့်တယ်..”
ရှုချန်ယိုမှာ ကျန်းလွေ့ချန်းသည် ဦးဆောင်အဖွဲ့ ခေါင်းဆောင် လုပ်ချင်နေသည်ဟု ထင်မိလိုက်သည်။ ယခုမူ ကျန်းလွေ့ချန်းသည် ပိုင်တာ့စန်း၏ ဥက္ကဋ္ဌ ဖြစ်ရန် ရည်ရွယ်ထားပုံပင်။
“အဲ့တာဝန် မင်းယူချင်လား..”
“မဟုတ်ဘူး.. ခင်ဗျားက ပထမဆုံး ဥက္ကဋ္ဌ ဖြစ်သင့်တယ်ထင်တယ်.. ခင်ဗျားက အသင့်တော်ဆုံးပဲ..”
ရှုချန်ယို အံ့ဩသွားသည်။ မိမိအား ဥက္ကဋ္ဌ လုပ်ခိုင်းနေသည်လော။ ခေတ္တ စဉ်းစားကြည့်လိုက်သည်။ မိမိ ဥက္ကဋ္ဌ ဖြစ်လာပါက ကုမ္ပဏီ၏ ထိန်းချုပ်ရေးပိုင်းကို မည်သူ လာ၍ ယှဉ်ပြိုင်နိုင်မည်နည်း။ ဗဟိုအစိုးရမှ အရည်အချင်း ပြည့်မီသူများသည် သူနှင့် ယှဉ်ပြိုင်ရန်အတွက် လောင်ကျင်းပြည်နယ်သို့ ပြောင်းရွှေ့ရေး တောင်းဆိုကြမည် မဟုတ်ချေ။ ဤနည်းဖြင့်သာ လောင်ကျင်း ပြည်နယ်သည် ကုမ္ပဏီကို အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
“ဥက္ကဋ္ဌ ဖြစ်ဖို့ဆိုတာလဲ အကြံကောင်းပဲ.. ဒါဆို ဘယ်သူ အထွေထွေ မန်နေဂျာ ဖြစ်သင့်လဲ..”
ခေါင်းဆောင် တစ်ယောက်မှ ဝန်ထမ်းခန့်အပ်ခြင်းကိစ္စ ဆွေးနွေးလာပါက မိမိအား ယုံကြည်စိတ်ချသူ တစ်ယောက် အဖြစ် သဘောထားကြောင်း ဆိုလိုပေသည်။
“စိုက်ပျိုးရေးလုပ်ငန်းမှာ အထွေထွေ မန်နေဂျာနေရာ ကျွန်တော်နဲ့ သင့်တော်မယ်ထင်တယ်… စီးပွားရေး ကောင်းကောင်း လုပ်နိုင်တဲ့ တစ်ယောက်ယောက် ရှာတွေ့မှာပါ..”
“မင်း အထွေထွေ မန်နေဂျာ မဖြစ်ချင်ဘူးလား..”
ရှုချန်ယို ကျန်းလွေ့ချန်းအား ကြည့်ကာ မေးလိုက်သည်။
“ပမ့်မြို့တော်နဲ့ အလုပ်တွေ များနေတာပါ.. အခု လောလောဆယ် နောက်ထပ် တာဝန်တစ်ခု ယူဖို့ ကျုပ်မှာ ခွန်အား မလုံလောက်ပါဘူး..”
ကျန်းလွေ့ချန်းမှာ အထွေထွေ မန်နေဂျာ မလုပ်ချင်ဟု မပြောခဲ့ချေ။ လတ်တလော မလုပ်နိုင်သေးကြောင်းသာ ပြောခြင်း ဖြစ်သည်။
ပိုင်တာ့စန်း အုပ်စုကို အောင်မြင်စွာ တည်ထောင်နိုင်ပါက ကုမ္ပဏီသည် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ၎င်းသည် ထင်ရှားသော အောင်မြင်မှုများ ရရှိရန် နေရာတစ်ခုလည်း ဖြစ်သည်။ ကျန်းလွေ့ချန်းသည် အထွေထွေမန်နေဂျာ ရာထူးကို လက်လွှတ်မခံနိုင်ချေ။
စတင် တည်ထောင်သည့် အဆင့်တွင် အချိန်နှင့် စွမ်းအား အားစိုက်ရမည်ဖြစ်ကြောင်း ကျန်းလွေ့ချန်း သိထားပေသည်။ သူသည် ပိုင်တာ့စန်းအုပ်စုတွင် အာရုံစိုက်နေပါက ပမ့်မြို့တော် စီမံခန့်ခွဲရာတွင် ကောင်းကောင်း လုပ်နိုင်မည် မဟုတ်ချေ။ သို့အတွက် ပမ့်မြို့တော်ကို ပထမနေရာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ကောင်းပြီလေ.. ငါ ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်လာရင် ဗဟို အစိုးရဆီက ရန်ပုံငွေနဲ့ မူဝါဒ အထောက်အပံ့ ရနိုင်မယ်.. ဒါပေမယ့် ငါတို့အတွက် ရန်ပုံငွေ မလုံလောက်ရင် လိုအပ်သလောက် မရှာနိုင်ရင် ဘယ်လိုလုပ်မလဲ..”
“ကျုပ်တို့တွေ ဘဏ်ချေးငွေ ယူလို့ရမယ်.. ပြည်နယ်အစိုးရရဲ့ အာမခံနဲ့ သုံးလို့ရတယ်.. အဲ့ဒါ ပြဿနာ မရှိလောက်ဘူး..”
အထက်အရာရှိများသည် ထိုသို့သော လုပ်ရပ်များ ရပ်တန့်ထားသော်လည်း ဒေသန္တရ အစိုးရတွင် ထိုစဉ်းမျဉ်းများ လိုက်နာရန် နည်းလမ်းများစွာ ရှိပေသည်။ အထက်လူကြီးများ မျက်လုံးတစ်ဖက် မှိတ်ထားပါက အားလုံး အဆင်ပြေသွားပေလိမ့်မည်။
“စတင် တည်ထောင်ဖို့ အရင်းအနှီးကတော့ အဆင်ပြေသွားပြီ.. ကဏ္ဍတိုင်း ကုမ္ပဏီ တစ်ခု တည်ထောင်ရမယ်လို့ ပြောထားတယ်နော်.. ဒီနည်းနဲ့မှ ကနဦး ပါဝင်ပစ္စည်းတွေ ပြတ်လပ်မှု ဖြေရှင်းနိုင်လောက်တယ်.. ဒါပေမယ့် စပါး ရိတ်သိမ်းမှုက လယ်သမားတွေရဲ့ အပိုင်အနေနဲ့ မဟုတ်ဘဲ အဲ့လက်သမားတွေကို ကျွမ်းကျင် လက်မှတ်ထုတ်ပေးဖို့ ပြောထားတာလား..”
“သူတို့လဲ ကျုပ်တို့လိုပဲ ဘဏ်ချေးငွေနဲ့ ကောက်ပဲသီးနှံအတွက် ပေးချေရတယ်လေ.. လယ်တွေက သူတို့အပိုင်နယ်မှာ ရင်းနှီးမြုပ်နှံမယ်.. အစုရှယ်ယာတွေက ရာခိုင်နှုန်း နည်းနည်းပဲ ရမျာ.. ခရိုင်အစိုးရက ကုမ္ပဏီရဲ့ အစုရှယ်ယာတွေ ပိုယူမှာပဲ.. လယ်တွေသာ ချေးငွေ မလုံလောက်ရင် ဗဟိုအစိုးရဆီ ရန်ပုံငွေ တောင်းရမယ်.. နိုင်ငံတော် လယ်ယာမြေနဲ့ မြေယာပြန်လည်ချထားရေး ဝန်ကြီးဌာနက သစ်တောတွေမှာတောင် လယ်ယာမြေ ဖော်ပေးနိုင်မယ် ထင်တယ်.. ဘယ်ယာမြေတွေမှာ ရင်းနှီးမြုပ်နှံဖို့ တားမြစ်ထားတဲ့ နယ်မြေတွေကို ခုတ်ထွင် ရှင်းလင်း ခွင့်ရှိတာဆိုလို့ သစ်တောပဲ ရှိတယ်လေ..”
“မင်း ပြောသလိုဆို ပြည်နယ်အစိုးရက ငွေအများကြီး ထုတ်စရာ မလိုဘူးထင်တယ်..”
“ဒါပေါ့.. ကျုပ်တို့က ရန်ပုံငွေ အများကြီး သုံးစရာ မလိုဘူး.. အရင်းအနှီး စွတ်သုံးနေရင် ဝံပုလွေတစ်ကောင်ကို လက်ဗလာနဲ့ ဖမ်းထားသလိုပဲလို့ ဆိုရိုးစကားရှိတယ်လေ..”
ကျန်းလွေ့ချန်း ထိုစကားပြောနေစဉ်တွင် မျက်နှာအမူအရာ ထူးခြားနေပေသည်။ ထိုအကောင်သည် ရုတ်တရက် မည်သို့ ချမ်းသာလာသည်ကို တွေးမိလိုက်သည်။
“ဝံပုလွေကို လက်ဗလာနဲ့ ဖမ်းထားသလိုတဲ့လား.. ဒါပေမယ့် ငါတို့တွေ ဘဏ်ကနေ ချေးငွေ ကြီးကြီးမားမား ရလဲ နောက်ကျရင် ချေးငွေ ပြန်ဆပ်ရမှာပဲလေ..”
“စာရင်း သွင်းလိုက်ယုံနဲ့ ရန်ပုံငွေ ရှာလို့ရတယ်… ဘဏ်ချေးငွေ ဆပ်ဖို့ ရန်ပုံငွေ သုံးလို့ရတယ်.. ချေးငွေ မြန်မြန် ပြန်ဆပ်ပြီးရင်ကို ငွေတော်တော် ကျန်နိုင်သေးတယ်..”
ထိုနည်းဗျူဟာသည် ဖုန်းယွီမှ ကျန်းလွေ့ချန်းအား ပြောထားသည့် ထင်မြင်ချက် ဖြစ်သည်။ ကုမ္ပဏီကို အရင်ဦးစွာ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများမှ ရရှိလိမ့်မည်။ ကုမ္ပဏီအား စာရင်းသွင်းပြီးနောက် ချေးငွေများ ပေးချေရန် ရန်ပုံငွေကို သုံးရမည်။ ကုမ္ပဏီတွင် ပြည်နယ်အစိုးရ၏ အစုရှယ်ယာများ လျော့ကျသွားမည် ဖြစ်သော်လည်း ကုမ္ပဏီ၏ တန်ဖိုး သိသိသာသာ တိုးလာမည် ဖြစ်သည်။ ရှယ်ယာတန်ဖိုးများလည်း တက်လာပေလိမ့်မည်။
ထိုကုမ္ပဏီသည် ပြည်နယ်နှင့် သက်ဆိုင်ပေသည်။ ဤသည်မှာ အရင်းအနှီး အသုံးပြုမှုအတွက် ရိုးရှင်းသော နည်းလမ်း တစ်ခုသာဖြစ်ပြီး ပြည်နယ်အစိုးရသည် အရင်းအနှီး များစွာမသုံးရဘဲ ကုမ္ပဏီကြီးတစ်ခု ထိန်းချုပ်နိုင် ပေသည်။
စာရင်းသွင်းပြီး ရန်ပုံငွေ မလုံလောက်ပါက ဖုန်းယွီသည် ရှယ်ယာ အနည်းငယ် ဝယ်ယူရန် သို့တည်းမဟုတ် ကုမ္ပဏီတွင် တိုက်ရိုက် ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိထားပေသည်။
ဖုန်းယွီသည် ထိုနည်းဗျူဟာကို စဉ်းစားမိသည့်အခါ ကျန်းလွေ့ချန်း အံ့ဩသွားမိသည်။ ဤနည်းဖြင့် အရင်းအနှီးပင် တိုးနိုင်ပေသည်။ ထို့အပြင် ထိုသည်က တရားဝင်ဖြစ်ပေသည်။
“ကောင်းပြီလေ.. နေ့လည် အစည်းအဝေး ခေါ်လိုက်မယ်.. အစည်းအဝေးမှ ဒီအစီအစဉ် ချပြမယ်.. ဒီအစီအစဉ် အောင်မြင်အောင်လဲ အားလုံးကို စည်းရုံးရမယ်..”
-------*****--------