← Chapters

စာတမ်း ကာကွယ်ရေး

Vol. 49 Ch. 732

စာတမ်း ကာကွယ်ရေး

Vol. 49 Ch. 732

ပေကျင်းတက္ကသိုလ် စာတမ်းကာကွယ်ရေးနေ့…

ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ(၂)ယောက် စားပွဲနောက်တွင် ထိုင်နေကြသည်။ ၎င်းတို့တစ်ဦးစီရှေ့တွင် စာတမ်း တစ်ခုစီ ရှိနေပေသည်။ ယုံကြည်မှု အပြည့်ရှိသော ကျောင်းသား တစ်ယောက် ၎င်းတို့နှင့် မနီးမဝေးတွင် ရပ်နေသည်။ သူ့နောက်တွင် အတန်းလိုက် ထိုင်နေကာ စိတ်လှုပ်ရှားနေသည့် ကျောင်းသား အချို့ ရှိနေပေသည်။

ကျောင်းအုပ်ကြီးမှ..

“မင်း အသင့်ဖြစ်ရင် စလို့ရပြီ..”

“လေးစားရပါသော ဆရာများနှင့် ကျောင်းသားများခင်ဗျာ.. ကျုပ်က စီမံခန့်ခွဲရေးအတန်း အမှတ်(၉၁)က ဖုန်းယွီ ဖြစ်ပါတယ်..”

အလှည့်ရောက်ရန် စောင့်ဆိုင်းနေသည့် အခြားကျောင်းသားများ အချင်းချင်း တီးတိုး ပြောသံထွက်လာသည်။ ထို ဖုန်းယွီမှာ မာန်တက်လွန်းပေသည်။ မိမိတို့ အားလုံးသည် မိမိတို့ တက္ကသိုလ်ကျောင်းသား ဘဝ အဆုံးသတ်သည့် အထိမ်းအမှတ်အဖြစ် မိမိတို့ စာတမ်းများကို ကျေနပ်ကြမည်ဟူသည့် မျှော်လင့်ချက်များဖြင့် စတင်ကြမည် ဖြစ်သည်။ ထို ဖုန်းယွီမှာမှု ဤနေရာရှိ လူတိုင်းကို သမိုင်းကြောင်းအတွင်းမှ ပညာတစ်ခုခု ရစေလိုကြောင်း အခိုင်အမာ ပြောဝံ့သည်လော။ ပါမောက္ခများပင် သူ့ထံမှ တစ်ခုခု သင်ယူနိုင်မည် အထင်ရောက်နေသည်လော။

ဖုန်းယွီသည် လူချမ်းသာမိသားစုမှ ဖြစ်ကြောင်း တက္ကသိုလ် တစ်ခုလုံး သိထားကြပေသည်။ သူသည် ကျောင်းပြင်ပတွင် တိုက်ခန်းတစ်ခန်း ဝယ်ရန် တတ်နိုင်ပေသည်။ တက္ကသိုလ်ရှိ လစာစား ပါမောက္ခအချို့ပင်လျှင် ဆိုင်ကယ်ဖြင့် ကျောင်းတက်တက်နေရသည်ကို ဖုန်းယွီ တွေ့နေရမည် ဖြစ်သည်။ စိတ်အနှောက်အယှက် အဖြစ်ဆုံးမှာ ဖုန်းယွီ၏ကားသည် ငွေကြေးအကုန်အကျ များပေသည်။ သူကားသည် သိန်းပေါင်းများစွာ တန်ကြောင်း ကြားသိထားကြသည်။ သို့ရာတွင် နောက်ပိုင်း၌ သူသည် စောင်ကျင်းကား ပြောင်းစီသည်။ ယခင်က မမြင်ဖူးသည့် မော်ဒယ်တစ်ခုပင် ဖြစ်နေသေးသည်။ ထိုင်ခုံအားလုံးကို သားရေအစစ်ဖြင့် ဖန်တီးထားပေသည်။

ကျောင်းအုပ်ကြီးနှင့် တက္ကသိုလ်မှ ဝန်ထမ်းများအားလုံးသည် ဖုန်းယွီနှင့် ရင်းနှီးသည်ဟု ကောလာဟလများ ထွက်နေပေသည်။ သူကြိုက်သည့်အချိန် ကျောင်းပျက်ကွက်နိုင်ကာ လက်တွေ့ ထပ်လုပ်ရန် မလိုချေ။

ဖုန်းယွီသည် ဟောင်ကောင် တက္ကသိုလ် လဲလှယ်ရေး ကျောင်းသားများအတွက် ကျောင်းသားတစ်ယောက် နေရာ မည်သို့ရခဲ့သည်ကို ကျောင်းသားများအားလုံး အံ့ဩနေကြသည်။ ကျန်ကျောင်းသားများသည် (၆)လသာ ဖြစ်သော်လည်း ဖုန်းယွီမှာမူ (၁)နှစ် ကြာခဲ့သည်။

ခိုင်မာသည့် အဆက်အသွယ်နှင့် ကျောထောက်နောက်ခံမရှိလျှင်ပင် ထိုနေရာမျိုး မရနိုင်ကြောင်း သိထားရပေမည်။ ပါမောက္ခများကို သန်ခန်းစာ ပေးသကဲ့သို့ မည်သို့ ပြောနိုင်သနည်း။

ပါမောက္ခများ စိတ်ဆိုးသွားပါက ကျရှုံးကာ နောက်တစ်ကြိမ် ကြိုးစားရပေလိမ့်မည်။ ဤသည်ကို မြင်ချင်နေကြသည်။

ထို့အပြင် ၎င်းသည် အလုပ်ဌာနများနှင့် မည်သည့်စာချုပ်ကိုမှ လက်မှတ် မထိုးရသေးချေ။ မိမိတို့အားလုံးသည် အစိုးရ ဌာနများသို့ ဝန်ထမ်းအဖြစ် ဝင်ရောက်မည် ဖြစ်သည်။ အစိုးရသည် ယခုအခါ အလုပ်တာဝန်များ ရပ်ဆိုင်းထား နိုင်သော်လည်း သာမန် တက္ကသိုလ်များ အတွက်သာ ဖြစ်သည်။ ပေကျင်း တက္ကသိုလ်မှ ကျောင်းသား များမှာမူ မတူညီချေ။ အစိုးရ ဌာနများသည် ဆက်လက်၍ ပညာသင်ကြားရန် မလိုအပ်သော ဘွဲ့ရ ကျောင်းသားများအား ခေါ်ယူရန် ဤနေရာသို့ လာနေကြဆဲ ပင်ဖြစ်သည်။

ကျောင်းသား လက်တစ်ဆုပ်စာမျှသာ အစိုးရဝန်ထမ်းအဖြစ် မဝင်ခဲ့ကြချေ။ ထိုကျောင်းသားများသည် ပုဂ္ဂလိက ကဏ္ဍများတွင် အလုပ်သွားလုပ်ကြသည်။ ပုဂ္ဂလိက ကဏ္ဍမှ ဝန်ထမ်းများသည် လစာကောင်းကြောင်း ကြားထားကြသည်။ တစ်လလျှင် ယွမ်(၁၀၀၀)အထိ ရနိုင်ပေသည်။

“အခု ကျုပ်ပြောခဲ့တာ ကျုပ်စာတမ်းရဲ့ အကျဉ်းချုပ်ပါ.. ကျုပ်ရဲ့ သုတေသနနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးနိုင်ပါတယ်..”

ဖုန်းယွီသည် ပြီးခဲ့သည့် မိနစ်(၂၀)ခန့်တွင် စာတမ်းကိုပင် မကြည့်ခဲ့ချေ။ သူသည် စာတမ်းအတွက် အကျဉ်းချုပ်ကို ကောင်းကောင်း ရေနိုင်ခဲ့သည်။ ဤသည်က အခြားကျောင်းသားများအတွက် ဖိအား ဖြစ်စေတော့သည်။ ၎င်းတို့ စာတမ်းများကို ကြည့်ပြောနေစဉ်၌ပင် ကျောင်းသားအများစု စကားထစ်နေတတ်ကြသည်။

သို့ရာတွင် ပါမောက္ခများ၏ မေးခွန်းများကို ဖိတ်ခေါ်နေပုံမှာ ဝံ့ကြွားလွန်းလှပေသည်။ ဖုန်းယွီ ရှေ့ရှိ ကျောင်းသား တစ်ယောက်ဆိုလျှင် ထိုပုံစံကြောင့် အော်ငေါက်ခံခဲ့ရသေးသည်။

ဟမ်..။ မည်သို့ ဖြစ်နေသနည်း။ ပါမောက္ခများ မည်သည့်အတွက် မေးခွန်း မမေးကြသနည်း။ သုတေသန အကြောင်း အချင်းချင်း ဆွေးနွေးနေကြသည်လော။ သူ၏ သုတေသနစာတမ်းတွင် ပြဿနာ တစ်ခုခု ရှိနေသည်လော။ ပါမောက္ခသည် သူ့စာတမ်းကို မြင်ဖူးထားလောက်ပေသည်။ ပြဿနာ တစ်စုံတစ်ရာ မရှိသင့်ချေ။

ဖုန်းယွီအား ကြည့်ရင်း..

“ဖုန်းယွီ.. မင်းက တိုက်ရိုက်ဝင်ခွင့်ရတဲ့ ကျောင်းသားဆိုတာ မှတ်မိသေးတယ်.. မင်း မော်စကို နွေရာသီအတန်းမှာလဲ တက်ခဲ့ပြီး မင်းက ရုရှားကို တော်တော် အထင်ကြီးတတ်တယ်.. မင်း စာတမ်းကို နိုင်ငံခြား ဘာသာစကား အဖြစ် ဘာသာပြန်မယ်ဆိုရင် လိုအပ်ချက် တစ်ခု ရှိနေတယ်.. ဒါပေမယ့် မင်းစာတမ်းကို နိုင်ငံခြားဘာသာစကား (၂)မျိုးနဲ့ ဘာသာပြန်ဖို့ ရွေးလိုက်တယ်.. ရုရှားနဲ့ အင်္ဂလိပ်ဘာသာပေါ့.. အဲ့နိုင်ငံခြား ဘာသာစကား (၂)ခုကို မင်းကြိုက်ရဲ့လား..”

ကျောင်းသားများ အံ့အားသင့်သွားကြသည်။ ဤသည်မှာ မည်သို့သော မေးခွန်းနည်း။ ထိုသုတေသန စာတမ်းကို သင်ရိုးညွှန်းတမ်းအဖြစ် ယူဆနေပေသည်။ သုတေသနနှင့်ပတ်သက်၍ မေးခွန်း မထုတ်သင့်သည်လော။ ဘာသာစကား နှင့်ပတ်သက်သည့် မေးခွန်းမှာ မည်သည့်အတွက်ကြောင့်နည်း။

ထို့အပြင် ဖုန်းယွီသည် သူ့စာတမ်းကို နိုင်ငံခြား ဘာသာစကား (၂)ခုအဖြစ် ဘာသာပြန်ခဲ့သည်လော။ နာမည်ကြီးရန် ကြိုးစားနေသည်လော။ ကျောင်းအုပ်ကြီး၏ တင်းကြပ်သော စရိုက်ကြောင့် ဖုန်းယွီ ဒုက္ခရောက်ရမည်မှာ ပုံမှန်သာပင်။

“ဟုတ်ကဲ့ပါ.. ကျုပ်ရဲ့ စာတမ်းကို ရုရှားနဲ့ အင်္ဂလိပ် ဘာသာအဖြစ် သုံးလို့ရပါတယ်..”

ဖုန်းယွီ ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

ဖုန်းယွီသည် ထိုစာတမ်းကို ကိုယ်တိုင်ရေးထားခြင်းဖြစ်သည်။ စကားလုံးများကို ပြန်လည် စစ်ဆေးရန်မူ အဘိဓာန် သုံးခဲ့ရသည်။ သူ၏ သုတေသန စာတမ်းရှီ စကားလုံးအားလုံးကို နားလည်ကာ ထိုစကားလုံးများကို စကားစမြည် ပြန်ပြောရန်ပင် ပြဿနာ မရှိချေ။ ဖုန်းယွီအတွက် သုတေသနစာတမ်း ကာကွယ်ရေးသည် စီမံကိန်းများ ရေးရခြင်းထက် များစွာ လွယ်ကူပေသည်။

ကျန်ကျောင်းသားများ ဖုန်းယွီ၏ အဖြေကို ကြားသည့်အခါ အချင်းချင်း တီးတိုးတွတ်ထိုးနေကြပြန်သည်။ ဖုန်းယွီ မာန်တက်လွန်းနေပေသည်။ သူသည် နိုင်ငံခြား ဘာသာစကား(၂)ခုဖြင့် ကာကွယ်ခုခံမှုကိုပင် လုပ်ချင်နေသည် လော။

သို့ရာတွင် ယခုတစ်ကြိမ်၌ ဖုန်းယွီ ဒုက္ခရောက်လောက်ပေသည်။ ပါမောက္ခ နွမ်နှင့် ပါမောက္ခ ဟွမ် တို့သည် နိုင်ငံခြား ဘာသာစကားပြော ကောင်းကြသည်။ တစ်ယောက်မှာ အင်္ဂလိပ်စကား ကောင်းကာ တစ်ယောက်သည် ရုရှားဘာသာစကား ကောင်းသည်ကို သိထားကြသည်။ ထိုဖုန်းယွီသည် (၂)ကြိမ်တိုင်တိုင် ကာကွယ်ရမည် ဖြစ်သည်။

ပါမောက္ခနွမ်သည် အင်္ဂလိပ်လို မေးခွန်း(၂)ခု မေးကာ ဖုန်းယွီမှ သက်တောင့် သက်သာပင် ပြန်ဖေလိုက်သည်။ ကျန်ကျောင်းသားများမှာ ဖုန်းယွီ၏ အင်္ဂလိပ်စကား ကျွမ်းကျင်မှုကြောင့် ရှက်ရွံ့သွားကြရသည်။ အများစုမှာ နိုင်ငံခြားတွင် ပညာဆက်လက် သင်ကြားလိုသော်လည်း နိုင်ငံခြား ဘာသာစကား အားနည်းကြသည်။

ပါမောက္ခဟွမ်သည် ရုရှား ဘာသာစကားဖြင့် ဖုန်းယွီအား မေးခွန်းထုတ်သည့်အခါတွင်လည်း ဖုန်းယွီသည် ရုရှား ဘာသာဖြင့် ပြန်ဖြေနိုင်ခဲ့သည်။ ပါမောက္ခ(၂)ယောက်စလုံး မေးသည့် မေးခွန်းများမှာ မခက်ခဲသဖြင့် ဖုန်းယွီအနေဖြင့် အဖြေကို ကောင်းကောင်း သိထားပေသည်။

“အားလုံး တိတ်တိတ်နေကြပါ.. ဒီကျောင်းသား သူ့စာတမ်းကာကွယ်ရေး လုပ်နေရတယ်လေ.. ဘာကို ဆွေးနွေး နေကြတာလဲ..”

ကျောင်းအုပ်ကြီးမှ စားပွဲကို ထုရိုက်လိုက်သည်။ ထိုကျောင်းသားများ စည်းကမ်း မရှိချေ။ နောင်တွင် ၎င်းတို့ လုပ်ငန်း ခွင်များတွင် မည်သို့ လုပ်ဆောင်နိုင်ကြမည်နည်း။

ကျန်ကျောင်းသားများ ခေါင်းငုံ့ကာ ငြိမ်သွားကြသည်။ ၎င်းတို့ကို ကျောင်းအုပ်ကြီး မှတ်မိသွားပါက သူတို့အတွက် ကာကွယ်ခွင့် နိဂုံးချုပ်သွားရပေလိမ့်မည်။

အကယ်၍ စာတမ်း ကာကွယ်ရန် ပျက်ကွက်ပါက ဘွဲ့ရနိုင်တော့မည် မဟုတ်ချေ။ ထိုသို့သော အဖြစ်အပျက် များစွာ ရှိခဲ့ဖူးပေသည်။

ဌာနမှူးမှလည်း ဖုန်းယွီအား မေးခွန်း အနည်းငယ် ထပ်မေးပေသည်။ မေးခွန်းတစ်ချို့မှာ သီအိုရီကိစ္စများ ဖြစ်ပြီး အချို့မှာ နည်းလမ်းများ အကြောင်း ဖြစ်သည်။ သုတေသနနှင့် ပတ်သက်၍ အသေးစိတ် မေးခွန်းတစ်ခုပင် ပါဝင် နေသေးသည်။ သို့ရာတွင် ထိုမေးခွန်းအားလည်း ဖုန်းယွီ ကောင်းကောင်း ဖြေနိုင်ခဲ့သည်။

ဖုန်းယွီသည် မေးခွန်းအားလုံးကို အလွယ်တကူပင် ဖြေနိုင်ခဲ့သည်။ အဖြေတစ်ခုချင်းစီအတွက် အချိန်ပင် မဆိုင်းခဲ့ချေ။

နောက်ဆုံးမေးခွန်ကို ဖုန်းယွီ ဖြေပြီးနောက် ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ(၂)ယောက် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ဖုန်းယွီအား..

“ကောင်းတယ်.. မင်းရဲ့ စာတမ်းကာကွယ်ရေးကို ကျေနပ်တယ်.. မင်းရမှတ်လဲ အမှတ်ပြည့်ပဲဆိုတာ ငါပြောလို့ရတယ်.. မင်းက ငါတို့တက္ကသိုလ်မှာ စာတမ်းကာကွယ်ရေးအတွက် အမှတ်အပြည့် ရဖူးတဲ့ တစ်ယောက်တည်းသော လူပဲ…”

“ဝိုး ……….”

အခြားကျောင်းသားများ အံ့ဩသွားကြသည်။ ပါမောက္ခများသည် ဖုန်းယွီအား အမှတ်ပြည့်ရခဲ့သော တစ်ဦးတည်း သောသူဖြစ်ကြောင်း ကြေငြာခဲ့သည်။ သမိုင်းကြောင်း အလွန်ကောင်းနေသည်လော။ လယ်ယာ စီမံခန့်ခွဲမှု အကြောင်း စာတမ်းတစ်ခုသာ ဖြစ်သည်။ မည်မျှ ကောင်းနိုင်သနည်း။

ထိုဖုန်းယွီသည် သူ့အဆက်အသွယ်များကို သုံးထားလောက်သည်။ သို့မဟုတ်ပါက ထိုရမှတ်မျိုး ဘယ်တော့မှ ရနိုင်မည် မဟုတ်ချေ။ မေးခွန်းများ ဖြေသည့်အခါတွင်လည်း စဉ်းစားချိန်ပင် မယူခဲ့ချေ။ မိမိတို့သည်လည်း အချေအတင် ပြန်လည်ပြောဆိုနိုင်သော်လည်း ချက်ချင်း တုန့်ပြန်ရန်မှာ မဖြစ်နိုင်ချေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေ မှာ ဖုန်းယွီသည် ဤပွဲမတိုင်မှီ မေးခွန်းများ ကြိုတင်သိထားခြင်းပင်။ ပါမောက္ခများ မေးမည့် မေးခွန်းများကို သိထားသဖြင့် အဖြေများကို ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်နိုင်ပေသည်။

ဤသည်က တရုတ်ပြည်၏ ထိပ်တန်း တက္ကသိုလ် လော။ ခုခံကာကွယ်မှုပင်လျှင် အကြံအဖန် လုပ်နိုင်ပေသည်။ ဤနေရာတွင် မိမိအနေဖြင့် ပညာဆက်လက် မသင်ကြားတော့သည်မှာ မှန်ကန်လောက်ပေမည်။

“ကျေးဇူးတင်ပါတယ်..”

ဖုန်းယွီ ခါးတစ်ကိုင်း၍ ဂါရဝပြုကာ သူ့ထိုင်ခုံသို့ ပြန်သွားလိုက်သည်။

ဖုန်းယွီ၏ အသွင်အပြင်မှာ အလွန်တည်ငြိမ်နေပေသည်။ စိတ်ရှုတ်ထွေးသည့် အမူအရာ လုံးဝမရှိချေ။ ထိုမေးခွန်းများ အားလုံး ဖြေဆိုခြင်းမှာ သူ့အတွက် ဘာမှမဟုတ်သလိုပင်။ ထူးခြားချက်မှာ ပွဲစဉ် တစ်လျှောက်လုံး သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေခြင်းပင်။ မိမိကိုယ်မိမိ အလွန် ယုံကြည်မှု ရှိပုံပင်။

ထို အသေးစိတ် အချက်အလက်များမှ ဖုန်းယွီသည် သူ့အဆက်အသွယ်များကို အသုံးချထားကြောင်း ကောက်ချက် ချစေနိုင်ပေသည်။ ကာကွယ်ရေး အစီအစဉ် ပြီးဆုံးသွားသည့် ကျောင်းသားတိုင်း စိတ်သက်သာရာ ရပေလိမ့်မည်။ သို့ရာတွင် ဖုန်းယွီ အမှတ်ပြည့် ရသည်ဟု ကြားလိုက်ရခြင်းအတွက် မည်သူမှ မအံ့ဩချေ။

ဤသည်က အကျင့်ပျက်ခြစားမှုပင်။

-------*****--------

All Chapters